တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ ကို အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှုအခြေခံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ပြည်တွင်းကုမ္ပဏီများမှ အောက်ပါအတိုင်း တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်အပ်ပါသည် -
( က ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၄၀)၊ မြေဧရိယာ(၂.၁၁)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၈)လုံး ( Lot-1 )
( ခ ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၆)၊ မြေဧရိယာ(၁.၉၅၈)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot-2 )
( ဂ ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၇)၊ မြေဧရိယာ(၂.၂၃)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၈)လုံး၊ (၂)ထပ် Shop House (၂၀)လုံး ( Lot-3 )
( ဃ ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၆၅)၊ မြေဧရိယာ(၂.၃)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot-4 )
( င ) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းအမှတ်(၉၀)၊ မြေဧရိယာ(၂.၈၉၂)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot-5 )
( စ ) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀)၊ မြေဧရိယာ(၄.၄၇)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၅)လုံး ( Lot-6 )
( ဆ ) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀)၊ မြေဧရိယာ(၅.၁၁)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၅)လုံး ( Lot-7 )
( ဇ ) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀)၊ မြေဧရိယာ(၁၀.၅၂)ဧက၊ (၄)ခန်းတွဲ (၆)ထပ်တိုက်(၁၅)လုံးနှင့် Commercial Area - ၂.၇၃ ဧက ( Lot-8 )
၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၄-၁၂-၂၀၂၅ ရက်နေ့မှ ၁၈-၁၂-၂၀၂၅ ရက်နေ့ထိ
၃။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်သွင်းရမည့်နေရာ - ကျောက်တံတားမြို့နယ်၊ (၁၀)ထပ်ရုံး၊ ၈-လွှာအင်ဂျင်နီယာဌာန(အဆောက်အအုံ)
၄။ တင်ဒါပုံစံနှင့် တင်ဒါအာမခံကြေးငွေ(PO)တင်သွင်းရမည့်နောက်ဆုံးရက် - ၃၁-၁၂-၂၀၂၅ ( ဗုဒ္ဓဟူးနေ့ )
၅။ တင်ဒါပွဲကျင်းပမည့်နေ့ရက်အားကြိုတင်အသိပေးအကြောင်းကြားပါမည်။
၆။ မြေပြင်အခြေအနေအား သိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ တယ်လီဖုန်းအမှတ် ၀၉ - ၈၈၀၀၁၅၈၁၁ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်းသွားရောက်ကြည့်ရှုနိုင်ပါသည်။
၇။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ၁၀ ထပ်ရုံး၊ ၈-လွှာ တွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ) သို့ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉ - ၈၈၀၀၁၅၈၁၁ သို့ ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
|