ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနမှ မှတ်တမ်းဓါတ်ပုံများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနတွင် ၁၆-၁-၂၀၂၃ ရက်နေ့၌
အရာထမ်း၊အမှုထမ်းမိသားစုများပဉ္စမအကြိမ်မြောက် နေ့/ည အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပစဉ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားမိသားစုက ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနရှိ
ပင်မဝင်း၊ ဓမ္မာရုံတွင် ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ လစဉ်အာစိဏ္ဏကံလှူဒါန်းခြင်းဖြစ်သောဆရာဒကာလှူဒါန်းခြင်း၊
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/သူများ၊ ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား/သူများအား
ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်သင်တန်းထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပင်မဝင်းဓမ္မာရုံတွင် ကျင်းပသည်။
နံနက်(၉:၀၀)နာရီတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၅၈)ရပ်ကွက်ရှိ ဒဂုံရွှေကျင်ကျောင်းတိုက်မှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့်ဝတ္ထုငွေများလှူဒါန်းခြင်း၊
လစဉ်အာစိဏ္ဏကံလှူဒါန်းမြဲဖြစ်သော ဆရာဒကာလှူဒါန်းခြင်းကို ကျင်းပခဲ့ပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နံနက်(၁၁:၀၀)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/သူ(၂)ဦး၊ ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား/သူ(၃)ဦးအား
ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်သင်တန်းထူးချွန်ဝန်ထမ်း(၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပသည်။
(၂၇-၁-၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထ အကြိမ်ကျင်းပပြုလုပ်သော
နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပစဉ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဇနီး ဒေါ်စန်းစန်းအေး တို့အား အမှူးထား၍
ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီတစ်ရပ်လုံးမှ အရာထမ်း၊ အမှုထမ်း မိသားစုအားလုံးအန္တရာယ်ကင်းရှင်းစေရန်အလို့ငှာ နှစ်ဦးအလှူတော်မင်္ဂလာအဖြစ်
(၂၅-၁-၂၀၂၂)ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနတွင် အရာထမ်း၊ အမှုထမ်းမိသားစုများ၏ စတုတ္ထအကြိမ်မြောက် နေ့/ည အသံမစဲမဟာမဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲကျင်းပခြင်း။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် (၁၉.၁.၂၀၂၂) ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ ယန္တရားမောင်းအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခြင်း။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် (၁၀.၁.၂၀၂၂) ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ ယန္တရားမောင်းအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားစဉ်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၆၈)ရပ်ကွက်၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၌ ၁၅-၁၁-၂၀၂၁ ရက်၊ တနင်္လာနေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် စည်ပင်မီးသတ်ဌာနစု မီးသတ်ဦးစီးမှူး ဦးဆောင်၍ ဌာနမှ အရာထမ်း၊ အမှုထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသမှု ဆောင်ရွက်ခြင်း။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC