ရာပြတ်ဌာန

အသိပေးကြေညာချက်

  • ၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် ရာပြတ်ဌာနရုံးခွဲများကို တိုးချဲ့ဖွင့်လှစ်ထားပြီး အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံများအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည် -

    (က) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
    (ခ) လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ဖြစ်စေ ငှားရမ်းထားသော မြေနှင့်အဆောက်အအုံများ၊
    (ဂ) ဟိုတယ်၊ မိုတယ်၊ အင်းစသည့် လုပ်ငန်းလုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
    (ဃ) Apartment, Tower, Residence, Condominium အစရှိသည့် မြေနှင့်အဆောက်အအုံများ၊
    (င) စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် စသည့် စက်မှုဇုန်အတွင်းရှိ မြေနှင့်အဆောက်အအုံများ။

  • ၂။ သို့ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် အောက်ပါရာပြတ်ဌာနရုံးခွဲများတွင် ယှဉ်တွဲဖော်ပြပါမြို့နယ်များရှိ မြေနှင့်အဆောက်အအုံများအတွက် ကျသင့်ပစ္စည်းခွန်များအား သွားရောက်ဆက်သွယ်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေ ညာအပ်ပါသည်-

    • တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိ သင်္ဃန်းကျွန်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး။ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း မြို့နယ်များ။
    • အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မြို့သစ်ဈေးအနီးရှိ အင်းစိန်ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး။ အင်းစိန်၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များ။

ရာပြတ်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC