ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ

ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း

ရောင်းစျေး - ၂၁၀၀ ကျပ်

ဝယ်စျေး - ၂၁၀၀ ကျပ်

logo

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

ယနေ့မြို့တော်ဘဏ်ဒေါ်လာစျေးနှုန်း

ရောင်းစျေး - ၂၁၀၀ ကျပ်

ဝယ်စျေး - ၂၁၀၀ ကျပ်

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန


(၁) မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ သန့်ရှင်းရေးဆိုင်ရာဆောင်ရွက်နေမှုများ

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းအခွန်အခများ စည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့် လမ်းသွယ်များမှ အမှိုက်များကို စနစ်တကျ လှဲသိမ်းယူစွန့်ပစ်ခြင်း။
  • အခွန်အခကောက်ခံသောမြို့နယ်များ မြို့နယ်/ရပ်ကွက်များတွင် ပြည်သူများအမှိုက် စွန့်ပစ်ရန် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ပေးခြင်း။
  • အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ အမှိုက်ကန်များ တည်ဆောက်ခြင်း၊ အမှိုက်ပုံးများ ချထားပေးမှုများ စီမံဆောင်ရွက်ခြင်း။
  • အခွန်အခ ကောက်ခံခြင်းမပြုသော အစိုးရဌာန အဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝန်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။
  • သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီမံများပြုလုပ်ခြင်း။
  • အများပြည်သူသုံး အဆင့်မြင့်အခပေးအိမ်သာများကို သန့်ရှင်းစွာထားရှိပေးခြင်း။
  • သုဿာန်များကို စနစ်တကျဖွင့်လှစ်၍ မြေမြှုပ်ခြင်း၊ မီး သင်္ဂြိုဟ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
  • ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း အနံ့၊ အလင်းရောင် စသည်တို့အတွက်ဓါတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောအကာအကွယ်များ ပြုလုပ်စီမံကွပ်ကဲ ညွှန်ကြားအုပ်ချုပ်ပေးခြင်း။
  • စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်ခြင်း။

  • (၂) အမှိုက်အမျိုးအစားများခွဲခြားခြင်း

    • မီးဖိုချောင်ထွက်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်မှအပ နေအိမ်များ၊ အိမ်ခန်းများနှင့် မီးဖိုချောင်များမှ အသုံးမလို၍ စွန့်ပစ်သော အခြားအမှိုက်သရိုက်များကို ဆိုသည်။(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • ခြံထွက်အမှိုက်ဆိုသည်မှာ ခြံအတွင်းခုတ်ထွင်ရှင်းလင်းရာမှ ထွက်ရှိလာသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များ၊ ခြုံနွယ်များ၊ အသုံးမလို၍ စွန့်ပစ်သော အဆောက်အအုံအစိတ် အပိုင်းများ၊ ပရိဘောဂပစ္စည်းအဟောင်းအပျက်များကို ဆိုသည်။(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်ဆိုသည်မှာ စက်ရုံနှင့် အလုပ်ရုံများမှ အသုံးမလို၍ စွန့်ပစ်သော အမှိုက်များကို ဆိုသည်။(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်
    • တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်ဆိုသည်မှာတည်ဆောက်ရေးလုပ်ငန်းများမှ အသုံးမလို၍ စွန့်ပစ်သော(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • စီးပွားရေးလုပ်ငန်းထွက် အမှိုက်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ အသုံးမလို၍ စွန့်ပစ်သော ပစ္စည်းများကိုဆိုသည်။(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • သာမာန်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်တို့မှအပ မီးဖိုချောင်ထွက်အမှိုက် နှင့် အခြားအမှိုက်သရိုက်များကို ဆိုသည်။(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင် ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • စက်ဆုပ်ဖွယ်ရာဆိုသည်မှာ တိရိစ္ဆာန်အသေကောင်၊ တိရိစ္ဆာန်ချေး၊ ပုပ်စပ်နံစော်သည့် အရာဝတ္ထု၊ မနှစ်မြို့ဖွယ်ရာသွေး၊ အရည် သို့မဟုတ် အညစ်အ​ကြေးကို ဆိုသည်။(ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဆိုင်ရာနည်းဥပဒေ ၁၉၉၉ ခုနှစ်)
    • ဆေးရုံစွန့်ပစ်ပစ္စည်းဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ နိုင်ငံပိုင်၊ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်း များနှင့် ဆေးပေးခန်းများမှ ထွက်ရှိသော သို့မဟုတ် သုံးစွဲပြီသော သို့မဟုတ်အသုံးမလိုသောစွန့်ပစ်ပစ္စည်းများကိုဆိုသည်။(ရန်ကုန် မြို့ တော်စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ခုနှစ်)

    (၃) မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှဆောင်ရွက်ပေးလျက်ရှိသည့်အမှိုက်သိမ်း စနစ်များနှင့် အချိန်၊ စွန့်ပစ်ခွင့်ရှိသည့် အမှိုက်အမျိုးအစား
    • အမှိုက်ကန်စနစ်။ ညနေ ၆:၀၀နာရီ မှ ည၁၁:၀၀နာရီအထိ တစ်ကြိမ်၊ နံနက် ၆:၀၀နာရီ မှ ၁၀:၀၀နာရီအထိ တစ်ကြိမ်။
    • အမှိုက်ပုံးစနစ်။ မြို့နယ်များတွင် ချထားပေးသော Euro Standard Size အမှိုက်ပုံးများတွင်လည်းကောင်း၊ အမှိုက်ကန်များတွင်လည်းကောင်း သတ်မှတ်ထားသည့် အချိန်အတိုင်း စွန့်ပစ်နိုင်ပါသည်။
    • ခေါင်းလောင်းတီးစနစ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းရရှိထားသည့် နေ့ရက်နှင့် အချိန်များတွင် ယာဉ်/ လှည်းဖြင့် ခေါင်လောင်းတီးအမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ပါသည်။
    • အမှိုက်ထုပ်ကောက်အမှိုက်သိမ်းစနစ်။ (ပြည်သူများ အမှိုက်ပစ်ချိန်နှင့် ဌာနမှ အမှိုက်သိမ်းချိန်အား တိကျစွာသတ်မှတ်ပြီး သိမ်းသောစနစ်) ရပ်ကွက်အုပ်ချုပ် ရေးမှူးများ/ နေထိုင်သူများမှ ညှိနှိုင်းထားသည့် နေ့၊ ရက်၊ အချိန်များအတိုင်း လှည်း/ ယာဉ်များ ဖြင့် လိုက်လံသိမ်းသောစနစ် ကျင့်သုံးဆောင်ရွက်ရပါမည်။

    အထက်ပါအမှိုက်သိမ်းစနစ်(၄)ခုစလုံးတွင်ကော်မတီမှသတ်မှတ်ပေးထားသည့်အမှိုက်အိတ်အစိမ်းအပြာများဖြင့်လုံခြုံစွာ ချည်နှောင်၍ စွန့်ပစ်ပေးရပါမည်။ မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်ရမည်ဖြစ်ပါသည်။အခြားအမှိုက်များကို စွန့်ပစ်လိုပါက On Call စနစ်ဖြင့် စွန့်ပစ်နိုင်ပါသည်။


    (၄) အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်
    • အမှိုက်စိုများဖြစ်သော စားကြွင်းစားကျန်များ၊ ကြက်ဥခွံများ၊ ဘုရားပန်းများ၊ စားကြွင်းစားကျန်အရိုးများ၊ဟင်းသီးဟင်းရွက်အစရှိသည့်အမှိုက်များကို အစိမ်းရောင်အိတ်ဖြင့် လုံခြုံစွာထုတ်ပိုးချည်နှောင်၍ စွန့်ပစ်နိုင်ပါသည်။
    • အမှိုက်ခြောက်များဖြစ်သော ဖန်ပုလင်း၊ သတင်းစာ၊ စက္ကူပုံး၊ ကတ္ထူပုံး၊ သံဘူးခွံ၊ ကစားစရာအရုပ်၊ ဖန်ပန်းကန်အကွဲ၊ တစ်ခါသုံးပစ္စည်းများနှင့်ဖော့ဘူးများ၊ ဖန်ခွက်ကြွေခွက်၊ အသင့်စားဘူးခွံ၊ စက္ကူအိတ်အစရှိသည့်အမှိုက်များကိုအပြာရောင်အိတ်ဖြင့်လုံခြုံစွာထုတ်ပိုးချည်နှောင်၍စွန့်ပစ်နိုင်ပါသည်။
      • ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်ဘီးများ၊ ပလတ်စတစ်သွားပွတ်တံများ၊ တစ်ခါသုံးပလတ်စတစ်ခွက်များ၊ ခေါင်းလျှော်ရည်ဘူးခွံများ၊ ဆပ်ပြာဆီဘူးခွံများ၊ ရေသန့်ဘူးခွံများ၊ ပလတ်စတစ်အိတ်များ၊ အလှကုန်ဘူးခွံများ၊ စားစရာထုပ်ပိုးသည့်ပလတ်စတစ်အိတ်ခွံအစရှိသည့်အမှိုက်များကို အပြာရောင်အိတ်ဖြင့် လုံခြုံစွာထုတ်ပိုးချည်နှောင်၍ စွန့်ပစ်နိုင်ပါသည်။
        • ဘေးအန္တရာယ်ရှိအမှိုက်များဖြစ်သော လျှပ်စစ်သုံးပစ္စည်းများ၊ ဂက်(စ်)ဘူးခွံများ၊ ကွန်ပျူတာများ၊ ဘတ္ထရီများ၊ ဓာတ်ခဲများ၊ မီးသီး မီးချောင်း အပျက်များ၊ မိတ္တူစက်နှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းပါဝင်သည့် ကြွေချေးချွတ်ဆေးဘူးများ၊ ချွန်ထက်သောပစ္စည်းများ၊ အိမ်သုတ်ဆေးဘူးခွံများ၊ ဓာတ်မြေဩဇာအိတ်ခွံအစရှိသည့်အမှိုက်များကိုအပြာရောင်အိတ်ဖြင့်လုံခြုံစွာထုတ်ပိုးချည်နှောင်၍ စွန့်ပစ်နိုင်ပါသည်။

        (၅)မြို့နယ်အလိုက်ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခနှုန်းထားများ


        • (က) ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊တာမွေ၊ရန်ကင်း၊ကမာရွတ်၊ သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ (မြောက်)၊သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊ ဒဂုံ (အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ဒလ၊မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ(ရှေ့)၊ လှိုင်သာယာ(အနောက်)၊ (၃၂)မြို့နယ်အတွက် (၃)လ တစ်ကွာတာလျှင် ၃၀၀၀ကျပ်


          (ခ) ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် (၃)လတစ်ကွာတာလျှုင် ၂၁၀၀ကျပ်
        • (၆) စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ Hotel, Motel, Inn, Guest House များနှင့် ဆေးရုံ/ ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/ အရွယ်အစားပေါ် မူတည်၍ နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ကောက်ခံလျက်ရှိပါသည်။

          • စီးပွားရေးလုပ်ငန်းများ အနည်းဆုံး (၁၀၀၀ိ)မှ အများဆုံး (၁၅၀၀၀၀၀ိ)ထိ
          • ဆေးရုံ/ ဆေးခန်း အနည်းဆုံး (၃၀၀၀ိ)မှ အများဆုံး (၃၀၀၀၀၀၀ိ)ထိ
          • စီးပွားရေးလုပ်ငန်းများ shopping mall,shopping center,mart,market အနည်ဆုံး(၁၀၀၀၀၀ိ)မှ အများဆုံး (၅၀၀၀၀၀၀ိ) ထိ
          • Hotel, Motel, Inn, Guest House များ အနည်းဆုံး (၂၀၀၀ဝိ)မှ အများဆုံး (၃၀၀၀၀၀၀ိ)ထိ

          (၇) သီးခြားအမှိုက်သိမ်းဆည်းခ (On Call)
          (က) သယ်ယူခတစ်တန်လျှင် ၂၀၀၀၀ကျပ်နှင့်အမှိုက်သိမ်းဆည်းမည့် ယာဉ်အမျိုးအစား နှင့်မြို့နယ်အလိုက် သတ်မှတ်ထားသော စက်သုံးဆီဂါလံအား ကာလပေါက်စျေး (၁)ဂါလန် နှူန်းဖြင့်တွက်ချက်တောင်းခံရန်။
          (ခ) ၂၄၀လီတာဆံ့အမှိုက်ပုံး (၁)ပုံး ၃,၀၀၀ကျပ်
          (ဂ) ၆၆၀လီတာဆံ့အမှိုက်ပုံး (၁)ပုံး ၆,၀၀၀ကျပ်
          (ဃ) သတ်မှတ်အမှိုက်လှည်း (၁)စီး ၆,၀၀၀ကျပ်
          (င) အမှိုက် (၁) တန် ၂၀,၀၀၀ကျပ်
          (စ) သတ်မှတ်တန်ချိန်ထက်ပိုမိုတင်ဆောင်ပါက (၁)တန်လျှင် ၂၀,၀၀၀ကျပ်
          မှတ်ချက်။ (၁) အမှိုက်သိမ်းယာဉ်ငှားရမ်းခသာဖြစ်ပါသည်။ (စက်သုံးဆီမပါဝင်ပါ)

          (၂) လုပ်သားအင်အားဖြင့် ဆောင်ရွက်ပေးခြင်း မရှိပါ။


          (၈) နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမှု

          နောက်ဖေးလမ်းကြားအမှိုက်များမှာ ပြည်သူများမှ စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ ဖြစ်သဖြင့် ကော်မတီအနေဖြင့် တရား၀င်သတ်မှတ်ထားသော အမှိုက်စွန့်ပစ်မှု စနစ်များ အတိုင်း သိမ်းဆည်း ဆောင်ရွက်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာ လမ်း/ရပ်ကွက်မှသာ သိမ်းဆည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူများအဆင်ပြေစေရန် အလို့ငှာ နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမည်ဆိုပါက ကော်မတီမှ ယာဉ်ငှား ရမ်းခ ကင်းလွတ်ခွင့်ပြုပြီး ကုန်ကျမည့် စက်သုံးဆီသာကျခံပေးရမည် ဖြစ်ပါသည်။ ၄င်းအမှိုက်များကို ရှင်းလင်းသယ်ထုတ်ခြင်း၊ ယာဉ်ပေါ်တင်ခြင်းများကိုမူ သက်ဆိုင်ရာလမ်း/ရပ်ကွက်မှသာ တာ၀န်ယူဆောင်ရမည် ဖြစ်ပါသည်။


          (၉) နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ မိမိအစီအစဉ်ဖြင့် အမှိုက်လာရောက်စွန့်ပစ်ပါကပေးဆောင်ရမည့် သတ်မှတ်နှုန်းထား

          ကော်မတီ၏ အမှိုက်သိမ်းစနစ်တွင်လည်း ပါဝင်ခြင်းမရှိ၊ သီးခြားအမှိုက်သိမ်းဆည်းခ On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်းမျိုးလည်းမဟုတ်ဘဲ အမှိုက်များကို မိမိအစီအစဉ်ဖြင့် သယ်ယူ၍ သတ်မှတ်ထားသော နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ လာရောက်စွန့်ပစ်မည်ဆိုပါက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ခနှုန်းထားမှာ အမှိုက်တစ်တန်လျှင် ၂၀၀၀၀ိ/ (ကျပ်နှစ်သောင်းနှုန်း)ပေးဆောင်ရန် သတ်မှတ်ထားပါသည်။


          (၁၀) ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်များ

          • မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်း ထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့်အမှိုက်ပုံရန်သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။
          • မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံ၀င်းအတွင်းသို့ဖြစ်စေ၊ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
          • မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ကွပ်လပ်မြေများအတွင်းသို့ဖြစ်စေ၊ ရေမြောင်းအတွင်းသို့ ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ဖြစ်စေ၊ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
          • မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသော နေရာတွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တူးခြင်း၊ ဆွခြင်း၊ သို့မဟုတ် ပြန့်ကျဲခြင်း မပြုရ။
          • မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်း အသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။
          • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သော ရေဆိုးများကို ကော်မတီက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်း များအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။
          • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း ထားရှိသောအလောင်းကို ပြန်လည် ယူဆောင် ခြင်းသော်လည်းကောင်း မပြုရ။
          • မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုရ။
          • မည်သူမျှ ခွင့်ပြုချက်မရှိဘဲ-
            - သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း၊ အအေးခန်းဖြင့် ထားသိုခြင်းမပြုရ။
            - မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းမပြုရ။
          • မည်သူမျှ ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ်လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။
          • မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ။
          • မည်သူမျှ မည်သည့်စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်ထားသော နေရာမှအပ မိမိပိုင်ခြံ၀င်း၊ လုပ်ငန်းခွင်၊ အခြားပြင်ပမည်သည့် တစ်နေရာရာတွင်မဆို မီးရှို့ခြင်းမပြုရ။
          • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း၊ ထိုသို့ သိမ်းဆည်းအမှိုက်များကို ကော်မတီက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာနှင့် အခြားနေရာများသို့ သယ်ယူစွန့်ပစ်ခြင်း မပြုရ။
          • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော စွန့်ပစ်အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ပစ်ခြင်း၊ စွန့်ထုတ်ခြင်းမပြုရ။

          ၁၁။ အများပြည်သူသုံးသန့်စင်ခန်းများ

          ပြည်သူများလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အလို့ငှာ ကော်မတီမှ အများပြည်သူသုံးအဆင့်မြင့် သန့်စင်ခန်းများကို ဆောက်လုပ်ပေးလျက်ရှိရာ မြေပေါ်သန့်စင်ခန်း (၂၇)ခုအား၊ အခပေးသန့်စင်ခန်းများအဖြစ် ထားရှိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


          ၁၂။ ရွှေ့လျား Mobile သန့်စင်ခန်းများ

          ပြည်သူများလိုအပ်လျက်ရှိပါက ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ကော်မတီအနေဖြင့် ရွှေ့လျား (Mobile)သန့်စင်ခန်းများနှင့် ရွှေ့လျားသန့်စင်ခန်းယာဉ်တို့အား ပြုလုပ်ထားရှိပြီး ငှားရမ်းခ နှုန်းထားများမှာ တစ်ရက်လျှင် ရွှေ့လျားသန့်စင်ခန်းတစ်လုံး ၂ဝဝဝဝိ/-နှုန်း၊ ရွှေ့လျားသန့်စင် ခန်းယာဉ်တစ်စီး ကျပ် ၁၅၀၀၀၀/-နှုန်းတို့ ဖြစ်ပါသည်။


          စဉ်

          မြို့နယ်အမည်

          အိမ်သာ(၆)လုံးပါ

          ရွေ့လျားသန့်စင်ခန်းယာဉ်

          (၁)စီး(၁)ရက်ငှားရမ်းခ

          ရွေ့လျားသန့်စင်ခန်း

          ငှားရမ်းခ(၁)ရက်

          ရွေ့လျားသန့်စင်ခန်းသယ်

          ယာဉ်(၁)ခေါက်ငှားရမ်းခ

          (ကျပ်)

          ရေပုပ်စုပ်ယာဉ်

          (၁)ခေါက်ငှားရမ်းခ(ကျပ်)

          ရေသယ်ယာဉ်

          (၁)ခေါက်ငှားရမ်းခ(ကျပ်)

          ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊

          လမ်းမတော်၊ အလုံ

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၅၈၆၀၀

          ၆၂၂၅၀

          ၇၂၇၀၀

          ကြည့်မြင်တိုင်၊ဒဂုံ၊ဒေါပုံ၊

          ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဆိပ်ကမ်း

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၈၂၉၀၀

          ၇၂၇၀၀

          ၉၃၆၀၀

          လှိုင်၊ ကမာရွတ်၊ တောင်ဥက္ကလာပ၊

          သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဗဟန်း၊ စမ်းချောင်း၊ သာကေတ၊ တာမွေ၊

          မင်္ဂလာတောင်ညွန့်

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၁၀၇၂၀၀

          ၉၃၆၀၀

          ၁၁၄၅၀၀

          ဒဂုံမြို့သစ်(တောင်ပိုင်း/

          မြောက်ပိုင်း/အရှေ့/ဆိပ်

          ကမ်း)၊ မြောက်ဥက္ကလာပ၊

          ရွှေပေါက္ကံ၊ သန်လျင်၊ အင်းစိန်၊ မရမ်းကုန်း

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၁၂၇၀၀၀

          ၁၁၄၅၀၀

          ၁၃၅၄၀၀

          ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ပုလဲမြို့သစ်၊ ပတ္တမြားမြို့သစ်

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၁၅၅၈၀၀

          ၁၃၅၄၀၀

          ၁၅၆၃၀၀

          ဝါယာလက်၊ ထောက်ကြန့်၊ ဒလ၊ ဆိပ်ကြီးခနောင်တို

          ၁၅၀၀၀၀

          ၂၀၀၀၀

          ၁၈၀၁၀၀

          ၁၅၆၃၀၀

          ၁၇၇၂၀၀

           

          မှတ်ချက်။ အထက်ပါဇယားမှ ရွေ့လျားသန့်စင်ခန်းသယ်ယာဉ် နှုန်းထားမှာ အပို့(၁)ခေါက်အတွက် ကုန်ကျမည့်ဈေးနှုန်းဖြစ်ပါသည်။ အသိမ်း(၁)ခေါက်အတွက်လည်း အထက်ပါဇယားအတိုင်း ထပ်မံကုန်ကျမည်ဖြစ်ပါသည်။ ငှားရမ်းသူမှ ၎င်းတို့၏ အစီအစဉ်ဖြင့် သန့်စင်ခန်းများအား သယ်ယူခြင်းနှင့် ပြန်လည် ပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်သည့်အတွက် ငှားရမ်းလိုသည့် အခေါက်အတွက်သာ ကုန် ကျငွေပေးသွင်းရပါမည်။

           

          ၁၃။ နာရေးကိစ္စများဆောင်ရွက်ရန် ခရိုင်အလိုက်မြို့နယ်များခွဲခြားသတ်မှတ်ခြင်း

          (က) ရေဝေးသုဿန်

          • တောင်ဥက္ကလာပ
          • တာမွေ
          • ပုဇွန်တောင်
          • ဗိုလ်တထောင်
          • ဗဟန်း
          • မင်္ဂလာတောင်ညွန့်
          • မင်္ဂလာဒုံ
          • မရမ်းကုန်း(အရှေ့ခြမ်း)
          • မြောက်ဥက္ကလာပ
          • ရန်ကင်း
          • လှိုင် (အရှေ့ခြမ်း)
          • သင်္ဃန်းကျွန်း
          • အင်းစိန်(အရှေ့ခြမ်း)
          • ဒဂုံ(မြောက်)(မြောက်ဘက်ခြမ်း)

          (ခ) ထိန်ပင်သုသာန်

          ထိန်ပင်သုသာန်တွင် သင်္ဂြိုဟ်ရန်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေဝေးသုသာန်တွင် အအေး ခန်းထားရှိပြီး သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေးကြေး ၁၀၀၀၀ဝိ/- ပေးသွင်း ရမည်ဖြစ်ပြီး၊ သတ်မှတ်သုသာန်မဟုတ်ဘဲ တိုက်ရိုက်သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေး ကြေး ပေးသွင်းရန် မလိုပါ။၊

          • ကျောက်တံတား
          • ကြည့်မြင်တိုင်
          • ကမာရွတ်
          • စမ်းချောင်း
          • ဒဂုံ
          • ပန်းဘဲတန်း
          • မရမ်းကုန်း(အနောက်ခြမ်း)
          • လှိုင်(အနောက်ခြမ်း)
          • လမ်းမတော်
          • လသာ
          • လှိုင်သာယာ(အရှေ့ခြမ်း)
          • လှိုင်သာယာ(အနောက်ခြမ်း)
          • အင်းစိန်(အနောက်ခြမ်း)
          • အလုံ

          • (ဂ) ကျီစုသုသာန်

          • ဒဂုံ(ဆိပ်ကမ်း)
          • ဒဂုံ(တောင်)
          • ဒဂုံ(မြောက်)(တောင်ဘက်ခြမ်း)
          • ဒဂုံ(အရှေ့)
          • သာကေတ
          • ဒေါပုံ

          • (ဃ) ကျူချောင်သုသာန်

          • ရွှေပြည်သာ

          • (င) ဒလသုသာန်

          • ဒလ

          • (စ) ဆိပ်ကြီးခနောင်တိုသုသာန်

          • ဆိပ်ကြီးခနောင်တို

          • (ဆ) ဆိပ်ကြီးသုသာန်

          • ကြည့်မြင်တိုင်(တစ်ဘက်ကမ်း)၊ အလတ်ချောင်းကျေးရွာ
          • သုသာန်အအေးခန်းများတွင် ထားရှိပြီးသော ရုပ်အလောင်းများအား ဌာနခွင့်ပြုချက် မရှိဘဲ အခြားပြင်ပသို့ သယ်ဆောင်၍မရပါ။



          ၁၄။ သင်္ဂြိုဟ်ခြင်းဆိုင်ရာ လိုအပ်သောစာရွက်စာတမ်းများ

          • နာရေးဖြစ်ပေါ်သည့်အခါ အလောင်းသယ်ယူခြင်းအား သုသာန်များမှ(၂၄)နာရီ သယ်ယူပေးခြင်း အားဖြင့် ၀န်ဆောင်မှုပေးပါသည်။
          • ကာယကံရှင်မှ သုသာန်များသို့ တယ်လီဖုန်းဖြင့်လည်းကောင်း၊လူကိုယ်တိုင်လည်းကောင်း ဆက် သွယ်နိုင်ပါသည်။
          • ကာယကံရှင်၏ဆန္ဒအရ အအေးခန်းထားလိုခြင်းကိုဆောင်ရွက်ပေးပါမည်။
          • တိုက်ရိုက်သင်္ဂြိုဟ်မှုပြီးဆုံးသည်အထိ တာ၀န်ယူဆောင်ရွက်ပေးပါသည်။
          • သင်္ချိုင်းလက်မှတ်မပါလျှင် (လုံး၀)သယ်ဆောင်ခြင်းမပြုပါ။
          • အရိုးကောက်ခြင်းအတွက် ပြင်ပသို့ သယ်ယူမည်ဆိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

          (က) လျှောက်လွှာ

          (ခ) လျှောက်ထားသူ၏ခံဝန်ချက်

          (ဂ) မိသားစုမှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်

          (ဃ) သင်္ချိုင်းလက်မှတ်

          (င) သန်းခေါင်စာရင်းမိတ္တူ

          (စ) ကွယ်လွန်သူ၏မှတ်ပုံတင်မိတ္တူ

          (ဆ) လျှောက်ထားသူ၏မိတ္တူ

          • ရဲမှုခင်းနှင့်ပတ်သက်သော အလောင်းများကို သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက် ပြီး အထောက်အထားဆိုင်ရာ ကင်းရှင်းမှသာ သင်္ဂြိုဟ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေး ပါသည်။

          ၁၅။ အလောင်းသယ်ယူရန် အချိန်သတ်မှတ်ခြင်း

          အလောင်းသယ်ယာဉ်များသည် သင်္ချိုင်းလက်မှတ်ပါရှိပြီးသောအလောင်းကို သယ်ယူရန်ဖြစ်ပါက (၂၄)နာရီအတွင်း သယ်ယူခွင့်ပြုသည်။ဆက်သွယ်ခေါ်ယူ သူနာရေး ရှင်းဘက်မှ (၁) ဦးသည် သယ်ယူမည့် အလောင်းသယ်ယာဉ်နှင့်အတူ လိုက်ပါရမည်ဖြစ်ပါသည်။


          ၁၆။ ရက်လွန်ဆေးဝါးနှင့်ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများဖျက်ဆီးခြင်းအတွက် ဆောင်ရွက်ခသတ်မှတ်ခြင်း

          • မီးရှို့ဖျက်ဆီးမှုအတွက် မီးရှို့ချိန်တစ်နာရီ လျှင် ၁၀၀၀၀/- နှုန်းကောက်ခံပါသည်။
          • တစ်နာရီထက် ကျော်လွန်သော (၁၅)မိနစ်တိုင်းအတွက် ၂၅၀၀/- နှုန်းကောက်ခံပါသည်။
          • အလုံပိတ်အင်္ဂတေ ကျင်းများတွင် စွန့်ပစ်ပါက မြေနေရာအသုံးပြုခြင်းအတွက် (၁)စတုရန်းပေလျှင် ၅၀၀၀/-နှုန်းကောက်ခံပါ သည်။
          • ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများအားဌာနမှတည်ဆောက်ထားသည့်အလုံပိတ်ကွန်ကရစ်ကျင်းတွင်မြုပ်နှံဖျက်ဆီးမည်ဆိုပါကဌာနမှဝန်ဆောင်မှုပြုရသည့်အတွက်စုစုပေါင်းတန်ဖိုး၏(၅)ဆအားပေးသွင်းဆောင်ရွက်ရပါသည်။
          • အလုံပိတ်အင်္ဂတေကျင်းများတွင် စွန့်ပစ်ပါက ကွန်ကရိကျင်း၏တန်ဖိုး (၁)ကုဗပေလျှင်၂၄၀ဝိ/-(ကျပ်နှစ်ထောင်လေးရာ) နှုန်းကောက်ခံပါသည်။
          • အမှိုက်မီးရှို့စက်ရုံတွင် မီးရှို့ဖျက်ဆီးပါက စွန့်ပစ်ပစ္စည်းအလေးချိန် (၁) တန်လျှင်၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) နှုန်း ကောက်ခံပါသည်။

          ၁၇။ စက်မှုဇုန်များ စစ်ဆေးသည့်စံနှုန်းများ

          စက်မှုဇုန်များမှထွက်ရှိသော စွန့်ပစ်ရေဆိုးများအား အောက်ပါစံနှုန်းများဖြင့် စစ်ဆေးပါသည်။
          • PH 6.0- 9.6
          • BOD 20- 60 ppm
          • COD <200 ppm
          • TS up to 2000 ppm
          • SS up to 500 ppm

          စက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံများ လုပ်ငန်းဆောင်ရွက်ရာတွင် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဥပဒေထုတ်ပြန်ချက်များ

          ပြစ်မှု
          ပြစ်ဒဏ်များ
          မှတ်ချက်
          မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများမှ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်း ဆောင်ရွက်သူဖြစ်စေ၊ ဘေးဖြစ်စေတတ်သော အရည်၊ စက်ဆုပ်ဖွယ်အရာများနှင့်ဆေးရုံ စွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်းခြင်း၊ စီးထွက်စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း၊ ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၃)လ အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
          မြို့တော်နယ်နိမိတ်အတွင်းရှိတည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ၊ မိမိတို့၏ လုပ်ငန်းဆောင် ရွက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန် အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကိုပျက်ကွက်ခြင်း၊ ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်။
          မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ နှင့် အလုပ်ရုံများမှထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ ရေဆိုး များစီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအောက်သို့ စိမ့်ဝင်မှု ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများ ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ရန် တာဝန်ပျက်ကွက် ခြင်း၊ ငွေဒဏ် ကျပ် (၃) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေချမှတ်ရမည်။
          မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင်ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။
          စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုးများကို သတ်မှတ်ထားသော စံချိန်စံ ညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် ခြင်း၊ စီးဆင်းစေခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
          စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေ ရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ထုတ် ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။
          စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်း ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံ/ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက် များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီကသီးသန့် သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ် ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံး၊ အမှိုက်ကားနှင့် အမှိုက်ပုံရန် သတ်မှတ်ထား သည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်း ကောင်း စွန့်ပစ်ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

          မှတ်ချက်       - ထို့ပြင် အမှိုက်ထွက်ရှိမှုအား လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တို့အား အင်တိုက်အားတိုက် ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေ ရန် ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်သူတို့မှ ၎င်းတို့ ထုတ်လုပ်လိုက်သော ကုန်ပစ္စည်း မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို Extended Procedure Responsibility-EPR (ထုတ်လုပ်သူ၏ တာဝန်ယူမှု/တာဝန်ခံမှု) စနစ်အရ နောက်ဆုံးစွန့်ပစ်မှု အခြေအနေ သို့ ရောက်သည်အထိ တာဝန်ယူစီမံဆောင်ရွက်ရန်နှင့် အကယ်၍ လိုက်နာမှုမရှိပါက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


          ၁၈။ အမှိုက်ထွက်ရှိမှုနှုန်း

          ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၅၀၀-၂၇၀၀ တန် ထွက်ရှိပြီး လူတစ်ဦးတစ်နေ့လျှင် 0.51 kg နှုန်းဖြင့် စွန့်ပစ်မှုရှိကြောင်း တွေ့ရှိရပါသည်။


          ၁၉။ အမှိုက်အမျိုးအစားခွဲခြားခြင်း။
          သိမ်းဆည်းအမှိုက်အမျိုးအစားများမှာ
          • ဆေးရုံဆေးခန်းထွက်စွန့်ပစ်ပစ္စည်း - ၀.၂၀ %
          • အိမ်ထောင်စုထွက်အမှိုက် - ၈၇.၈၄%
          • စက်မှုဇုန်ထွက်အမှိုက် - ၁.၄%
          • စျေးထွက်အမှိုက် - ၂.၇၂%
          • On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်း - ၄.၃၈%
          • အခြား - ၃.၄၆%

          ၂၀။ အမှိုက်ထွက်ရှိမှုနှင့် အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာလုပ်ငန်းစဉ်

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမြို့နယ် (၃၃)မြို့နယ်မှ နေ့စဉ်သိမ်းဆည်းရရှိသည့် အမှိုက်တန်ချိန် ၂၅၀၀ တန်မှ ၂၇၀၀ တန်အား အောက်ပါစနစ်များဖြင့် စုစည်းသိမ်းဆည်း သယ်ဆောင်၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် စီမံခန့်ခွဲဆောင် ရွက်လျက်ရှိခြင်း-


          (က) (၆၆၀)လီတာလိမ္မော်ရောင်အမှိုက်ပုံးများထားရှိစွန့် ပစ်စေပြီး သိမ်းဆည်းခြင်း၊
          ( ခ) Compactor အမှိုက်သိမ်းယာဉ် ဖြင့် (၆၆၀)လီတာ လိမ္မော်ရောင်အမှိုက်ပုံးများမှ သိမ်းဆည်းခြင်း၊
          ( ဂ) TATA Hopper ယာဉ်များဖြင့် လမ်းသွယ်များတွင်သိမ်းဆည်းခြင်း၊
          (ဃ) သုံးဘီးဆိုင်ကယ်များဖြင့် သိမ်းဆည်းခြင်း (လမ်းကျဉ်း များနှင့်အမှိုက်စုစည်းရန် ဝေးသည့်နေရာများတွင်လူအင်အား၊ အမှိုက်လှည်းဖြင့် သိမ်းဆည်းခြင်းတွင် လုပ်ငန်းတွင်ကျယ်မှု ရှိစေရန်နှင့် လုပ်သားအင်အားများအား အခြားနေရာများ တွင်အစားထိုးသုံးစွဲနိုင်ရန်)၊
          ( င) Door to Door အမှိုက်ထုပ်ကောက်စနစ်ဖြင့် သိမ်း ဆည်းခြင်း (သတ်မှတ်ရက်၊သတ်မှတ်အချိန်၊ သတ်မှတ်ထား သည့်နေရာ တွင်ပြည်သူများမှစွန့်ပစ်မည့်အမှိုက်ထုပ်များအား ချထားစေ၍ သိမ်းဆည်းခြင်း
          (စ) အရေးပေါ်အမှိုက်သိမ်းစနစ်၊လှဲသိမ်းစနစ်၊ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊အမှိုက်ကန်၊အမှိုက်ပုံးစနစ်ဖြင့် သိမ်း ဆည်းခြင်း၊ ။


          ၂၁။ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ၏ တည်နေရာနှင့်အကျယ်အ၀န်းနှင့် စွန့်ပစ်အမှိုက်တန်ချိန်များ

          စဉ် အမည် တည်နေရာ အကျယ် အဝန်း အသုံးပြုပြီးဧရိယာ ကျန်ရှိသည့်ဧရိယာ တစ်ရက်စွန့်ပစ်အမှိုက်တန်ချိန် မှတ်ချက်
          ထိန်ပင် လှိုင်သာယာမြို့နယ် ၂၉၀ ဧက ၂၂၃ ဧက ၆၇ ဧက ၁၆၀၀ ယခင် ဟင်း လင်းပွင့် စုပုံခြင်းမှ ယခု Semi-Aerobic Landfill(Fukuoka Method) စနစ်ဖြင့် တစ်စိတ်တစ်ပိုင်း ပြောင်းလဲဆောင် ရွက်ခြင်း
          ထားဝယ်ချောင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၁၁၃ ဧက ၇၅ ဧက ၃၈ဧက ၁၁၀၀
          ဒလ ဒလမြို့နယ် ၂.၇၄၉ ဧက ၂.၇၄၉ဧက ၀ ဧက ၃၅ ဟင်း လင်းပွင့်စုပုံခြင်း
          ဆိပ်ကြီးခနောင်တို ဆိပ်ကြီး ခနောင်တို မြို့နယ် ၂.၂၇၇ ဧက ၁.၅ ဧက ၀.၇၇၇ ဧက
          ရန်ကုန်ပေါက် တွိံတေး မြို့နယ် ၁၀၉.၉၃ အမှိုက်ပုံသစ်တည်ဆောက်နေခြင်း
          သရက်ပင်ချောင် ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ် ၁၈၂.၅၂၈ ၃ဧက ၁၇၉.၅၂၈ဧက ၆၅တန် အမှိုက်ပုံသစ်တည်ဆောက်နေခြင်းနှင့်စတင်စုပုံလျက်ရှိခြင်း
          YWTEPY ရွှေပြည်သာမြို့ နယ် ၁၀၉.၉၃ ၆၀ တစ်ရက်လျှင်တန်(၆၀)မီးရှို့ဖျက်စီးခြင်း

          ၂၂။ စက်မှုဇုန်များနှင့်ပတ်သက်သောအချက်အလက်များ

          (က) စက်မှုဇုန်ပေါင်း ၂၉ ခု
          (ခ) စက်ရုံပေါင်း ၇၆၆၀ ရုံ
          ၁။ အထည်ချုပ်စက်ရုံ ၆၃၅ ရုံ
          ၂။ စားသောက်ကုန်စက်ရုံ ၅၅၃ ရုံ
          ၃။ ဓါတုပစ္စည်းစက်ရုံ ၁၈၈ ရုံ
          ၄။ သံရည်ကျိုစက်ရုံ ၇၈ ရုံ
          ၅။ အအေးခန်းစက်ရုံ ၃၃၂ ရုံ
          ၆။ စက္ကူစက်ရုံ ၁၉၃ ရုံ
          ၇။ အရက်ချက်စက်ရုံ ၁၀ ရုံ
          ၈။ သစ်တောထွက်ပစ္စည်းစက်ရုံ ၂၅၃ ရုံ
          ၉။ လူသုံးကုန်ပစ္စည်းစက်ရုံ ၁၀၀၈ ရုံ
          ၁၀။ ကားပစ္စည်းနှင့်ဝန်ဆောင်မှုလုပ်ငန်း ၁၃၀ ရုံ
          ၁၁။ သိုလှောင်ရုံ ၉၅၁ ရုံ
          ၁၂။ ပဲသန့်စင်စက်ရုံ ၁၅၁ ရုံ
          ၁၃။ သံနှင့်သံမဏိလုပ်ငန်းစက်ရုံ ၁၅၁ ရုံ
          ၁၄။ လျှပ်စစ်ပစ္စည်းလုပ်ငန်းစက်ရုံ ၁၁၇ ရုံ
          ၁၅။ စက်နှင့်စက်ပစ္စည်းလုပ်ငန်းစက်ရုံ ၅၆၈ ရုံ
          ၁၆။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစက်ရုံ ၄၉၈ ရုံ
          ၁၇။ အခြားစက်ရုံ ၉၅၁ ရုံ

          ၂၃။ ရက်လွန်ဆေးဝါးများစွန့်ပစ်မှုအခြေအနေ
          ဖျက်ဆီးမည့်ရက်လွန်ဆေးဝါးများအား အောက်ပါနည်းအတိုင်း စွန့်ပစ်ရန် ခွဲခြားသတ်မှတ် ပါသည်။
          • ဆေးရုံ/ဆေးခန်းစွန့်ပစ်ပစ္စည်း မီးရှို့စက်ဖြင့် မီးရှို့ဖျက်ဆီးခြင်း
          • အလုံပိတ်အင်္ဂတေကျင်းဖြင့်ဖျက်ဆီးခြင်း
          • လေထုညစ်ညမ်းမှုမဖြစ်စေနိုင်သော စွန့်ပစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းဖြင့် ဆောင်ရွက်ပြီး ပေါက်ကွဲစေတတ်သော ဆေးဝါးများကို အလုံပိတ်အင်္ဂတေကျင်းတူး၍ ဖျက်ဆီးခြင်း။
          • အချို့စွန့်ပစ်ဆေးဝါးများကို ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန် အမှိုက်မှစွမ်းအင်ထုတ်စက်ရုံ၌မီးရှို့ဖျက်ဆီးဆောင်ရွက်ခြင်း၊
          • ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကိုဖျက်ဆီးဆောင်ရွက်မည့်နည်းလမ်းများအရ အမှိုက်မီးရှို့စက်ဖြင့်ဖျက်ဆီးခြင်း၊ ချေဖျက်မြေမြှုပ်ဖျက်ဆီးခြင်း၊ ဖျက်ဆီးဆောင်ရွက်ခြင်း ဝန်ဆောင်မှုအား ဖျက်ဆီးရမည့်ပစ္စည်းပေါ်မူတည်၍ နည်းလမ်းများခွဲခြားကာ ဆောင်ရွက်လျက်ရှိခြင်း၊
          ၂၄။ ကျောင်းအသိပညာပေးအစီအစဉ်ဆောင်ရွက်ခြင်း

          စာသင်ကျောင်းများသို့အသိပညာပေးဆောင်ရွက်ရာ၌ ကျောင်းသား/ကျောင်းသူများ၏ အသက်အရွယ်၊ သင် ကြားမှတ်သားနိုင်စွမ်းရည်တို့အပေါ်မူတည်၍မူလတန်း အဆင့်၊အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဟူ၍အပိုင်း(၃)ပိုင်းခွဲခြားကာသင်ရိုးညွှန်းတမ်းများရေး ဆွဲ၍သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် အခြေခံပညာ ကျောင်းများသို့စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းအားနှစ်စဉ်ဆောင်ရွက်လျက်ရှိခြင်း၊

        • ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်ကလေးဘဝမှစ၍ စွန့်ပစ်အမှိုက်နှင့်စပ်လျဉ်းပြီး စနစ်တကျလိုက်နာ ကျင့်သုံးတတ်စေရန်၊အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် အမှိုက်လျှော့ချနိုင်ရေးတို့အတွက် အမူအကျင့်ကောင်းများရရှိစေရန်နှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်လာစေရန်၊အမှိုက်လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်တီထွင်အသုံးပြုခြင်းတို့နှင့်စပ်လျဉ်းပြီး သိရှိနားလည်စေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ဘဏ္ဍာရေးနှစ်အလိုက် အသိပညာပေးအစီအစဉ်များကို Schedule များရေးဆွဲ၍ အခြေခံပညာဦးစီးဌာနနှင့်ညှိနှိုင်းကာကျောင်းအသိ ပညာပေးခြင်းအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိခြင်း၊
        • ကျောင်းအသိပညာပေးအစီအစဉ်များဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းစဉ်များအားဆောင်ရွက်ခြင်းဖြစ်ပါသည်-
          (က) စွန့်ပစ်အမှိုက်လျှော့ချခြင်းနှင့် ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊
          (ခ) စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အသိပညာ၊ အမူအကျင့်ကောင်းများရရှိနိုင်ရေးရှင်းလင်းပြော ကြားခြင်း၊
          (ဂ) အမှိုက်အားခွဲခြားစွန့်ပစ်ခြင်း၊လုံခြုံစွာချည်နှောင် ထုတ်ပိုးစွန့်ပစ်ခြင်း၊ သတ်မှတ်ထားသောအမှိုက် ပုံး၊အမှိုက်ကန်၌စွန့်ပစ်ခြင်းနှင့် မြို့နယ်အမှိုက် သိမ်းစနစ်ဖြင့် စွန့်ပစ်ခြင်း၊ လမ်းများနှင့် ချောင်း များ၊မြောင်းများသို့စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်းမပြုရန်၊ နောက်ဖေးလမ်းကြားသို့ အမှိုက်များ စွန့်ပစ်ခြင်းမပြုစေရန်နှင့် စည်းကမ်းမဲ့အမှိုက် စွန့် ပစ်ခြင်း၏ဆိုးကျိုးများ၊အမှိုက်လျှော့ချသည့် 3Rs နည်းလမ်းများတို့ကိုကျောင်းသား/ကျောင်းသူများဖြင့် အပြန်အလှန်မေးမြန်းဖြေကြားခြင်း၊
          (ဃ)အမှိုက်အစို၊ အမှိုက်အခြောက်၊ပလက်စတစ်အမှိုက်နှင့်ဘေးအန္တရာယ်ရှိအမှိုက်များကိုခွဲခြားစွန့်ပစ်ခြင်း အား လက်တွေ့သရုပ်ဖော်ဆောင်ရွက်ခြင်း၊
          (င)တေးကဗျာများဖြင့် သရုပ်ဖော်ခြင်း၊
          (စ)အသိပညာပေးဆောင်ပုဒ်များဖြင့် ရှင်းလင်းပြသခြင်း၊
          (ဆ)အသိပညာပေးအခမ်းအနားများတွင် အမှိုက်နှင့်စပ်လျဉ်း၍ စနစ်တကျစွန့်ပစ်ရန် အသိပညာပေးတေးသီချင်း များရေးသား၍ ဖွင့်လှစ်ခြင်း၊
        • ကျောင်းသား/ကျောင်းသူများမှ အမှိုက်အစို၊ အမှိုက်အခြောက်ပလက်စတစ်အမှိုက်နှင့်ဘေးအန္တရာယ်ရှိအမှိုက်များကိုခွဲခြားဆောင်ရွက်နိုင်စေရန်၊စွန့်ပစ်ပစ္စည်းများမှ Recycleပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား ဖန်တီးသည့်ပြိုင်ပွဲများထည့်သွင်း၍ဆောင်ရွက်ခြင်းဖြင့် စွန့်ပစ်အမှိုက်နှင့်စပ်လျဉ်း၍ပိုမိုလိုက်နာ ကျင့်သုံးနိုင်အောင်ဆောင်ရွက်လျက်ရှိခြင်း၊
        • အမှိုက်များအားစနစ်တကျစွန့်ပစ်နိုင်ရေးနှင့်အမှိုက်လျှော့ချသည့်နည်းစဉ်ဖြစ်သော 3Rs (Reduce, Reuse, Recycle)တို့ကိုလည်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆောင် ရွက်ရန်အတွက် တိုက်တွန်းနှိုးဆော်ရှင်းလင်းပြောကြားဆောင်ရွက်လျက်ရှိခြင်း၊
        • ကျောင်းအသိပညာပေးဆောင်ရွက်ခြင်းများကိုမြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)၊ မြဝတီရုပ်မြင်သံကြား (MWD)တို့တွင် ထုတ်လွှတ်၍လည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ မြို့တော်သတင်းစာများတွင်လည်းကောင်း ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဆောင်းပါးများဖြင့် ဖော်ပြခြင်းလည်းကောင်းဆောင်ရွက်လျက်ရှိခြင်း၊
        ပြည်သူများအားအသိပညာပေးအစီအစဉ်ဆောင်ရွက်ခြင်း
      • ပြည်သူများအားအမှိုက်စနစ်တကျစွန့်ပစ်စေရန်၊အမှိုက် မှပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်နိုင်ခြင်းတို့အား သိရှိ စေရန်အတွက် အသိပညာပေးဗဟုသုတများရရှိစေရန်၊ ရန်ကုန်မြို့၏စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင်ပိုမိုပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ပြည်သူများ အား အသိပညာပေးအစီအစဉ်များအား မြို့နယ်များ၌ အမှိုက်သိမ်းဆည်းခ ကောက်ခံရာတွင်လည်းကောင်း၊ Door to Door စနစ်ဖြင့် သတ်မှတ်အချိန်၊ သတ်မှတ်ရက်၊ သတ်မှတ်နေရာများတွင် အမှိုက်သိမ်းဆည်းခြင်း ဆောင်ရွက်ရာတွင်လည်းကောင်း အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေ၍ အသိပညာပေးဆောင်ရွက်လျက်ရှိခြင်း၊
      • အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင်(ဥပမာ Busကားဂိတ်၊ကြော်ငြာဘုတ်ကြီးများ)အမှိုက်စနစ် တကျစွန့်ပစ်ရန် အမှိုက်ခွဲခြား၍ လုံခြုံစွာထုတ်ပိုးပြီး အမှိုက်ပုံး၊အမှိုက်ကန်၊ အမှိုက်သိမ်းဆည်းစနစ်တွင် စွန့် ပစ်ရန်တို့ကိုကြော်ငြာ၍လည်းကောင်း၊ LED ဘုတ်များ ဖြင့် ကြော်ငြာ၍လည်းကောင်း၊ အမှိုက်နှင့်စပ်လျဉ်း၍ စနစ်တကျစွန့်ပစ်ရန်အသိပညာပေး တေးသီချင်းများ ရေးသား၍City FM၊ ဆောင်ရွက်သည့်အခမ်းအနားများ တွင်ဖွင့်လှစ်ခြင်းဖြင့်လည်းကောင်း အသိပညာပေးခြင်းအား ဆောင်ရွက်လျက်ရှိခြင်း၊


        ၂၅။ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများစီမံခန့်ခွဲမှု၏ဖွံ့ဖြိုးတိုးတက်မှု

        ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနလက်အောက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များအား သိမ်းဆည်းသယ်ယူ၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ပို့ဆောင်စီမံခန့်ခွဲသည့်အမှိုက်တန်ချိန်မှာ တစ်ရက်လျှင် (၂၅၀၀)တန်မှ(၂၇၀၀)တန်ခန့်ဖြစ်ပြီးအဆိုပါအမှိုက်များအားနောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီး(၂)ခုဖြစ်သော လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊အမှိုက်ပုံအသေး(၂)ခုဖြစ် သောမြို့နယ်အလိုက် သီးခြားစွန့်ပစ်ရန်သတ်မှတ်ထားသည့် ဒလအမှိုက်ပုံနှင့်ဆိပ်ကြီးခနောင်တိုအမှိုက်ပုံတို့တွင်စွန့်ပစ်စီမံခန့်ခွဲ လျက်ရှိပါသည်။လက်ရှိအသုံးပြုနေသော နောက်ဆုံးစွန့်ပစ်အမှိုက် ပုံများမှာ နှစ်ကာလကြာမြင့်စွာအသုံးပြုခြင်းနှင့် အမှိုက်စွန့်ပစ်မှု ပမာဏမှာနှစ်အလိုက်တိုးမြင့်လာရာအမှိုက်စုစည်းရန်မြေနေရာရှားပါးလာသည့်အတွက် အမှိုက်ပုံသစ်များထပ်မံတည်ဆောက်ရန် လိုအပ်ပါသဖြင့်မြေနေရာရှာဖွေခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်နှင့် တွံတေးခရိုင်၊ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တို့အား တိုးမြှင့်၍ ထပ်မံတည်ဆောက်ဆောင်ရွက်ခဲ့ပါသည်။

        (က) ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဖွံ့ဖြိုးတိုးတက်မှု
          (၁) ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် ရန်ကုန်မြို့ တော်နယ်နိမိတ်အတွင်းရှိ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်၊မင်္ဂလာ ဒုံခရိုင်၊ အင်းစိန် ခရိုင်တို့ရှိ (၁၇)မြို့နယ်မှ နေ့စဉ် စွန့်ပစ်သည့် အမှိုက်များအား သိမ်းဆည်းသယ်ယူပို့ ဆောင်၍ စွန့်ပစ်စီမံခန့်ခွဲသည့် အမှိုက်တန်ချိန်မှာ တစ်ရက်လျှင်(၁၅၀၀)တန်မှ (၁၇၀၀)တန်အထိဖြစ် ခြင်း၊ အမှိုက်စုပုံသည့်စနစ်အားမူလဟင်း လင်းပွင့် (Open Dumping)စနစ်မှမြေတစ်လွှာ၊အမှိုက်တစ် လွှာဖုံးအုပ်၍ Semi-Aerobic Landfill (Fukuoka Method)တစ်စိတ်တစ်ပိုင်းသို့အဆင့်မြှင့်ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း၊
          (၂) ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် မီးဘေး အန္တရာယ်လျော့ပါးရေးနှင့်လုံခြုံရေးအတွက် ရေ ဂါလန်(၅၀)သန်းဆံ့ရေလှောင်ကန်ထားရှိပြီးယင်း မှ တဆင့်Fire Fighting Centrifugal Pump (180 m3/hr)ဖြင့်ရေတွန်း၍တိုက်ရိုက်ရေရယူနိုင်ရန်စီစဉ် ထားပြီး တိုက်ရိုက်ရေယူနိုင်သည့် နေရာများအား လည်း တိုးမြှင့်စီစဉ်ဆောင်ရွက်ထားခြင်း၊
          (၃) ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်Model လုပ်ငန်းခွင်အဖြစ်နေ့စဉ်သိမ်းဆည်းသည့် အမှိုက် များကို စီမံခန့်ခွဲဆောင်ရွက်သည့်အပြင် အမှိုက်မပုံရ သေးသော မြေလွတ်မြေရိုင်းများနေရာတွင် ရာသီ အလိုက်စပါး၊နေကြာနှင့်စားပင်သီးပင်များအား စိုက် ပျိုး၍Green Area အဖြစ်တိုးမြှင့်စိုက်ပျိုး ဆောင်ရွက် လျက်ရှိခြင်း၊
          (၄) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနမှကြီးကြပ်သောလှိုင်သာယာမြို့နယ်၊ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဟောင်းမှာမီးလောင် သွားပါသဖြင့် Rehabilitation (မီး လောင်သွားသောအမှိုက်ပုံအားပြန်လည်၍ အမှိုက် စွန့်ပစ်နိုင်ရန်ပြုပြင်ဆောင်ရွက်ခြင်း) Rehabilitation အမှိုက်တစ်လွှာ၊ မြေတစ်လွှာဖြင့် စွန့်ပစ်ဆောင်ရွက်သည့် နည်းစဉ်အသုံး ပြုဆောင်ရွက်ခြင်းနှင့် Semi-Aerobic Landfill (Fukuoka Method)ဖြင့် Extension ဆောင်ရွက်ခြင်း၊နည်းပညာရယူခြင်း (Technical Transfer)နှင့် Leachate အရည်များ ပြုပြင်သန့်စင်ခြင်းတို့အား အဆင့်မြှင့်တင်ဆောင် ရွက်ခဲ့ပါသည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အရာရှိကြီးများ၊ အင်ဂျင်နီယာ များ၊ ဝန်ထမ်းများနှင့် UN-Habitat မှတာဝန်ရှိသူ များ၊ဂျပန်နိုင်ငံFukuoka City မှTechnical Expert များ၊Fukuoka University မှProfessor များ၊ ဂျပန် နိုင်ငံ SWAN Co.,Ltd မှ Expert များတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း၊
          (၅) ၂၀၂၁ ခုနှစ်တွင် အမှိုက်စွန့်ပစ်ခြင်းမှပတ်ဝန်းကျင် သို့ဆိုးကျိုးသက်ရောက်မှုများ လျော့နည်းစေရန်နှင့် မီးလောင်မှုအန္တရာယ်လျော့ပါးစေရေးထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၏ အမှိုက်စွန့်ပစ်မည့် နေရာ (A) ၌ Plot များခွဲ၍ အမှိုက်သစ်များအား ညှိ ခြင်း၊ဖိခြင်းနှင့်အလွှာ (၃)လွှာစုပုံနိုင်ရေးအတွက် တာဘောင်ပြုလုပ်ခြင်း၊ Gas Pipe Extension ပြု လုပ်ခြင်း၊Gas Ventilation Pipe များတပ်ဆင်ခြင်း၊ အမှိုက်စွန့်ပစ်မည့် Stage တည်ဆောက်ခြင်း၊ Leachate Pondတူးခြင်းနှင့်ဖြတ်လမ်း ဖောက်လုပ် ခြင်းနှင့် ရေမြောင်းတူးခြင်းတို့အား ဆောင်ရွက်ခဲ့ ခြင်း၊
          (၆) ၂၀၂၂ ခုနှစ်တွင် အမှိုက်စွန့်ပစ်မည့်နေရာ(B)၌ Plot များခွဲ၍အမှိုက်သစ်စွန့်ပစ်မည့်နေရာများအား အမှိုက်စွန့်ပစ်မည့်စနစ် အဆင့်မြှင့်တင်၍ တိုးချဲ့ ဆောင်ရွက်ခဲ့ခြင်း၊
          (၇) ၂၀၂၃ ခုနှစ်တွင်အမှိုက်စွန့်ပစ်မည့်နေရာ(C) ၌ Plot များခွဲ၍ အမှိုက်သစ်စွန့်ပစ်မည့် နေရာများအား အမှိုက်စွန့်ပစ်မည့်စနစ် အဆင့်မြှင့်တင်၍ တိုးချဲ့ ဆောင်ရွက်ခဲ့ခြင်း၊
          (၈)၂၀၂၄ ခုနှစ်တွင် အမှိုက်စွန့်ပစ်မည့်(C)Plot နေရာ၌အမှိုက်စွန့်ပစ်မည့် Stage ခုံတည်ဆောက်ခဲ့ပြီး Plot ခွဲခြားထားသည့်အတိုင်းအမှိုက်စွန့်ပစ်မည့်စနစ်အား ဆက် လက် ၍တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း၊
          (၉)၂၀၂၅ ခုနှစ်တွင် အမှိုက်စွန့်ပစ်မည့် C-Plot နေရာတွင် အမှိုက်စွန့်ပစ်မည့် Stage ခုံတည်ဆောက်ခဲ့ပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် Plot ခွဲခြားထား သည့်အတိုင်း အမှိုက်စွန့်ပစ်သည့်စနစ်အားဆက်လက်၍တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း၊
          (၁၀) ၂၀၂၆ ခုနှစ်တွင် C Plot ဧရိယာရှိ C1 နှင့် C2 နေရာတို့တွင်အမှိုက်စွန့်ပစ်မည့် Stage ခုံတည် ဆောက်ခဲ့ပြီးနောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် Plot ခွဲခြားထားသည့်အတိုင်းအမှိုက်စွန့်ပစ်သည့်စနစ်အားဆက်လက်၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
          (၁၁) ထိုကဲ့သို့နည်းစဉ်များဖြင့် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင်နေ့စဉ်စွန့်ပစ်နေသည့်အမှိုက် များ အားနည်းပညာအဆင့်မြှင့်တင် ပြောင်းလဲ၍ ဆောင်ရွက်လျက်ရှိခြင်း၊
        (ခ) ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ
          (၁)ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဗိုလ်တ ထောင်ခရိုင်၊သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် မရမ်းကုန်းခရိုင်(မြောက်ဥက္ကလာပမြို့နယ်)တို့ရှိမြို့ နယ်(၁၄)မှနေ့စဉ်စွန့်ပစ်သည့်အမှိုက်များအားသိမ်း ဆည်းသယ်ယူပို့ဆောင်၍ နောက်ဆုံးစွန့်ပစ်အမှိုက် ပုံတွင် စွန့်ပစ်စီမံခန့်ခွဲသည့် အမှိုက်တန်ချိန်မှာ (၁၀၀၀)တန်မှ(၁၂၀၀)တန်အထိဖြစ်ခြင်း၊ အမှိုက် စုပုံသည့်စနစ်အားမူလဟင်းလင်းပွင့် (Open Dumping) စနစ်မှမြေတစ်လွှာ၊အမှိုက်တစ်လွှာဖုံးအုပ်၍Semi- Aerobic Landfill တစ်စိတ်တစ်ပိုင်းသို့ အဆင့်မြှင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း၊
          (၂) ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် မီး ဘေးအန္တရာယ်လျော့ပါးရေးနှင့် လုံခြုံရေးအတွက် ရေဂါလန်(၆.၂)သန်းဆံ့ရေလှောင်ကန်ထားရှိပြီး ယင်းမှတဆင့်မြင်းကောင် ရေ(၁၀)ကောင်အား ရေ စုပ်စက်(၁)လုံးနှင့်မြင်းကောင်းရေ(၁၆)ကောင်အားရေစုပ်စက်တို့ဖြင့်ရေတွန်း၍တိုက်ရိုက်ရေရယူနိုင်ရန်စီစဉ်ထားခြင်းနှင့်အဆင့်သင့်ရေရယူနိုင်သည့် နေရာများအားလည်း တိုးမြှင့်စီစဉ်ဆောင်ရွက်ထား ခြင်း၊ (၃) ၂၀၂၁ ခုနှစ်တွင် ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ မူလကဟင်းလင်းပွင့်စနစ်ဖြင့် အမှိုက်စုပုံ ထားခြင်း၊ ဘေးပတ်ဝန်းကျင်တွင် ပြောင်းရွှေ့နေ ထိုင်သူများရှိလာပြီး ရပ်ကွက်များကဲ့သို့ ဖြစ်လာ ခြင်း၊အောင်းပူများဖြင့် မီးလောင်မှုအန္တရာယ် လျော့ ပါးစေရေးတို့အတွက် ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအား စွန့်ပစ်မှုစနစ်အဆင့်မြှင့်တင်ဆောင် ရွက်ခြင်းကိုနည်းပညာရယူခဲ့သည့်အတိုင်းအမှိုက် တစ်လွှာ၊မြေတစ်လွှာဖုံးအုပ်ပြီး အမှိုက်မှ ထွက်ရှိ သည့် Leachate အရည်များထုတ်၍ စုစည်းခြင်း၊ အမှိုက်များ၏အောင်းပူနှင့်မီသိန်းဓာတ်ငွေ့ထွက်ရှိ မှုတို့အား လျှော့ချစေရန်Perforated Pipe များဖြင့် လေထဲသို့ထုတ်ခြင်းအား Plot များခွဲ၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အရာရှိ ကြီးများ၊ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများတို့မှ အဆင့်မြှင့်ပြောင်းလဲဆောင်ရွက်ခဲ့ခြင်း၊ (၄) ၂၀၂၂ခုနှစ်တွင်လည်းPlotခွဲခြားထားသည့်အတိုင်း အထက်ပါလုပ်ငန်းစဉ်များကိုဆက်လက်၍ တိုးမြှင့် ဆောင်ရွက်ခဲ့ခြင်း၊ (၅) ၂၀၂၃ ခုနှစ်တွင် Plot ခွဲခြားထားပြီးအထက်ပါ လုပ် ငန်းစဉ်များအတိုင်းဆောင်ရွက်ပြီးအမှိုက်စုပုံခြင်း မပြုတော့သည့်နေရာအစိတ်အပိုင်းတို့အားအမှိုက်ပုံပိတ်သိမ်းသည့် Engineering Closure လုပ်ငန်း စဉ်အတိုင်းမြေကြီးဖုံးအုပ်ခြင်း၊Green Areaများ ဆောင်ရွက်ခြင်း၊အမှိုက်အရည်များထွက်ရှိသည့်ရေဆိုးစုကန် (Leachate Pond) ဆောင်ရွက်ခြင်း၊ (၆)၂၀၂၄ခုနှစ်တွင်Plot ခွဲခြားထားသည့်အတိုင်း အထက်ပါလုပ်ငန်းစဉ်များအားဆက်လက်ဆောင်ရွက်ပြီးအမှိုက်စုပုံခြင်းမပြုတော့သည့်နေရာအစိတ်အပိုင်းတို့အား အမှိုက်ပုံပိတ်သိမ်းသည့် Engineering Closure လုပ်ငန်းစဉ်အတိုင်းဆက်လက်မြေကြီးဖုံးအုပ်ခြင်း၊Green Areaများဆောင်ရွက်ခြင်း၊ (၇) ၂၀၂၅ ခုနှစ်တွင် အမှိုက်ပုံတွင် Plot များခွဲခြားထားသည့်အတိုင်း Semi- Aerobic Landfill (Fukuoka Method)တစ်စိတ်တစ်ပိုင်းဖြင့် အမှိုက်စွန့်ပစ်ခြင်းအားတိုးမြှင့်ဆောင်ရွက်ခြင်း၊ (၈) ၂၀၂၆ ခုနှစ်တွင် ထိုကဲ့သို့နည်းစဉ်များဖြင့် ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်နေ့စဉ်စွန့်ပစ်နေသည့်အမှိုက်များအားနည်းပညာအဆင့်မြှင့်တင်ပြောင်းလဲ၍ဆောင်ရွက်လျက်ရှိခြင်း၊
        (ဂ)သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည်ဆောက်ခြင်း
          ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊သရက်ပင်ချောင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသစ်(၁၈၂.၅၂၈)ဧကအား ၂၀၂၁ခုနှစ်မှစတင်၍ တည်ဆောက်ခဲ့ပါသည်။ သရက်ပင်ချောင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအား Semi-Aerobic Landfill စနစ်ဖြင့်အမှိုက် စွန့် ပစ်ဆောင်ရွက်မည်ဖြစ်ပြီး(၁)ရက်လျှင် အမှိုက်စွန့်ပစ်နိုင် မည့်ခန့်မှန်းတန်ချိန်မှာ တန် ၅၀၀ မှတန် ၁၀၀၀ နီးပါးစွန့် ပစ်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊
          (၁) ၂၀၂၁ ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်နိုင်ရေးအတွက် Master Plan ရေး ဆွဲဆောင်ရွက်ရန် မြေပြင်အနေအထား ကွင်းဆင်း တိုင်းတာမှုများဆောင် ရွက် ခဲ့ပါသည်။
          (၂) ၂၀၂၂ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည် ဆောက်မည့် Master Plan အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ၊ JICAအဖွဲ့အစည်းနှင့်Expert များတို့ပူးပေါင်း၍ရေး ဆွဲခဲ့ရာAdmin Office,Truck Scael,Fuel Station, Access Road, Drain, Box Culvert,Sluice Gate, Semi-Aerobic Landfill, Sanitary Landfill, Waste to Energy, Leachate Pond, Water Stroage Pond, Buffer Zone၊ Electricity Connection Work and Transformer, Lamp Post တို့အား ဆောင်ရွက်ရန် ပါဝင်ပြီး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမြေနေရာပြု ပြင်ခြင်း၊မြေသားလမ်းတည်ဆောက် ခြင်း၊ ကျောက် အမာခံလမ်းခင်းခြင်း၊ယာယီအုပ်ချုပ်မှုရုံး၊ ဝန်ထမ်း နေထိုင်သည့် ဘာရှာလိုင်း၊ Box Culvert တို့အား တည်ဆောက်ခဲ့ပါသည်။
          (၃) ၂၀၂၃ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့် အတိုင်းဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင် အထည်ဖော်ခဲ့ရာ Access Road အဝင်/အထွက် လမ်းများအဖြစ်အမာခံလမ်းနှင့် ကွန်ကရစ်လမ်း များဆောင်ရွက်ခြင်း၊ Sluice Gate တည်ဆောက် ခြင်း၊ Box Culvertများတည်ဆောက်ခြင်း၊ (၂)ထပ် အုပ်ချုပ်မှုရုံးတည်ဆောက်ခြင်း၊ Solar System Lamp Postများဆောင်ရွက်ခြင်းနှင့်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်သည်နှင့်တစ်ပြိုင် နက် တည်းအမှိုက်စုပုံခြင်းအားလည်းဆောင်ရွက်နိုင်ရန်၆၇၀၊x၅၅၀၊အရွယ်Plot တစ်ခုအားအမှိုက်တစ်လွှာ၊ မြေတစ်လွှာဖုံးအုပ်၍ဆောင်ရွက်သောSemi-Aerobic Landfill တို့အား ဘဏ္ဍာရေးနှစ်အလိုက် တိုးမြှင့်၍ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ခြင်း၊
          ၄။ ၂၀၂၄ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရမည် တို့ကိုဆက်လက်အကောင်အထည်ဖော်ခဲ့ရာ Access Road အဝင်/အထွက်လမ်း များ အဖြစ်အမာခံလမ်းနှင့် ကွန်ကရစ်လမ်းများဆောင်ရွက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်း၊ (၂)ထပ်အုပ်ချုပ်မှုရုံး တည်ဆောက်ခြင်းဆောင်ရွက်ခဲ့ခြင်း၊
          ၅။ ၂၀၂၅ ခုနှစ်တွင် Master Plan အရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များတွင်ပါဝင်သည့် Track Scale တည်ဆောက်ခြင်း၊ Fuel Pump တည်ဆောက် ခြင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည်နှင့်တစ်ပြိုင်နက်တည်း အမှိုက် စုပုံခြင်းအားလည်း ဆောင်ရွက်နိုင်ရန် ၆၀၀၊x၇၅၀၊ အရွယ်အမှိုက်ချကွင်း ဆောင် ရွက်ခြင်းနှင့် 315 KVA Transformer တည်ဆောက်ခြင်းတို့အား ဘဏ္ဍာရေးနှစ် အလိုက်တိုးမြှင့်၍ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ခဲ့ခြင်း၊ (၆) ၂၀၂၆ ခုနှစ်တွင် Master Plan အရဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများတွင်ပါဝင်သည့် ဝန်ထမ်းလိုင်းခန်းများတည်ဆောက်ခြင်းအမှိုက်ချကွင်းများဖော်ဆောင်ခြင်း၊ရေစီးရေလာကောင်းမွန်စေရန်ရေမြောင်းများပြုပြင်ခြင်း၊ Access Road အဝင်/ အထွက်လမ်းများကွန်ကရစ်ခင်းခြင်းတို့အားဘဏ္ဍာရေးနှစ်အလိုက်တိုးမြှင့်၍ ဖွံ့ဖြိုးတက်အောင်ဆောင်ရွက်ခြင်း၊ (၇) အမှိုက်ပုံဧရိယာတွင် A1 Plot သတ်မှတ်၍ နေ့စဉ်အမှိုက်ပုံသို့ စွန့်ပစ်သည့်အမှိုက်များအားဖိခြင်း၊ ဖြန့်ခြင်း၊ ကြိတ်ခြင်းတို့ဖြင့် အမှိုက်စွန့်ပစ်ခြင်းအားဆောင်ရွက်လျက်ရှိခြင်း။
          (ဃ)ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တည် ဆောက် ခြင်း
            တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ သစ် (၁၀၉.၉၃) ဧကအား ၂၀၂၁ ခုနှစ်တွင်ဆက်လက်၍ တည်ဆောက်ခဲ့ပါသည်။ ရန်ကုန်ပေါက်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်အား Semi-Aerobic Landfill စနစ်ဖြင့်အမှိုက်စွန့်ပစ်ဆောင်ရွက်မည် ဖြစ်ပြီး(၁)ရက်လျှင်အမှိုက်စွန့်ပစ်နိုင်မည့်ခန့်မှန်းတန်ချိန် မှာ တန်၁၀၀၀ခန့်စွန့်ပစ်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊
            (၁) ၂၀၂၁ ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်နိုင်ရေးအတွက် Master Plan ရေးဆွဲ ဆောင်ရွက်ရန်မြေပြင်အနေအထားကွင်းဆင်း တိုင်း တာမှုများဆောင် ရွက်ခဲ့ခြင်း၊
            (၂) ၂၀၂၂ခုနှစ်တွင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် တည်ဆောက်မည့် Master Plan အား ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေဖြင့် ရေးဆွဲခဲ့ရာ Admin Office, Truck Scael, Fuel Station, Access Road, Drain, Box Culvert, Semi-Aerobic Landfill, Sanitary Landfill, Waste to Energy, Leachate Pond, Water Stroage Pond, Buffer Zone၊ Electricity Connection Work and Transformer, Lamp Post တို့အားဆောင်ရွက်ရန်ပါဝင်ပြီး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမြေသားလမ်း တည်ဆောက်ခြင်း၊ကျောက်အမာခံလမ်းခင်းခြင်းနှင့် ရှင်းလင်းဆောင်တို့အား တည်ဆောက်ခဲ့ခြင်း၊
            (၃) ၂၀၂၃ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့် အတိုင်းဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင် အထည်ဖော်ခဲ့ရာAccessRoadအဝင်/အထွက်လမ်း များအဖြစ် အမာခံလမ်းနှင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်ခြင်း၊Box Culvert များတည်ဆောက် ခြင်း၊ရှင်းလင်းဆောင်တည်ဆောက်ခြင်းနှင့် အရှည် (၉၀၊)၊အကျယ်(၃၀၊) Screw Type RCC တံတား တစ်စင်းတည်ဆောက်ခြင်းတို့အား ဆက်လက်၍ တည်ဆောက် ခြင်းဖြင့်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိခြင်း၊
            (၄) ၂၀၂၄ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရ မည်တို့ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ Admin Office, Truck Scael, Fuel Station တည်ဆောက်မည့်နေရာအတွက်မြေကြီးဖို့ခြင်း၊မြေသား လမ်းတည်ဆောက်ခြင်းနှင့် Access Road အဝင်/အထွက်လမ်းများ အမာခံ အတွက်မြေကြီးဖို့ခြင်းတို့အား ဆက်လက်၍တည်ဆောက်ခြင်းဖြင့် ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်လျက်ရှိခြင်း၊ (၅) ၂၀၂၅ ခုနှစ်တွင် Master Plan ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ရမည်တို့ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာAccess Works and Infrastructure Developmentဆက်လက်တည်ဆောက်ခြင်းတွင်လမ်းကြံ့ခိုင်ရေးဆောင်ရွက်ခြင်းနှင့် Retaining Wallပြုလုပ်ခြင်းတို့အားဆောင်ရွက်ခဲ့ခြင်း၊ (၆) ၂၀၂၆ ခုနှစ်တွင် Master Plan အရAccess Works and Infrastructure Development ဆက်လက်တည်ဆောက်ခြင်းတွင်မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အမာခံပြုလုပ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိခြင်း၊
            ၂၆။ အမှိုက်ပမာဏလျှော့ချသည့်နည်းစဉ်ဖြစ်သော 3Rs (Reduce, Reuse, Recycle)လုပ်ငန်းစဉ်တွင် စွန့်ပစ်ပစ္စည်းမှ Recycle လုပ်ငန်းအဖြစ်ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အောက် ပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် Recycle ကဏ္ဍအား တိုးမြှင့်ဆောင်ရွက်ခြင်း
            (က) ဟင်းသီးဟင်းရွက်အမှိုက်များမှသဘာဝမြေ ဆွေးပြုလုပ်၍အမှိုက်လျှော့ချခြင်းနှင့်သစ်ပင် များစိုက်ပျိုးရာတွင်လည်း သဘာဝ မြေဩဇာ သုံးစွဲပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အော်ဂဲ နစ်သီးပင်စားပင်များဖြစ်ထွန်းနိုင်ရေးရည်ရွယ်၍ဟင်းသီးဟင်းရွက်အမှိုက်များမှ သဘာဝမြေ ဆွေးဆောင်ရွက်ခြင်း(Green Compost)ထုတ် လုပ်ခြင်း၊
            (ခ) အမှိုက်ပုံဧရိယာအတွင်းရှိ အိမ်ထောင်စုထွက် အမှိုက်များစုပုံထားသည့် အမှိုက်ပုံမှ အမှိုက် ဟောင်းများကို အမှိုက်မြေဆွေးဇကာချစက် Screening Machine ဖြင့် ဇကာချ၍ သဘာဝ မြေဆွေး (Mixed Compost) ထုတ်လုပ်ခြင်း၊ (ဂ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း စွန့်ပစ်အမှိုက်တွင်ပါရှိသောတာယာ များနှင့်မြို့နယ်များအတွင်းစည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကိုသိမ်းဆည်းဆောင် ရွက်၍ တာယာ၊ ရာဘာနှင့် Steel Wire တို့ ခွဲခြားစိတ်ဖြာကာရာဘာအစိတ်အပိုင်းငယ် များအဖြစ် ချေဖျက်သည့်စနစ်ဖြင့် Recycle ပြန်လည်ပြုလုပ်ခြင်း၊ ယင်းပြုလုပ်ရရှိသည့် အစိတ်အပိုင်းများကိုပစ္စည်းအသစ်ပြုလုပ်နိုင်ခြင်းမရှိသေးသော်လည်း မြေနိမ့်များ၊ အမာခံလိုအပ်သော နေရာများ၊လမ်းပုခုံးများတွင် ဖြည့်စွက်ခြင်းဖြင့် အမှိုက်ပမာဏလျော့ရန် ဆောင်ရွက်လျက်ရှိခြင်း။

          ၂၇။လေထုအရည်အသွေးစောင့်ကြည့်လေ့လာတိုင်း တာခြင်း

            (က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း လေထုအရည် အသွေးစောင့်ကြည့်လေ့လာတိုင်း တာ ခြင်းအားမြို့နယ်(၃၃)မြို့နယ်အတွင်းလွှမ်းခြုံနိုင်ရန် စုစုပေါင်း (၆၇)နေရာသတ်မှတ်ပြီး၂၀၁၆ ခုနှစ်မှစတင်၍ တိုင်းတာ စောင့် ကြည့်လေ့လာခြင်း၊ ဆောင်ရွက်ခဲ့ပြီး နောက်လက်ရှိတွင် မြေပြင်အနေအထားနှင့် သင့်လျော် မှုရှိပြီး Public Used ဧရိယာ အပါအဝင်တိုင်းတာသင့် သည့် နေရာ(၅၃)နေရာအား ပြန် လည်သတ်မှတ်ကာ Wet Season, Dry Seasonအဖြစ် ခွဲခြား ၍တိုင်းတာ ဆောင်ရွက်လျက်ရှိပြီးထိုသို့တိုင်းတာဆောင်ရွက်ရာတွင်Ecom Trek စက်(၂)လုံးရှိပြီး စက်များ တပ် ဆင်ထားသည့်ရွေ့လျားမော်တော် ယာဉ်(၁)စီးဖြင့်အဖွဲ့ (၂)ဖွဲ့ခွဲ၍Parameter(၁၄)မျိုးအားတိုင်းတာလျက်ရှိခြင်း၊

            ၂၈။စွန့်ပစ်ရေဆိုးစီမံခန့်ခွဲမှုစက်မှုဇုန်များ အတွင်းရှိ ရေဆိုးထွက်ရှိသော စက်ရုံများအနေဖြင့် ရေဆိုးများကို ပြင်ပ သို့စွန့်ပစ်ခြင်းမပြုမီသန့်စင်မှုပြုလုပ်ပြီးစွန့်ပစ်ရည်အား သတ် မှတ် Parameter(၅)မျိုးအားဓါတ်ခွဲစမ်းသပ်၍ ရလဒ်မှာ သတ် မှတ်စံနှုန်းအတွင်းရှိမှသာလျှင် ပြင်ပရေမြောင်းသို့ စွန့်ပစ် ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ်များကိုလည်းMonitoring ပြုလုပ်လျက်ရှိခြင်း။

            ၂၉။နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းများ
            (က) ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်စက်ရုံတည်ဆောက် လည်ပတ်ခြင်း၊
              -ဂျပန်နိုင်ငံမှပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍ အနေဖြင့် ကာဗွန် ဒိုင်အောက်ဆိုဒ်လျှော့ချပြီး Carbon Creditရရှိမည့်အစီအစဉ်Joint Crediting Mechanism- JCMအရဂျပန်နိုင်ငံ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ Japan Future Enterprise Engineering Co., Ltd နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့ပူးပေါင်း၍(၁)ရက်လျှင်အမှိုက်မီးရှို့နိုင်သည့်ပမာဏ မှာ တန်(၆၀)ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်သည့် ပမာဏ မှာ(၇၀၀) kWhဖြစ်ပြီး(၄၀၀) kW အား စက်ရုံတွင်း ပြန် လည်အသုံးပြုခြင်းနှင့် (၃၀၀)kW အား လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း၏ National Gird Line သို့တင်ပို့ရောင်းချဆောင်ရွက်လျက်ရှိခြင်း၊စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများအား သန့်စင်ပြီး စက်ရုံတွင်ပင် ပြန်လည်သုံးစွဲခြင်း။ (ခ) Landfill Gas Collection and Flaring Plantဆောင်ရွက်ခြင်း၊
                -ကိုရီးယားနိုင်ငံ၊Global Energy Solution Co.,Ltd နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့်ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများရှိ အမှိုက်ဟောင်းများမှထွက်ရှိသော မီသိန်းဓာတ်ငွေ့များအား စုစည်းသန့်စင်၍ အခြားပါရှိသောဓာတ်ငွေ့များကိုလေထဲသို့ထုတ်လွှတ်ခြင်းနှင့်သန့်စင်ပြီးမီသိန်းဓာတ်ငွေ့များအားGenerator နှင့်လည်ပတ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် PPA နှင့် BOT စာချုပ်ချုပ်ဆိုနိုင်ရေးဆောင်ရွက်လျက်ရှိခြင်း၊

                ၃၀။ အနာဂတ်ကာလ၌ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများနှင့် အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်းစဉ်များတွင်ဆောင်ရွက်ရန်လိုအပ်သည် များလျာထားခြင်း
                (က) အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း
                  -ရန်ကုန်မြို့နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးများတွင်အမှိုက်မှလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့်စက်ရုံများအကောင်အထည်ဖော်နိုင်ရေးကုမ္ပဏီများမှဖြစ်နိုင်ချေရှိ/မရှိကနဦးလေ့လာ ဆန်းစစ်ခြင်း(FeasibilityStudy)အားကွင်းဆင်းလေ့လာခြင်းဆောင်ရွက်လျက်ရှိခြင်း၊
                  (ခ) နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းဆောင်ရွက်ခြင်း
                    ရန်ကုန်မြို့နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးများတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးကုမ္ပဏီများမှဖြစ်နိုင်ချေရှိ/မရှိ ကနဦးလေ့လာဆန်းစစ်ခြင်း(Feasibility Study)အားကွင်းဆင်းလေ့လာခြင်းဆောင်ရွက်လျက်ရှိခြင်း၊
                    (ဂ) တာယာအဟောင်းများနှင့်ပလတ်စတစ်များမှဒီဇယ်ဆီထုတ်လုပ်ခြင်း
                      တာယာအဟောင်းများနှင့်ပလတ်စတစ်များအား Pyrolysis နည်းပညာအသုံးပြု၍စက်မှုလက်မှုလုပ်ငန်းသုံး Non-Standard Diesel ၊မီးထိုးဆီ၊ စတီးတာယာကြိုး ၊ Carbon Powderထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးကနဦးလေ့လာဆန်းစစ်ခြင်း(Feasibility Study) ဆောင်ရွက်ခဲ့ပြီးစီမံကိန်းအကောင်အထည်ဖော်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိခြင်း၊

                      ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၀န်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများအား အသိပေးကြေညာခြင်း

                      ၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်သိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ ရန်ကုန်မြိုတော်စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများအား ၀န်ဆောင်မှု ပေးလျက် ရှိပါသည်-

                      (က) နေ့စဉ်ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။ (ဌာနကသတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာများဖြစ်သည့် အမှိုက်ကန်၊ အမှိုက်ပုံး များရှိ စွန့်ပစ်အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခကောက်ခံ၍ သိမ်းဆည်းပေး ခြင်း။)

                      (ခ) သီးခြားအမှိုက်သိမ်းစနစ် On Call ဖြင့်သိမ်းဆည်းပေးခြင်း။ (တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက် အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှ ထွက်ရှိ သောအမှိုက်များကို သိမ်းဆည်းပေးခြင်း။)

                      (ဂ) နောက်ဖေးလမ်းကြားအမှိုက်သိမ်းဆည်းဆောင်ရွက်ခြင်း။ (အမှိုက်သိမ်းယာဉ် ငှားရမ်းခ(အခမဲ့)ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်သုံးဆီနှင့် လုပ်သားအင်အားကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။)

                      (ဃ) ဆေးရုံဆေးခန်းထွက်အမှိုက်များအား ဌာနမှသတ်မှတ်ထားသော သီးခြား Box Type Container Vehicle ဖြင့် သိမ်းဆည်းပေးခြင်း။

                      (င) စီးပွားရေးလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများမှ ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။

                      (စ) မိမိအစီအစဉ်ဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ လာရောက်စွန့်ပစ်စေခြင်း။

                      (ဆ) ရွှေ့လျားသန့်စင်ခန်းများ ငှားရမ်းပေးခြင်း။

                      (ဇ) အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်းများအား B.O.T စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း။

                      (စျ) ရက်လွန်ဆေးဝါးများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တန်ဖိုးတွက်ချက်၍ စနစ်တကျ ဖျက်ဆီးပေးခြင်း။

                      (ည) ဆေးရုံဆေးခန်းထွက်စွန့်ပစ် ပစ္စည်းများအား ဆေးရုံ/ဆေးခန်း အမှိုက်မီးရှို့စက် (Incineration Plant) ဖြင့် ဖျက်ဆီးပေးခြင်း။

                      (ဋ) စက်မှုဇုန်များရှိ စက်ရုံများလည်ပတ်ရာတွင် ဖြစ်ပေါ်နိုင်သော သဘာ၀ပတ်၀န်းကျင် ထိခိုက်နိုင်မှုအခြေအနေအား စစ်ဆေးကြပ်မတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း။

                      (ဌ) ပြည်သူများ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

                      (ဍ) နာရေးသင်္ဂြိုဟ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

                      (ဎ) တာမွေမြို့နယ်၌ အိမ်ထောင်စုသုံး ကြီးမားသည့် စွန့်ပစ်ပစ္စည်းများအား (Eco Centre)တွင် ကြားခံစွန့်ပစ်နိုင်ခြင်း။

                      (ဥပမာ-မွေ့ယာ၊ ဆိုဖာ၊ ကုတင်အကျိုးအပျက်၊ ကုလားထိုင်အပျက်၊ ဗီရိုအပျက်၊ အခြားပရိဘောဂပစ္စည်းအကျိုးအပဲ့များ၊ဂတ်စ်အိုး၊ မီးသတ်ဆေးဘူး၊ ဘတ္တရီအိုးအပျက်၊ လုံးဝပြန်လည်အသုံးပြု၍မရသောတီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအကျိုးအပဲ့များနှင့် အပိုင်းအစများ၊ စားသုံးဆီအကြွင်း အကျန်နှင့် စက်ဆီချောဆီများ၊ တာယာများ၊ အိမ်သုတ်ဆေးဘူးခွံများ၊ မီးချောင်းနှင့်မီးသီးများ၊ မှန်ကွဲ၊ဖန်ထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းအပိုင်းအစများ အစရှိသဖြင့်)

                      ၂။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-

                      စဉ်

                      အကြောင်းအရာ

                      ဌာနခွဲ/ခရိုင်/မြို့နယ်

                      ဖုန်းနံပါတ်

                      အပိုဒ် ၁။ (က၊ ခ၊ ဂ၊ ဃ၊ င)ပါ ၀န်ဆောင်မှုများ

                      အရှေ့ပိုင်းခရိုင်

                      ၀၉-၅၀၆၃၅၀၂

                      သင်္ဃန်းကျွန်း

                      ၀၉-၄၅၃၈၉၁၇၆၆

                      တောင်ဥက္ကလာပ

                      ၀၉-၇၇၄၇၇၁၉၈၁

                      ရန်ကင်း

                      ၀၉-၅၄၀၄၈၂၅

                      တာမွေ

                      ၀၉-၄၃၀၉၅၂၁၄

                      မြောက်က္ကလာပ

                      ၀၉-၄၅၃၈၉၁၇၇၂

                      မရမ်ကုန်း

                      ၀၉-၂၀၀၄၈၅၁

                      လှိုင်

                      ၀၉-၄၅၃၈၉၁၈၇၄

                      ဒဂုံမြောက်

                      ၀၉-၆၆၆၉၄၀၅၂၅

                      ၁၀

                      ဒဂုံတောင်

                      ၀၉-၄၄၃၁၀၉၃၆၉

                      ၁၁

                      ဒဂုံအရှေ့

                      ၀၉-၄၅၃၈၉၁၇၈၃

                      ၁၂

                      ဒဂုံဆိပ်ကမ်း

                      ၀၉-၄၄၈၀၅၀၉၀၅

                      ၁၃

                      မြောက်ပိုင်ခရိုင်

                      ၀၉-၄၅၃၈၉၁၈၅၅

                      ၁၄

                      ကမာရွတ်

                      ၀၉-၆၉၉၂၅၈၆၂၈

                      ၁၅

                      ဗဟန်း

                      ၀၉-၄၅၃၈၉၁၈၀၉

                      ၁၆

                      အနောက်ပိုင်းခရိုင်

                      ၀၉-၉၅၆၆၅၆၈၅၆

                      ၁၇

                      ကျောက်တံတား

                      ၀၉-၄၅၃၈၉၁၇၉၄

                      ၁၈

                      ဒဂုံ

                      ၀၉-၄၅၃၈၉၁၈၀၃

                      ၁၉

                      ပန်းဘဲတန်း

                      ၀၉-၄၅၃၈၉၁၈၀၆

                      ၂၀

                      လသာ

                      ၀၉-၄၅၃၈၉၁၈၁၂

                      ၂၁

                      လမ်းမတော်

                      ၀၉-၄၅၃၈၉၁၈၁၅

                      ၂၂

                      အလုံ

                      ၀၉-၄၅၃၈၉၁၈၁၈

                      ၂၃

                      ကြည့်မြင်တိုင်

                      ၀၉-၄၅၃၈၉၁၇၉၇

                      ၂၄

                      စမ်းချောင်း

                      ၀၉-၄၅၃၈၉၁၈၀၀

                      ၂၅

                      တောင်ပိုင်းခရိုင်

                      ၀၉-၄၅၃၈၉၁၈၂၂

                      ၂၆

                      မင်္ဂလာတောင်ညွန့်

                      ၀၉-၄၅၃၈၉၁၈၂၉

                      ၂၇

                      သာကေတ

                      ၀၉-၄၅၃၈၉၁၈၃၈

                      ၂၈

                      ဒေါပုံ

                      ၀၉-၄၅၀၂၁၉၃၇၄

                      ၂၉

                      ပုဇွန်တောင်

                      ၀၉-၄၂၁၀၂၉၆၃၈

                      ၃၀

                      ဗိုလ်တထောင်

                      ၀၉-၄၂၁၀၄၆၄၅၄

                      ၃၁

                      ဒလ

                      ၀၉-၄၅၃၈၉၁၈၄၃

                      ၃၂

                      ဆိပ်ကြီးခနောင်တို

                      ၀၉-၄၅၃၈၉၁၈၄၆

                      ၃၃

                      မင်္ဂလာဒုံ

                      ၀၉-၄၂၇၂၆၅၀၂၂

                      ၃၄

                      ရွှေပြည်သာ

                      ၀၉-၄၅၃၈၉၁၈၇၁

                      ၃၅

                      လှိုင်သာယာ(အရှေ့)

                      ၀၉-၄၅၃၈၉၁၈၇၇

                      ၃၆

                      လှိုင်သာယာ(အနောက်)

                      ၀၉-၉၆၄၂၃၄၆၅၄

                      ၃၇

                      အင်းစိန်

                      ၀၉-၄၅၃၈၉၁၈၈၀

                      ၃၈

                      သီရိမင်္ဂလာစျေး

                      ၀၉-၄၄၀၁၉၀၁၈၀

                      ၃၉

                      အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

                      ထိန်ပင်အမှိုက်ပုံ

                      ၀၉-၅၄၀၈၂၃၂

                      ၄၀

                      အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

                      ထားဝယ်ချောင်အမှိုက်ပုံ

                      ၀၉-၄၄၈၀၁၄၉၇၁

                      ၄၁

                      အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

                      မော်တော်ယာဉ်ဌာနခွဲ

                      ၀၉-၄၀၂၉၆၄၇၄၇

                      ၄၂

                      အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

                      မော်တော်ယာဉ်ဌာနခွဲ

                      ၀၉-၅၁၄၉၃၃၀

                      ၄၃

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ရေဝေးသုသာန်

                      ၀၉-၇၇၄၉၅၀၁၃၆

                      ၄၄

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ထိန်ပင်သုသာန်

                      ၀၉-၂၅၃၂၉၈၂၅၈

                      ၄၅

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ကျီစုသုသာန်

                      ၀၉-၂၆၃၁၀၂၂၆၆

                      ၄၆

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ကျူချောင်သုသာန်

                      ၀၉-၄၂၀၀၉၁၄၄၆

                      ၄၇

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ဒလသုသာန်

                      ၀၉-၄၄၈၀၅၀၈၅၉

                      ၄၈

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ဆိပ်ကြီးခနောင်တိုသုသာန်

                      ၀၉-၆၆၀၆၈၈၅၇၆

                      ၄၉

                      အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

                      ဆိပ်ကြီးသုသာန်

                      ၀၉-၇၉၄၈၀၁၂၄၃

                      ၃။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ဌာနခွဲ၊ ခရိုင်၊ မြို့နယ်များသို့ ဆက်သွယ်ဆောင်ရွက်ရာ တွင် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ရုံးချုပ်(၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်)သို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် ဌာနမှ အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ကျေနပ်မှု အပြည့်အဝရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးဖော်ပြအပ်ပါသည်။

                      မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊
                      ၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

                      Back to Top

    ယနေ့ကြည့်ရှုသူ - ၅

    Online Services ကြည့်ရှုသူ - ၅၃၂၃၂

    UEC ကြည့်ရှုသူ - ၁၄၅၃၈

    ကြည့်ရှုသူစုစုပေါင်း - ၁၁၇၁၆၅၀၃

    © Copyright. All rights reserved by YCDC