စီမံရေးရာဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၄၅' x ၁၅' ကြော်ငြာဘုတ် လျှောက်လွှာခေါ်ယူခြင်း

၁။ မြို့တော်နယ်နိမိတ်အတွင်း စိုက်ထူထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅' x ၁၅' ကြော်ငြာဘုတ်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာတပ်ဆင်လိုသူများသို့ မဲနှိုက်အငှားချထားခြင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလိုပါက အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-

လျှောက်လွှာတင်သွင်းရမည့်ရက် - ၂၅-၁-၂၀၂၄ မှ ၉-၂-၂၀၂၄ ထိ(ရုံးချိန်အတွင်း)
လျှောက်လွှာတင်သွင်းရမည့်နေရာ - စီမံရေးရာဌာန၊ လုပ်ငန်းရေးရာဌာနခွဲ၊ လက်ထောက်ဌာနမှူးရုံးခန်း၊ မြို့တော်ခန်းမ၊ တတိယထပ်
မဲနှိုက်အငှားချထားဆောင်ရွက်မည့် ရက်စွဲ၊ အချိန်၊ နေရာ - ၅ -၃ -၂၀၂၄ နှင့် ၆-၃-၂၀၂၄၊ (၀၉:၃၀) နာရီ၊ မြို့တော်ခန်းမ၊ ပထမထပ်၊ အစည်းအဝေးခန်းမကြီး

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စီမံရေးရာဌာန၊ လုပ်ငန်းရေးရာဌာနခွဲ ဖုန်း (၀၉-၂၅၀၁၇၉၇၇၉ နှင့် ၀၉၄၅၀၀၃၀၆၇၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ကြော်ငြာဘုတ်များတပ်ဆင်ရန် ဆက်သွယ်လျှောက်ထားနိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ၄၅ ပေ X ၁၅ ပေ ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ စီမံလုပ်ငန်းဌာနခွဲ(လုပ်ငန်းရေးရာ)သို့ ဆက်သွယ်လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် (၀၉-၂၅၀၁၇၉၇၇၉ နှင့် ၀၉၄၅၀၀၃၀၆၇၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၄၅' x ၁၅' ကြော်ငြာဘုတ် လျှောက်လွှာခေါ်ယူခြင်း

၁။ မြို့တော်နယ်နိမိတ်အတွင်း စိုက်ထူထားသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅' x ၁၅' ကြော်ငြာဘုတ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာတပ်ဆင်လိုသူများသို့ အငှားချထားခြင်း(မဲနှိုက်) ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားလိုပါက အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားနိုင်ပါကြောင်း
ဖိတ်ခေါ်အပ်ပါသည်-

လျှောက်လွှာတင်သွင်းရမည့်ရက် - ၁၃-၂-၂၀၂၃ မှ ၂၄-၂-၂၀၂၃ ထိ (ရုံးချိန်အတွင်း)
လျှောက်လွှာတင်သွင်းရမည့်နေရာ - စီမံရေးရာဌာန၊ လုပ်ငန်းရေးရာဌာနခွဲ၊ လက်ထောက်ဌာနမှူးရုံးခန်း၊ မြို့တော်ခန်းမ၊ တတိယထပ်
အငှားချထားရန်(မဲနှိုက်)ဆောင်ရွက်မည့် ရက်စွဲ၊ အချိန်၊ နေရာ - ၁၅ -၃ -၂၀၂၃ နှင့် ၁၆-၃-၂၀၂၃၊ (၀၉:၃၀) နာရီ၊ မြို့တော်ခန်းမ၊ ပထမထပ်၊ အစည်းအဝေးခန်းမကြီး

၂။ အငှားချထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉-၂၅၀၁၇၉၇၇၉၊ ၀၉-၄၅၀၀၃၀၆၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
စီမံရေးရာဌာန တင်ဒါခေါ်ယူခြင်း

၁။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ်(၄-ဘီ) မြေကွက်အမှတ်(၃၆-ဘီ) အကျယ် (၂၂၀×၁၅၀)ပေစီရှိ မြေ(၂)နေရာကို သဲ၊ ကျောက် စုပုံလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါစနစ်ဖြင့် အငှားချထားနိုင်ရေး တင်ဒါခေါ်ယူအပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ် ၊ (၄၆) လမ်း၊ (၁၂)ထပ်ခွဲရုံး၊(၇)လွှာရှိ စီမံရေးရာဌာန၊ လုပ်ငန်းရေးရာ(အပေါင်ဆိုင်) တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို ၀၉-၂၅၀၁၈၀၄၄၂ သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါရောင်းချမည့်ရက် - ၁၆-၁-၂၀၂၃(တနင်္လာနေ့)
တင်ဒါအရောင်းပိတ်မည့်ရက် - ၃၀-၁-၂၀၂၃(တနင်္လာနေ့)(၁၃:၀၀) နာရီ
တင်ဒါကျင်းပမည့်နေ့ရက် - ၂ -၂ -၂၀၂၃ (ကြာသပတေးနေ့)
တင်ဒါကျင်းပမည့်နေရာ - မြို့တော်ခန်းမ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များ လျောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ

၁။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အောက်ပါအတိုင်း အုပ်စုခွဲခြား၍ ငှားရမ်းပေးသွားမည်ဖြစ်ပါသည်-

( က ) အုပ်စု A တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၂၅ဝ)
( ခ ) အုပ်စု B တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၈ဝ)
( ဂ ) အုပ်စု C တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၃၅)
( ဃ ) အုပ်စု D တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁ဝဝ)
( င ) အုပ်စု E တစ်နှစ်ငှားရမ်းခ ကျပ်သိန်း( ၅ဝ)

၂။ကြော်ငြာဆိုင်းဘုတ်များ အငှားချထားရာတွင် လျှောက်ထားသူမှ ကြော်ငြာဘုတ်(၁)ခုလျှင် စပေါ်ငွေ ကျပ်(၂ဝ)သိန်းပေးသွင်း၍ အရေအတွက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများကိုယ်တိုင် ပွင့်လင်း မြင်သာစွာဖြင့် မဲနှိုက်အငှားချထားပေးမည်ဖြစ်ပါသည်။

၃။အဆိုပါ ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အငှားချထားခြင်း လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကြော်ငြာဘုတ်(၁)ခုလျှင် လျှောက်လွှာတစ်စောင်နှုန်းဖြင့် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ စပေါ်ငွေပေးသွင်းပြီးကြောင်း ယာယီငွေသွင်းချလံ(PO မူရင်း)နှင့် အတူ မိတ္တူ(၂)စောင်ပူးတွဲ၍ ဌာနမှူး၊ စီမံရေးရာဌာနသို့ လိပ်မူလျှောက်ထားရပါမည်။

  • လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်) စည်ပင်သာယာ လိုင်စင်(သို့မဟုတ်) ဝန်ကြီးဌာန/ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက် အထားများပူးတွဲတင်ပြရပါမည်။

  • လျှောက်ထားသူသည် အပိုဒ်(ခ)ပါ စာရွက်စာတမ်းအထောက်အထားအမည်တွင် ပါဝင်သူ ကိုယ်တိုင်လျှောက်လွှာတွင်လက်မှတ်ရေးထိုးလျှောက်ထားရမည်။(လျှောက်လွှာများတင်သွင်း ရာတွင် ကိုယ်စားလှယ်လွှဲစာဖြင့် လျှောက်ထားတင်သွင်းနိုင်သည်။)

  • မဲနှိုက်ရရှိသည့်ကြော်ငြာဘုတ်အတွက် ကျသင့်ငှားရမ်းခငွေအား စတင်အငှားချသည့်လမှစ၍ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ လအလိုက်ကျသင့်ငွေတွက်ချက်၍ ကြိုတင်ပေးသွင်းထား သည့် စပေါ်ငွေကျပ်သိန်း(၂ဝ)အား ခုနှိမ်၍ ကျန်ငွေအား အကြေပေးသွင်းရမည်။

  • မဲနှိုက်ရရှိပါက ရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃ဝ)ရက်အတွင်း ကျသင့်ငှားရမ်းခငွေအား (မပျက်မကွက်) ပေးသွင်းရပါမည်။ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက ကြော်ငြာဆိုင်းဘုတ် အငှားချထားခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ကြိုတင်ပေးသွင်းထားသည့် စပေါ်ငွေ ကျပ်သိန်း(၂ဝ)အား ကော်မတီဝင်ငွေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်။

  • မိမိလျှောက်ထားသည့် ကြော်ငြာဆိုင်းဘုတ်အား မဲနှိုက်ရာတွင် မရရှိခဲ့ပါက စပေါ်ငွေ ကျပ်သိန်း (၂ဝ)အား သတ်မှတ်ရက်အတွင်းမြို့တော်ဘဏ်တွင် ပြန်လည်ထုတ်ယူနိုင်ပါသည််။

  • ကြော်ငြာဆိုင်းဘုတ်ရရှိသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ပေးသွင်း ရမည့်ငှားရမ်းခများအား ဌာနမှသတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ် DY-9 ၂-၁၂-ဝ၃-ဝ၅ ဖြင့် မြို့တော်ဘဏ်သို့ ပေးသွင်းရပါမည်။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဆိုင်းဘုတ်များတွင် တပ်ဆင်မည့် ကြော်ငြာဒီဇိုင်းများသည် မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီသည့် ဒီဇိုင်းပုံစံဖြစ်ရမည့်အပြင် အရက်၊ ဆေးလိပ်၊ ဘီယာနှင့် ကန့်သတ်ကုန်ပစ္စည်းများအား တပ်ဆင်ကြော်ငြာမှုမရှိစေရေး၊ Vinyl မတပ်ဆင်မီ ဌာနသို့ နမူနာပုံစံတင်ပြပြီး ခွင့်ပြုချက်တောင်းခံရပါမည်။

  • ငှားရမ်းခွင့်ရရှိသည့်ကြော်ငြာ Vinyl ဒီဇိုင်းအားပြောင်းလဲတပ်ဆင်လိုပါက တပ်ဆင်လိုသည့် ဒီဇိုင်းပုံစံကို ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ ဒီဇိုင်းပြောင်းလဲခ ၅ဝဝဝဝိ/- ပေးသွင်း၍ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ပါသည်။

၄။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်နှုန်းထားနှင့်တည်နေရာများ



နမူနာပုံစံ
သို့

ဌာနမှူး

စီမံရေးရာဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရက်စွဲ၊ ၂ဝ၁၆ခုနှစ် -------- လ-------ရက်
အကြောင်းအရာ။ ၄၅ပေx၁၅ပေ ကြော်ငြာဆိုင်းဘုတ်၌ ကြော်ငြာခွင့်ပြုပါရန် လျှောက်ထားခြင်း

၁။ အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်/ကျွန်မတို့၏---------------- ကုမ္ပဏီလုပ်ငန်းသည် အမှတ်(--------)၊ --------ထပ်၊ ----------------------လမ်း၊ ------------------------မြို့နယ်တွင် ဖွင့်လှစ်လျှက်ရှိ၍ ------------------------- လုပ်ငန်းကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။


၂။ ကျွန်တော်/ကျွန်မတို့၏ ကုမ္ပဏီလုပ်ငန်းကြော်ငြာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စိုက်ထူထားသော ၄၅ပေ x ၁၅ ပေ ကြော်ငြာဆိုင်းဘုတ်များအနက် အုပ်စု(---- )တွင်ပါဝင်သော တိုင်အမှတ်(------)၊ တည်နေရာ ---------------------------- အား လျှောက်ထားရယူလိုပါသည်။


၃။ ကြော်ငြာခွင့်ရရှိပါက ဌာနမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ထားသော နှုန်းထား အတိုင်း ငွေပေးဆောင်မည် ဖြစ်ပါကြောင်း ဝန်ခံကတိပြုပါသည်။

လေးစားစွာဖြင့်

လက်မှတ် ----------------------------
အမည်----------------------------
နိုင်ငံသားအမှတ်----------------------------
ရာထူး/တာဝန်----------------------------
ကုမ္ပဏီ/လုပ်ငန်း----------------------------
နေရပ်လိပ်စာ ----------------------------
ဆက်သွယ်ရန်ဖုန်းနံပါတ် ----------------------------

စီမံရေးရာဌာန၊ စီမံဌာနခွဲ၊ ကြော်ငြာဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC