အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)
အမည် - ဦးထွန်းထွန်းလင်း (၀၉၅၀၇၀၁၀၇)
ခေါင်းစဉ် - လမ်းဆုံလမ်းခွဲတွင် အဝါရောင်မျဉ်းကွက်(Yellow Box)လမ်းအမှတ်အသားရေးဆွဲပေးနိုင်ပါရန်လျှောက်ထားခြင်းကိစ္စ
ကော်မတီမှ ပြန်ကြားချက်
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လိပ်မူပြီး သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ဦးထွန်းထွန်းလင်းမှ အမှတ်(၂)လမ်းမကြီးနှင့် တပင်ရွှေထီးလမ်းဆုံလမ်းခွဲတွင် အဝါရောင်မျဉ်းကွက်(Yellow Box)လမ်းအမှတ်အသားရေးဆွဲပေးနိုင်ပါရန်လျှောက်ထားလာခြင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) အနေဖြင့် ၂၄-၆-၂၀၂၅ ရက်နေ့တွင် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

