အခွန်ဌာန

မြို့တော်နေပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိသည့်ဝန်ဆောင်မှုလုပ်ငန်းများ

၁။ အခွန်ဌာနအနေဖြင့် ရန်ကုန်မြို့တော်နေ မြို့တော်သူ၊ မြို့တော်သားများ ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်သွားလာမှု အဆင်ပြေစေရေး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာဖြင့် မြို့တော်သူ မြို့တော်သားများ ဝယ်ယူစားသောက်မှု ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေး ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုမဖြစ်ရေး၊ သန့်ရှင်းကျန်းမာစွာ နေထိုင်စေရေးတို့အတွက် အောက်ဖော်ပြပါ စခန်းကြီးများ၊ ပွဲရုံများ စီမံကိန်းဇုန်များ ဖော်ထုတ်တည်ဆောက်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

  • အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း-
    • မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပါသည်။
    • ၂၀.၁၁.၂၀၀၂ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း (၈၅.၈၂)ဧက
    • အဝေးပြေးယာဉ်လိုင်းပေါင်း (၂၇၃)လိုင်း
    • နေ့စဉ် ဝင်/ထွက် ယာဉ်ကြီးစီးရေ(၁၀၀)စီး မှ (၁၇၀)စီးရေအတွင်း
    • နေ့စဉ် ဝင်/ထွက် ခရီးသည် ၈၀ မှ ၁၀၀ ဦးခန့်
    • မြို့တွင်းယာဉ်လိုင်းများပြေးဆွဲမှုအနေဖြင့် YBS ယာဉ်လိုင်းအမှတ်(၂၊ ၁၁၊ ၁၆၊ ၃၆)
    • ယာဉ်မျိုးစုံ နေ့စဉ်ဝင်ရောက်မှုအခြေအနေ စီးရေ(၆၅၀၀)မှ(၇၀၀၀)စီးခန့်
    • ဧရာဝတီတိုင်းဒေသကြီးမှအပ ကျန်တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးသို့ (၁)လ လျှင် COVID-19 ကာလ ရခိုင်ပြည်နယ်ပြန်နှင့် အိမ်ထောင်ပြောင်း ခရီးသည် ၂၄၀၀ မှ ၂၆၀၀ အထိ ပို့ဆောင်ပေးလျှက် ရှိပါသည်။
    • ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် စည်ပင်သာယာ ဝန်ထမ်းများ စည်ပင်ရဲ၊ နယ်မြေရဲ၊ စခန်းအကျိုးဆောင်အဖွဲ့၊ နယ်မြေအုပ်ချုပ် ရေးမှူးရုံး၊ လူကုန်တားရဲ၊ ကမ္ဘာလှည့်ရဲ၊ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
    • စခန်းနှင့် ပတ်သက်၍ ဆက်သွယ်ရန်ဖုန်းနံပါတ်များ-
      ရုံးသစ် - ၀၁-၆၃၆၉၁၅
      ရုံးဟောင်း - ၀၉-၈၈၇၇၆၆၀၄၆၊ ၀၉-၈၈၇၇၆၆၀၉၆
  • ဒဂုံ ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း-
    • လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်းမဘေး မိုင်တိုင်အမှတ် 8 KM တွင် တည်ရှိပါသည်။
    • ၃၀.၄.၂၀၀၃ ရက်နေ့တွင် စတင်ဖွင့်လှစ်၊
    • အကျယ်အဝန်း (၁၃၇.၇၂၉)ဧက
    • အဝေးပြေးယာဉ်လိုင်းပေါင်း (၉၄)လိုင်း
    • မြို့တွင်းယာဉ်လိုင်းများ ပြေးဆွဲမှုတွင် ၁၆-၁-၂၀၁၇ မှစ၍ YRT A (Yangon Region Transport Authority)အောက်ရှိ YBS ယာဉ်လိုင်းအမှတ်( ၆ ) (သိမ်ချောင်း)၊ ယာဉ်လိုင်းအမှတ် ( ၆ )( ကြည်စု) ၊ (၁၆) ယာဉ်ကြီး(နီ)(ပြာ)၊ (၁၇) ၊(၆၉) ၊(၇၄)၊ (၂၀)၊ (၈၂)၊ (၈၃)၊(၉၈)၊(၉၉)စုစုပေါင်း ယာဉ်လိုင်း(၁၀)လိုင်း ယာယီ၀င်ရောက်ပြေးဆွဲလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်သွယ် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအား ခရီးသွားလာမှု အဆင်ပြေစေရေး တည်းခိုနေထိုင်နိုင်စေရေး၊ စားသောက်နားနေနိုင်ရေးနှင့် ကျန်းမာ လုံခြုံမှုရှိစေရေးတို့အတွက် နေ့စဉ်နံနက် (၀၃: ၀၀) နာရီမှ ည(၂၃:၀၀) နာရီ အထိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် - ၀၉၄၀၉၈၃၉၃၅၄ သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။
  • ရန်ကုန်အရှေ့ပိုင်းယာဉ်ငယ်ရပ်နားစခန်း(၁)(၂)
    • တောင်ဥက္ကလာပမြို့နယ်ရတနာလမ်းနှင့်သုမင်္ဂလာလမ်းထောင့်
    • ၂၄-၆-၂၀၁၅ရက်နေ့တွင်စတင်ဖွင့်လှစ်
    • စခန်း(၁)အကျယ်အဝန်း(၀.၄)ဧကခန့်
    • စခန်း(၂)အကျယ်အဝန်း(၀.၃၈၃၂)ဧကခန့်
    • တောင်ဥက္ကလာမြို့နယ်၊ အဓိကလမ်းမကြီးများဖြစ်သော ရတနာလမ်း နှင့် သုမင်္ဂလာလမ်းဆုံနေရာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများအား လျော့နည်းစေရန် ရည်ရွယ်ပြီး အများပြည်သူသုံး သီးသန့် ယာဉ်ရပ်နားနေရာအဖြစ် ရန်ကုန်အရှေ့ပိုင်း ယာဉ်ငယ်ရပ်နားစခန်း(၁) (၂) အဖြစ်တည်ဆောက် ဖွင့်လှစ်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် ၀၉-၄၀၂၂၅၁၁၁၆ သို့ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်။
  • ဒဂုံတောင်အငှားယာဉ်ရပ်နားစခန်း
    • ဒဂုံမြို့သစ်(တောင်ပိုင်း)တွင်တည်ရှိပါသည်။
    • ၁၉၉၉ ခုနှစ်တွင်စတင်ဖွင့်လှစ်
    • အကျယ်အဝန်း(၃.၇၇)ဧကခန့်
    • လူနေနှစ်ထပ် RC ဆိုင်ခန်းပေါင်း(၅၈)ခန်းတည်ဆောက်ထားရှိပါသည်။
    • ဖုန်းနံပါတ် ၀၉-၅၅၀၁၀၄၂ သို့ဆက်သွယ်စုံစမ်း အကူအညီတောင်းခံ ရယူနိုင်ပါသည်။
  • ဒဂုံတောင်စက်မှုဇုန်(၃)ဟိန္ဒားလမ်းစခန်း
    • ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်တည်ရှိပါသည်။
    • အကျယ်အ၀န်း(၂၀၀×၃၀၀)ပေ
    • ၂၀၀၃ခုနှစ်တွင်ဖွင့်လှစ်
    • ဒဂုံတောင်စက်မှုဇုန်အမှတ်(၃)၏ နယ်နိမိတ်အတွင်း ဆက်စပ်တည်ရှိသော ဟိန္ဒားလမ်းပေါ်၌ အဆင့်မြင့်ဆိုင်ခန်းများ တည်ဆောက်၍ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
    • ဖုန်းနံပါတ် ၀၉-၅၅၀၁၀၄၂ သို့ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်။
  • ရန်ကုန်အရှေ့ပိုင်းကုန်တင်ယာဉ်ရပ်နားစခန်း
    • ဒဂုံတောင်မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်(၂၀/က)၊မောင်းမကန်ကမ်းသာလမ်းအနီး
    • ၂၅-၇-၂၀၁၄ရက်နေ့တွင်စတင်တည်ဆောက်
    • အကျယ်အ၀န်း (၁၈.၇၁၄)ဧကခန့်
    • မြို့တော်နယ်နိမိတ်အတွင်း ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်မှုကြောင့် ယာဉ်ကြောကြပ်တည်း ရှုပ်ထွေးမှုမဖြစ်စေရေးနှင့် ကုန်စည်စီဆင်းမှုအဆင်ပြေချောမွေ့စေရေးတို့အတွက် ရန်ကုန်ရှေ့ခြမ်းတွင် ကုန်တင်ယာဉ်ရပ်နားစခန်း(ကြားခံစခန်း) တစ်ခုတည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ လက်ရှိတွင်တည်ဆောက်ဆဲဖြစ်ပါသည်။
    • ဖုန်းနံပါတ် ၀၉-၅၅၀၁၀၄၂ သို့ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်။
  • ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားစခန်း
    • လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ ဒဂုံ-ဧရာပွဲရုံနှင့်အဝေးပြေးယာဉ်ရပ်နားစခန်းအနီး
    • ၁၀-၄-၂၀၁၄စတင်တည်ဆောက်ပြီး ၂၅-၁၂-၂၀၁၅တွင်ပြီးစီး
    • အကျယ်အဝန်း(၁၃.၉၄)ဧကခန့်
    • မြို့တော်နယ်နိမိတ်အတွင်း ကုန်တင်ယာဉ်ကြီးများဝင်ရောက်မှုကြောင့် ယာဉ်ကြောကြပ်တည်း ရှုပ်ထွေးမှုမဖြစ်စေရေးနှင့် ကုန်စည်စီဆင်းမှု အဆင်ပြေချောမွေ့စေရေး တို့အတွက် ရန်ကုန်ရှေ့ခြမ်းတွင်ကုန်တင်ယာဉ်ရပ်နားစခန်း (ကြားခံစခန်း) တစ်ခုတည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ လတ်တလောတွင် ကုန်တင်ယာဉ် များအား စမ်းသပ်ကာလအဖြစ် အခမဲ့ဝင်ရောက်သွားလာ ခွင့်ပြုထားပါသည်။ ယာယီအားဖြင့် YBS ယာဉ် များရပ်နားရန် Omni Focus General Services Public Co.,ltd အား ကျပ်(၁)သိန်းဖြင့် အငှားချထားပါသည်။
    • ဖုန်းနံပါတ် ၀၉-၄၀၉၈၃၉၃၅၄ သို့ဆက်သွယ်စုံစမ်းအကူအညီတောင်းခံ ရယူနိုင်ပါသည်။
  • ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း
    • မရမ်းကုန်းမြို့နယ်တွင် တည်ရှိပါသည်။
    • ၁၈-၁၀-၁၉၉၀ ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း (၇၅.၁၉၄) ဧက
    • ဆန်၊ ဆီ၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်၊ အားလူး၊ ငါးပိငါးခြောက် စသည့် စားဖိုဆောင်သုံး ကုန်ခြောက်ပစ္စည်းများနှင့် ကုန်မျိုးစုံပေါင်းများစွာ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းဖြင့် မြို့တော်နေ ပြည်သူများ၏ စားသောက်ရေးကိစ္စများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးများမှ ရေလမ်းကြောင်းမှ ဝင်ရောက်လာသည့် ကုန်စည်များနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးများသို့ ရေလမ်းကြောင်းမှ ပို့ဆောင်မည့် ကုန်စည်များအတွက် စခန်းအတွင်း လှိုင်မြစ်ကမ်းဘေးတွင် ဆိပ်ခံဗောတံတား(၃)ခုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် - ၀၁-၆၈၀၀၀၃ သို့ ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။
  • စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း
    • အင်းစိန်မြို့နယ်တွင် တည်ရှိပါသည်။
    • ၃၁-၁-၁၉၉၃ ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း (၆၈.၆၆) ဧက
    • အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် အိမ်ဆောက်ပစ္စည်းများနှင့် ကုန်မာပစ္စည်းများအား တစ်စုတစ်စည်းတည်းဖြင့် ပစ္စည်းမှန်စျေးမှန် ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ပွဲရုံဆိုင်ခန်းပေါင်း (၁၄၃၄)ခန်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် - ၀၁-၆၄၁၃၃၁၊ ၀၉၄၄၃၁၂၇၁၅၁ သို့ ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။

  • ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းနှင့် အနံ့ လုပ်ငန်းစီမံကိန်းဇုန်
    • ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တည်ရှိပါသည်။
    • ၁-၂-၂၀၀၀ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း(၇၂၅. ၂၃၂) ဧက
    • မြို့နယ်အသီးသီးရှိ ငါးပိ၊ ငါးခြောက်နှင့် အနံ့ဆိုးထွက်သည့်လုပ်ငန်းများသည် ပတ်ဝန်းကျင်ကိုစိတ်ညစ်ညူးစေပြီး၊ ကျန်းမာရေး ထိခိုက်နိုင်သောကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ သရက်ပင်ချောင် ကျေးရွာအနီး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းစီမံကိန်းဇုန်ကို ဖော်ထုတ်၍လုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး၊ မြေကွက်ပေါင်း(၁၈၂၈)ကွက် ဖော်ထုတ်ပြီး၊ အလုပ်ရုံပေါင်း(၃၁၄)ရုံဖြင့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်တို့အား ထုတ်လုပ်ဖြန့်ဖြုးရောင်းချနိုင်ရန် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
    • ဖုန်းနံပါတ်- ၀၉ ၅၅၀၁၀၄၂ သို့ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။
  • ကျိုက္ကဆံ ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေးစခန်း
    • တာမွေမြို့နယ်တွင် တည်ရှိပါသည်။
    • ၉-၇-၂၀၀၁ ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း (၃.၂၅၇)ဧက
    • မော်တော်ယာဉ်အပိုပစ္စည်းများအား ပစ္စည်းမှန်စျေးမှန်ဖြင့် တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် ဆိုင်ခန်းပေါင်း (၂၈၂)ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် - ၀၁ ၄၀၀၃၂၃၊ ၀၉ ၇၇၄၄၄၄၀၁၁ သို့ ဆက်သွယ်စုံစမ်းအကူအညီ တောင်းခံရယူနိုင်ပါသည်။
  • ဒဂုံမြောက်စီးပွားရေးဖွံ့ဖြိုးမှုဇုန်
    • ဒဂုံမြို့သစ်(မြောက်ပိုင်း)တည်ရှိပါသည်။
    • ၁၅-၁၁-၁၉၉၉ ရက်နေ့တွင် စတင်ဖွင့်လှစ်
    • အကျယ်အဝန်း (၂၅)ဧက
    • စက်ရုံ အလုပ်ရုံပေါင်း (၁၃၃)ခုဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် - ၀၉-၅၅၀၁၀၄၂ သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။

  • သံသုမာယာဉ်ရောင်းဝယ်ရေးစခန်း
    • သင်္ဃန်းကျွန်းမြို့နယ်တွင်တည်ရှိပါသည်။
    • ၁-၄-၁၉၉၈ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။
    • အကျယ်အ၀န်း (၁.၂၆)ဧက
    • နေ့စဉ် မော်တော်ယာဉ်စီးရေ (၁၂၅)စီးခန့် ၀င်ရောက်ရပ်တန့်ရောင်း၀ယ်နိုင်ရေး သန့်စင်ခန်းအဆောက်အဦး(၁)လုံးထားရှိ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ်-၀၉-၄၃၀၅၀၁၂၁ သို့ ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။

  • နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်း၀ယ်ရေးစခန်း
    • အင်းစိန်မြို့နယ်တွင်တည်ရှိပါသည်။
    • ၁၈-၁၁-၂၀၀၄ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။
    • အကျယ်အ၀န်း (၄.၉၂၁)ဧက
    • စက်ဘီးနှင့်ယာဉ်အပိုပစ္စည်းများအား ပစ္စည်းမှန်စျေးမှန်ဖြင့် တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် ဆိုင်ခန်းပေါင်း (၂၅၈) ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ်-၀၁-၆၄၁၃၃၀၊ ၀၉- ၄၂၈၀၁၄၄၄၆ သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။

  • ဒဂုံမြောက်ယာဉ်မောင်းသင်လေ့ကျင့်ရေးစခန်း-
    • ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တည်ရှိပါသည်။
    • ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်သည်။
    • အကျယ်အဝန်း (၃.၈၇၃)ဧက၊
    • မြို့တော်နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျယာဉ်မောင်းသင် လေ့ကျင့်နိုင်ရန် ယာဉ်မောင်းသင်တန်းကျောင်း (၉)ကျောင်း ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါ သည်။
    • ဖုန်းနံပါတ်-၀၉ ၄၃၀၅၀၁၂၁ သို့ ဆက်သွယ်စုံစမ်း အကူအညီတောင်းခံရယူနိုင်ပါသည်။

  • ဗိုလ်တထောင်ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း
    • ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိပါသည်။
    • ၂၆-၇-၂၀၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။
    • အကျယ်အ၀န်း(၁၃.၂၆၈)ဧကရှိသည်။
    • မြို့တော်သူမြို့တော်သားများ သွားလာဆက်သွယ်ရာတွင် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကုန်သေတ္တာတင်ယာဉ် အစီးရေ(၅၅၀)စီးခန့် ရပ်နားနိုင်ရန် စီစဉ်ဆောင်ရွက် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် -၀၉ ၇၉၅၈၇၀၆၄၅၊ ၀၉၆၉၇၄၆၉၆၆၈ သို့ ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။

  • အလုံကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း
    • အလုံမြို့နယ်တွင်တည်ရှိပါသည်။
    • ၆-၇-၂၀၁၃ရက်တွင်စတင်ဖွင့်လှစ်
    • အကျယ်အ၀န်း(၁၄.၀၆၆)ဧကခန့်
    • မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင် လမ်းများပေါ် ကုန်သေတ္တာယာဉ်များ စည်းကမ်းမဲ့ရပ်နားမှုမရှိစေရေး ယင်းကုန်သေတ္တာတင်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းစေရေးအတွက် ကုန်သေတ္တာတင်ယာဉ်အစီး(၄၅၀) ခန့်ရပ်နားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
    • ဖုန်းနံပါတ် ၀၉-၄၅၀၀၁၃၈၃၇ သို့ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်။
    • သီရိမင်္ဂလာယာဉ်ရောင်း၀ယ်ရေးစခန်း -
      • ကြည့်မြင်တိုင်မြို့နယ်တွင် တည်ရှိပါသည်။
      • ၁၇-၂-၂၀၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။
      • အကျယ်အ၀န်း (၄.၆၇)ဧကရှိသည်။
      • မော်တော်ယာဉ်စီးရေ(၇၅၀)စီးခန့်ရပ်နားရောင်းဝယ်နိုင်ရန် ကွန်ကရစ်ကြမ်းခင်း၊ ကွန်ကရစ်အမိုးဖြင့် ယာဉ်များရပ်နားရန်နေရာနှင့် ယာဉ်ရောင်းဝယ်လုပ်ငန်းဆောင်ရွက်သူများ နားနေရန်နေရာများ စီစဉ်ထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
      • ဖုန်းနံပါတ် -၀၉၅၀၇၃၉၇၅ သို့ ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။

    • လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း
      • (၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်တွင် တည်ရှိပါသည်။
      • ၁၉-၇-၂၀၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။
      • အကျယ်အဝန်း(၁၁)ဧကခန့်ရှိသည်။
      • မော်တော်ယာဉ် (၁၂၀၀)စီးခန့် ရပ်နားနိုင်ပါသည်။
      • ဖုန်းနံပါတ်- ၀၉ ၄၄၃၀၂၅၆၁၁ သို့ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံရယူနိုင်ပါသည်။

    ၂။ မြို့တော်နေ ပြည်သူတစ်ချို့ လတ်တလော ငွေရေးကြေးရေး အခက်အခဲရှိပါက အဆင်ပြေစေရေးအတွက် မြို့တော်အတွင်း ပုဂ္ဂလိကငွေချေးလုပ်ငန်း(၂၉၄)ခုကို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုထားရှိပါသည်။

    ၃။ ကော်မတီက တည်ထောင်ဖွင့်လှစ်ပြီး ဤဌာနက ကြပ်မတ်ကွပ်ကဲလျက်ရှိသည့် အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းများ၊ ပွဲရုံနှင့် ကုန်တင်ယာဉ်စခန်းများ၊ စီမံကိန်းဇုန်များ၊ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းများအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကားဂိတ်ခန်းများ၊ စားသောက်ဆိုင်များ၊ ယာဉ်ပြုပြင်ရေးလုပ်ငန်းများစသည့် လုပ်ငန်းရှင်များအတွက် ဌာနအနေဖြင့် အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်-

    (က) ဆိုင်ခန်း/ကားဂိတ်/ပွဲရုံ/မြေပါမစ်အမည်ပြောင်းလျှောက်ထားမှု။ လုပ်ငန်းရှင်၏ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည်-

    (၁) တရားဝင်လက်ခံရရှိကြောင်းခိုင်မာသည့်အထောက်အထား။

    (၂) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၃) ဆိုင်ခန်းနေရာချထားခြင်း(ပါမစ်)မိတ္တူ။

    (၄) ဆိုင်ခန်းလွှဲပြောင်း/လက်ခံခြင်း စာချုပ်မိတ္တူ။(ရှိပါက)

    (၅) ဆိုင်ခန်းမှတ်ပုံတင်စာအုပ်မိတ္တူ။(ရှိပါက)

    (ခ) ဆိုင်ခန်း/ကားဂိတ်/ပွဲရုံ/မြေကွက်များ၏ပါမစ်၊စာချုပ်၊မှတ်ပုံတင်စာအုပ်မိတ္တူ၊ ငွေသွင်းချလံထောက်ခံချက်လျှောက်ထားမှု။ လုပ်ငန်းရှင်၏ လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းအထောက်အထားများ ပူးတွဲတင်ပြရပါသည်-

    (၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၂) တရားဝင်ပိုင်ဆိုင်ကြောင်းခိုင်မာသည့်အထောက်အထား။

    (၃) ပျောက်ဆုံးသည်မှာမှန်ကန်ကြောင်းရဲစခန်း၏ထောက်ခံချက်။

    (၄) သတင်းစာကြော်ငြာ။ (စာချုပ်မိတ္တူမှန်လျှောက်ထားလျှင်)

    (၅) ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ(သို့)ကတိသစ္စာပြုလွှာ

    (ဂ) လုပ်ငန်းလိုင်စင်၊ စားသောက်ဆိုင်လိုင်စင်၊ (အသစ်)လျှောက်ထားမှု။ လုပ်ငန်းရှင်၏ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည် -

    (၁) (၄x၆)လက်မလုပ်ငန်းပြရောင်စုံဓါတ်ပုံ(၃)ပုံ။(ရှေ့မျက်နှာစာအနီး၊ အဝေး၊ ဆိုင်/ လုပ်ငန်းတည်ခင်းထားရှိပုံ)

    (၂) ရောင်စုံလိုင်စင်ဓါတ်ပုံ(၃)ပုံ။

    (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၄) လုပ်ငန်းနှင့်ပတ်သက်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်/ ထောက်ခံချက်။

    (၅) ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ကိစ္စရပ်များဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်။

    (ဃ) လုပ်ငန်းလိုင်စင်၊ စားသောက်ဆိုင်လိုင်စင်(သက်တမ်းတိုး)လျှောက်ထားမှု။ လုပ်ငန်းရှင်၏ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည် -

    (၁) ရောင်စုံလိုင်စင်ဓါတ်ပုံ(၃)ပုံ။

    (၂ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၃) လုပ်ငန်းလိုင်စင်ကတ်ပြား မိတ္တူ/မူရင်း(ယခင်နှစ်)။

    (၄) ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ကိစ္စရပ်များဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်။

    (င) တည်းခိုခန်းလိုင်စင်(အသစ်၊သက်တမ်းတိုး)လျှောက်ထားမှု။ လုပ်ငန်းရှင်၏ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည် -

    (၁) (၄ x ၆)လက်မ လုပ်ငန်းပြရောင်စုံဓါတ်ပုံ(၃)ပုံ(ရှေ့မျက်နှာစာအနီး၊ အဝေး၊ အခန်းအရေအတွက်၊ အမျိုးအစားနှင့် ဖွဲ့စည်းပုံမြေပုံကြမ်း)။

    (၂) ရောင်စုံလိုင်စင်ဓါတ်ပုံ(၃)ပုံ။

    (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၄ ) မြို့နယ်ထွေ/အုပ်၊ အုပ်ချုပ်ရေးမှူးထောက်ခံချက်။

    (၅) မြို့နယ်ကျန်းမာရေးဦးစီးဌာနထောက်ခံချက်။

    (၆) မြို့နယ်ရဲစခန်းထောက်ခံချက်။

    (၇ ) မြို့နယ်မီးသတ်ဦးစီးဌာနထောက်ခံချက်။

    (၈) မြို့နယ်လျှပ်စစ်ဌာနထောက်ခံချက်။

    (စ) လုပ်ငန်းလိုင်စင်(သက်တမ်းတိုး)များအား အမည်ပြောင်း / လိပ်စာပြောင်း / အမည်တိုး/ အမည်လျှော့/ လိုင်စင်ကတ်ပြားမိတ္တူမှန် လျှောက်ထားမှု။ လုပ်ငန်းရှင်၏လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည် -

    (၁) ရောင်စုံလိုင်စင်ဓာတ်ပုံ(၃)ပုံ။

    (၂) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၃) လုပ်ငန်းလိုင်စင်ကတ်ပြားမိတ္တူ/မူရင်း(ယခင်နှစ်)။

    (၄) သန်းခေါင်စာရင်းမိတ္တူ (မိသားစုဝင်ဖြစ်ပါက)။

    (၅) မူလလုပ်ငန်းရှင်၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်။

    (ဆ) ကြော်ငြာဘုတ်စိုက်ထူတပ်ဆင်ခွင့်လျှောက်ထားမှု။ လုပ်ငန်းရှင် လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများပူးတွဲ တင်ပြရပါသည်-

    (၁) ကြော်ငြာဘုတ် စာသား၊အရွယ်အစားနှင့်တည်နေရာမြေပုံကြမ်း။

    (၂) တရားဝင်ပိုင်ဆိုင်ကြောင်းခိုင်မာသည့် အထောက်အထားမိတ္တူ (သို့မဟုတ်) ငှားရမ်း လုပ်ကိုင်သူဖြစ်ပါက ငှားရမ်းလုပ်ကိုင်သည်မှာ မှန်ကန်ကြောင်း မူလပိုင်ရှင်၏ ထောက်ခံချက်။

    (ဇ) နေရောင်ကာ(ယာယီ)တပ်ဆင်ခွင့်လျှောက်ထားမှု။လုပ်ငန်းရှင် လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများပူးတွဲ တင်ပြရပါသည်-

    (၁) နေရောင်ကာအတိုင်းအတာနှင့်ဆိုင်ခန်းဓါတ်ပုံ။

    (၂) တရားဝင်ပိုင်ဆိုင်ကြောင်း ခိုင်မာသည့်အထောက်အထားမိတ္တူ။

    (၃) ဌာနမှညွှန်ကြားပါက(၂၄)နာရီအတွင်း ဖြုတ်သိမ်းဖယ်ရှားမည်ဖြစ်ကြောင်း ဝန်ခံကတိ။

    (စျ) ဆိုင်ခန်း/ကားဂိတ်/ပွဲရုံ အသေးစားပြင်ဆင်ခွင့်လျှောက်ထားမှု။ လျှောက်ထားလိုသူသည် ပြင်ဆင်လိုသည့် အစိတ်အပိုင်းများနှင့် ပြင်ဆင်မည့် အခြေအနေ ဖော်ပြ၍ ကိုယ်ရေးလျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများနှင့် ပူးတွဲတင်ပြ လျှောက်ထားရမည်-

    (က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    ( ခ) တရားဝင်ပိုင်ဆိုင်ကြောင်းခိုင်မာသည့်အထောက်အထား။

    ( ဂ ) မူလအဆောက်အဦ၊ အခန်းအနေအထားပြ( ၄ x ၆ )လက်မ အရွယ်အစား ရောင်စုံဓါတ်ပုံ(၃)ပုံ။

    (ည) လုပ်ငန်းပြောင်းဆောင်ရွက်မှု။ လုပ်ငန်းရှင် လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများပူးတွဲ တင်ပြရပါသည်-

    (၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

    (၂) တရားဝင်ပိုင်ဆိုင်ကြောင်းခိုင်မာသည့်အထောက်အထား။

    (ဋ) လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှု။ လုပ်ငန်းရှင်ကကိုယ်ရေးလျှောက်လွှာဖြင့် တင်ပြလျှောက်ထားရမည်။

    (ဌ) ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်း အသစ်လျောက်ထားမှု။ ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်း အသစ်ဖွင့်လှစ် လုပ်ကိုင်လိုပါက ကိုယ်တိုင်ရေးလျှောက်လွှာတွင် အောက်ပါ အချက်အလက်များ ပြည့်စုံစွာဖော်ပြ၍ တင်ပြရပါ သည်-

    (၁) ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်သည့် လိပ်စာအပြည့်အစုံ

    (၂) လျှောက်ထားသူ၏ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်

    (၃) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူ (ပူးတွဲ)

    - ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးမှသာ ခွင့်ပြုသည့်နေရာတွင် လုပ်ကိုင်ခွင့်ရှိပါသည်။ ခွင့်ပြုသည့်မြို့နယ်မှအပ အခြားမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင် ခွင့်မရှိပါ။ ခွင့်ပြုသည့်မြို့နယ်တွင်သာ လုပ်ကိုင်ခွင့်ရှိပြီး ယင်းမြို့နယ်အတွင်း ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်လိုပါက ဌာနသို့ တင်ပြ လျှောက်ထားခွင့်ပြုချက် ရရှိမှသာ ပြောင်းရွှေ့ ဖွင့်လှစ်လုပ်ကိုင်ခွင့်ရှိပါသည်။

    (ဍ) ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းရှင်အမည်ပြောင်း။ အမည်ပြောင်းလိုသူ၏ ကိုယ်တိုင်ရေး လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထားများ ပူးတွဲတင်ပြရပါသည်-

    (၁) လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။

    (၂) လျှောက်ထားသူ၏ မိသားစုဝင်ဖြစ်ပါက တော်စပ်ပုံ။

    (၃) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ။

    (၄) မိသားစုဝင်များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊၊

    (၅) မိဘ၊ဇနီး၊ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမများ၊ မိသားစုဝင်များဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၏ ထောက်ခံချက်။

    (၆) ခင်ပွန်းမှ ဇနီးအမည်သို့၊ ဇနီးမှ ခင်ပွန်းအမည်သို့ အမည်ပြောင်း လျှောက်ထားမှုတွင် တရားဝင်တစ်ဦးတည်းသော ဇနီး/ခင်ပွန်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်။

    (၇) တရားရုံးကျမ်းကျိန်လွှာ။

    (၈) တရားရုံးတွင် မှတ်ပုံတင်ထားသည့် ကိုယ်စားလှယ်လွှဲစာ (Special Power)။

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC