အင်ဂျင်နီယာဌာန(အဆောက်အအုံ)

အမည် - ဦးဇင်မင်းထိုက်
ခေါင်းစဉ် - တရားမဝင်ဆောက်လုပ်လျှက်ရှိသော အဆောက်အဦနှင့်ပတ်သက်၍ အရေးယူပေးပါရန်တင်ပြလာခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

တင်ပြစာတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉)ရပ်ကွက်၊ တနင်္သာရီလမ်း၊ အမှတ်(၃၃၉/ခ)ဟုဖော်ပြထားသော်လည်းမြေပြင်တွင်အမှတ်(၃၉၉/က)ဖြစ်ပြီးဌာနမှBP1-6910ဖြင့်(၂)ထပ်တိုက်(Roof Slab)ဆောက်လုပ်ခွင့်ပြုထားပါကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - Thet Mon Su
ခေါင်းစဉ် - စည်ပင်ပိုင်မြေကျူးကျော်၍တရားမဝင်တိုက်ခန်းဆောက်လုပ်ခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်း၊ အမှတ်(၁၂၆၆)တွင်ခွင့်ပြုချက်မဲ့အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ပိုင်ရှင်အားတရားစွဲဆိုအရေးယူဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဒေါ်နန်းထွေးလှိုင်
ခေါင်းစဉ် - ခွင့်ပြုမိန့်ဖြင့်ဆောက်နေသော အဆောက်အဦအား ပြန်လည်စစ်ဆေးပေးပါရန်တင်ပြလာခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - U Ba
ခေါင်းစဉ် - ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ မြဇေယျာလမ်း၊ အမှတ်(၉/၁၁)အဆောက်အအုံကိစ္စ

ကော်မတီမှ ပြန်ကြားချက်

Concrete Cover ကွာကျခြင်းဖြစ်ပြီး အဆောက်အအုံခိုင်ခံ့မှုအားထိခိုက်မှုမရှိကြောင်းအစည်းအဝေးခေါ်ယူ၍ရှင်းလင်းပြောကြားပြီးဖြစ်ပါကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးသူရအောင်
ခေါင်းစဉ် - အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခြင်းအားကန့်ကွက်စာတင်ပြလာခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်း၊ အမှတ်(၁၇၅/၂)တွင် (၂)ခန်းတွဲ(၆)ထပ်တိုက်ဆောက်လုပ်ခြင်းအား ဦးသူရအောင်ပါ၁၅ဦးမှကန့်ကွက်ပါကြောင်းတင်ပြလာခြင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအဆောက်အအုံမှာ ခံဝန်ကတိဖြင့်ခွင့်ပြုခဲ့သောအဆောက်အအုံဖြစ်သဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများရပ်ဆိုင်းထားရန်နှင့် ကန့်ကွက်စာအားပြေလည်အောင်ဖြေရှင်းဆောင်ရွက်ရန် ဆောက်လုပ်သူထံအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးနိုင်ထွန်းဦး
ခေါင်းစဉ် - အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခြင်းအားကန့်ကွက်စာတင်ပြလာခြင်းကိစ္စ

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်း၊ အမှတ်(၁၇၅/၂)တွင် (၂)ခန်းတွဲ(၆)ထပ်တိုက်ဆောက်လုပ်ခြင်းအား ဦးနိုင်ထွန်းဦးပါ၁၅ဦးမှကန့်ကွက်ပါကြောင်းတင်ပြလာခြင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအဆောက်အအုံမှာ ခံဝန်ကတိဖြင့်ခွင့်ပြုခဲ့သောအဆောက်အအုံဖြစ်သဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများရပ်ဆိုင်းထားရန်နှင့် ကန့်ကွက်စာအားပြေလည်အောင်ဖြေရှင်းဆောင်ရွက်ရန် ဆောက်လုပ်သူထံအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဒေါ်ဝင်းပပ
ခေါင်းစဉ် - တရားမဝင်ဆောက်လုပ်ခြင်းအား အရေးယူပေးပါရန်

ကော်မတီမှ ပြန်ကြားချက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၉)ရပ်ကွက်, မြေကွက်အမှတ် (၉၅၅)တွင်တရားမဝင် အဆောက်အအုံများ ဆောက်လုပ်နေထိုင်ခြင်းအား စည်ပင်ဥပဒေ ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားစာအား အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သော အဆောက်အအုံများပိုင်ရှင်အား ပုဒ်မ (၆၈)၊ ပုဒ်မ (၆၉) ဖြင့် တရားစွဲဆို အရေးယူထား ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - တင်စိုးဝင်း
ခေါင်းစဉ် - Safety နှင့် မကိုက်ညီသော လုပ်ဆောင်ချက်များကို စစ်ဆေးပေးပါရန် တောင်းဆိုခြင်း

ကော်မတီမှ ပြန်ကြားချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ အုပ်ချုပ်ရေးမှူး၊ Asia Express Co.,Ltd၊ ပုလဲကွန်ဒို တိုက် (C) ထံသို့ ဖော်ပြပါအချက်များအား အခန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ၃၀.၈.၂၀၁၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ (က) ဓါတ်လှေကား Control စနစ်အား လဲလှယ်ခြင်း၊ ARD စနစ် တပ်ဆင်ခြင်း၊ Emergency Light တပ်ဆင်ခြင်း၊ Ventilation Fan လဲလှယ် တပ်ဆင်ခြင်း၊ Access Card စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း၊ (ခ) လျှပ်စစ် Service Wire များနှင့် Meter Main Panel အတွင်းရှိ Wire များ မီးဘေး အန္တရာယ်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန (EI) ၏ စစ်ဆေးမှုခံယူ၍ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်။ (ဂ) အုပ်ချုပ်ရေးမှူးရုံးနှင့် အခန်းရှင်များ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် တစ်လတစ်ခါ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးထက်မြတ်ကို
ခေါင်းစဉ် - ဖုန်းဆက်လို့ရမည့်နံပါတ်လိုချင်ပါတယ်၊ အာမခံကြေး သိန်း၅၀ သွင်းဖို့ ဘယ်လောက်စောင့်ပေးပါသလဲ

ကော်မတီမှ ပြန်ကြားချက်

Yangon Building Permit System(YBPS) တွင် လျှောက်ထားသည့် BP No ပေးပို့လျှင် ပိုမိုတိကျစွာပြန်ကြားပေးပါမည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ