တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်‌‌ရေးဌာနက သတ်မှတ်ထားသောအသားထုတ်လုပ်ရုံနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် ရွာသာကြီးအသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး-ဆိတ်၊ ဝက်) ၊ ရွာမ(ဝက်) ၊ လှိုင်သာယာမွေးမြူရေးဇုန် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊နွား၊သိုး-ဆိတ်)၊ ရွှေပြည်သာ (ကျွဲ၊နွား၊သိုး-ဆိတ်)၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့် လိုင်စင်ဒလမြို့နယ်(ကျွဲ၊နွား၊ဝက်)နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်(ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့်လိုင်စင် လျှောက်လွှာများကို (၁-၃-၂၀၂၄)ရက်နေ့မှစ၍ Online Website (www.ycdc.gov.mm)၌ လိုင်စင်စီ၏ ကိုယ်ရေး အချက်အလက်များနှင့် လုပ်ငန်းအချက်အလက်များ ဖြည့်သွင်း၍ (၇-၃-၂၀၂၄) ရက်နေ့နောက်ဆုံးထားပြီး အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားနိုင်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်‌‌ရေးဌာနက သတ်မှတ်ထားသောအသားထုတ်လုပ်ရုံနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊နွား၊သိုး၊ဆိတ်)ရွာသာကြီး၊(ဝက်)ရွာသာကြီး၊(ဝက်)ရွာမ၊(ကျွဲ၊နွား၊သိုး၊ဆိတ်) လှိုင်သာယာမွေးမြူရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ (သိုး-ဆိတ်)ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ကျွဲ၊နွား၊ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်လွှာများကို(၁၀-၃-၂၀၂၃)ရက်နေ့မှစ၍ Online (www.ycdc.gov.mm) တွင် ကိုယ်ရေးအချက်အလက်များပုံစံဖြည့်သွင်း၍ အသားထုတ်လုပ်ခွင့်လိုင်စင်လုပ်ငန်းအချက်အလက်များဖြည့်သွင်း၍ (၂၀-၃-၂၀၂၃)ရက်နေ့နောက်ဆုံးထားပြီး အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားနိုင်သည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီရုံး ၊ ရာပြတ်ဌာန ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေး နှင့် ထိန်းသိမ်းရေးဌာန၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနများမှ အောက်ပါလုပ်ငန်း သုံးပစ္စည်းအဟောင်းများအား မျက်မြင်အတိုင်း တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်-

စဉ် Lot No အမျိုးအစား အရေအတွက် ရေတွက်ပုံ
(က) 1 ဉတို ဟိုတယ်‌ဂေါက်ကွင်းမှ စက်ပစ္စည်းနှင့်ပရိဘောဂအဟောင်းများ ၂၆ မျိုး
( ခ ) 2 မှော်ဘီအုတ်စက်ရုံမှ ဘက်ထရီအဟောင်းများ ၁၃၁ လုံး
( ဂ ) 3 စက်/ယာဉ်အဟောင်းများ ၁၁ ခု
သံတိုသံစများ ၄၂၉ ခု
(ဃ) 4 နှစ်လွန်တာယာအဟောင်း လုံး
သုံးစွဲပြီးတာယာအဟောင်းဆိုဒ်စုံ ၁၇၂၉ လုံး
(င) 5 ဘက်ထရီအဟောင်းမျိုးစုံ ၅၉၉ လုံး
( စ ) 6 သံတိုသံစအဟောင်းများ ပုံ
(ဆ) 7 သံတိုသံစအဟောင်းများ ပုံ
ဖိုက်ဘာရေတိုင်ကီအဟောင်း လုံး
( ဇ ) 8 ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိတ္တူကူးစက်များ၊ လက်နှိပ်စက်များ ၁၆ မျိုး
(ဈ) 9 ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ၅၅ မျိုး

၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ၅၀၀ဝိ/- (ကျပ်ငါးထောင်တိတိ)ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန ၊ အမှတ်(၃၉၉)၊ ၁၂ထပ်ခွဲရုံး၊ (၁၁)လွှာ၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Lot ( 1 ) ၀၉-၄၂၀၁၅၆၉၆၈ ၊ Lot ( 2, 3 ) ၀၉- ၇၉၉၆၅၆၂၇၂ ၊ Lot ( 4 ,5,6,7 ) ၀၉-၅၀၇၈၅၆၁ ၊ Lot ( 8 ) ၀၉-၇၇ ၄၄၄၄ ၅၆၃ ၊ Lot (9) ဖုန်း ၀၉- ၅၀၄၉၁၃၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါရောင်းချမည့်ရက် - ၈- ၁၁ - ၂၀၂၂
တင်ဒါအရောင်းပိတ်မည့်ရက် - ၂၂-၁၁-၂၀၂၂ (၁၃ : ၀၀)နာရီ
တင်ဒါကျင်းပမည့်ရက် - ၂၃- ၁၁ -၂၀၂၂ ( ၁၂ : ၀၀ )နာရီ
တင်ဒါကျင်းပမည့်နေရာ - အစည်းအဝေးခန်းမကြီး၊ မြို့တော်ခန်းမ။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်‌ရေးဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀ဝိ/-) နှုန်းဖြင့် (၁၀-၃-၂၀၂၂) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၁၇-၃-၂၀၂၂) ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၁ မှ ၃၀-၃-၂၀၂၂) (၆)လကာလအတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၁ မှ ၃၀-၃-၂၀၂၂) (၆)လကာလအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀ဝိ/-) နှုန်းဖြင့် (၆-၉-၂၀၂၁) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၁၅-၉-၂၀၂၁) ရက်နေ့ နောက်ဆုံးထား ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာန

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁) ရက်နေ့ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-) နှုန်းဖြင့် (၂၄-၈-၂၀၂၀) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၃၁-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀) ရက်နေ့ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) ရွာသာကြီး၊ (ဝက်) ရွာသာကြီး၊ (ဝက်) ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ ဆိတ်) ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ ကျွဲ၊ နွား၊ ဝက်)နှင့် (ဆိပ်ကြီးခနောင်တိုမြို့နယ်/ ကျွဲ၊ နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-) နှုန်းဖြင့် (၂၉-၈-၂၀၁၉) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန (ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၆-၉-၂၀၁၉) ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။

ဌာနမှူး(ဒုတိယ ညွှန်ကြားရေးမှူးချုပ်)
တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန

အများသိစေရန်ကြေညာချက်

မြို့တော်နယ်နိမိတ်အတွင်း မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်လျှောက်လွှာပုံစံကို ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန၏ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ခရိုင်ရုံး)များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများတွင်လည်းကောင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ Website တွင် Download ပြုလုပ်၍လည်းကောင်း ရယူပြီး သတ်မှတ်ပုံစံတွင်လိုအပ်သည်များကိုဖြည့်စွက်၍ သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် အောက်ဖော်ပြပါနေရာများတွင်သွားရောက်လျှောက်ထားနိုင်ပါသည်-

ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အရှေ့ပိုင်းခရိုင်) အသားထုတ်လုပ်ရေးဌာနခွဲ(ဝက်)ရွာသာကြီးဝင်း(ညောင်နှစ်ပင်မှတ်တိုင်အနီး)၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အနောက်ပိုင်းခရိုင်) ဟံသာဝတီလမ်းနှင့်ကမ်းနားလမ်းထောင့် (ဆင်မလိုက်မှတ်တိုင်အနီး၊ သရက်တောမြောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(တောင်ပိုင်းခရိုင်) အမှတ်(၃၉၉)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၁၂(၁/၂)ထပ်(တိုးချဲ့ရုံး)(၆)လွှာ၊ ဗိုလ်တထောင်မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(မြောက်ပိုင်းခရိုင်) အမှတ်(၉)၊ အောက်ကြည့်မြင်တိုင်လမ်း(ဆင်မလိုက်စျေးအနီး)၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။

ဒုတိယညွှန်ကြားရေးမှူးချုပ်
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့
(တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန)

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၈ မှ ၃၀-၉-၂၀၁၉)ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့် လိုင်စင် (ကျွဲ၊နွား၊သိုး၊ဆိတ်)ရွာသာကြီး၊ (ဝက်)ရွာသာကြီး၊ (ဝက်)ရွာမ၊(ကျွဲ၊နွား၊သိုး၊ဆိတ်)မွေးမြူရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးဇုန်၊လှိုင်သာယာ၊(သိုး-ဆိတ်)ရွေပြည်သာ၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့် (ဒလမြို့နယ်/ကျွဲ၊နွား၊ဝက်)နှင့် (ဆိပ်ကြီးခနောင်တို မြို့နယ်/ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀/-)နှုန်းဖြင့် (၃၁-၈-၂၀၁၈) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန (ရုံးချုပ်)၊(၁၂)ထပ်ခွဲ ရုံး၊ သတ္တမထပ်၊(၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၇-၉-၂၀၁၈)ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။

ဌာနမှူး တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန

၂၀၁၈၊ (၆)လ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့် လိုင်စင်များ လျှောက်ထားနိုင်

၂၀၁၈ခုနှစ်၊ (၆)လ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၁၈မှ ၃၀-၉-၂၀၁၈)ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်)ရွာသာကြီး၊ (ဝက်)ရွာသာကြီး၊ (ဝက်)ရွာမ၊ (ကျွဲ၊ နွား၊ သိုး၊ ဆိတ်)မွေးမြူရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးဇုန်၊ လှိုင်သာယာ၊ (သိုး၊ဆိတ်)ရွှေပြည်သာ၊ မြို့နယ်တွင်း အသားထုတ်လုပ်ခွင့်(ဒလမြို့နယ်/ကျွဲ၊ နွား၊ ဝက်) နှင့် ဆိပ်ကြီးခနေတိုမြို့နယ်/ ကျွဲ၊နွား) လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀ိ/-)နှုန်းဖြင့် (၂၇-၂.၂၀၁၈)ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန(ရုံးချုပ်)၊ (၁၂)ထပ်ခွဲရုံး၊ သတ္တမထပ်၊ (၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၉-၃-၂၀၁၈)ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။

ဌာနမှူး
တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC