တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန
အမည် - ရပ်ကွက်နေပြည်သူတစ်ဦး
ခေါင်းစဉ် - မင်္ဂလာတောင်ညွန့်မြို့နယ်ကြက်ဘဲစျေးတွင် မဟုတ်ဘဲ စျေးရှေ့မူလတန်းကျောင်းဘေးတွင် ကြက်များသတ်ဖြတ်နေမှုကို အရေးယူပေးစေလိုခြင်းကိစ္စ
ကော်မတီမှ ပြန်ကြားချက်
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲ ဈေးတွင်မဟုတ်ဘဲ ဈေးရှေ့မူလတန်းကျောင်းဘေးတွင် ကြက်များသတ်ဖြတ်နေမှုကို အရေးယူပေးပါရန် www.ycdc.gov.mm မှတိုင်ကြားလာသည့်ကိစ္စနှင့်ပတ်သက်၍ ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ (ဗိုလ်တထောင်ခရိုင်)ရုံးမှ ခေတ္တခရိုင်မှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ မင်္ဂလာတောင်ညွန့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး (၁)ဦးမျိုးဇော်၊ ပုသိမ်ညွန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ တိုင်ကြားသူမှာ အမည်မပါရှိခြင်း၊ ဓါတ်ပုံမှတ်တမ်းမပါရှိခြင်း၊ တိုင်ကြားထားသောဖုန်းနံပါတ်မှာ အခြားသူတစ်ဦး၏ ဖုန်းနံပါတ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ကြက်သားထုတ်လုပ်ရာတွင်သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ရန်မှာကြားခဲ့ပါကြောင်း ပြန်ကြားအပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမည် - ဒေါ်အေးမြတ်မွန်
ခေါင်းစဉ် - လမ်းပေါ်တွင် ခွေးလေ၊ခွေးလွင့်များ ရှင်းလင်းပေးစေလိုပါသည်
ကော်မတီမှ ပြန်ကြားချက်
မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ဝါယာလက် (၂)လမ်း၊ အမှတ်(၂၈)ရှိ ဒေါ်အေးမြတ်မွန်မှ လမ်းပေါ်တွင် ခွေးလေခွေးလွင့်များရှင်းလင်းပေးပါရန် Online မှတိုင်ကြားလာသည့်ကိစ္စနှင့်ပတ်သက်၍ ၁၂-၇-၂၀၂၅ ရက်နေ့တွင် ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ကမာရွတ်ခရိုင်)ရုံးမှ အရာရှိ (၁)ဦး + ဝန်ထမ်း(၄)ဦး၊ မရမ်းကုန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်း (၁)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးနှင့်ပူးပေါင်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးခဲ့ရာ တိုင်ကြားသူ
ဒေါ်အေးမြတ်မွန်မှာ တခြားတစ်ဦး၏ လိပ်စာဖြင့်တိုင်ကြားထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဒေါ်အေးမြတ်မွန်နှင့် ကိုယ်တိုင်မတွေ့ရှိရဘဲ ဖုန်းဖြင့်သာ အဆက်အသွယ်ရရှိပြီး လေလွင့်ခွေးများကိုရှင်းလင်းလိုပါက အကြောင်းပြန်မည်ဖြစ်ကြောင်း၊ ၎င်းတိုင်ကြားသည့်နေရာတွင် မြေပြင်တွေ့ရှိချက်အရ ခွေးများ
မတွေ့ရှိရဘဲ၊ ပတ်ဝန်းကျင်ခြံဝန်းအတွင်းသာတွေ့ရှိရပါကြောင်း ပြန်ကြားအပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

