ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ဌာန၏လုပ်ငန်းတာ၀န်များ

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သယ်ယူပို့ဆောင်မှုကဏ္ဍနှင့် ယန္တရားစက်ပစ္စည်း ထောက်ပံ့မှုကဏ္ဍ လုပ်ငန်းများကိုဆောင်ရွက်ခြင်း။
  • မြို့နယ်အသီးသီးတွင် လမ်းဖောက်လုပ် ၊ လမ်းပြင် ၊ မြောင်းသွယ်လုပ်ငန်းများ အမှိုက်သိမ်းဆည်းရေး၊ မိလ္လာသိမ်းဆည်းရေးနှင့် ရေဆိုးသန့်စင်ရေးလုပ်ငန်းများအတွက် ယာဉ်နှင့်ယန္တရားများကို ထိရောက်အောင်မြင်စေရေးပံ့ပိုးခြင်း။
  • လုပ်ငန်းသုံးယာဉ်များနှင့်ယန္တရားများကို ရေစီးရေလာကောင်းမွန်ရေး ၊ သောက်သုံးရေရရှိရေး ၊ တည်ဆောက်ရေးစသည့် အင်ဂျင်နီယာလုပ်ငန်းများမှ လိုအပ်ချက်အတိုင်း စီမံခန့်ခွဲပေးပို့ခြင်း။
  • လုပ်ငန်းများတွင် ချောမွတ်ပြေပြစ်စွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းသုံးယာဉ်များနှင့် ယန္တရားပစ္စည်းများကို စီမံထားရှိခြင်း ၊ ပြင်ဆင်ထိန်းသိမ်းလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ခြင်း။
  • ဌာနအသီးသီးမှ လိုအပ်သော စက်ပစ္စည်းများ ၊ အရန်ပစ္စည်းများ ၊ လက်သုံးကိရိယာများကို ပြင်ဆင်ခြင်း ၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။
  • ကုန်ခန်းစေသောပစ္စည်းများ ၊ လုပ်ငန်းသုံးပစ္စည်းများ ၊ စက်ပစ္စည်းများနှင့် ယာဉ် ၊ ယန္တရားအရန်ပစ္စည်းများကို စနစ်တကျမှာယူသုံးစွဲခြင်း။
  • လုပ်ငန်းသုံးယာဉ်များ ၊ ယန္တရားယာဉ်များ ၊ လူစီးယာဉ်များအား သုံးစွဲမှုကို ကွပ်ကဲထိန်းသိမ်းခြင်း။
  • ပစ္စည်းများ လေလွင့်ပျောက်ဆုံးမှုမရှိစေရန် စီမံဆောင်ရွက်ခြင်း။
  • အလုပ်ရုံနှင့် ဆီသိုလှောင်ရုံများ ၊ ယာဉ်ဝင်လမ်းများ သန့်ရှင်းရေး ၊ လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ခြင်း။
  • တာဝန်ယူထိန်းသိမ်းကွပ်ကဲရသော ယာဉ်စက်ပစ္စည်းပြန်တမ်းစာရင်းများ ၊ မှတ်တမ်းများကို စနစ်တကျပြုစုထားရှိခြင်း။
  • အရေးပေါ်လုပ်ငန်းများနှင့် အထူးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ယာဉ်များ ၊ လုပ်ငန်းသုံးယန္တရား စက်ပစ္စည်းများဖြင့် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း။
  • မိမိဌာနရှိ အရာထမ်း ၊ အမှုထမ်းများကို စနစ်တကျလေ့ကျင့်ပညာပေးခြင်း။
  • ကော်မတီ၏ စီမံကိန်းများတွင် လိုအပ်သော ယာဉ် ၊ စက်ယန္တရားများအား အချိန်နှင့်တပြေးညီ စီစဉ်ပံ့ပိုးဆောင်ရွက်ပေးခြင်း။
  • နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အထိမ်းအမှတ်နေ့များ ၊ သာသနာရေးကိစ္စရပ်များတွင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယာဉ် ၊ စက်ယန္တရားများ စီစဉ်ပံ့ပိုးဆောင်ရွက်ပေးရခြင်း။
  • မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းများ ၊ တံတားများ ပြုပြင်တည်ဆောက်မှု လုပ်ငန်းများ၌ လိုအပ်သည့် ယာဉ် ၊ ယန္တရားများ ပံ့ပိုးဆောင်ရွက်ပေးခြင်း။
  • အသုံးပြုရန်မလိုအပ်တော့သည့် ယာဉ် ၊ ယန္တရားများနှင့် စက်ပစ္စည်းအဟောင်းများအား သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ လေလံတင်ရောင်းချခြင်း ၊ သံရည်ကျိုအပ်နှံခြင်း။
  • ကော်မတီပိုင် ယာဉ် ၊ ယန္တရားများအား ကြံ့ခိုင်မှုပြုလုပ်ခြင်း ၊ စစ်ဆေးပြုပြင်ခြင်း။
  • စက်သုံးဆီများကိုဌာနများ၏ လိုအပ်ချက်အရ စနစ်တကျသိုလှောင်ခြင်း ၊ ဖြန့်ဖြူး ပေးခြင်း ၊ သုံးစွဲခြင်း။
  • ကော်မတီပိုင် ယာဉ် ၊ ယန္တရားအသီးသီး၏ ယာဉ်ရာဇဝင်မှတ်တမ်း ထိန်းသိမ်းထားရှိခြင်း။
  • မော်တော်ယာဉ်ဝင်းများ ၊ ဆီပန့်များ ၊ ဆီသိုလှောင်ကန်များ ၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း။

Back to Top