အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)

အမည် - ဦးကံမြင့်
ခေါင်းစဉ် - လှိုင်သာယာမြို့ရေစီးရေလာကောင်းမွန်ရန် စက်မှုဇုန်-၇တွင် Box Culvert ဆောင်ရွက်ပေးခြင်း

ကော်မတီမှ ပြန်ကြားချက်

လှိုင်သာယာစက်မှုဇုန်(၇)၊ အောင်ဇေယျလမ်းတွင် Box Culvert ဆောင်ရွက်လျက်ရှိရာ စက်ရုံ၊ လုပ်ငန်းတို့၏ ယာဉ်များ ဝင်/ထွက် မရတော့သဖြင့် ကားများညအိပ်ရန် ခက်ခဲလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ Box Culvert ကို အပိုင်းလိုက် လျင်မြန် စွာ ဆောင်ရွက်ပေးပါရန် တင်ပြလာခြင်းအား အင်ဂျင်နီယာဌာန(ရေစီးရေလာ)စီမံခန့်ခွဲမှုအနေဖြင့်အမြန်ဆုံးနှင့်အကောင်း ဆုံးဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မိုးတွင်းကာလကျရောက်နေခြင်းကြောင့် လုပ်ငန်းစီမံရာတွင် အနည်းငယ်နှောင့်နှေးမှုဖြစ်ရခြင်းအား နားလည်ပေးနိုင်ပါရန်နှင့် သွားလာမှုအစဉ်ပြေအောင်စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - မယုသန္တာမြင့်
ခေါင်းစဉ် - အမှတ်၉၂၈(B),မြတ်လေးလမ်း,(၃၈)ရပ်ကွက်နေအိမ်ရှေ့ရေမြောင်းမြေသားမြင့်နေမူကြောင့်ရေစီးဆင်းမူမရှိ၍ ရေမြောင်းပြန်လည်တူးပေးနိင်ပါရန်ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

အမှတ် ၉၂၉ ၊ မြတ်လေးလမ်း၊ (၃၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရေစီးဆင်းမှုမရှိသည့်ကိစ္စအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရေစီးရေလာတာဝန်ခံအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးမောင်မြင့်
ခေါင်းစဉ် - လမ်းရေလျှံမှုကိစ္စ

ကော်မတီမှ ပြန်ကြားချက်

သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန်အပိုင်း(၂)ရပ်ကွက်၊ ရတနာလမ်းသွယ် လမ်းရေလျှံမှုအား ၂၅-၉-၂၀၂၁ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဒေါ်သီတာဝင်း
ခေါင်းစဉ် - လမ်းရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်းကို ရှင်းလင်းဆောင်ရွက်ပေးပါရန်။

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ရာဇသူရ(၁၆)လမ်းသွယ်ရှိ ရေနုတ်မြောင်းများပိတ်ဆို့နေခြင်းကို ၂၀-၅-၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးကျော်ဆန်း
ခေါင်းစဉ် - ရေစီးရေလာကောင်းမွန်စေရေး

ကော်မတီမှ ပြန်ကြားချက်

အင်းစိန်မြို့နယ်၊ ရွာသစ်အနောက်အောင်ဆန်းရပ်ကွက်၊ ကန်ဦးကျောင်းလမ်း အတွင်းရှိနေအိမ်များသည် ရေမြောင်းများအတွင်းသို့ စွန့်ပစ်ရေများ၊ မိလ္လာကန်မှ ထွက်ရှိလာသော စွန့်ပစ်ရေများကို ရေမြောင်းအတွင်းသို့စွန့်ပစ်မှုကြောင့် ရေမြောင်းများပိတ်သွားပြီး ၎င်းရေများသည် နေအိမ်များအတွင်းသို့ စိမ့်ဝင်ပြီး အနံ့ဆိုးများကြောင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက် လာနိုင်သောကြောင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုတင်ပြလာခြင်းအား ၂၄-၅-၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးသန်းထိုက်
ခေါင်းစဉ် - နောက်ဖေးရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ လမ်း၉၀ နှင့် ၈၉လမ်းကြားရှိ နောက်ဖေးရေမြောင်းတွင် အမှိုက်များ ပိတ်ဆို့နေခြင်း နှင့် အနည်အနှစ်များကြောင့် ရေမြောင်းတိမ်ကောနေခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေစီးရေလာမကောင်းခြင်းကြောင့် ရေဆိုးများနေအိမ်အတွင်းသို့ စိမ့်ဝင်ခြင်း၊ မိုးအနည်းငယ်မျှရွာသွန်းလျှင်ပင် မြောင်းရေပြည့်ပြီး နေအိမ်အတွင်းသို့ ရေဆိုးဝင်ရောက်ခြင်းများကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်လာနိုင်ပါသဖြင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုတင်ပြလာခြင်းအား နောက်ဖေးလမ်းကြား(BDS) များအတွင်းသို့ အမှိုက်များပစ်မချရန်၊ သန့်ရှင်းရေးဆောင်ရွက်ရန်မှာ လမ်းအတွင်းနေထိုင်သူများ၏ တာဝန်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများထံတင်ပြ၍ လမ်းအတွင်းနေထိုင်သူများ စုပေါင်း၍ ရှင်းလင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ