ကော်မတီရုံး

ကော်မတီရုံး၏လုပ်ငန်းတာ၀န်များ

  • ကော်မတီ၏ ဦးစီးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်း။
  • ကော်မတီ၏ အစည်းအဝေးမှတ်တမ်းများအား ပြုစုဝေငှခြင်း၊ ထိန်းသိမ်းခြင်း။
  • ၀န်ထမ်းများနှင့်ပတ်သက်၍ ရှေးဦးစုံစမ်းစစ်ဆေးခြင်း၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး ခြင်းအဖွဲ့များ ဖွဲ့စည်းခြင်း။
  • ရှေးဦးစုံစမ်းစစ်ဆေးခြင်း၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအဖွဲ့များ၏ ဆုံးဖြတ် ချက်အရ အရေးယူရန် ကော်မတီသို့ တင်ပြမည့် ကိစ္စရပ်များအား အမှာစာဖြင့် တင်ပြခြင်း။
  • အထက်အဖွဲ့အစည်းများမှ ချမှတ်ပေးသည့် မူဝါဒဆိုင်ရာကိစ္စရပ်များ၊ ကော်မတီ ရုံးမှ အထက်အဖွဲ့အစည်းများသို့ တင်ပြရန်ကိစ္စများအား ဆက်သွယ်ပေးပို့ တင်ပြဆောင်ရွက်ခြင်း။
  • အမိန့်ကြော်ငြာစာများ၊ အမိန့်ညွှန်ကြားချက်များ၊ ညွှန်ကြားလွှာများ ထုတ်ပြန် ခြင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
  • ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(ဌာနကြီးမှူး)နှင့် ကော်မတီ၀င် များမှ ပေးအပ်သည့် တာ၀န်များကို ဆောင်ရွက်ခြင်း။
  • ကော်မတီနှင့် ဌာနများ၊ အုပ်ချုပ်ရေးရုံးများသို့ ဆက်သွယ်ဆောင်ရွက်ခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လွှင့်တင်ထားသော website တွင် ဌာနအသီးသီး၏ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်မှုများအား ထည့်သွင်းဖော်ပြပေးခြင်း။
  • အများပြည်သူနှင့် ကမ္ဘာမှ သိသင့်သိထိုက်သော အချက်အလက်များအား ဌာန website မှ Internet သို့ ချိတ်ဆက်တင်ပြခြင်း။
  • ကော်မတီ၏ မူဝါဒ၊ သတင်း၊ လုပ်ဆောင်ချက်များအား အများပြည်သူများ သိရှိနိုင်စေရန် သတင်းမီဒီယာများမှ ဖော်ပြပေးနိုင်ရန် ဆောင်ရွက်ခြင်း။
  • ကော်မတီ၏ ICT လုပ်ငန်း၊ နည်းပညာများအဆင့်မြင့်မားတိုးတက်လာစေရေး စီမံဆောင်ရွက်ခြင်း။
  • ကော်မတီ၏မူဝါဒ၊ လမ်းညွန်ချက်များနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများ၊ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်ခြင်း။
  • ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC