မြို့ပြမြေစီမံခန့်ခွဲမှုဌာန

အမည် - ရာဇာ
ခေါင်းစဉ် - ဂရန်အမည်ပြောင်း online မှ လျှောက်ထားခြင်းကိစ္စ။

ကော်မတီမှ ပြန်ကြားချက်

<ဂရန်အမည်ပြောင်း online မှ လျှောက်ထားရာတွင် လျှောက်ထားသည့် အချက်အလက်အထောက်အထားများ ခိုင်လုံပါက Accessလုပ်ပြီး သတ်မှတ်ဝန်ဆောင်ခ ပေးသွင်း၍ လျှောက်လွှာအခြေအနေကို သိရှိနိုင်ပါသည်။>

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးမြင့်ဝင်း
ခေါင်းစဉ် - အကြံပြုပေးရန် တင်ပြလာခြင်းကိစ္စ။

ကော်မတီမှ ပြန်ကြားချက်

Online မှ အမည်ပြောင်းလျှောက်ထားရာတွင် အမည်ပြောင်း (၄)ဦး တွင် (၁)ဦးသာ ဖြည့်စွက်၍ရကြောင်း၊ ကျန်သူများ၏ အမည်များထည့်သွင်း၍ မရသဖြင့် အကြံပြုပေးပါရန် တင်ပြလာခြင်းတွင် Onlineအမည်ထည့်သွင်းရာ၌ အမည်ပေါက် ပူးတွဲလျှောက်ထားသူနေရာအား အမှန်ခြစ် ပြီး လျှောက်ထားသူအားလုံး၏အမည်များ ထည့်သွင်း၍ ရပါကြောင်း အကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - Sharr
ခေါင်းစဉ် - What is the procedure for land owner's fees collection to apartment owner?

ကော်မတီမှ ပြန်ကြားချက်

တိုက်ခန်းပိုင်က မြေရှင်ကိုပေးခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေငှားခမဟုတ်ပါကြောင်းနှင့် မသက်ဆိုင်ပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြေငှားခကိုမြေပိုင်ရှင်အမည်ဖြင့်သာ စည်းကြပ်ခြင်းဖြစ်ပြီး ကော်မတီ၏ စည်းကြပ်ပြေစာသည် Stamp Duty ကပ်ခြင်းမရှိသည့် ကော်မတီ၏ တရားဝင်ပြေစာဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ကျော်စိုးလင်း
ခေါင်းစဉ် - How can I join YCDC?

ကော်မတီမှ ပြန်ကြားချက်

Thank you for your offer. We inform the departments of YCDC that are using GIS system.

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - Kyaw Thu Lin
ခေါင်းစဉ် - သာသနာ့မြေပေါ်တွင် ကျူးကျော်များကိစ္စ။

ကော်မတီမှ ပြန်ကြားချက်

သက်ဆိုင်ရာ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဆက်သွယ်ရန်လိပ်စာဖြစ်သည့် အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်း၊ အမှတ်(၅၂)သို့ သွားရောက်စုံစမ်းခဲ့ရာ ဦးကျော်သူလင်း ဆိုသူမှာ နေထိုင်ခြင်းမရှိကြောင်း email လိပ်စာ thet.kyaw7@gmail.com သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာတွင် ၄င်းအနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက် မြေတိုင်းမြေကွက်အမှတ် ၄၈ U10 တွင် ဂရံရရှိထားပြီး ဘုန်းကြီးကျောင်းဆောက်လုပ်ရန် မြေနေရာတွင် ကျူးကျော်ရှိနေ၍ သာသနာမြေကျူးကျော်မှုအား မည်ကဲ့သို့ ရှင်းလင်းလုပ်ဆောင်ရမည်ကို သိရှိလိုကြောင်း အကြံပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိ၌သည်။ အဆိုပါ ကျူးကျော်ရှင်းလင်းရန်မှာ ဂရံမြေဖြစ်သည့်အတွက် မြေကွက်အမည်ပေါက် ပိုင်ဆိုင်သူမှ သက်ဆိုင်ရာ တရားရုံးတွင် တရားမမှုဖြင့် ဦးတိုက်လျှောက်ထားခြင်း၊ မြို့နယ်ရဲစခန်းတွင် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ခြင်းတိုကို ဆောင်ရွက်သင့်ပါကြောင်း ပြန်ကြားအပ်ပါသည်။ ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ