အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
ဌာန၏လုပ်ငန်းတာ၀န်များ
- မြို့တော်နေလုပ်သားပြည်သူများအတွက် သန့်ရှင်းကြည်လင်ပြီး သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်စေရန် ရေလှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေစုပ်စက်ကြီးများနှင့် အဝီစိတွင်း များအား ပြုပြင်ထိန်းသိမ်းလည်ပတ်၍ ရေဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခြင်း။
- တိုးတက်လာမည့် မြို့တော်လူဦးရေနှင့်အညီ ရေတိုးချဲ့ဖြန့်ဝေနိုင်ရေးအတွက် ရေအရင်းအမြစ် များ ဖော်ထုတ်ခြင်း၊ ရေပိုက်လိုင်းများတိုးချဲ့ တည်ဆောက်ရန် စီမံကိန်းလုပ်ငန်းများဆောင် ရွက်ခြင်း။
- ရေပေးရေးနှင့် သက်ဆိုင်သော တည်ဆောက်ရေး ထိန်းသိမ်းရေး၊ ပြုပြင်မွမ်းမံရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
- ရေမီတာတပ်ဆင်ခြင်းနှင့် ရေဖိုး၊ ရေခများ ကောက်ခံခြင်း။
- ရေပိုက်ဆက်သွယ်ခြင်း၊ ရေစုပ်စက်တပ်ဆင်ခြင်း မိလ္လာကန်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို စိစစ်ခွင့်ပြုခြင်း။
- ရေအားနည်းသော ရပ်ကွက်များတွင် ရေပိုမိုရရှိနိုင်ရန် ရေပိုက်လိုင်းများ ဆေးကြောခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ ရေလှောင်ကန်များမှ ရေလွှတ်ချိန်ကို အလှည့်ဖြင့် စီမံစေလွှတ်ခြင်း။
- ဂျိုးဖြူကန်၊ လှော်ကားကန်နှင့် ဖူးကြီးရေလှောင်ကန်များနှင့်နောင်တည်ဆောက်မည့် ရေပို့ပိုက်မကြီးများကို အမြဲစစ်ဆေး၍ ပြုပြင်ဆောင်ရွက်ခြင်း။
- မြို့တွင်း၌ ရေသွားနှုန်းကောင်းမွန်စေရန် သင့်လျော်သည့်နေရာများတွင် ရေလှောင်ကန်များ ဆောက်လုပ်ခြင်း။
- ရန်ကုန်တစ်ဖက်ကမ်းနေ ပြည်သူများအတွက် သောက်သုံးရေရရှိစေရန် ပေးပို့ဆောင်ရွက်ခြင်း နှင့် တိုးချဲ့ဒေသများ၊ မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ရေကန်များတည်ဆောက်ပေးခြင်း။
- ရေစစ်ကန်များတွင် ကျောက်ချဉ်ခပ်၍ အနည်ထိုင်စေခြင်းနှင့် ရေပိုက်များအတွင်းသို့ ကလိုရင်းဆေးရည်များ ရောထည့်ပေးခြင်း။
- ရေဖြုန်းတီးမှု ကာကွယ်ရေးအတွက် နည်းလမ်းများ ရှာဖွေခြင်းနှင့် ရေပိုက်ပေါက်နေခြင်းကို နှိုးဆော်စာ ထုတ်၍ ပြုပြင်ဆောင်ရွက်စေခြင်း။
- ရေပိုက်နှင့်စက်ပစ္စည်းကိရိယာများ၊ ရေစုပ်စက်များ၊ ကလိုရင်းဆေးရည်၊ ကျောက်ချဉ်တို့ကို ပြင်ပမှမှာယူခြင်း၊သိုလှောင်ထားရှိခြင်း၊ စနစ်တကျ ကိုင်တွယ်သုံးစွဲရန် စီမံညွှန်ကြားခြင်း။
- မိလ္လာပြွန်စနစ်ဖြင့် မိလ္လာစက်အိုးများ အသုံးပြု၍ မိလ္လာစွန့်ပစ်ခြင်း။
- မိလ္လာပြွန်စနစ်နှင့်သက်ဆိုင်သော တည်ဆောက်ရေး၊ ထိန်းသိမ်းရေး ပြုပြင်မွမ်းမံရေးလုပ်ငန်း များကို ဆောင်ရွက်ခြင်း။
- မြို့နေပြည်သူလူထုမှ စွန့်ပစ်သော အညစ်အကြေးများကို မြစ်အတွင်းသို့ လေဖိအားဖြင့် မှုတ်ထုတ်ခြင်းလုပ်ငန်းအတွက် ရန်ကုန်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်း လေမှုတ်စက်ရုံကြီးအား နေ့စဉ်မှန်မှန်လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ခြင်း။
- လေမှုတ်စက်ကြီးများအတွက် လိုအပ်သည့်စက်ပစ္စည်းများ မှာယူခြင်း၊ သိုလှောင်ထားရှိခြင်း။
- မိလ္လာပိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် မြေထု၊ ရေထု နှင့် လေထုညစ်ညမ်းမှု မဖြစ်စေရန် စီမံဆောင်ရွက်ခြင်း။
- မိလ္လာစက်များနှင့် လေမှုတ်စက်များအား (၂၄)နာရီ လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ခြင်း။
- မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ဇလားအိမ်သာအစား ရေလောင်းအိမ်သာစနစ်ဖြင့် အသုံးပြုရေးကို စီမံကိန်းဖြင့် ဆောင်ရွက်ခြင်း။
- ဆင်ခြေဖုံးရပ်ကွက်များနှင့် တိုးချဲ့မည့်မြို့သစ်များ၊ ရပ်ကွက်များနှင့် လိုက်လျောညီထွေရှိစေမည့် ခေတ်မီမိလ္လာစွန့်ထုတ်မှုစနစ်များကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်း။
- ရေကူးရေစက်၊ လှော်ကားရေစက်နှင့် ဖူးကြီးရေစက်နှင်ဂျိုးဖြူရေစက်ရှိ ရေတွန်းစက်ကြီးများ လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
- ရေစက်ကြီးများ အပျက်အစီးရှိသည့်အခါ အမြန်ဆုံးပြင်ဆင်ခြင်း၊ စက်အပိုပစ္စည်းများ စက်ရုံတွင် တီထွင်ကြံဆလုပ်ဆောင်ခြင်း။
- ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အဝီစိတွင်းများရှိ ရေထွက်နှုန်းတိုင်းတာစစ်ဆေးခြင်း၊ ရေတွင်းသစ်များတူးဖော်ခြင်း စက်များတပ်ဆင်ပေးခြင်း၊ပိုက်များသွယ်ပေးခြင်း။
- ဂျိုးဖြူရေပိုက်လိုင်း၊ဖူးကြီး ရေပိုက်လိုင်းနှင့် လှော်ကား ရေပိုက်လိုင်းနှင့်နောင်တည်ဆောက်မည့်ရေပိုက်လိုင်းတို့၏ လုံခြုံရေးဆောင်ရွက် ခြင်း၊ပိုက်ကူးခုံးကျော်တံတားများ တည်ဆောက်ခြင်း။
- မီးသတ်ပိုက်ခေါင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ မီးငြိမ်းသတ်ရေးအတွက် ရေထည့်ရန် ရေတိုင်ကီများ တည်ဆောက်ပေးခြင်း။
- တရားမ၀င်ရေသွယ်ခြင်းများကို စစ်ဆေးအရေးယူခြင်း။
- ဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ကြီးကြပ်ကွပ်ကဲခြင်း။
- လုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်စဉ်တိုးတက်မှုရှိစေရန် နှစ်တိုနှစ်ရှည် စီမံကိန်းရေးဆွဲ တင်ပြခြင်း၊ ဘတ်ဂျက် ရေးဆွဲတင်ပြခြင်း၊ တောင်းခံ သုံးစွဲခြင်း၊ သုံးစွဲခြင်း၊ ၀င်ငွေကောက်ခံရရှိမှု စစ်ဆေးခြင်း။
- နှစ်စဉ်ဝင်ငွေအသုံးစရိတ် ရေလှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေပိုက်လိုင်းများ၊ အဝီစိတွင်းများ ရေမီတာစနစ်၊ မိလ္လာစနစ်၊ မိလ္လာပြွန်စနစ် အစရှိသောလုပ်ငန်းများနှင့်ပတ်သက် သည့်ပုံစံများ၊ စာရင်းဇယားများနှင့် ကိန်းဂဏန်းများအား ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ခြင်း။
- ရန်ကုန်မြို့တော်သူ၊မြို့တော်သားတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေကို နေ့စဉ် လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး။
- ရေဖိုးရေခများ အပြည့်အ၀ကောက်ခံရရှိရေး။
- ရေလေလွင့်ပြုန်းတီးမှုများ ကာကွယ်ထိန်းသိမ်းရေး။
- မိလ္လာများ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရေး။
- ခေတ်မီနည်းစနစ်ဖြင့်ရေပေးဝေဖြန့်ဖြူးရေးနှင့်မိလ္လာများစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် တိုးမြှင့်စီမံ ဆောင်ရွက်ရေး။
ရည်မှန်းချက်လုပ်ငန်းတာ၀န်(၅)ရပ်
ရေလှောင်ကန်ကြီးများ၏ လုပ်ငန်းတာ၀န်များ
- ရေလှောင်ကန်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှာက်ခြင်း။
- ရေဝေရေလဲ သစ်တောများ ပြုစုပျိုးထောင် ထိန်းသိမ်းစောင့်ရှာက်ခြင်း။
- ကြည်လင်သန့်ရှင်း၍ အဆင့်အတန်းမှီသော သောက်သုံးရေရရှိစေရန် ကလိုရင်း၊ ကျောက်ချဉ်နှင့် ဓာတုဗေဒ ဆေးများခပ်ခြင်း။
- ကန်ရေချိန်၊မိုးရေချိန်ပို့လွတ်ရေပမာဏများကို နေ့စဉ်တိုင်းတာခြင်း။
- ရေလှောင်ကန်ကြီးများရှိရေတွန်းစက်ကြီးများမောင်းနှင်ခြင်း၊ ရေတွန်းစက်ကြီးများ၊ ထရန်စဖော်မာများ၊ စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများအား ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ခြင်း။
- ကန်ရေပြင်များ သန့်ရှင်းစေရန် ရေပြင်အတွင်းမှ မှော်၊ ဒိုက်၊ ဗေဒါစသည်များ ဆယ်ထုတ်ခြင်း။
- ရေလှောင်ကန်ကြီးများ အတွင်းရှိရေပေးရေးဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများအား ပြုပြင်ခြင်း၊ခေတ်နှင့်လျော်ညီစွာတိုးချဲ့ဆောက်လုပ်ခြင်း။
ရေပေးရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေပို့ပိုက်မကြီးများ၊ ရေအားဖြည့်ပိုက်လိုင်းများ၊ ရေဖြန့်ဝေပိုက်များ ကြံ့ခိုင်မှုအတွက်ပြုပြင် ထိန်းသိမ်း ခြင်း၊ရေတိုးချဲ့ဖြန့်ဝေမှုအတွက် အသစ်ဆက်သွယ်ခြင်း။
- မြို့နယ်များအတွင်းရှိ ရေအားဖြည့်ရေတွန်းစက်များ မောင်းနှင်ပေးခြင်း။
- ရေလှောင်ကန်ကြီးများမှ တိုက်ရိုက် ရေပို့ပိုက်လိုင်းမရှိသောမြို့နယ်များတွင် အဝီစိရေတွင်းများမှ ရေကို ဖြန့်ဝေပေးခြင်း။
- ကြည်လင်သန့်ရှင်းအဆင့်မီသောသောက်သုံးရေရရှိရေးအတွက် ကလိုရင်း၊ကျောက်ချဉ်နှင့်ဓါတုဆေးများ ထပ်မံခပ်ခြင်း။
- အဆောက်အအုံများသို့ ဆက်သွယ်ယူထားသော ပိုက်များမှရေပိုက်ပေါက်ခြင်းစသည့် ရေဖြုန်းတီးမှုမရှိ စေရေးအတွက် ဆောင်ရွက်ခြင်း။
- အများသုံးသောက်ရေကန်များ၊မီးသတ်ပိုက်ခေါင်းများ၊ထိန်းသိမ်းစောင့်ရှောက်ခြင်း။
- တရားမ၀င်ရေဆက်သွယ်မှုများ မရှိစေရန်စိစစ်ဆောင်ရွက်ခြင်း။
- အဆောက်အအုံများသို့ရေသွယ်ခြင်း၊မိလ္လာပြွန်ဆက်သွယ်ခြင်းနှင့်မိလ္လာကန်တည်ဆောက်ခြင်းတို့ကို စိစစ်ခွင့်ပြုခြင်း။
- ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်များနှင့် တိုးချဲ့မြို့သစ်များရေရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။
လျှပ်စစ်နှင့်စက်မှုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေကူးရေတွန်းစက်နှင့် အားဖြည့်ရေတွန်းစက်ကြီးများ မောင်းနှင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း။
- ရေတွန်းစက်ကြီးများ၊ထရန်စဖော်မာကြီးများနှင့် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ၏ အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်း။
- အဝီစိတွင်းသစ်များတူးခြင်းနှင့် တွင်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း။
- စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း။
- အဝီစိတွင်းသုံး ရေစုပ်စက်များ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း။
- ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်း။
- လျှပ်စစ်နှင့်စက်မှုဆိုင်ရာအရန်ပစ္စည်းများနှင့် ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။
အထောက်အကူပြုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- လိုအပ်သော လုပ်ငန်းသုံးပစ္စည်း၊ အရန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း။
- ရေနမူနာများရယူခြင်း၊ ရေအရည်အသွေးများ ဓါတ်ခွဲစမ်းသပ်ခြင်း နေ့စဉ်ရေဖြန့်ဝေပေးလျှက်ရှိသော သောက်သုံးရေအရည်အသွေးများကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း။
- အင်ဂျင်နီယာလုပ်ငန်းများအတွက် ခေတ်မီနည်းစနစ်ဖြင့်လိုအပ်သောပုံစံထုတ်ခြင်း၊ပိုက်လိုင်းပုံစံများ ရေးဆွဲခြင်း၊ပစ္စည်းစာရင်းများတွက်ချက်ခြင်း။
- မြေပုံနှင့်ပုံစံများမှတ်တမ်းတင်ခြင်း၊ထိန်းသိမ်းခြင်း၊လိုအပ်သောရုံးလုပ်ငန်းများဆောင်ရွက်ပေးခြင်း။
- ရေအရင်းအမြစ်ရှာဖွေခြင်း၊စီမံကိန်း၊စီမံချက်များရေးဆွဲခြင်း။
- စဉ်ဆက်မပြတ်လုပ်ငန်းခွင်သင်တန်းများပေးခြင်းနှင့်ပြည်တွင်းပြည်ပခေတ်မီနည်းပညာသင် ကြားနိုင်ရေးစီစဉ်တင်ပြဆောင်ရွက်ခြင်း။
အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- ရေခိုးရေခများကောက်ခံနိုင်ရေးဆောင်ရွက်ခြင်း၊စာရင်းဇယားများထိန်းသိမ်းခြင်း။
- ၀င်ငွေများလက်ခံအပ်နှံခြင်း၊သုံးငွေများစိစစ်ထုတ်ပေးခြင်း။
- နှစ်တိုနှစ်ရှည်စီမံကိန်းများ၊သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ် ခန့်မှန်းခြေစာရင်းများ တွက်ချက်ရေး ဆွဲခြင်း။
- ၀န်ထမ်းရပိုင်ခွင့်များ ဆောင်ရွက်ပေးခြင်း။
- ၀န်ထမ်းများစည်းကမ်းလိုက်နာရေး ဆောင်ရွက်ခြင်း။
- ၀န်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
သန့်ရှင်းမှုဌာနခွဲ၏ လုပ်ငန်းတာ၀န်များ
- မိလ္လာပြွန်လိုင်းများပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းခြင်း၊ပြုပြင်ခြင်း။
- လေမှုတ်စက်များ၊မိလ္လာစက်အိုးများမောင်းနှင်ခြင်း၊ပြုပြင်ခြင်း၊ထိန်းသိမ်းခြင်း။
- မိလ္လာပြွန်၊မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများ၊စီမံချက်များရေးဆွဲခြင်း။
- မြို့တော်အင်္ဂါရပ်နှင့်အညီ မိလ္လာစွန့်ပစ်မှုစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ခြင်း။
- လုပ်ငန်းသုံးပစ္စည်းများ၊စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။
ကြိုတင်အားဖြည့် ကွန်ကရစ်ပိုက်စက်ရုံ
- ရေပေးရေးလုပ်ငန်းအတွက် လိုအပ်သော ပိုက်အမျိုးမျိုးနှင့် အထူးပိုက်များ ထုတ်လုပ်ခြင်း။
- ဌာန၀င်ငွေ တိုးတက်ရရှိစေရေးအတွက် အခြားလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်း။
- စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်း။
- လုပ်ငန်းသုံးပစ္စည်းများ၊စက်အရန်ပစ္စည်းနှင့်ခေတ်မီစက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းဆောင်ရွက်ခြင်း။
ရန်ကုန်မြို့တော် ရေပေးဝေရေးသမိုင်းကြောင်း |
|
၁၈၄၂ |
ရေတွင်းကြီး (၃၀) |
၁၈၇၉ |
ကန်တော်ကြီးကန် |
၁၈၈၄ |
အင်းလျားကန် |
၁၉၀၄ |
လှော်ကားရေလှောင်ကန် |
၁၉၄၀ |
ဂျိုးဖြူရေလှောင်ကန် |
၁၉၉၂ |
ဖူးကြီးရေလှောင်ကန် |
၂၀၀၅ |
ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) |
၂၀၁၄ |
ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) |
လှော်ကားရေလှောင်ကန်ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၀၀ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၀၄ ခုနှစ် |
ရေစုဆောင်းသောဧရိယာ |
၁၀.၅ စတုရန်းမိုင် |
ရေပြင်ဧရိယာ(ရေပြည့်ချိန်) |
၄.၄ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၁၂၀၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၁၀၆၀၀ ဂါလန်သန်း |
ကန်ရေလျှံအမှတ် |
၆၂ ပေ |
ပထမရေယူပေါက် အမြင့်ပေ |
၅၇.၂ ပေ |
ဒုတိယရေယူပေါက် အမြင့်ပေ |
၄၉.၂ ပေ |
တတိယရေယူပေါက် အမြင့်ပေ |
၄၂.၂ ပေ |
ပိုက်အရွယ်အစား |
၄၂"Ø |
အကွာအဝေး |
၁၇ မိုင် |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၁၄ ဂါလံ (သန်း) |
လှော်ကားရေတွန်းစက်ရုံ |
|
ရေတွန်းစက်ရုံအမှတ်(1) |
|
1000 KW(26 MGD) |
၄ လုံး |
မော်တာ၊ ပန့်(2DUTY : 2 STANDBY) |
|
ရေတွန်းစက်ရုံအမှတ်(၂) |
|
75 KW မော်တာပန့် (8 MGD) |
၂ လုံး |
ဂျိုးဖြူရေလှောင်ကန်ဆိုင်ရာ အချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၃၆ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၄၀ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၁၂.၇ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၂.၈ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၁၆၆၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၈၄၀၀ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၂၁၅ ပေ |
အနိမ့်ဆုံးကန်ရေချိန် |
၁၃၈ ပေ |
ပထမ ရေယူပေါက် |
၂၀၁ ပေ |
ဒုတိယရေယူပေါက် |
၁၈၀၀၀ ပေ |
တတိယ ရေယူပေါက် |
၁၃၈ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၂၇ ဂါလန်သန်း |
အကွာအဝေး |
၄၃ မိုင် |
ဖူးကြီးရေလှောင်ကန် ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၇၃ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၈၈ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၂၇.၂၇ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၆.၈ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၂၃၀၀၀ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၂၀၀၀၀ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၁၁၅.၅ ပေ |
ပထမ ရေယူပေါက် |
၉၁.၅ ပေ |
ဒုတိယရေယူပေါက် |
၇၆.၅ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၅၄ ဂါလန်သန်း |
အကွာအဝေး |
၃၂ မိုင် |
ပျော်ဘွယ်စုရေတွန်းစက်ရုံ |
|
တည်ဆောက်သောခုနှစ် |
၂၀၀၅ ခုနှစ် |
185KW မော်တာပန့်(16.0 MGD) |
၃ လုံး |
ဖူကြီး ရေတွန်းစက်ရုံ |
|
450 KW မော်တာပန့်(27 MGD) |
၃ လုံး |
(2DUTY : 1 STANDBY) |
ငမိုးရိပ်ရေလှောင်ကန်ဆိုင်ရာအချက်အလက်များ |
|
စတင်တည်ဆောက်သောခုနှစ် |
၁၉၉၂ ခုနှစ် |
ပြီးစီးသောခုနှစ် |
၁၉၉၅ ခုနှစ် |
ရေဝေရေလဲဧရိယာ |
၁၆၀ စတုရန်းမိုင် |
ကန်ရေပြည့်ရေပြင်ဧရိယာ |
၁၇.၁၉ စတုရန်းမိုင် |
ရေသိုလှောင်နိုင်အား |
၄၈၇၉၁ ဂါလန်သန်း |
အသုံးပြုနိုင်သော ပမာဏ |
၄၅၅၃၈ ဂါလန်သန်း |
အမြင့်ဆုံးကန်ရေချိန် |
၁၀၇ ပေ |
အနိမ့်ဆုံးကန်ရေချိန် |
၈၁ ပေ |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
၉၀ ဂါလန်သန်း |
ငမိုးရိပ်ရေသန့်စင်စက်ရုံ |
|
စီမံကိန်းစတင်သည့်နေ့ |
၂၅-၄-၂၀၀၄ |
စီမံကိန်းပထမအဆင့်ပြီးစီးသည့်နေ့ |
၂၃-၁၂-၂၀၀၅ |
တစ်နေ့ရေပေးဝေနိုင်မှု |
၄၅ ဂါလန်သန်း |
စီမံကိန်းဒုတိယအဆင့်ပြီးစီးသည့်နေ့ |
၂၆-၃-၂၀၁၃ |
ရေသန့်စင်စက်ရုံအမှတ်(၁) |
|
800KW (15 MGD)ရေတွန်းစက် |
၄ လုံး |
110KW(15MGD)အနိမ့်ရေတင်စက် |
၄ လုံး |
ရေသန့်စင်စက်ရုံအမှတ်(၂) |
|
560KW(11.25 MGD)ရေတွန်းစက် |
၆ လုံး |
110KW(15 MGD)အနိမ့်ရေတင်စက် |
၄ လုံး |
ကုက္ကိုင်းရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၉၂၆ ခုနှစ် |
တည်နေရာ |
ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့် |
အရွယ်အစား |
၅၅၉ ပေ x ၂၈၆ ပေ x ၂၀ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၂၀)သန်း |
ရေပေးဝေသည့်မြို့နယ်များ |
ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း ၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် |
ရေကူးရေတွန်းစက်ရုံ |
|
မူလရေတွန်းစက်ရုံ |
|
275KW မော်တာပန့် (10MGD) |
၃ လုံး |
280KW မော်တာပန့် (10 MGD) |
၄ လုံး |
ဂါလန် (၇)သိန်းဆံ့ ရေလှောင်ကန် |
၁ ကန် |
ရေတွန်းစက်ရုံသစ် |
|
715 KW မော်တာပန့် (20MGD) |
၄ လုံး |
ဂါလန် (၁)သန်းဆံ့ရေလှောင်ကန် |
၁ ကန် |
မဟာဝိဇယရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၉၆၅ ခုနှစ် |
တည်နေရာ |
ရွှေတိဂုံဘုရားလမ်း၊ ဆက်သွယ်ရေးတပ်ဝင်း |
အရွယ်အစား |
၃၄၉ ပေ x ၂၂၀ ပေ x ၂၂ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၁၀)သန်း |
ရေပေးဝေနိုင်သည့်မြို့နယ်များ |
မရှိပါ |
ရွှေတိဂုံဘုရားရေလှောင်ကန် |
|
တည်ဆောက်သည့်ခုနှစ် |
၁၈၉၄ ခုနှစ် |
တည်နေရာ |
ရွှေတိဂုံဘုရားလမ်းတောင် ဘက်မုခ် |
အရွယ်အစား |
၂၀၀ ပေ x ၅၀၀ ပေ x ၂၀ ပေ |
ရေလှောင်ပမာဏ |
ရေဂါလန် (၁)သန်း |
ရေပေးဝေနိုင်သည့်မြို့နယ်များ |
ဒဂုံ၊ လသာ၊ လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ |
သဲဖြူရေပေးဝေရေးစခန်း(လှိုင်သာယာမြို့နယ်) |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၀ ခုနှစ် |
အဝီစိတွင်း |
၁၀"Ø (၁၀) တွင်း / ၈"Ø (၃) တွင်း/ ၆"Ø (၂) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
45KW မော်တာပန့် (9.5MGD) |
၁ လုံး |
22KW မော်တာပန့် (6 MGD) |
၃ လုံး |
ရန်ကုန်ပေါက်ရေပေးဝေရေးစခန်း(ဒလမြို့နယ်) |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၀ ခုနှစ် |
အဝီစိတွင်း |
၁၀"Ø (၃) တွင်း / ၈"Ø (၄) တွင်း/ ၆"Ø (၁) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
22KW မော်တာပန့် (8 MGD) |
၁ လုံး |
37KW မော်တာပန့် (6 MGD) |
၁ လုံး |
ဒဂုံတောင်အမှတ် (၁) ရေပေးဝေရေးစခန်း |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၈ ခုနှစ် |
အဝီစိတွင်း |
၈"Ø (၄) တွင်း / ၆"Ø (၄) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
22KW မော်တာပန့် (8 MGD) |
၃ လုံး |
18.5KW မော်တာပန့် (8 MGD) |
၃ လုံး |
ဒဂုံတောင်အမှတ် (၂) ရေပေးဝေရေးစခန်း |
|
တည်ဆောက်သည့်ခုနှစ် |
၂၀၀၉ ခုနှစ် |
အဝီစိတွင်း |
၈"Ø (၁၀) တွင်း |
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ |
(၁)သန်း |
22KW မော်တာပန့် (8 MGD) |
၄လုံး |