ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ကော်မတီပိုင်လုပ်ငန်းသုံးပစ္စည်းဟောင်းများ ရောင်းချရေးကော်မတီ
ပစ္စည်းဟောင်းများရောင်းချရန်အတွက် တင်ဒါခေါ်ယူခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်ခံအဖွဲ့၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာနရှိ ပစ္စည်းဟောင်းများအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် တင်ဒါရောင်းချရန်အတွက် တင်ဒါများခေါ်ယူအပ်ပါသည်။

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန၊ (ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ကွမ်အပ်သားမင်းသားလမ်းထောင့်)တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန ဖုန်း-၀၉ ၄၂၁၁၁၃၈၀၃၊ ၀၉ ၄၄၄၈၉၄၉၉၅ ၊ ၀၉ ၇၉၈၃၉၉၁၆၄ သို့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းနိုင်ပါသည်။


တင်ဒါရောင်းချမည့်ရက် - ၁၁-၁-၂၀၂၁ ရက်
တင်ဒါအရောင်းပိတ်မည့်ရက် - ၅-၂-၂၀၂၁ ရက်
တင်ဒါကျင်းပမည့်ရက် - ၁၀-၂-၂၀၂၁ ရက်(ဗုဒ္ဓဟူးနေ့)
တင်ဒါကျင်းပမည့်နေရာ - အစည်းအဝေးခန်းမကြီး၊ မြို့တော်ခန်းမ

တင်ဒါကော်မတီ

ရေပုပ်စုပ်ယာဉ်များ ငှားရမ်းနိုင်ကြောင်း

  • ရေပုပ်စုပ်ယာဉ်ငှားရမ်းလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာစည်ပင်မော်တော်ယာဉ်ဌာနခွဲ၊ မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းထောင့်၊ ဒေါပုံ သင်္ဘောကျင်းမှတ်တိုင်အနီး လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေ ပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

  • သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ (လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် များမပါ) တွင် လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေးဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ