မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများနှင့်မိဘပြည်သူများ သတိပြုလိုက်နာရေးနှိုးဆော်ချက်ထုတ်ပြန်

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနရှိ ခရိုင်၊ မြို့နယ်သန့်ရှင်းရေးတာဝန်ခံသိမ်းရေးနှင့် သန့်ရှင်းရေးဌာနရှိ ခရိုင်၊ မြို့နယ်သန့်ရှင်းရေးတာဝန်ခံရုံးများမှ ကြီးကြပ်၍ သန့်ရှင်းရေးဝန်ထမ်း၊ ယာဉ်၊ လှည်းများဖြင့် ဖြန့်ခွဲရုံးများမှ ကြီးကြပ်၍ သန့်ရှင်းရေးဝန်ထမ်း၊ ယာဉ်၊ လှည်းများဖြင့် ဖြန့်ခွဲချထားသော အမှိုက်ပုံးများ၊ အမှိုက်ကန်များနှင့် အဓိကလမ်းမကြီးများ၊ ချထားသော အမှိုက်ပုံးများ၊ အမှိုက်ကန်များနှင့် အဓိကလမ်းမကြီးများ၊ လမ်းမများ၏ လမ်းကြောင်းများအား နေ့စဉ်နံနက်ပိုင်းလင်းပြောင်အဖြစ် သတ်မှတ်ကာ အပြောင်သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ သို့ရာတွင် အချို့လမ်းသွားလမ်းလာပြည်သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မြို့နယ်အလိုက် အဓိကလမ်းမကြီးများနှင့် လမ်းမများတွင် သိမ်းဆည်းပြီးသော်လည်း၊ အမှိုက်များ ပြန့်ကျဲလျက်ရှိသဖြင့် မြို့နယ်အလိုက် နေ့လမ်းကြောင်းသန့်ရှင်းရေးကို နံနက်ပိုင်းလင်းပြောင်အပြင် ဝန်ထမ်းများတာဝန်ချထား၍ စောင့်ကြည့်သိမ်းဆည်းဆောင်ရွက်လျက်ရှိပါသည်။

၃။ လမ်းသွားလမ်းလာစည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများနှင့် မိဘပြည်သူများ သတိပြုလိုက်နာ ဆောင်ရွက်နိုင် စေရန်အတွက် ဌာနမှအောက်ပါသတိပေးချက်များပါရှိသော သတိပေးဆိုင်းဘုတ်များကို ဘတ်(စ်)ကား မှတ်တိုင် များတွင် စိုက်ထူသွားမည့်အပြင် ဘတ်(စ်)ကားမှတ်တိုင်အလိုက် ၂၄ဝ လီတာဆံ့အမှိုက်ပုံး (၁) ပုံးနှင့် ကွမ်းတံတွေးပုံး (၁) ပုံးစီတို့အား ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

  • စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရ။
  • ကွမ်းတံတွေးမထွေးရ။
  • ဖောက်ဖျက်ကျူးလွန်ပါက ဒဏ်ငွေ ကျပ်၁ဝဝဝဝ ပေးဆောင်ရမည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC