အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)

ဌာန၏လုပ်ငန်းတာဝန်များ

  • စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းမကြီးများနှင့် တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်း။ ။
  • တံတားများ အသစ်တည်ဆောက်ခြင်း၊ လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ ချဲ့ထွင်ခြင်း။
  • လူသွားစင်္ကြန်များ၊ နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများ အသစ်ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြင်ဆင် ခြင်း။
  • စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဆုံလမ်းခွများတွင် လမ်းအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ် ထိန်းသိမ်းမှုအတွက် မော်တော်ယာဉ် သတိပေး အချက်ပြများ၊ မီးပွိုင့်များ တပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း။
  • ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့်နေရာများတွင် အချိန်ပိုင်း လမ်းရှင်းစနစ် ဆောင် ရွက် ခြင်း။
  • လမ်းများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန် လမ်းညွှန် ဆိုင်းဘုတ် များ စိုက်ထူပေးခြင်း၊ ထိန်းသိမ်းခြင်း။
  • မော်တော်ယာဉ်များ သွားလာမှု လွယ်ကူစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ကြောစီမံခန့်ခွဲမှု များ ဆောင်ရွက်ပေးခြင်း။
  • ဘတ်စ်ကားလိုင်းများ သွားရာ လမ်းကြောင်းသတ်မှတ်ခြင်း၊ ဘတ်စ်ကား မှတ်တိုင်များ တည်ဆောက်ခြင်း၊ မှတ်တိုင်များ သတ်မှတ်ပေးရေးနှင့် ပြောင်းရွှေ့ရေးတို့ကို စီမံဆောင်ရွက်ခြင်း။
  • လိုအပ်သည့်လမ်းမကြီး၊ လမ်းငယ်တို့ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်ပေးခြင်း။
  • ကုန်တင်ကားကြီးများ၊ အဝေးပြေးကားများ လမ်းပေါ်တွင် စနစ်တကျရပ်နားရေးနှင့် စခန်းများ သတ်မှတ် ပေးခြင်း၊ မဝင်ရနယ်မြေသတ်မှတ်ပေးခြင်း။
  • မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကုန်တင်ယာဉ်ကြီးများ မဝင်ရ သတ်မှတ်ထားသော လမ်း များတွင် လိုအပ်ပါက အချိန်ပိုင်းဖြင့် ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
  • ယာဉ်များနှင့် ခြေလျင်လျှောက်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ခုံးကျော်တံတားများ (Underpass) မြေအောက်လမ်းကူး လူသွားဥမင်များ ဆောက်လုပ်ရန် နေရာသတ်မှတ် ပေးခြင်းနှင့် လမ်းမကြီးများတွင် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန် အကာအရံများ Guard Rail များ ဆောင်ရွက်ပေးခြင်း။
  • ဆိုက်ကား၊ စက်ဘီး၊ လက်တွန်းလှည်းနှင့် အနှေးယာဉ်များ မြို့လည်ဗဟိုတွင် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေ ရန် ဆောင်ရွက်ပေးခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းပြည်ပတို့မှ မှာယူခြင်း၊ ဖြည့်တင်းခြင်း၊ သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း။
  • ကတ္တရာကွန်ကရိများ၊ ဘိလပ်မြေကွန်ကရိ ထုတ်လုပ်ခြင်း၊ ကွန်ကရိကတ္တုံး၊ ကွန်ကရိ ကျောက်ပြားများ ထုတ်လုပ်ခြင်း။
  • ကတ္တရာကွန်ကရိ၊ ဘိလပ်မြေကွန်ကရိဖျော်စက်ကြီးများ၊ ကျောက်ခွဲစက်ကြီးများ Interlock အုတ်စက်များ ကြီးကြပ်ထိန်းသိမ်းခြင်း။
  • ဌာန၏ အသုံးစရိတ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ တောင်းခံခြင်းနှင့် သုံးစွဲခြင်း။
  • ခုံးကျော်တံတားများ၊ မြောင်းကျော်တံတားများ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
  • ဌာနပိုင်တယ်လီဖုန်းများ၊ လက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း။
  • လိုအပ်သောလမ်းများ ချဲ့ထွင်ပြင်ဆင်ခြင်း၊ လမ်းသစ်များ ဆောက်လုပ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာနှင့် လမ်း နယ်နိမိတ်သတ်မှတ်ခြင်း၊ ယာဉ်ရပ်နားစခန်းများသတ်မှတ်ခြင်း၊ ယာဉ်မရပ်နားရမည့်နေရာများ ရွေးချယ် သတ်မှတ်ပေးခြင်းစသည့် မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်များ သွားလာမှုအစဉ်ပြေစေရေး ဆောင်ရွက်ပေးခြင်း။
  • နှစ်အလိုက် တည်ဆောက်ပြုပြင်ခဲ့သော လုပ်ငန်းများ၊ ငွေအသုံးစရိတ်များ (သာမန်/ ငွေလုံး) အား မှတ်တမ်း များ ဖြင့် စနစ်တကျမှတ်ပုံတင်ထားရှိခြင်း။
  • လမ်းနယ်နိမိတ်အတွင်း အခြားဌာနများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက်လိုသောလုပ်ငန်းများ (ဥပမာ - ရေပိုက် သွယ်တန်းခြင်း၊ လျှပ်စစ်မီးကြိုးချမြှုပ်ခြင်း၊ ဆက်သွယ်ရေး ကေဘယ်ကြိုးများ ချမြှုပ်ခြင်း)အတွက် စည်းမျဉ်း စည်းကမ်း နှင့်အညီ ဆောင်ရွက်နိုင်ရေး ကြီးကြပ် ဆောင်ရွက်ခြင်း။
  • ယာဉ်ရပ်နားရန်နေရာများသတ်မှတ်ပေးခြင်း၊ ပြုလုပ်ပေးခြင်းနှင့် ယာဉ်ရပ်နားခများ ကောက်ခံ ခြင်း။
  • အဝေးပြေးခရီးသယ်တင်ယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် ယာဉ်ဝင်ခများ ကောက်ခံခြင်း။
  • အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်းနှင့် သတ်မှတ် ထား သည့် ယာဉ်ဝင်ခများ ကောက်ခံခြင်း။
  • ယာဉ်မောင်းသင်ကွင်းများ၊ ယာဉ်ရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေး ဆောင်ရွက် ခြင်းနှင့် သတ်မှတ် ထားသည့် ယာဉ်ဝင်ခများ ကောက်ခံခြင်း။
  • စခန်းများအတွင်းရှိ ကော်မတီပိုင် ဆိုင်ခန်းများအား ငှားရမ်းခြင်း၊ ပုဂ္ဂလိကပိုင် ဆိုင်ခန်းများအား သတ်မှတ် ထားရှိသော အခွန်အခများ ကောက်ခံခြင်း။
  • ကော်မတီမှ အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။

Back to Top