News Image

မြို့တော်ဂေါက်ကွင်းရှိ အသင်းသားများ၊ အသင်းသားလစဉ်ကြေးပေးသွင်းနိုင်ရန် အသိပေးကြေညာခြင်း

21 November 2022 : 14:49:00

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဂေါက်ကွင်းတွင် အသင်းဝင်ထားသော အသင်းသား (မြန်မာ/နိုင်ငံခြားသား) အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လစဉ်ကြေးပေးသွင်းရန် ပျက်ကွက်လျက်ရှိပါသည်။ သို့ဖြစ်ပါသောကြောင့် မြို့တော်ဂေါက်ကွင်း၏ စည်းမျဉ်းဥပဒေအပိုဒ်(၉)တွင် တစ်နှစ်နှင့်အထက် ပျက် ကွက်သောအသင်းသား(မြန်မာ/နိုင်ငံခြားသား)များအား အသင်းသားအဖြစ်မှ ရပ်စဲမည်ဟုပါရှိပါသဖြင့် ၃၁-၁၂-၂၀၂၂ ရက် နောက်ဆုံးထားပြီး အသင်းသားလစဉ်ကြေးများကို လာရောက်ပေးသွင်းနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။