ရန်ကုန်မြို့တော်စည်ပင်၏ MY CITY APP နှင့် ရန်ကုန်မြို့တော်ဘဏ်၏ CITY PAY

07 August 2020 : 14:54:00

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား Mobile Application ဖြစ်သော MY CITY APP ကို အသုံးပြု၍ Smart Phone ဖြင့် တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း အလွယ်တကူရယူ ပေးဆောင်နိုင်တော့မည် ဖြစ်ပါသည်။ စက်မှုဇုန်အမှိုက်သိမ်းဝန်ဆောင်မှု၊ ဆေးရုံ ဆေးခန်းအမှိုက်သိမ်းဝန်ဆောင်မှု၊ ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှုအစရှိသော ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY APP ဖြင့် On Call ခေါ်ယူဆောင်ရွက်နိုင်မည် သာမက အဆောက်အဉီဆောက်လုပ်ခွင့် (YBPS) ပါမစ်ဝန်ဆောင်ခ၊ ရေသွယ်ယူခွင့် (Water Connection) ဝန်ဆောင်ခအစရှိသော အခွန်အခများပေးသွင်းမှုအတွက် ငွေပေးချေမှုများကိုပါ တစ်ပါတည်း ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။

ငွေကြေးပေးချေခြင်းများကို အလွယ်တကူဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်ဘဏ်၏ City Pay Mobile Wallet ကိုပါ MY CITY APP တွင် ထည့်သွင်းချိတ်ဆက်ထားပြီး ဖြစ်ပါသည်။ Yangon City Bank (ရန်ကုန် မြို့တော်ဘဏ်)တွင် CITY PAY Wallet Account ဖွင့်လှစ်၍ Wallet Top-up ပြုလုပ်ခြင်း၊ Wallet to Wallet ငွေလွှဲပြောင်းခြင်း၊ Bill ပေးချေခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး Wallet Top-Up ငွေဖြည့်ခြင်းကို Yangon City Bank (ရန်ကုန်မြို့တော်ဘဏ်)၊ CB Pay၊ UAB Bank ၏ Sai Sai Pay တို့မှတစ်ဆင့် ပေးသွင်းနိုင်ပြီး မိတ်ဖက် Digital Channel ဖြစ်သည့် OK$ မှတစ်ဆင့် လည်း ပေးသွင်းနိုင်မည် ဖြစ်ပါသည်။

MY CITY APP ကို အသုံးပြုခြင်းဖြင့် ကော်မတီ၏ ဝန်ဆောင်မှုများနှင့် အခွန်အခများကို Smart Phone အသုံးပြု၍ နေ့ညအချိန်မရွေး ပေးသွင်းနိုင်ခြင်း၊ ကော်မတီ၏ စည်ပင်သာယာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူရိုးရှင်းစွာဖြင့် ရယူအသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ MY CITY APP အား Play Store တွင် Download ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC