အများသိစေရန်အသိပေးကြေညာချက်များ

တင်ဒါခေါ်ယူခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အောက်ဖော်ပြပါ Commercial Area များ နှင့် လုပ်ငန်းများကို အိတ်ပိတ်တင်ဒါစနစ်ဖြင့် အငှားချထားခြင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပြုလွှာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -
( က ) ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ ရွှေမိုးကောင်း အဆင့်မြင့်အိမ်ရာစီမံကိန်း Tower-J မြေညီထပ် Commercial Area
( ခ ) အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ Shwe Zabu River View Complex မြေညီထပ် နှင့် ပထမထပ်ရှိ Commercial Area
( ဂ ) ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းကြား၊ သီရိမင်္ဂလာပတ်လမ်း၊ သာသာယာယာရွှေပြည်သာရှိ ရေကူးကန်၊ ဖူဆယ်အားကစားကွင်းနှင့် စားသောက်ဆိုင်လုပ်ငန်း

၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၂၅-၈-၂၀၂၃ ရက်နေ့မှ ၈-၉ -၂၀၂၃ ရက်နေ့ထိ

၃။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့် - ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ တင်သွင်းရမည့်နေရာ ၁၂ ၁/၂ ထပ်ရုံး၊ ၈-လွှာ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)

၄။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် - ၂၂ - ၉ -၂၀၂၃

၅။ တင်ဒါစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၏ ဖုန်း - ၀၉ ၈၉၁၈၀၃၀၆၉ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

တင်ဒါခေါ်ယူခြင်း

၁။ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် (၈၁၆'x၂၃၇') ၅ ထပ် RC သီရိမင်္ဂလာဈေးအဆောက်အဦဟောင်းအား ဖြိုဖျက်ရောင်းချမည်ဖြစ်ပါ၍ ဆောင်ရွက် လိုသူ လူပုဂ္ဂိုလ်/အဖွဲ့အစည်း/ကုမ္ပဏီများမှ တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၂၁-၈-၂၀၂၃ ရက်နေ့မှ ၃၀-၈-၂၀၂၃ ရက်နေ့ထိ

၃။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်သွင်းရမည့်နေရာ - ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊၁၂ ၁/၂ ထပ်ရုံး၊ ၈-လွှာ အင်ဂျင်နီယာဌာန(အဆောက်အအုံ)

၄။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက် - ၁-၉-၂၀၂၃ ( သောကြာနေ့ )

၅။ တင်ဒါပွဲကျင်းပမည့်နေ့ရက်အား ကြိုတင်အသိပေးအကြောင်းကြားပါမည်။

၆။ မြေပြင်အခြေအနေအား သိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ တယ်လီဖုန်းအမှတ် ၀၉ ၈၉၁၈၀၃၀၆၉ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်းသွားရောက်ကြည့်ရှုနိုင်ပါသည်။

၇။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ၁၂ ၁/၂ ထပ်ရုံး၊ ၈-လွှာ တွင် ရုံးချိန်အတွင်း၀ယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) သို့ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉ ၈၉၁၈၀၃၀၆၉ သို့ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်းဘေးရှိ မြေနေရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် Myanmar V-Pile Co., Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) တွင် အပ်နှံရန်ကျန်ရှိသော ၄ခန်းတွဲ ၈ထပ်တိုက် U-900 အ‌ဆောက်အဦ (၁၉)လုံး အခန်းပေါင်း ( ၆၀၈ )ခန်းမှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။ တိုက်ခန်းတန်ဖိုး အကြေပေးသွင်းပြီးသည့် အခန်းရှင်များအား ၄-၅-၂၀၂၃ ရက်မှစ၍ အခန်းသော့စတင်ထုတ် ပေးမည်ဖြစ်ပါသည်။

  • သို့ဖြစ်ပါ၍ တိုက်ခန်းဖိုးပေးသွင်းရန် ကျန်သူများမှ တိုက်ခန်းဖိုးကျသင့်ငွေများအား ပေးသွင်းပါရန် အကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC