အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)

ရန်ကုန်မြို့တော်အတွင်း စီးဆင်းနေသည့်ချောင်းများ

လှိုင်မြစ်အတွင်းသို့ စီးဝင်‌သော အဓိကချောင်းကြီး(၂၂)ချောင်း

    1. လိန်ကုန်းချောင်း
    2. သမင်တက်ရိုးချောင်း
    3. တူးချောင်း
    4. ကျူချောင်း
    5. ဠချောင်း
    6. တံကူခြံချောင်း
    7. ရွာမချောင်း
    8. ကသွယ်ချောင်း
    9. ရွှေလင်ဗန်းချောင်း
    10. လှိုင်သာယာချောင်း
    11. ပေါက်တောချောင်း
    12. သာယာကုန်းချောင်း
    13. ရှမ်းချောင်း
    14. ရိုးကြီးချောင်း
    15. သမိုင်းချောင်း
    16. ညောင်ချောင်း
    17. ပိတောက်ချောင်း
    18. ချောင်းဝချောင်း
    19. ကမာရွတ်ချောင်း
    20. ကွင်းကျောင်းချောင်း
    21. သစ်မျောချောင်း(ဟာဘိချောင်း)
    22. ရွာသစ်ချောင်း

ပုဇွန်တောင်ချောင်းအတွင်းသို့စီးဝင်သည့် အဓိကချောင်းကြီး(၁)ချောင်း

    1. သဲဖြူချောင်း

ငမိုးချောင်းအတွင်းသို့ စီးဝင်သည့် အဓိကချောင်းကြီး(၂၁)ချောင်း

    1. သစ်မျောချောင်း
    2. မြေပတုတ်ချောင်း(အောင်မင်္ဂလာမြို့ပတ်ချောင်း)
    3. နတ်ချောင်း
    4. ခုနစ်ပင်လိမ်ချောင်း
    5. မြယမုံချောင်း
    6. ဘဲတန်းချောင်း
    7. ကျိုက္ကဆံချောင်း
    8. ရေပေါက်ကြည်ချောင်း
    9. ဇွဲဆုံချောင်း
    10. သီတာချောင်း
    11. မယ်လမုချောင်း
    12. ရွှေလှေချောင်း
    13. ထားဝယ်ချောင်ချောင်း
    14. သုနန္ဒာချောင်း
    15. မဏိရတနာချောင်း
    16. ဒနင်းရိုးချောင်း
    17. မဒချောင်း
    18. သားပိုက်ရိုးချောင်း
    19. အလံအုတ်ရိုးချောင်း
    20. ဆင်ပုံရိုးချောင်း
    21. ဆင်ဖြူရိုးချောင်း

ပဲခူးမြစ်အတွင်းစီးဝင်သည့်အဓိကချောင်းကြီး(၈)ချောင်း

    1. ဆည်ပေါက်ချောင်း
    2. တာပုဇွန်ချောင်း(၁)
    3. တာပုဇွန်ချောင်း(၂)
    4. ကျားချောင်း
    5. ဒဂုံတံတားချောင်း
    6. စက်မှုဇုန်ချောင်း
    7. မထားစုချောင်း(၁)
    8. မထားစုချောင်း(၂)

ဌာန၏လုပ်ငန်းတာဝန်များ

အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်နယ်နိမိတ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းစေရန်နှင့် ချောင်းကြီး၊ မြောင်းကြီးများ မြေအောက်ရေမြောင်းများနှင့် မြစ်ထွက်ပေါက်များမှ ရေစီးရေလာတိုးတက်ကောင်းမွန်စေရန် စဉ်ဆက်မပြတ်ထိန်း သိမ်းဆောင်ရွက်ခြင်း။
  • ကော်မတီနှင့်ဌာနမှပေးအပ်သော ရေစီးရေလာလုပ်ငန်းတာဝန်များအား အောင်မြင်ပြီးမြောက်စေရန် ကွပ်ကဲဆောင်ရွက်ခြင်း။
  • ရေစီးရေလာလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သောလုပ်ငန်းစီမံကိန်းများ ရေးဆွဲ ခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်း၊ ခန့်မှန်းတန်ဖိုးများ စိစစ်အတည်ပြုခြင်းနှင့် ရေစီးရေလာ လုပ်ငန်းများနှင့်ပတ်သက်သောတည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ကြီးကြပ်ကွပ်ကဲခြင်း။
  • ရေစီးရေလာလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ကော်မတီအောက်ရှိအခြားသောဌာနများ၊ အခြားဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဦးစီးတာဝန်ယူဆောင်၍ အဆင်ပြေ ချောမွေ့ စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
  • ရေစီးရေလာလုပ်ငန်းများအတွက်ကော်မတီမှ လျာထားသတ်မှတ်သော အခွန်အခများ ပြည့်မီစွာ ရရှိရေးအတွက်ကြီးကြပ်ကွက်ကဲခြင်း။
  • ရေစီးရေလာလုပ်ငန်းများဆောင်ရွက်ရာတွင်ကော်မတီမှအတည်ပြုထားသော ရန်ပုံငွေအားထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ချောင်းကြီး မြောင်းကြီးများအား နယ်နိမိတ်သတ်မှတ်ဆောင်ရွက်ခြင်းနှင့် တည်ဆောက်ပြီး ရေစီးရေလာအဆောက်အအုံများ၊ ရေထိန်းတံခါးများအား ပြုပြင်ထိန်းသိမ်းခြင်း။
  • ရေစီးရေလာလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရသော ကော်မတီပိုင်စက် ယန္တရားများနှင့်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း။
  • အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)ရှိ အရာထမ်းအမှုထမ်းများအား လုပ်ငန်းတာဝန်များစနစ်တကျခွဲဝေ တာဝန်ပေးအပ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးကို ဂရုပြုဆောင်ရွက်ပေးခြင်း။
  • ကော်မတီနှင့်ဌာနမှ သီးခြားပေးအပ်သောတာဝန်များ ထမ်းဆောင်ခြင်း။

လုပ်ငန်းတာဝန်ရည်မှန်းချက်

  • ရန်ကုန်မြို့တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော နေရာများအား ထပ်မံမဖြစ်ပွားစေရေး။
  • ရေကြီးရေလျှံမှုဖြစ်ပေါ်သောနေရာများ တဖြည်းဖြည်းလျော့နည်းပပျောက်စေရေး။
  • ရန်ကုန်မြို့တော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်သောနေရာများတွင် ရေကြီးရေလျှံမှုလျော့ နည်းပပျောက်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ပြီး မြစ်ထွက်ပေါက်များ၊ ချောင်းကြီး၊ မြောင်းကြီးများ၊ ရေတံခါးများ၊ ရေစီးဆင်းမှုကောင်းမွန်စေပြီး မြို့တော်နေ ပြည်သူများ ရေကြီးရေလျှံခြင်းဒုက္ခမှ ကင်းဝေးစေခြင်းဖြင့် ၊ မြို့တော်နေပြည်သူများ စိတ်ချမ်းမြေ့ သာယာမှုကို ပေးစွမ်းနိုင်‌ရေး။

အုပ်ချုပ်/ စီမံဘဏ္ဍာ/ လုပ်ငန်းစာရင်း ၏ တာဝန်များ

  • ဌာနတစ်ခုလုံး၏ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ကိစ္စအဝဝအား ဆောင်ရွက်ပေးခြင်း။
  • ကော်မတီလက်အောက်ရှိ အခြားသောဌာနများနှင့်လည်းကောင်း၊ အခြားသော ဝန်ကြီးဌာနများနှင့်သော်လည်းကောင်း၊ပုဂ္ဂလိကကုမ္ပဏီများနှင့်သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ရာတွင် ဦးစီးတာဝန်နှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
  • မိမိလက်အောက်ရှိဝန်ထမ်းများအား လုပ်ငန်းတာဝန်စနစ်တကျ ဖြန့်ခွဲတာဝန်ပေးအပ် ရေး၊ ဌာနမှူးထံ အကြံပြုတင်ပြရေး။
  • ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီး ရေစီးရေလာလုပ်ငန်းများအား လုပ်ငန်းစစ်ဆေးခြင်း နှင့်ပေါင်းစပ်၍ ကြီးကြပ်ကွပ်ကဲခြင်း။
  • ကော်မတီနှင့်ဌာနမှ သီးခြားပေးအပ်သည့်တာဝန်များ ထမ်းဆောင်ခြင်း။

နိုင်ငံတကာစီမံကိန်း၊ အထပ်မြင့်စစ်ဆေးရေးခန့်မှန်းပုံထုတ်(GIS/ Survey)၏တာဝန် ဝတ္တရားများ

  • ရေစီးရေလာကောင်းမွန်စေရေးအတွက် စီမံကိန်းများရေးဆွဲ၍ အကောင်အထည် ဖော်ခြင်း။
  • ရေစီးရေလာလုပ်ငန်းများနှင့်ပတ်သက်၍ ဒီဇိုင်းရေးဆွဲခြင်း၊ ဒီဇိုင်းစိစစ်ခြင်းနှင့် ဒီဇိုင်း အား အတည်ပြုခြင်း၊ ခန့်မှန်းခြေစာရင်းများ စိစစ်အတည်ပြုခြင်း။
  • ရေစီးရေလာလုပ်ငန်းများနှင့် ပတ်သက်၍ စီမံကိန်းကုန်ကျစရိတ်များ ခန့်မှန်းတွက် ချက် တင်ပြခြင်း။
  • ရေစီးရေလာ Structureများနှင့် အခြားလိုအပ်သော တည်ဆောက်ရေး Structure များနှင့် ပတ်သက်၍ စံချိန်စံညွှန်းများ၊ တည်ဆောက်ရေးတွင် လိုက်နာရမည့် ကျင့်ထုံး များအား သတ်မှတ်ပေးရေးနှင့် ထိမ်းကြောင်းကွပ်ကဲပေးခြင်း။
  • ဌာနမှ သီးခြားပေးအပ်သောတာဝန်များအား ထမ်းဆောင်ခြင်း။

ဘဏ္ဍာငွေစာရင်း၏ တာဝန်ဝတ္တရားများ

ဘဏ္ဍာငွေစာရင်း ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ငွေစာရင်းဆိုင်ရာ စာရင်းဇယားများ ပြုစုဆောင်ရွက်ခြင်း။
  • အခါအားလျော်စွာအထက်မှပေးအပ်လာသော တာဝန်များကိုထမ်းဆောင်ခြင်း။

ပထဝီဆိုင်ရာအချက်အလက်စုဆောင်းရေး GIS/Survey)၏ တာဝန်ဝတ္တရားများ

ပထဝီဆိုင်ရာ အချက်အလက် စုဆောင်းရေး/GIS/Survey)၏ တာဝန်ဝတ္တရားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
  • ခရိုင်၊မြို့နယ်များ၏ရေစီးရေလာနှင့်ပတ်သက်၍ တိုင်းတာရေးလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ခြင်း။
  • မြို့နယ်များအလိုက် ရေစီးရေလာအခြေပြမြေပုံများရေးဆွဲထားရှိရေးနှင့် တိုးတက် ဆောင်ရွက်ပြီးသား ရေစီးရေလာလုပ်ငန်းများအား အခြေပြု မြေပုံများတွင် up to date ဆောင်ရွက်ထားရှိခြင်း။
  • GISလုပ်ငန်းနှင့်ပတ်သက်၍ အခြားဝန်ကြီးဌာန၊ ပုဂ္ဂလိကများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • ကော်မတီနှင့်ဌာနမှ သီးခြားပေးအပ်သည့်တာဝန်များ ထမ်းဆောင်ခြင်း။

ခန့်မှန်းပုံထုတ်၏ တာဝန်ဝတ္တရားများ

ခန့်မှန်းပုံထုတ်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ရေစီးရေလာလုပ်ငန်းများအား စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
  • ရေစီးရေလာနှင့်ပတ်သက်သော Structureများအား ဒီဇိုင်းရေးဆွဲခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ ပုံစံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်းများ စိစစ်အတည်ပြုခြင်း။
  • ရေစီးရေလာစီမံကိန်းများနှင့်ပတ်သက်၍ စီမံကိန်းကုန်ကျစရိတ်များ ခန့်မှန်းတွက် ချက်တင်ပြခြင်း။
  • ရေစီးရေလာ Structureများနှင့် အခြားလိုအပ်သော တည်ဆောက်ရေး Structure များနှင့်ပတ်သတ်၍ စံချိန်စံညွှန်းများ၊ တည်ဆောက်ရေးတွင် လိုက်နာရမည့် ကျင့်ထုံးများ အား သတ်မှတ်ပေးခြင်းနှင့် ထိန်းကျောင်းကွပ်ကဲပေးခြင်း။

ယာဉ်/ယန္တရားဌာနခွဲ၏ တာဝန်ဝတ္တရားများ

ယာဉ်/ ယန္တရားဌာနခွဲ၏ တာဝန်၀တ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ကော်မတီ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးစီမံကိန်း လုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများအား ခွဲဝေ စီမံ ဆောင်ရွက်ခြင်း။
  • ရေစီးရေလာလုပ်ငန်းများတွင် ယာဉ်/ယန္တရားများ စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး အတွက် စီမံထားရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  • ခရိုင်မြို့နယ်အသီးသီးမှလိုအပ်သော ယာဉ်/ယန္တရားများ၊ အရန်စက်ပစ္စည်းများအား ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။
  • ဌာန၏တာဝန်ယူထိန်းသိမ်းရသော ယာဉ်/ယန္တရားများ မလိုလားအပ်သော ပျက်စီး ဆုံးရှုံးမှုများမရှိစေရေး ကြီးကြပ်စီမံဆောင်ရွက်ခြင်းနှင့် ယာဉ်/ယန္တရားမှတ်ပုံတင်၊ မှတ်တမ်းစာအုပ်များ ပြုလုပ်မှတ်တမ်းထားရှိခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC