မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
အမည် - စည်သူ
ခေါင်းစဉ် - အမှိုက်ပုံးလိုအပ်ခြင်း
ကော်မတီမှ ပြန်ကြားချက်
အရှေ့ဒဂုံမြို့နယ်၊ ၁၁၈ ရပ်ကွက်တွင်အား အထုပ်ကောက်စနစ်ဖြင့် (၁)ပတ် (၂)ကြိမ်အမှိုက်ဝင်ရောက်သိမ်းဆည်းပေးမည်ဖြစ်ပြီး သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံသွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမည် - အောင်ကျော်ဇင်
ခေါင်းစဉ် - ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး
ကော်မတီမှ ပြန်ကြားချက်
ရန်ကုန်တိုင်းဒေသအတွင်းရှိကားမှတ်တိုင်များနှင့် ရပ်ကွက်များတွင် အမှိုက်ပုံးများ ထားရှိပေးရန် လိုအပ်ပါသည်။ သို့မှသာ လမ်းမများနှင့် ရပ်ကွက်အတွင်းနေရာများ၊ ချောင်းများအတွင်းသို့ အမှိုက်များကို ပေါ့ပေါ့ဆဆစွန့်ပစ်ခြင်းမှ ကင်းရှင်းသွားမည်ဖြစ်သည်။မဟုတ်ပါက လူများသည် ကြုံရာနေရာတွင် အမှိုက်ပစ်ခြင်းကြောင့် မိုးရာသီအချိန်တွင် လမ်းမများ ရေပြည့်ရေလျှံမှုဖြစ်ပေါ်ခြင်း၊ သာဓကအားဖြင့် လူများစည်းမဲ့ကမ်းမဲ့ အမှိုက်များကို စွန့်ပစ်ခြင်းကြောင့် မှော်ဘီချောင်းအတွင်းတွင်အမှိုက်များစုပုံလာပြီး မိုးရာသီရောက်သည့်အခါ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်သည့်အတွက်ကြောင့် အမှိုက်ပုံအကြီးများကို ရပ်ကွက်များနှင့် ကားမှတ်တိုင်များ၏နံဘေးတွင် စနစ်တကျထားရှိပေးသင့်ပါသည်။ အမှိုက်ပုံးများ ထားရှိပေးရာတွင်လည်း တစ်ခြား ပြည်ပနိုင်ငံများကဲ့သို့ အမှိုက်စိုထည့်ရန်၊ အမှိုက်ခြောက်ထည့်ရန်၊ ပြန်လည်အသုံးပြု၍ရသော အမှိုက်များထည့်ရန် စသဖြင့် အမှိုက်ပုံးများကို သုံးကန့်ဆီ စနစ်တကျထားရှိပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းစေပါမည်။ သို့ရာတွင် ထိုကဲ့သို့ စည်းစနစ်ကျကျအမှိုက်ပုံးများထားရှိပေးသည်ကို စနစ်ကျကျအမှိုက်မပစ်ပါကလဲ ဒဏ်ရိုက်၍ အရေးယူပေးပါရန် တိုက်တွန်းပါရန်ကိစ္စအားဆောင်ရွက်ပြီးဖြစ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမည် - ပြည်တော်ညွန့်လမ်းသူလမ်းသားများ
ခေါင်းစဉ် - ပြည်တော်ညွန့်လမ်းထိပ်အမှိုက်ပုံအား ရှင်းလင်းပေးပါရန်ကိစ္စ
ကော်မတီမှ ပြန်ကြားချက်
ပြည်တော်ညွန့်လမ်းထိပ်အမှိုက်ပုံအား ရှင်းလင်းပေးပါရန် သာကေတမြို့နယ် ပြည်တော်ညွန့်လမ်းသူလမ်းသားများမှတိုင်ကြားလာသည့်ကိစ္စနှင့်ပတ်သက်၍ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အဆိုပါ နေရာရှိ ၆၆၀လီတာအမှိုက်ပုံး (၃)ပုံးအား အောက်ခြေ AG ခင်း၍ ချထားဆောက်ရွက်လျက်ရှိပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အမှိုက်သိမ်းဆည်း သန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ အနံ့အသက်နှင့်အမှိုက်လက်ကျန်များမရှိပါ။ အမှိုက်ပုံးဝန်းကျင်ရှိ လျှပ်စစ်မီးကြိုးနှင့်မလွတ်ကင်း၍ ခုတ်ထားသော သစ်ကိုင်းသစ်ခက်များအား ပန်းဥယျာဥ်နှင့်အားကစားကွင်းများဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ ပူးပေါင်းရှင်းလင်းပြီးဖြစ်ပါကြောင်းပြန်ကြားအပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
