ရန်ကုန်မြို့တော်ဘဏ်

ရန်ကုန်မြို့တော်ဘဏ်၏ATM Card (MPU Debit Card) လျှောက်ထားလျှင်မည့်သို့လျှောက်ထားရပါသလဲ။
ATM Card လျှောက်ထားမည့်သူများသည်
  • လျှောက်ထားမည့်သူကိုယ်တိုင်ဖြစ်ရပါမည်။
  • မှတ်ပုံတင်မူရင်းပြရပါမည်။
  • မှတ်ပုံတင်မိတ္တူပေးရပါမည်။
  • လိုင်စင်ဓာတ်ပုံတစ်ပုံပေးရပါမည်။
  • YCDC ၏ပင်စင်ဝန်ထမ်းဖြစ်လျှင်ပင်စင်စာအုပ်ပြရပါမည်။
ရန်ကုန်မြို့ဘဏ်၏ ATM Card (MPU Debit Card) နှင့်ပတ်သက်၍ ပေးဆောင်ရမည့် နှုန်းထားများကို သိချင်ပါသည်။
ရန်ကုန်မြို့တော်ဘဏ်၏ATM Card (MPU Debit Card) နှင့်ပတ်သက်၍ ပေးဆောင်ရမည့် နှုန်းထားများကို ၁-၉-၂၀၂၂ ရက်နေ့မှစ၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ်ထားပါသည်-
  • ATM ကတ်စာရင်းအသစ်ဖွင့်၍ ကတ်တစ်ကတ်ထုတ်ယူခြင်းနှင့် ကတ်သက်တမ်းတိုးခြင်း -
       -  အငြိမ်းစားပင်စင်စားများ -       ကျပ် ၃,၀၀၀/-
       -  လက်ရှိတာဝန်ထမ်းဆောင်နေသူများ -       ကျပ် ၅,၀၀၀/-
       -  အခြားအသုံးပြုသူများ -       ကျပ် ၅,၀၀၀/-
  • လျှို့ဝှက်နံပါတ်မမှတ်မိတော့သဖြင့် အသစ်ပြောင်းလဲခြင်းနှင့်
       (၃) ကြိမ်ထက်ကျော်လွန်၍ မှားနှိပ်ခြင်းကြောင့် ပြင်ခြင်း -      ကျပ် ၃,၀၀၀/-
  • ကတ်ပျောက်ဆုံးခြင်း/ကတ်ပျက်စီးခြင်း -      ကျပ် ၆,၀၀၀/-
ရန်ကုန်မြို့တော်ဘဏ်တွင်ငွေစုဘဏ်အပ်ငွေစာရင်း(Savings) အသစ်ဖွင့်လျှင်မည့်သို့လျှောက်ထားရပါသလဲ။
  • လျှောက်ထားမည့်သူကိုယ်တိုင်ဖြစ်ရပါမည်။
  • မှတ်ပုံတင်မူရင်းပြရပါမည်။
  • မှတ်ပုံတင်မိတ္တူပေးရပါမည်။
  • လိုင်စင်ဓာတ်ပုံတစ်ပုံပေးရပါမည်။
  • ဝန်ထမ်းအာမခံစာရင်းဆိုလျှင်ဌာန၏ခွင့်ပြုမိန့်ပါရပါမည်။ဝန်ထမ်းကဒ်မိတ္တူပေးရပါမည်။
  • ကုမ္ပဏီစာရင်းနှင့်အဖွဲ့အစည်းစာရင်းများအတွက်အစည်းအဝေးဆုံးဖြတ်ချက်၊သင်းဖွဲ့စည်းမျဉ်း၊သင်းဖွဲ့မှတ်တမ်း၊ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းမှတ်ပုံတင်စသည့် စာရွက်စာတမ်း များလိုအပ်ပါသည်။
  • ငွေစုဘဏ်စာရင်းဖွင့်ရာတွင် စာရင်းဖွင့်သူအား မိတ်ဆက်ပေးသူ customer (၂) ဦးပါရှိရပါမည်။
ရန်ကုန်မြို့တော်ဘဏ်တွင်စာရင်းရှင်စာရင်း (Current) အသစ်ဖွင့်လျှင်မည့်သို့လျှောက်ထားရပါသလဲ။
  • လျှောက်ထားမည့်သူကိုယ်တိုင်ဖြစ်ရပါမည်။
  • မှတ်ပုံတင်မူရင်းပြရပါမည်။
  • မှတ်ပုံတင်မိတ္တူပေးရပါမည်။
  • လိုင်စင်ဓာတ်ပုံတစ်ပုံပေးရပါမည်။
  • ကုမ္ပဏီစာရင်းနှင့်အဖွဲ့အစည်းစာရင်းများအတွက်အစည်းအဝေးဆုံးဖြတ်ချက်၊သင်းဖွဲ့စည်းမျဉ်း၊သင်းဖွဲ့မှတ်တမ်း၊ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း၏ သက်တမ်းရှိသောမှတ်ပုံတင်စသည့်စာရွက်စာတမ်းများလိုအပ်ပါသည်။
ရန်ကုန်မြို့တော်ဘဏ်၏ ATM Card အပ်ငွေအပေါ်အတိုးပေးပါသလား။အတိုးနှုန်းဘယ်လောက်လဲ။
ATM ကတ် (ATM Debit Card) အပ်ငွေအပေါ်ပေးသည့်အတိုးနှုန်းမှာတစ်နှစ်လျှင် - ၅.၅၀% ဖြင့်၃လတစ်ကြိမ်အတိုးထည့်သွင်းပေးပါသည်။
ပင်စင်ဝန်ထမ်းလစာများကို ATM Card ဖြင့် ဘယ်နေ့မှာ စတင် ငွေထုတ်လို့ ရနိုင်ပါသလဲ။
ပင်စင်ဝန်ထမ်းလစာများကို လစဉ် ၂၂ ရက်နေ့မှစ၍ ATM Card ဖြင့် ငွေထုတ်ယူနိုင်ပါသည်။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC