မြို့ပြမြေစီမံခန့်ခွဲမှုဌာန

အမည် - Kyaw Thu Lin
ဝန်ထမ်း/ရာထူး - Company Staff
ဆက်သွယ်ရမည့်လိပ်စာ - No.52,Shwe Bone Thar ( Middle Block ), Pabedan Tsp,Ygn. Myanmar.
ခေါင်းစဉ် - သာသနာ့မြေပေါ်တွင် ကျူးကျော်များကိစ္စ။
အကြံပြုချက် - သာသနာ့မြေပေါ်တွင် ကျူးကျော်များအား မည်ကဲ့သို့ရှင်းလင်း လုပ်ဆောင်ရမည်ကို သိရှိလိုပါတယ်ခင်ဗျာ။

ကော်မတီမှ ပြန်ကြားချက်

သက်ဆိုင်ရာ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဆက်သွယ်ရန်လိပ်စာဖြစ်သည့် အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်း၊ အမှတ်(၅၂)သို့ သွားရောက်စုံစမ်းခဲ့ရာ ဦးကျော်သူလင်း ဆိုသူမှာ နေထိုင်ခြင်းမရှိကြောင်း email လိပ်စာ thet.kyaw7@gmail.com သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာတွင် ၄င်းအနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက် မြေတိုင်းမြေကွက်အမှတ် ၄၈ U10 တွင် ဂရံရရှိထားပြီး ဘုန်းကြီးကျောင်းဆောက်လုပ်ရန် မြေနေရာတွင် ကျူးကျော်ရှိနေ၍ သာသနာမြေကျူးကျော်မှုအား မည်ကဲ့သို့ ရှင်းလင်းလုပ်ဆောင်ရမည်ကို သိရှိလိုကြောင်း အကြံပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိ၌သည်။
အဆိုပါ ကျူးကျော်ရှင်းလင်းရန်မှာ ဂရံမြေဖြစ်သည့်အတွက် မြေကွက်အမည်ပေါက် ပိုင်ဆိုင်သူမှ သက်ဆိုင်ရာ တရားရုံးတွင် တရားမမှုဖြင့် ဦးတိုက်လျှောက်ထားခြင်း၊ မြို့နယ်ရဲစခန်းတွင် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ခြင်းတိုကို ဆောင်ရွက်သင့်ပါကြောင်း ပြန်ကြားအပ်ပါသည်။ ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် ကျော်စိုးလင်း
ဝန်ထမ်း/ရာထူး - Geo Spatial Consultant
ဝန်ကြီးဌာန/ကုမ္ပဏီအမည်- Singapore Land Authority
ခေါင်းစဉ် - How can I join YCDC?
အကြံပြုချက်-Dear respective person, I am a government officer working under Singapore Government. I would like to contribute the experience I got from Singapore government. So, may I know how can I join YCDC?

ကော်မတီမှ ပြန်ကြားချက်

Thank you for your offer. We inform the departments of YCDC that are using GIS system.

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမည် - Sharr
ဝန်ထမ်း/ရာထူး - To respective personnel
ဆက်သွယ်ရမည့်လိပ်စာ - 37, Ar Thaw Ka Street, Tarmwe, Yangon
ခေါင်းစဉ် - What is the procedure for land owner's fees collection to apartment owner?
အကြံပြုချက် - Dear YCDC, We would like to know the correct procedures for collection of fees by land owner to flat owner. Is there a standard fee or receipt format? Because the receipt we received does not have the stamp duty or the information of the land owner. Thanks.

ကော်မတီမှ ပြန်ကြားချက်

တိုက်ခန်းပိုင်က မြေရှင်ကိုပေးခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေငှားခမဟုတ်ပါကြောင်းနှင့် မသက်ဆိုင်ပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြေငှားခကိုမြေပိုင်ရှင်အမည်ဖြင့်သာ စည်းကြပ်ခြင်းဖြစ်ပြီး ကော်မတီ၏ စည်းကြပ်ပြေစာသည် Stamp Duty ကပ်ခြင်းမရှိသည့် ကော်မတီ၏ တရားဝင်ပြေစာဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC