အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)

အမည် -ဦးသန်းထိုက်
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၃၇)၊ လမ်း(၉၀)၊ ကန်နောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ခေါင်းစဉ် - နောက်ဖေးရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ကိစ္စ

ကော်မတီမှ ပြန်ကြားချက်

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ လမ်း၉၀ နှင့် ၈၉လမ်းကြားရှိ နောက်ဖေးရေမြောင်းတွင် အမှိုက်များ ပိတ်ဆို့နေခြင်း နှင့် အနည်အနှစ်များကြောင့် ရေမြောင်းတိမ်ကောနေခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေစီးရေလာမကောင်းခြင်းကြောင့် ရေဆိုးများနေအိမ်အတွင်းသို့ စိမ့်ဝင်ခြင်း၊ မိုးအနည်းငယ်မျှရွာသွန်းလျှင်ပင် မြောင်းရေပြည့်ပြီး နေအိမ်အတွင်းသို့ ရေဆိုးဝင်ရောက်ခြင်းများကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်လာနိုင်ပါသဖြင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုတင်ပြလာခြင်းအား နောက်ဖေးလမ်းကြား(BDS) များအတွင်းသို့ အမှိုက်များပစ်မချရန်၊ သန့်ရှင်းရေးဆောင်ရွက်ရန်မှာ လမ်းအတွင်းနေထိုင်သူများ၏ တာဝန်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများထံတင်ပြ၍ လမ်းအတွင်းနေထိုင်သူများ စုပေါင်း၍ ရှင်းလင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -ဦးကျော်ဆန်း
ဆက်သွယ်ရမည့်လိပ်စာ -အမှတ်(၆၇၈)၊ ကန်ဦးကျောင်းလမ်း၊ ရွာသစ်အနောက်အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။
ခေါင်းစဉ် - ရေစီးရေလာကောင်းမွန်စေရေး

ကော်မတီမှ ပြန်ကြားချက်

အင်းစိန်မြို့နယ်၊ ရွာသစ်အနောက်အောင်ဆန်းရပ်ကွက်၊ ကန်ဦးကျောင်းလမ်း အတွင်းရှိနေအိမ်များသည် ရေမြောင်းများအတွင်းသို့ စွန့်ပစ်ရေများ၊ မိလ္လာကန်မှ ထွက်ရှိလာသော စွန့်ပစ်ရေများကို ရေမြောင်းအတွင်းသို့စွန့်ပစ်မှုကြောင့် ရေမြောင်းများပိတ်သွားပြီး ၎င်းရေများသည် နေအိမ်များအတွင်းသို့ စိမ့်ဝင်ပြီး အနံ့ဆိုးများကြောင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက် လာနိုင်သောကြောင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုတင်ပြလာခြင်းအား ၂၄-၅-၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် -ဒေါ်သီတာဝင်း
ဆက်သွယ်ရမည့်လိပ်စာ - အမှတ်(၇၂၆-က)၊ ရာဇသူရ(၁၆)လမ်း၊ (၇)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
ခေါင်းစဉ် - လမ်းရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်းကို ရှင်းလင်းဆောင်ရွက်ပေးပါရန်။

ကော်မတီမှ ပြန်ကြားချက်

တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ရာဇသူရ(၁၆)လမ်းသွယ်ရှိ ရေနုတ်မြောင်းများပိတ်ဆို့နေခြင်းကို ၂၀-၅-၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - ဦးမောင်မြင့်
ဆက်သွယ်ရမည့်လိပ်စာ -အမှတ်(၅၅)၊ ရတနာလမ်းသွယ်၊ မိချောင်းကန်အပိုင်း(၂)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
ခေါင်းစဉ် - လမ်းရေလျှံမှုကိစ္စ

ကော်မတီမှ ပြန်ကြားချက်

သင်္ဃန်းကျွန်းမြို့နယ်၊ မိချောင်းကန်အပိုင်း(၂)ရပ်ကွက်၊ ရတနာလမ်းသွယ် လမ်းရေလျှံမှုအား ၂၅-၉-၂၀၂၁ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်၍ ရေစီးရေလာတာဝန်ခံ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC