ပြည်သူ့ကျန်းမာရေးဌာန

ဌာန၏လုပ်ငန်းတာဝန်များ

  • ကူးစက်ရောဂါကာကွယ်နှိမ်နင်းခြင်း- သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းပျက်၀မ်းလျှောရောဂါကာကွယ်နှိမ်နင်းခြင်း(ဆေးမှုတ်/ဆေးဖြန်းခြင်း)၊ Abate ဆေးခပ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း)၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် Mask များဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း။
  • စားသောက်ဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းများရှိ မုန့်စျေးဆိုင်များ စစ်ဆေးခြင်း၊ ဆုချီးမြှင့်ခြင်း။
  • လုပ်ငန်းများ၊စက်မှုဇုံ စစ်ဆေးခြင်းနှင့် ကျန်းမာရေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း။
  • စျေးများစစ်ဆေးခြင်း- စျေးပတ်ဝန်းကျင်သန့်ရှင်းရေးစစ်ဆေးခြင်း၊ ရောင်းချသော အစားအသောက်များသန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ခွင့်မပြုဆိုးဆေး၊ တာရှည်ခံဖော်မလင်နှင့်ဘိုရတ် ပါ၊ မပါ စစ်ဆေးခြင်း၊ ရက်လွန်အစားအသောက်များ၊ ဆေးဝါးများ ရှိ၊မရှိ စစ်ဆေးခြင်း။
  • ဓာတ်ခွဲစစ်ဆေးခြင်း - ရေအဏုဇီဝနှင့် ရေဓါတုဗေဒဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအစာနမူနာများတွင် အစာအဆိပ်သင့်ပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက် ကိုင်တွယ် ရောင်းချသူများ၏ နှာတို့ရည်နမူနာယူ၍ စစ်ဆေးခြင်းနှင့်သန်ချဆေးတိုက်ကျွေးခြင်း၊ ခဲဆိပ်သင့် ရှိ၊မရှိ ခဲနမူနာစစ်ဆေးခြင်း၊ အနှေးယာဉ်လုပ်သားများတွင်ကာလသားရောဂါပိုး ရှိ၊မရှိ သွေးစစ်ဆေးခြင်း၊ စားသုံးဆီအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက်တွင် ခွင့်မပြုဆိုးဆေးများပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရောင်းချနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းနှင့် မှိုအဆိပ်ပါဝင်မှုစစ်ဆေးခြင်း၊ ရေတွင်ပါဝင်သော အိုင်ယွန်းဓာတ်များနှင့် သောက်သုံးရေတွင် ပါဝင်သော အဆိပ်အတောက် ဖြစ်စေသည့် ဒြပ်စင်များ စစ်ဆေးခြင်း။
  • ကျန်းမာရေးပညာပေးခြင်းနှင့်သင်တန်းများပေးခြင်း - ပြည်သူလူထုအား ကျန်းမာရေးပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ စားသောက်ဆိုင် မန်နေဂျာများအား ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအစာရရှိရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စျေးတာဝန်ခံများအား သင်တန်းပို့ချခြင်း။
  • ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဆေးကုသခြင်း- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့်အားကစားကွင်းများ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနရှိ၀န်ထမ်းနှင့်မိသားစုများ၊ အိမ်ရာစခန်းများတွင် နေထိုင်သော ဝန်ထမ်းနှင့်မိသားစုများ၊ မြို့တော်ခန်းမနှင့်(၄၆)လမ်း၊ ၁၂ထပ်ခွဲရုံးရှိဝန်ထမ်းများအတွက် ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပွဲတော်အခမ်းအနားများတွင် ကျွေးမွေးသောအစားအစာ၊ ရေနမူနာများယူ၍ဓာတ်ခွဲစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ(ဆေးမှုတ်၊ ဆေးဖြန်း) ဆောင်ရွက်ခြင်း။
  • အခြားဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း- မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်၊ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အစားအသောက် ထုတ်လုပ်သော စက်ရုံများကို စစ်ဆေးခြင်း၊ ဆေးဝါးများ၊အလှကုန်ပစ္စည်းများသည် ပြည်သူလူထု၏ကျန်းမာရေးကို ထိခိုက်စေခြင်းရှိ၊မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနသီးနှံကာကွယ်ရေးဌာနခွဲနှင့်ပူးပေါင်း၍ပိုးသတ်ဆေးစက်ရုံများကိုစစ်ဆေး၍ မှတ်ပုံတင်ခွင့်ပြုရာတွင်ပါဝင်ဆောင်ရွက်ခြင်း။
  • ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများစစ်ဆေးခြင်း။
  • တိုင်ကြားစာများစစ်ဆေးရာတွင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC