ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ
(၂ဝ၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥပဒေ အမှတ် ၅ ။ )
၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁ ရက်
(၂ဝ၁၈ ခုနှစ်၊ ဇွန် လ ၂၈ ရက်)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

PDF

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဟုခေါ်တွင်စေရမည်။
(ခ ) ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက် စေရမည် -
(၁) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။
(၂) တိုင်းဒေသကြီး ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးကိုဆိုသည်။
(၃) အစိုးရအဖွဲ့ ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဆိုသည်။
(၄) ဝန်ကြီးချုပ် ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုဆိုသည်။
(၅) မြို့တော်ဝန် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌကို ဆိုသည်။
(၆) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကိုဆိုသည်။
(၇) ကော်မတီဝင် ဆိုသည်မှာ ဤဥပဒေအရကော်မတီဝင်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသူဖြစ်စေ၊ ရွေးကောက်တင်မြှောက်ခြင်း ခံရသူဖြစ်စေ တစ်ဦးဦးကိုဆိုသည်။
(၈) လုပ်ငန်းတာဝန်ခံအဖွဲ့ ဆိုသည်မှာ ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စည်ပင် သာယာရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ လုပ်ငန်းသဘာဝအလိုက် သီးခြား ဖွဲ့စည်းထားသောအဖွဲ့ကို ဆိုသည်။
(၉) ကော်မရှင် ဆိုသည်မှာ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးကောက်တင်မြှောက်နိုင်ရန် အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်ကိုဆိုသည်။
(၁ဝ) ဌာန ဆိုသည်မှာ ဤဥပဒေအရ ပြဋ္ဌာန်းထားသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မတီ လက်အောက်ရှိ ဖွဲ့စည်း ထားသော ဌာနအသီးသီးကို ဆိုသည်။
(၁၁) ဌာနမှူး ဆိုသည်မှာ ဝန်ထမ်းဖွဲ့စည်းပုံအရ ဖွဲ့စည်းသည့် ကော်မတီ လက်အောက်ရှိ သက်ဆိုင်ရာဌာနအသီးသီး၏ အကြီးအကဲကို ဆိုသည်။
(၁၂) မြို့နယ်စည်ပင်သာယာရေးကော်မတီ ဆိုသည်မှာ ဤဥပဒေအရ မြို့နယ်စည်ပင် သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ကော်မတီကို ဆိုသည်။
(၁၃) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများကိုဆောင်ရွက်ရန် ကော်မတီက ခန့်အပ်တာဝန်ပေးသော အရာထမ်း ကို ဆိုသည်။
(၁၄) ရန်ပုံငွေ ဆိုသည်မှာ ကော်မတီ၏ ရန်ပုံငွေကို ဆိုသည်။
(၁၅) ပစ္စည်း ဆိုရာတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ပါဝင်သည်။
(၁၆) အခွန် ဆိုသည်မှာ ဥပဒေအရ စည်းကြပ်သည့် အခွန်အရပ်ရပ်ကို ဆိုသည်။
(၁၇) အခ ဆိုသည်မှာ ဤဥပဒေအရ ဆောင်ရွက်ပေးခြင်းအတွက် ကောက်ခံသည့် အခ ကို ဆိုသည်။ ယင်းစကားရပ်တွင် အကောက်နှင့်ဒဏ်ကြေးတို့လည်း ပါဝင်သည်။
(၁၈) နှစ်စဉ်တန်ဖိုး ဆိုသည်မှာ ပစ္စည်းခွန် စည်းကြပ်မည့်မြေနှင့် အဆောက်အအုံကို မည်သည့်အသုံးအဆောင်ပရိဘောဂမျှ မပါဝင်ဘဲ ငှားရမ်းပါက တစ်နှစ်အတွက် ရရှိနိုင်မည်ဟု မျှော်မှန်းထားသော တန်ဖိုးငွေကို ဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်း ခွန်စည်းကြပ်မည့် မြေနှင့်အဆောက်အအုံအပေါ် ကော်မတီက အခါအားလျော်စွာ သတ်မှတ်ပေးသည့် အခြေခံစည်းကြပ်နှုန်းဖြင့်တွက်ချက်မှုများအရ ရရှိလာမည့် တန်ဖိုးငွေလည်းပါဝင်သည်။
(၁၉) ပစ္စည်းခွန် ဆိုသည်မှာ ဤဥပဒေအရ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့် အဆောက်အအုံပေါ်တွင်ဖြစ်စေ ၎င်းတို့၏နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်ထားသော ရာခိုင်နှုန်းဖြင့် ဥပဒေနှင့်အညီ ကောက်ခံသောအခွန်ကို ဆိုသည်။ ယင်းစကားရပ် တွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ ပါဝင်သည်။
(၂၀) အထွေထွေခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ စျေးများ၊ ပန်းခြံများ၊ အားကစားကွင်း စသည်များ တည်ဆောက်ခြင်း၊ ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း တို့အတွက် ဥပဒေနှင့်အညီ စည်းကြပ်သည့် အခွန်ကိုဆိုသည်။
(၂၁) မီးခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် အဆောက်အအုံများတွင် မီးထွန်းပေးခြင်း တို့အတွက် ဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံသော အခွန်ကို ဆိုသည်။
(၂၂) ရေခွန် ဆိုသည်မှာ ရေဖြန့်ဝေခြင်းအတွက် ကော်မတီကဥပဒေနှင့်အညီကောက်ခံသည့် အခွန်ကို ဆိုသည်။
(၂၃) အမှိုက်နှင့်အညစ်ကြေးခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ အမှိုက်နှင့် အညစ်ကြေးများ စုစည်းသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ မိလ္လာ သန့်စင်ခြင်း လုပ်ငန်းများနှင့်ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ရှင်းလင်းခြင်းတို့အတွက် ဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံသည့် အခွန်ကို ဆိုသည်။
(၂၄) ပိုင်ဆိုင်ခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းတွင် နေထိုင်သူများ ပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများပေါ်တွင် ဥပဒေနှင့်အညီ ကောက်ခံသည့်အခွန်ကို ဆိုသည်။
(၂၅) စျေး ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ဖွင့်လှစ်ထားသော စျေးများ၊ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က စျေးအဖြစ် ဖွင့်လှစ်ရန် ကော်မတီထံမှ လိုင်စင်ရယူ၍ ဖွင့်လှစ်ထားသော ပုဂ္ဂလိကပိုင်စျေးတို့ကိုဆိုသည်။
(၂၆) စည်ပင်သာယာဈေး ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ဖွင့်လှစ်ထားသောဈေးကို ဆိုသည်။
(၂၇) ပုဂ္ဂလိကပိုင်စျေး ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က စျေးအဖြစ်အသုံးပြုရန် ကော်မတီထံမှ လိုင်စင်ရယူ၍ ဖွင့်လှစ်သောစျေးကို ဆိုသည်။ ယင်းစကားရပ်တွင် စျေးအဆင့် သတ်မှတ်သည့် ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက်များလည်းပါဝင်သည်။
(၂၈) လမ်းဘေးစျေးဆိုင် ဆိုသည်မှာ ကော်မတီ၏ခွင့်ပြုချက်ဖြင့် မြို့တော်နယ်နိမိတ် အတွင်း သတ်မှတ်ထားသည့်နေရာ၊ အချိန်၊ စည်းကမ်းချက်ဖြင့် ယာယီရောင်းချ နေသော စျေးဆိုင်ကိုဆိုသည်။
(၂၉) ကျူးကျော်စျေး ဆိုသည်မှာ ကျူးကျော်စျေးသည်များ စုဝေးရောင်းချသည့် နေရာကို ဆိုသည်။
(၃၀) ကျူးကျော်စျေးသည် ဆိုသည်မှာ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော် နယ်နိမိတ်အတွင်း ပျံကျရောင်းချနေသော စျေးသည်ကို ဆိုသည်။
(၃၁) အဆောက်အအုံ ဆိုသည်မှာ မည်သည့်ဆောက်လုပ်ရေးပစ္စည်းဖြင့်မဆို ယာယီ သို့မဟုတ် အမြဲတမ်းဆောက်လုပ်သည့် အိမ်၊ တိုက်၊ တဲ၊ တစ်ဖက်ရပ်၊ အမိုးပါရှိသော အခြားအဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်းကို ဆိုသည်။ ယင်း စကားရပ်တွင် အဆောက်အအုံနံရံ၊ မြေထိန်းနံရံ၊ အကာအရံ၊ ဝင်းတံခါး၊ ခြံစည်းရိုး၊ ဝင်းထရံ၊ ဇာတ်ခုံ၊ တိုင်၊ ကျားထောက်နှင့် အဆောက်အအုံ၏ အကြမ်းထည် တို့လည်း ပါဝင်သည်။
(၃၂) မြို့ပြအမွေအနှစ် အဆောက်အအုံ ဆိုသည်မှာ မြို့တော် နယ်နိမိတ်အတွင်းရှိ ရှေးဟောင်းလက်ရာအဆောက်အုံအပါအဝင် သမိုင်းအရ ဖြစ်စေ၊ ဝိဇ္ဇာ သို့မဟုတ် သိပ္ပံပညာရပ်အမြင်အရ ဖြစ်စေ၊ ဗိသုကာလက်ရာအရဖြစ်စေ၊ နည်းပညာအရ ဖြစ်စေ၊ မျိုးနွယ်စု သို့မဟုတ် မနုဿဗေဒအမြင်အရဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် တွင် တည်ရှိနေပုံကြောင့်ဖြစ်စေ တန်ဖိုးရှိသည့် သီးခြားရပ်တည်နေသော သို့မဟုတ် ဆက်စပ်တည်ရှိနေသော အဆောက်အအုံအစုအဖွဲ့များကို ဆိုသည်။ ထို့အပြင် ကော်မတီကသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် အဆောက်အအုံများလည်း ပါဝင်သည်။
(၃၃) မြို့ပြအမွေအနှစ်နယ်မြေ ဆိုသည်မှာ မြို့ပြအမွေအနှစ် အဆောက်အအုံ အပါအဝင် ယင်း၏နယ်နိမိတ်ကို ဆိုသည်။
(၃၄) ဘေးအန္တရာယ်ရှိအဆောက်အအုံ ဆိုသည်မှာ ပျက်စီးယိုယွင်းနေပြီး ပြိုကျ နိုင်သည့် အခြေအနေတွင်ရှိသော နေထိုင်သူများအား အန္တရာယ်ဖြစ်စေနိုင်သော အနီးမှ ဖြတ်သန်းသွားလာသူများကိုသော်လည်းကောင်း၊ အနီးပတ်ဝန်းကျင်ရှိ နေအိမ်အဆောက်အအုံများကိုသော်လည်းကောင်း၊ ဘေးပတ်ဝန်းကျင်နေထိုင်သူ များနှင့် ဘေးပတ်ဝန်းကျင်ရှိနေရာများကို သော်လည်းကောင်း ထိခိုက်ပျက်စီး အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံကို ဆိုသည်။
(၃၅) အဆောက်အအုံနယ်သတ်မျဉ်း ဆိုသည်မှာ ကော်မတီ၏ တရားဝင်ဆောက်လုပ်ခွင့် ရရှိသည့် အဆောက်အအုံတစ်ခု၏မျက်နှာစာနံရံနှင့် လမ်းနယ်နိမိတ်၏ အကွာအဝေး ကို သတ်မှတ်ထားသော မျဉ်းကြောင်း ရှိရမည့်နေရာကိုဆိုသည်။
(၃၆) လမ်း ဆိုသည်မှာ လမ်းမကြီး၊ အမြန်လမ်းမကြီး၊ မြေပေါ်မြေအောက်လမ်း၊ မြေဖို့ လမ်း၊ လမ်းငယ်၊ လမ်းသွယ်၊ လမ်းမြှောင်၊ လမ်းကြား၊ လူသွားစင်္ကြံလမ်း၊ နောက်ဖေးလမ်း၊ လမ်းနှင့် ဆက်စပ်လျက်ရှိသောနယ်နိမိတ်နှင့် လမ်းဘေးရေမြောင်း၊ လူကူးသွား နိုင်သော တံတားစသည်များကို ဆိုသည်။
(၃၇) လမ်းနယ်သတ်မျဉ်းကြောင်း ဆိုသည်မှာ လမ်းနှင့်ဆက်စပ်နေသည့် လမ်းဘေး ဝဲယာ လမ်းနယ်နိမိတ်ပြမျဉ်းကြောင်းကို ဆိုသည်။
(၃၈) လမ်းနယ် ဆိုသည်မှာ လမ်းနယ်သတ် မျဉ်းကြောင်းနှစ်ခုကြားရှိ ဧရိယာကို ဆိုသည်။
(၃၉) အများပြည်သူဆိုင်ရာလမ်း ဆိုသည်မှာ ကော်မတီက အများပြည်သူအသုံးပြုရန် ပြုပြင်၊ ထိန်းသိမ်းထားသောလမ်း ကိုဆိုသည်။ ယင်းစကားရပ်တွင် ကိုယ်ပိုင်လမ်း အဖြစ်မှ အများပြည်သူဆိုင်ရာလမ်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့်လမ်းများ လည်း ပါဝင်သည်။
(၄၀) ကိုယ်ပိုင်လမ်း ဆိုသည်မှာ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကိုယ်ပိုင်သွားလာ အသုံးပြု ရန်ဖြစ်စေ၊ အများပြည်သူသွားလာအသုံးပြုရန်ဖြစ်စေ၊ ဖောက်လုပ်ထားသော လမ်း ကို ဆိုသည်။
(၄၁) ရေမြောင်း ဆိုသည်မှာ မြေပေါ်မြေအောက် ရေမြောင်း၊ ဥမင်လိုဏ်ခေါင်း၊ တူးမြောင်း ရေစီးကြောင်း ရေစီးရေလာမြောင်း စသည် တို့ကို ဆိုသည်။
(၄၂) ရေပေးဝေခြင်း ဆိုသည်မှာ ကော်မတီပိုင် ရေလှောင်ကန်ကြီးများ၊ အဝီစိ တွင်းများ၊ အခြားရေအရင်းအမြစ်များမှ သောက်ရေ၊ သုံးရေ ဖြန့်ဝေပေးခြင်းကို ဆိုသည်။
(၄၃) ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်းအချက် များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်း အချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်ပသာဒအလှအပ ဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း ဆိုသည်။
(၄၄) ဆေးရုံစွန့်ပစ်ပစ္စည်း ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင် ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်း များမှ ထွက်ရှိသော သို့မဟုတ် သုံးစွဲပြီးသော သို့မဟုတ် အသုံးမလိုသော စွန့်ပစ် ပစ္စည်းများကို ဆိုသည်။
(၄၅) ကူးစက်ရောဂါ ဆိုသည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကူးစက်ရောဂါအဖြစ် ထုတ်ပြန်သတ်မှတ်ထားသော ရောဂါကို ဆိုသည်။
(၄၆) ကူးစက်မြန်ရောဂါ ဆိုသည်မှာ သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်သည့် ရောဂါများ ကို ဆိုသည်။
(၄၇) တိုင်ကြားရမည့်ကူးစက်ရောဂါ ဆိုသည်မှာ သက်ဆိုင်ရာသို့ ရောဂါဖြစ်ပွားကြောင်း သိရှိလျှင်သိရှိခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း တိုင်ကြားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့် ကူးစက်ရောဂါကို ဆိုသည်။
(၄၈) အစားအသောက် ဆိုသည်မှာ ဆေးဝါး၊ ဆေးရွက်ကြီးနှင့် အလှကုန်ပစ္စည်းများ မှအပ လူတို့စားသောက်နိုင်သော စားသောက်ဖွယ်ရာများနှင့် ယင်းတို့တွင် ပါရှိသောပစ္စည်း သို့မဟုတ် အစားအသောက်ထပ်ဖြည့် ပစ္စည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အစားအသောက်ဟု သတ်မှတ်သောပစ္စည်းများလည်း ပါဝင်သည်။
(၄၉) ထိန်းချုပ်အစားအသောက် ဆိုသည်မှာသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန က အခါအားလျော်စွာအမိန့်ထုတ်ပြန်၍ ထိန်းချုပ်အစားအသောက်ဟု သတ်မှတ်သော အစားအသောက်ကို ဆိုသည်။
(၅၀) လုပ်ငန်း ဆိုသည်မှာ အစားအသောက်၊ သုံးစွဲရန်ပစ္စည်း သို့မဟုတ် သုံးစွဲရန် အထောက်အကူပစ္စည်းကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ခင်းခြင်း၊ ဖြန့်ဖြူးခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် စက်ရုံ၊ သိုလှောင်ရုံ၊ အလုပ်ရုံများ အပြင် ဝန်ဆောင်မှု၊ အကျိုးဆောင်လုပ်ငန်း ဆောင်ရွက်ခြင်းများလည်းပါဝင်သည်။
(၅၁) အန္တရာယ်ရှိစေနိုင်သောလုပ်ငန်း ဆိုသည်မှာ လူ၏အသက် သို့မဟုတ် ကျန်းမာရေး နှင့်ပစ္စည်းများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ကိုလည်းကောင်း ထိခိုက်ပျက်စီး၊ အနှောင့်အယှက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းများကိုဆိုသည်။
(၅၂) စက်ရုံ ဆိုသည်မှာ မြင်းကောင်ရေ သုံးကောင်နှင့်အထက် လျှပ်စစ်၊ ရေနွေးငွေ့အား၊ စက်အားစသည့် ပြင်ပအားတစ်ရပ်ရပ်ကို အကူအညီရယူ၍ ကုန်ပစ္စည်းတစ်ခုခု သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို သုံးစွဲ၊ ဆောင်ယူ၊ ရောင်းချနိုင်အောင် အသစ်ပြောင်းလဲပြင်ဆင်မွမ်းမံပြုပြင်ချောမွေ့အောင် လုပ်ကိုင်ရာနေရာကိုဆိုသည်။
(၅၃) အလုပ်ရုံ ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရန် အတွက်သော်လည်းကောင်း၊ အမြတ် အစွန်းရရှိရန် အတွက်သော်လည်းကောင်း၊ အဓိကလူအင်အားဖြင့်သာ ထုတ်လုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ အချောကိုင်ခြင်း အစရှိသည်များ ပြုလုပ်သော နေရာကို ဆိုသည်။
(၅၄) ကြော်ငြာ ဆိုသည်မှာ သက်ရှိသက်မဲ့ ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လျှပ်စစ် သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် အခြားနည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ၊ အများသိရှိစေရန် ဖော်ပြလိုသည့် အကြောင်းအရာများကို ချိတ်ဆွဲ၊ စိုက်ထူ၊ တပ်ဆင်ရေးသားထားခြင်းကို ဆိုသည်။
(၅၅) အနှေးယာဉ် ဆိုသည်မှာ စက်တပ်ယာဉ်မှအပ လူအား သို့မဟုတ် တိရစ္ဆာန် အားကို အသုံးပြု၍ လူကိုဖြစ်စေ၊ ကုန်စည်ကိုဖြစ်စေ သယ်ယူပို့ဆောင်ပေးသော ဆိုက်ကား၊ တွန်းလှည်း၊ ဆွဲသည့်လှည်း သို့မဟုတ် အခြားဘီးတပ်ယာဉ် တစ်မျိုးမျိုး ကိုဆိုသည်။
(၅၆) ပန်းဥယျာဉ် ဆိုသည်မှာ အများပြည်သူတို့ စိတ်ချမ်းမြေ့စွာ အနားယူ အပန်းဖြေနိုင်ရန် နယ်နိမိတ်သတ်မှတ်ပြီး အရိပ်ရအပင်များ၊ နှစ်ရှည်ပင်များ၊ စားသုံးသီးပင်များ၊ ပန်းအလှပင်များ၊ ရေကန်ငယ်လေးများဖြင့် လှပတင့်တယ်စွာ စီမံဖန်တီးတည်ဆောက်ထားသော နေရာကိုဆိုသည်။
(၅၇) ပန်းခြံ ဆိုသည်မှာ အများပြည်သူတို့ စိတ်ချမ်းမြေ့စွာ အနားယူ အပန်းဖြေနိုင်ရန် နယ်နိမိတ်သတ်မှတ်ပြီး အရိပ်ရအပင်များ၊ နှစ်ရှည်ပင်များ၊ စားသုံးသီးပင်များ၊ ပန်းအလှပင်များ၊ ရေကန်ငယ် လေးများအပြင်ဆိုင်များ၊ နားနေဆောင်များ၊ ကလေးကစားကွင်းများဖြင့် စီမံဖန်တီးတည်ဆောက်ထားသောနေရာကိုဆိုသည်။
(၅၈) ရှုခင်းနေရာ ဆိုသည်မှာ အများပြည်သူ စိတ်ချမ်းမြေ့စွာ အပန်းဖြေရန်အတွက် လည်းကောင်း၊ ရှုချင်စဖွယ်ဖြစ်စေရန်အတွက်လည်းကောင်း၊ မြို့တော်စိမ်းလန်း စိုပြည်လှပစေရန် အတွက်လည်းကောင်း သတ်မှတ်ထားသောနေရာကိုဆိုသည်။
(၅၉) အရန်မြေ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအနာဂတ်စီမံကိန်းများ ဆောင်ရွက်ရန် သတ်မှတ်ထားသောမြေကို ဆိုသည်။
(၆၀) ပြင်ပပညာရှင် ဆိုသည်မှာ ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာတစ်ခုခုကို ပညာရှင်အဆင့် တတ်မြောက်ကျွမ်းကျင်ကြောင်း သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသောအဖွဲ့အစည်းကဖြစ်စေ၊ လူမှုနယ်ပယ်ကဖြစ်စေ၊ အသိအမှတ်ပြုခြင်း ခံရသူဖြစ်ပြီး ဂုဏ်သတင်းထင်ရှား၍ အစိုးရဌာနအဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်ဆဲ မဟုတ်သည့်ပုဂ္ဂိုလ်ကို ဆိုသည်။
(၆၁) အသံညစ်ညမ်းမှု ဆိုသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စေသော၊ ပင်ပန်းနွမ်းနယ်မှု ဖြစ်စေသော၊ အခြားအသံခံစားမှုကို အနှောင့်အယှက်ဖြစ်စေသော အသံအတိုင်းအတာ တစ်ရပ်ဖြစ်ပေါ်နေမှုကိုဆိုသည်။
(၆၂) ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ကုန်သွယ်မှုလုပ်ငန်း၊ ဖျော်ဖြေမှု လုပ်ငန်း၊ တည်းခိုခန်းနှင့်စားသောက်ဆိုင်လုပ်ငန်းနှင့် အစိုးရအဖွဲ့က ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်ဟုအခါအားလျော်စွာ သတ်မှတ်သည့်လုပ်ငန်းများလည်းပါဝင်သည်။
(၆၃) ရင်းနှီးတည်ဆောက်သူ ဆိုသည်မှာ မြို့ပြစီမံကိန်း၏ အခြေခံ အဆောက်အအုံ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်စေရန် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဒီဇိုင်းပုံစံပြုလုပ်ခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းကိုလည်းကောင်း မြို့ပြစီမံကိန်းအောင်မြင်စေရန် ဖြည့်ဆည်းဆောင်ရွက်ခြင်းကိုလည်းကောင်း တာဝန်ခံ ဆောင်ရွက်ခွင့်ပေးထားသည့် ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

အခန်း(၂)
ရည်ရွယ်ချက်များ

၂။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်၏ ဦးဆောင်မှုဖြင့် မြို့တော်ကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ မြို့နေလူထု၏ လူနေမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာစေရန်၊
(ခ) စည်ပင်သာယာရေးဆိုင်ရာ အခွန်အရပ်ရပ်ကို အပြည့်အဝရရှိစေရန်နှင့် မြို့တော်နယ်နိမိတ် အတွင်း စည်ပင်သာယာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ အသုံးပြုစေရန်၊
(ဂ) နိုင်ငံတကာမြို့တော်ကြီးများကဲ့သို့ သန့်ရှင်း၊ သာယာ၊ လှပ၍ နေချင်စဖွယ်မြို့တော်ကြီး ဖြစ်လာအောင်အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် မြို့နေလူထုမှပါဝင်ကူညီ ဆောင်ရွက်လာကြ စေရန်၊
(ဃ) စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ပြည်သူဗဟိုပြု စီမံခန့်ခွဲမှုစနစ်ပေါ်ထွန်းလာစေရန်၊
(င) စည်ပင်သာယာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုသွက်လက် ထိရောက်အောင် လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများ စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ရန်။

အခန်း(၃)
ဖွဲ့စည်းခြင်း

၃။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အလို့ငှာ အစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို နိုင်ငံသားအဖွဲ့ဝင် ၁၁ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) မြို့တော်ဝန် ဥက္ကဋ္ဌ
(ခ) အစိုးရအဖွဲ့ကခန့်အပ်တာဝန်ပေးသူ ကော်မတီဝင် လေးဦး
(ဂ) မြို့တော်နယ်နိမိတ်အတွင်း ရွေးကောက်တင်မြှောက်ခြင်းခံရသူ ကော်မတီဝင် ခြောက်ဦး
၄။ (က) ရွေးကောက်တင်မြှောက်ခြင်းခံရသော ကော်မတီဝင်ခြောက်ဦးအနက်မှ တစ်ဦးကို ဒုတိယ မြို့တော်ဝန် အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ရမည်။
(ခ) ဒုတိယမြို့တော်ဝန်သည် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။
၅။ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင်များအနက်မှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။
၆။ ဒုတိယဥက္ကဋ္ဌသည် အောက်ပါတာဝန်နှင့် လုပ်ပိုင်ခွင့်များ ရှိသည်-
(က) ဥက္ကဋ္ဌအားတာဝန်ခံခြင်း၊
(ခ) ဥက္ကဋ္ဌက ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း၊
(ဂ) ကော်မတီလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌအားအကြံဉာဏ်ပေးခြင်းနှင့် အကူအညီပေးခြင်း၊
(ဃ) မိမိတာဝန်ယူသောလုပ်ငန်းများ၏လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဆောင်ရွက်ချက် များကို ဥက္ကဋ္ဌအားတင်ပြခြင်း၊
(င) ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့်အခါ ဥက္ကဋ္ဌကိုယ်စား တာဝန်ကိုယာယီ ထမ်းဆောင်ခြင်း။
၇။ အတွင်းရေးမှူးသည် အောက်ပါတာဝန်နှင့်လုပ်ပိုင်ခွင့်များ ရှိသည်-
(က) ကော်မတီ၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) အစိုးရအဖွဲ့နှင့် ကော်မတီက ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ်များကို ဌာနများနှင့် လုပ်ငန်းတာဝန်ခံအဖွဲ့များ တိကျစွာလိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊
(ဂ) ကော်မတီ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များတွင် လျာထားချက်အတိုင်း ရရှိရေး နှင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထိရောက်စွာ သုံးစွဲစေရေးတို့ကို ကြီးကြပ်ခြင်း၊
(ဃ) ဥက္ကဋ္ဌက ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ခြင်း။
၈။ ဥက္ကဋ္ဌသည် ဌာနများကို ကြီးကြပ်ကွပ်ကဲရန်တွဲဖက်အတွင်းရေးမှူးအား တာဝန်ပေးအပ်ရမည်။
၉။ (က) မြို့တော်ဝန်သည် ဝန်ကြီးချုပ်အား တာဝန်ခံရမည်။ ကော်မတီဝင်များသည် မြို့တော်ဝန်မှ တစ်ဆင့်ဝန်ကြီးချုပ်အား တာဝန်ခံရမည်။
(ခ) မြို့နယ်စည်ပင်သာယာရေးကော်မတီသည် ကော်မတီကို တာဝန်ခံရမည်။
၁၀။ မြို့နယ်စည်ပင်သာယာရေးကော်မတီကို သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အောက်ဖော်ပြပါ နိုင်ငံသား များဖြင့် ဖွဲ့စည်းရမည်-
(က) မြို့နယ်အတွင်းရှိပြည်သူများက ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဥက္ကဋ္ဌ
(ခ) မြို့နယ်အတွင်းရှိ ပြည်သူများက ရွေးကောက်တင်မြှောက်ခြင်းခံရသူ အဖွဲ့ဝင် (၁)
(ဂ) မြို့နယ်အတွင်းရှိပြည်သူများက ရွေးကောက်တင်မြှောက်ခြင်းခံရသူ အဖွဲ့ဝင် (၂)
(ဃ) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်(၃)
(င) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး အတွင်းရေးမှူး
၁၁။ (က) ကော်မတီ၏ သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းအတိုင်းဖြစ်သည်။
(ခ) မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ သက်တမ်းသည် ကော်မတီ၏ သက်တမ်း အတိုင်း ဖြစ်သည်။
(ဂ) ရွေးကောက်တင်မြှောက်ခြင်းခံရသော ကော်မတီ၀င်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များသည် ကော်မတီဝင်အသစ်များ၊ အဖွဲ့ဝင်အသစ်များ ရွေးကောက် တင်မြှောက်ပြီးသည့် အချိန်အထိမိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် ရမည်။

အခန်း(၄ )
ရွေးကောက်တင်မြှောက်ခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်း

၁၂။ အစိုးရအဖွဲ့သည်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ ရွေးကောက် တင်မြှောက်နိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းရမည်။
၁၃။ ကော်မရှင်သည် စည်ပင်သာယာရွေးကောက်ပွဲများကျင်းပရေးအတွက် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်များအလိုက် မဲပေးပိုင်ခွင့်ရှိသူဦးရေအပေါ်မူတည်၍ မဲဆန္ဒ နယ်မြေများကို သတ်မှတ်ရမည်။
၁၄။ ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရာတွင်-
(က) ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့ရက်၌ အသက်(၁၈)နှစ်ပြည့်၍ ဥပဒေအရ သတ်မှတ် ထားသည့် အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့်ရှိသည်။
(ခ ) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့်ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်းသုံးဦးကို ဆန္ဒမဲတစ်မဲစီသာ ပေးပိုင်ခွင့်ရှိသည်။
(ဂ ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးရမည်။
၁၅။ အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ -
(က) သာသနာ့ဝန်ထမ်းများ၊
(ခ) ထောင်ဒဏ်ကျခံနေရသူများ၊
(ဂ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊
(ဃ) လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ၊
(င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ခြင်း ခံရသူများ။
၁၆။ ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲတစ်ရပ်တွင် -
(က) ကော်မတီတစ်ရပ်အတွက်သာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
(ခ ) မဲဆန္ဒနယ်တစ်နယ်အတွက်သာ ရွေးကောက်တင်မြှောက်ခံရန် ယှဉ်ပြိုင်ခွင့် ရှိသည်။
၁၇။ အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူသည် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများ တွင် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-
(က) အသက် (၂၅) နှစ်ပြည့်ပြီးသူ ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူ၊
(ဂ) ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် အနည်းဆုံး ၃ နှစ် အခြေချနေထိုင်ခဲ့သူ၊
(ဃ) ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ။
၁၈။ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေတွင်ထည့်သွင်းသတ်မှတ်ရမည်။
၁၉။ ကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများပေါ်ပေါက်ခဲ့လျှင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်း၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်။
၂၀။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများ၊ ပြင်ဆင်မှုများအပေါ်တွင် လည်းကောင်း ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။
၂၁။ (က) ကော်မတီဝင်များဖြစ်စေ၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များဖြစ်စေ၊ လစ်လပ်သည့်အခါ အစားထိုးရွေးကောက်တင်မြှောက်ခြင်း၊ ရွေးချယ်ခန့်အပ်ခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အစားထိုးရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပုဂ္ဂိုလ်ဖြစ်စေ၊ ရွေးချယ် ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ်ဖြစ်စေကျန်ရှိသည့် သက်တမ်းအတွက်သာ တာဝန်ထမ်းဆောင် ရမည်။
၂၂။ အစိုးရအဖွဲ့သည် ကော်မတီဝင်တစ်ဦးဦးကိုဖြစ်စေ၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦးကိုဖြစ်စေ အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ရုပ်သိမ်းခွင့်ရှိသည် -
(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(ဂ) အကျင့်သိက္ခာပျက်ပြားခြင်း၊
(ဃ) ဥပဒေအရပေးအပ်ထားသော တာဝန်များကိုကျေပွန်စွာ မဆောင်ရွက်ခြင်း။
၂၃။ အစိုးရအဖွဲ့သည် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကော်မတီဝင်တစ်ဦးဦးကိုဖြစ်စေ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးဦးကိုဖြစ်စေ ပုဒ်မ ၂၂ ပါ အကြောင်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တာဝန်မှရုပ်သိမ်းလိုလျှင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်း၍ ယင်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် နှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၅)
ကော်မတီ၏ လုပ်ငန်းတာဝန်များ

၂၄။ (က) ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ပြုရမည်-
(၁) မြို့ပြစီမံကိန်းများ ရေးဆွဲခြင်း၊
(၂) မြေများနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(၃) ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များ၊ အရန်မြေများနှင့် လမ်းမ များပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များ၊ တဲများနှင့် ပစ္စည်းများကို ကျူးကျော်ဆောက်လုပ် စုပုံထားရှိခြင်း မရှိစေရန်ကြပ်မတ်ခြင်း၊ ဖျက်သိမ်းဖယ်ရှားစေခြင်း၊ ဖျက်သိမ်းဖယ်ရှားခြင်းနှင့် ပြောင်းရွှေ့နေရာချထားပေးခြင်း၊
(၄) ကော်မတီပိုင်မြေ သို့မဟုတ် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ အရန်မြေတို့အား မူလသတ်မှတ်ထားသည့် အစီအမံများအစား မြို့ပြဖွံ့ဖြိုးမှုအတွက် လိုအပ်ပါက ပိုမိုတိုးတက်ဖြစ်ထွန်းမည့် အစီအမံများ ပြောင်းလဲဆောင်ရွက်ခြင်း၊
(၅) လမ်းမကြီးများတစ်လျှောက် လမ်းလယ်ကျွန်းများနှင့်စင်္ကြံများကို အမြဲစိမ်းလန်း စိုပြည်လှပရန် စီမံဆောင်ရွက်ခြင်း၊
(၆) အများပြည်သူဆိုင်ရာ ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေရိပ်သာ များနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရန် မြေကွက်လပ်များ စီမံထားရှိခြင်း၊ ကြီးကြပ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊
(၇) အများပြည်သူသုံးသန့်စင်ခန်းများကို သင့်လျော်သောနေရာများတွင် တည်ဆောက်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း၊
(၈) အဆောက်အအုံများဆောက်လုပ်ခြင်းကို စည်းမျဉ်းစည်းကမ်းနှင့် ညီ မညီ စစ်ဆေးခြင်း၊ ခွင့်ပြုခြင်းနှင့် အရေးယူခြင်း၊
(၉) နယ်မြေဒေသအလိုက် ဆောက်လုပ်ရမည့် အဆောက်အအုံ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဇုန်များသတ်မှတ်ခြင်း၊ ကန့်သတ်ဧရိယာများ သတ်မှတ်ခြင်း၊ အဆောက်အအုံအမျိုးအစား၊ ပုံစံ၊ ပန္နက်ပုံစံ၊ အဆောက်အအုံ၏ အမြင့်အထပ် အရေအတွက်၊ အဆောက်အအုံနယ်သတ်မျဉ်းကြောင်းနှင့် လမ်းနယ်သတ်မျဉ်းကြောင်း အကွာအဝေး၊ အခန်းတစ်ခန်း၏ အနည်းဆုံးရှိရမည့်ဧရိယာ၊ အသုံးပြုရမည့် အမျိုးအစားတို့ကို သတ်မှတ်ကြေညာခြင်း၊
(၁၀) ဘေးအန္တရာယ်ဖြစ်စေသည့် အဆောက်အအုံများ၊ အစိတ်အပိုင်းများနှင့် နေရာများ ကို ပြုပြင်စေခြင်းနှင့် ဖယ်ရှားခြင်း၊ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊
(၁၁) ကော်မတီပိုင်အဆောက်အအုံများ ထိန်းသိမ်းပြုပြင်ခြင်း၊
(၁၂) မြို့ပြအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(၁၃) သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးသတ်စက်ကိရိယာပစ္စည်းများကို စီမံထားရှိခြင်း၊ မီးဘေးအန္တရာယ်ရှိ အဆောက်အအုံ နှင့်တဲများအား ဖျက်သိမ်းဖယ်ရှားစေခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊
(၁၄) ယာဉ်များသွားလာခြင်း၊ ရပ်နားခြင်း၊ ယာဉ်ရပ်နားစခန်းများတည်ဆောက်ခြင်း၊ ယာဉ်များ ဆိုက်ရောက်၊ ရပ်နား၊ ထွက်ခွာရေး စခန်းများ တည်ဆောက်ခြင်း၊ ယင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
(၁၅) စည်ပင်သာယာရေး အခွန်အခများကောက်ခံခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီကတာဝန်ခံဆောင်ရွက်ခြင်း၊ လိုအပ်ပါကသင့်လျော်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား သင့်လျော်သည့် ကာလ အတွက် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ အခြားသင့်လျော်ကောင်းမွန်သောစနစ်ဖြင့်ဖြစ်စေ ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်၍ တာဝန်ပေးအပ်နိုင်ခြင်း၊
(၁၆) အများပြည်သူဆိုင်ရာ လမ်းများဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် လူကူးတံတားများ၊ ဥမင်များ၊ မြေအောက်ပိုက်လိုင်းများ၊ တာရိုးများ၊ ကော်မတီက စီမံပိုင်ခွင့်ရှိသော ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာဆိုင်ရာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊
(၁၇) လမ်းနယ်နိမိတ်အတွင်း အခြေခံအဆောက်အအုံများ နေရာချထားမှုကို စီမံခန့်ခွဲခြင်း၊
(၁၈) လမ်းများဖောက်လုပ်မှု၊ အသုံးပြုမှုနှင့်ပတ်သက်၍ လမ်းအင်္ဂါရပ်နှင့် အညီ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊
(၁၉) လမ်းများကို အမည်ပေးခြင်း၊ အမှတ်စဉ်တပ်ခြင်း၊ အဆောက်အအုံနှင့် မြေများ ကို အမှတ်စဉ်တပ်ခြင်းနှင့် ထိုသို့ဆောင်ရွက်ချက်များကို အများပြည်သူသိရှိရန်ကြေညာခြင်း၊
(၂၀) စည်ပင်သာယာဈေးများ၊ အများပြည်သူဆိုင်ရာနေရာနှင့် အဆောက်အအုံများ၊ လမ်းများ၊ ပန်းခြံများ၊ ပန်းဥယျာဉ်များတွင် မီးထွန်းညှိပေးခြင်း၊
(၂၁) မြို့တော် နယ်နိမိတ်အတွင်း လုံလောက်သော ရေပေးဝေသည့် လုပ်ငန်းကို ဆောင်ရွက်ခြင်း၊
(၂၂) လုံလောက်သော ရေပေးဝေနိုင်ရန်အတွက် ရေလှောင်ကန်များ၊ အဝီစိတွင်းများ၊ ရေပိုက်လိုင်းများ တည်ဆောက်တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေ အရင်းအမြစ်များကို ရှာဖွေအသုံးပြုခြင်း၊
(၂၃) အင်းလျားကန်၊ ကန်တော်ကြီးနှင့် အခြားရေကန်ကြီးများကို အမြဲသာယာသန့်ရှင်း နေစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(၂၄) ရေဆိုး၊ ရေညစ်များ ထိရောက်စွာ စွန့်ထုတ်နိုင်ရန် ရေဆိုးထုတ်မြောင်းများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဆေးကြောခြင်း၊ သန့်ရှင်းအောင် ပြုလုပ်ခြင်း နှင့် ကြီးကြပ်ခြင်း၊
(၂၅) ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊
(၂၆) မြေအောက်ရေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ ဖြန့်ဝေခြင်း စသည်တို့နှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း၊
(၂၇) ပြည်သူများ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(၂၈) ရေတွင်း၊ ရေကန်၊ ရေမြောင်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် လိုအပ်သော အစီအမံများ ချမှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(၂၉) ဈေးများနှင့် လမ်းဘေးဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန် များကို ကျန်းမာရေးနှင့်ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးကြပ်မတ်ခြင်း နှင့် အရေးယူခြင်း၊
(၃ဝ) စည်ပင်သာယာဈေးများကို တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပုဂ္ဂလိကပိုင်ဈေးများ၊ ကုန်ပဒေသာဆိုင်များနှင့် ကုန်တိုက်များကို ကြီးကြပ်ကွပ်ကဲခြင်း၊
(၃၁) လမ်းများ သန့်ရှင်းစေရန်ဆောင်ရွက်ခြင်း၊ လမ်းပေါ်ရှိ ခွေးလေခွေးလွင့် ရှင်းလင်းခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများနှင့် စက်ဆုပ်ဖွယ်ဖြစ်သည့် ပစ္စည်းများကို သိမ်းဆည်း၊ ဖယ်ရှား၊ စွန့်ပစ်ခြင်း၊
(၃၂) အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ဖွင့်လှစ် ခွင့်ပြုခြင်း၊ လေလွင့်တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊
(၃၃) ကျွဲ၊ နွားတိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်များနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အရေးယူခြင်း၊
(၃၄) အများပြည်သူ စားသုံးရန်အလို့ငှာ သားငါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တို့နှင့် စီမံခန့်ခွဲခြင်း၊
(၃၅) စက်ဆုပ်ဖွယ်အရာ ဖြစ်သည့်အပြင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ပစ္စည်းများ၊ စားသုံးရန်မသင့်သော သားငါးများရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ထားရှိခြင်းတို့ကို တားမြစ်ခြင်းနှင့် စစ်ဆေးအရေးယူဆောင်ရွက်ခြင်း၊
(၃၆) နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်း၊ လိုအပ်သလို စီမံခန့်ခွဲခြင်း၊
(၃၇) အမှိုက်ပုံး၊ အမှိုက်ကန်၊ အမှိုက်ပုံနေရာများ၊ ထပ်ဆင့်လွှဲပြောင်းစနစ် ဆောင်ရွက်မည့် အမှိုက်စွန့်နေရာများနှင့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာများ သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း၊ စီမံခန့်ခွဲ ကြီးကြပ်ခြင်း၊
(၃၈) မြို့တော်ပတ်ဝန်းကျင်ရှိ ရေထု၊ လေထု၊ မြေထု အရည်အသွေးထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အလို့ငှာစက်ရုံ၊ အလုပ်ရုံများ၊ ယာဉ်များ၊ ယန္တရားများ၊ လူ့အသုံးအဆောင် ပစ္စည်းများမှ ထုတ်လွှတ်သည့် အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့် စွန့်ထုတ် အစိုင်အခဲများ ထွက်ရှိမှု ရှိ မရှိ နှင့် ပြည်သူများကျန်းမာရေး ထိခိုက်မှု ရှိ မရှိ စစ်ဆေး ကြပ်မတ်ခြင်း၊ အရေးယူခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာနများ၊ ပညာရှင်များ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(၃၉) သင်္ဂြိုဟ်စက်များတည်ဆောက်ခြင်း၊ သင်္ဂြိုဟ်ခွင့်ပြုခြင်း၊ ဂူသွင်းခြင်း၊ စီမံခန့်ခွဲခြင်း နှင့် ကြီးကြပ်ခြင်း၊
(၄၀) သုသာန်မြေများသတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းသည့် သုသာန်မြေကို အခြားနည်းအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊
(၄၁) အနှေးယာဉ် အမျိုးအစားအလိုက် စည်းကမ်းချက်များသတ်မှတ်၍ အနှေးယာဉ် လိုင်စင်နှင့်အနှေးယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ် ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန် ပျက်ကွက် သည့် လိုင်စင်ကိုပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်း၊ အနှေးယာဉ်များအား စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ စည်းကမ်းမဲ့ပြေးဆွဲလျက်ရှိသောအနှေးယာဉ်များအား သိမ်းဆည်း စစ်ဆေးခြင်းနှင့်အရေးယူခြင်း၊
(၄၂) လမ်းဘေးဈေးဆိုင်များနှင့် စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊
(၄၃) တည်းခိုခန်းများ၊ ဘော်ဒါဆောင်များ၊ ပွဲရုံလုပ်ငန်းများ၊ ပုဂ္ဂလိကအပေါင်ဆိုင်များ နှင့် အကျိုးဆောင်လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်ရေပေးဝေရေးလုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုခြင်းနှင့် စစ်ဆေးခြင်း၊
(၄၄) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က ဆောင်ရွက်သည့် လုပ်ငန်းနှင့် ကြော်ငြာတို့အပေါ် ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ ခွင့်ပြုကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
(၄၅) ကော်မတီ၏မူဝါဒအရ ဆောင်ရွက်ချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ အား ရန်ကုန်မြို့တော်နေ ပြည်သူလူထုတစ်ရပ်လုံးနှင့် မြို့တော်တွင်း ဝင်ထွက် သွားလာသူ အားလုံးမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် လူထုဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့်အသိပေးဆောင်ရွက်ခြင်း၊
(၄၆) ကော်မတီပိုင် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခြင်း ၊
(၄၇) ကော်မတီ၏ လုပ်ငန်းများအတွက် လိုအပ်သော သုတေသန လုပ်ငန်းများ၊ လေ့လာသင်ကြားရေးလုပ်ငန်းများနှင့် ဥပဒေရေးရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊
(၄၈) လေလွင့်သွားလာနေသော စိတ်ဝေဒနာရှင်၊ ကိုယ်ရေပြားရောဂါ စွဲကပ်သူ၊ လေလွင့် ကလေးသူငယ်နှင့် တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ခ) ကော်မတီသည် ပုဒ်မခွဲ (က) ပါ လုပ်ငန်းတာဝန်များအပြင် စည်ပင်သာယာ နည်းဥပဒေများ၊ စည်းကမ်းများအရသတ်မှတ်ထားသည့် အခြားတာဝန်များကိုလည်း ဆောင်ရွက်ရမည်။

အခန်း(၆)
ကော်မတီ၏လုပ်ပိုင်ခွင့်များ

၂၅။ ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့တော်နယ်နိမိတ်သတ်မှတ်ခြင်းနှင့် လိုအပ်ပါက ပြင်ဆင်သတ်မှတ်ခြင်း၊
(ခ) မြို့တော်နယ်နိမိတ်အတွင်း မြို့ပြစီမံကိန်းများ ရေးဆွဲခြင်း၊
(ဂ) မြို့တော်နယ်နိမိတ်အတွင်းရှိ မြေများနှင့်စပ်လျဉ်း၍ကြီးကြပ်ကွပ်ကဲခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ဃ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ မြို့တော်စည်ပင်သာယာရေးအတွက် အထောက်အကူပြုသောလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်ခြင်း၊
(င) ကော်မတီပိုင် အဆောက်အအုံနှင့် မြေများကို စည်းကမ်းသတ်မှတ်၍ ငှားရမ်းခြင်း၊ စာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်ပါက အရေးယူ ဆောင်ရွက်ခြင်း၊
(စ) လူအများနေထိုင်သော အဆောက်အအုံတို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခါ လူတို့၏အသက်အန္တရာယ်ကာကွယ်ရန်အလို့ငှာလိုအပ်သည့် အစီအမံများထားရှိရန် ညွှန်ကြားခြင်း၊
(ဆ) နိုင်ငံတော် ကာကွယ်ရေးနှင့် သက်ဆိုင်သည့် သို့မဟုတ် လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အဆောက်အအုံများမှအပ ဌာနဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက် ကို အစိုးရအဖွဲ့သို့တင်ပြခြင်း၊
(ဇ) စည်ပင်သာယာရေး လုပ်ငန်းများအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်မှု အကြံဉာဏ် များ ရယူနိုင်ရန်လိုအပ်သော အကြံပေးနှင့်အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်း၍ တာဝန်ပေးခြင်း နှင့် ယင်းတို့၏လစာစရိတ်နှင့်ချီးမြှင့်ငွေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(ဈ) စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် ခေတ်မီတိုးတက်သည့် နည်းပညာနှင့် နည်းစနစ်များကို အသုံးပြုဆောင်ရွက်ခြင်း၊
(ည) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာန ဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကျူးကျော်မှုများ အား အရေးယူခြင်းနှင့် ဖယ်ရှားခြင်း၊ အထူးသဖြင့်ကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော အိမ်ရာ စီမံကိန်းများတွင် သတ်မှတ်ထားသောပန်းဥယျာဉ်၊ ပန်းခြံနှင့်ကစားကွင်းများ အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ်ဆုံးရှုံးမှုမရှိစေရန် တာဝန်ယူထိန်းသိမ်းခြင်း၊
(ဋ) မြို့တော်နယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နိမိတ်အတွင်း မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်းမရှိစေရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊
(ဌ) ကော်မတီပိုင်မြေများတွင်ဖြစ်စေ၊ အခြားမြေများကိုငှားရမ်း၍ဖြစ်စေ အများပြည်သူအကျိုးငှာ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေးစခန်းများ တည်ထောင်ခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်း များကို စီမံခန့်ခွဲခြင်း၊
(ဍ) အရန်မြေများတွင် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယင်းအရန်မြေပေါ်တွင် ဆောင်ရွက်ရသော စီမံကိန်း လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲခြင်း၊
(ဎ) အဆောက်အအုံများ ငှားရမ်း၍ဖြစ်စေ၊ မြေငှားရမ်း၍ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေရရှိသည့် နိုင်ငံခြားငွေကို စည်ပင်သာယာရေးလုပ်ငန်းများအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲခွင့်ရှိခြင်း၊
(ဏ) စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်း သို့မဟုတ် ပြည်တွင်းပြည်ပပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်၍ ဆောင်ရွက်ခွင့်ရှိခြင်း၊
(တ) အစိုးရထံမှဖြစ်စေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပပုဂ္ဂိုလ်တို့ထံမှ ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့်အညီငွေချေးယူပိုင်ခွင့်ရှိခြင်း၊ အထောက်အပံ့များ ရယူပိုင်ခွင့် ရှိခြင်း၊
(ထ) ကော်မတီသည်လုပ်ငန်းတာဝန်များကို အခြေခံလျက်လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများ ဖွဲ့စည်းပိုင်ခွင့်ရှိခြင်း၊
(ဒ) ဝန်ကြီးချုပ်က အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၇)
လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများ ဖွဲ့စည်းခြင်း

၂၆။ ဤဥပဒေအရပြဋ္ဌာန်းထားသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများကိုအောက်ပါအတိုင်း ဖွဲ့စည်းရမည် -
(က) လုပ်ငန်းတာဝန်ခံအဖွဲ့များ
(၁) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့
(၂) အဆောက်အဦဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့
(၃) လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့
(၄) ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့
(၅) ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့
(၆) ပြည်သူ့ကျန်းမာရေးနှင့်စျေးများ လုပ်ငန်းတာဝန်ခံအဖွဲ့
(၇) ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံအဖွဲ့
(ခ) ဌာနများ
(၁) စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
(၂) လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
(၃) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန
၂၇။ (က) ကော်မတီသည် လုပ်ငန်းတာဝန်ခံအဖွဲ့များ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် သင့်လျော်သည့် ကော်မတီဝင်တစ်ဦးဦးကို ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြင်ပပညာရှင် သုံးဦးကို အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သင့်လျော်သည့် ဝန်ထမ်းအကြီးအမှူးတစ်ဦးကို အတွင်းရေးမှူးအဖြစ် လည်းကောင်း ဖွဲ့စည်းရမည်။
(ခ) လုပ်ငန်းတာဝန်ခံအဖွဲ့၏ သက်တမ်းသည် ကော်မတီ၏ သက်တမ်းအတိုင်းဖြစ်သည်။
၂၈။ ကော်မတီသည်-
(က) အစိုးရအဖွဲ့က အတည်ပြုသော ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းသော ဝန်ထမ်းအဖွဲ့ အတွက် လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်သည်။
(ခ) ဝန်ထမ်းများခန့်ထားရာတွင် စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်မည့် ဝန်ထမ်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဥပဒေနှင့်အညီ လွှဲပြောင်းရယူခန့်ထားနိုင်သည်။
(ဂ) ဝန်ထမ်းများအား လစာ၊ စရိတ်၊ ကရုဏာကြေးနှင့် ပင်စင်ခံစားခွင့်ပြုနိုင်သည်။

အခန်း(၈)
မြို့ပြစီမံကိန်းများရေးဆွဲခြင်း၊ဇုန်များသတ်မှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း

၂၉။ ကော်မတီသည်-
(က) မြို့ပြစီမံကိန်းများရေးဆွဲ ၍ ငါးနှစ်တစ်ကြိမ် ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်ရမည်။
(ခ) လက်ရှိ မြို့တော်နယ်နိမိတ် အတွင်း၌ ဖြစ်စေ၊ တိုးချဲ့မည့် နေရာဒေသ အတွင်း၌ ဖြစ်စေ မြို့ပြစီမံကိန်းများရေးဆွဲရန်အတွက် မြေပိုင်ဆိုင်မှု မူဝါဒများနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲရမည်။
(ဂ) မြို့ပြအင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိသည့်နေရာများတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များနှင့် ညှိနှိုင်း၍ စနစ်တကျမြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းများ ပြုနိုင်သည်။
(ဃ) စည်ပင်သာယာပိုင်မြေများ ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရန် ကြော်ငြာများဖြင့် အသိပေးခြင်း၊ နယ်နိမိတ်ကျောက်တိုင်များစိုက်ထူခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ခြံစည်းရိုးပင်များ စိုက်ပျိုးထားရှိခြင်း၊ သတ်မှတ်ထားသောနေရာများတွင် ထင်သာမြင်သာရှိအောင် တာဝန်ရှိ သူများမှ ကြေညာခြင်း၊ ကျူးကျော်ခြင်း မပြုလုပ်နိုင်ရန် စောင့်ကြည့်ခြင်း၊ ကျူးကျော်မှုပြုလျှင် ပြုခြင်း တားဆီးဖယ်ရှားခြင်း၊ ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက်အဦများ၊ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ပြုရမည်။
(င) မြို့တော် နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးနှင့်ရပ်ကွက်များရှိ လူနေအိမ်ခြေများနှင့် ပတ်ဝန်းကျင်အခြေအနေများကို လိုအပ်သလိုစစ်ဆေး၍ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှု ရှိစေရန်အတွက်ကြပ်မတ်ဆောင်ရွက်ရမည်။
၃၀။ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းကိစ္စများ လုပ်ကိုင်ဆောင်ရွက်လိုလျှင် ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည် -
(က) မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချခြင်း၊ အဆောက်အအုံတည်ဆောက်ခြင်း၊ မြေပြုပြင်ခြင်း၊
(ခ) အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များတည်ထောင်ခြင်း၊ လုပ်ကိုင်ခြင်း၊
(ဂ) လမ်းနှင့်တံတားဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်မီးတိုင်များ၊ မြေပေါ်မြေအောက်ဆက်သွယ်ရေးကွန်ရက်များ၊ နန်းကြိုးများ၊ ပြွန်များနှင့် ပိုက်လိုင်းများ ဆက်သွယ်ခြင်း၊ မြေအောက်ဥမင်လိုဏ်ခေါင်းများ ဆောက်လုပ်ခြင်း။
၃၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ယာဉ်များရပ်နားရန် နေရာသတ်မှတ်ခြင်း၊ စည်းကမ်း သတ်မှတ်ခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းတို့ကိုပြုရမည်။
၃၂။ ကော်မတီသည် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်စေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်နှင့်ရပ်ကွက်များတွင်အခြေချနေထိုင်သင့်သည့် လူဦးရေကို သတ်မှတ်နိုင်သည်။
၃၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အဦများကို မူလလက်ရာ မပျက် ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းများဆောင်ရွက်ရမည်။
၃၄။ ကော်မတီသည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့ပြစီမံကိန်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ရေးဆွဲ၍ ဇုန်နယ်မြေများသတ်မှတ်ရမည်။
၃၅။ ကော်မတီသည် မြို့ပြစီမံကိန်းများ ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်ရမည် -
(က) လမ်းနှင့်တံတားများတည်ဆောက်ခြင်း၊
(ခ) မိလ္လာပြွန်မြောင်းနှင့် မြေပြင်ပြွန်မြောင်းဆောက်လုပ်ခြင်း၊ အညစ်အကြေး စွန့်ပစ်ခြင်း စသည်တို့အတွက် မြေပြုပြင်ရန်နှင့် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးခြင်း၊
(ဂ) ကော်မတီပိုင်အဆောက်အအုံ၊ လမ်း၊ စင်္ကြံ၊ ပန်းခြံနှင့် ဈေးများ ကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဃ) ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ဈေး၊ အစိုးရရုံး ဌာန၊ လမ်းမကြီးများနှင့် အနာဂတ် စီမံကိန်းများအတွက် မြေကွက်လပ်နေရာများထားရှိခြင်း၊
(စ) သုသာန်များ၊ ကြီးမားသော အိမ်သုံးအမှိုက်များ စွန့်ပစ်ရန်အတွက် နေရာများ၊ စွန့်ပစ် အမှိုက်များကြားခံလွှဲပြောင်းသည့်နေရာနှင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ တည်ဆောက်ခြင်း။
၃၆။ ကော်မတီသည် မြို့ပြစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပပညာရှင်များ၊ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ၊ ကျွမ်းကျင်မှုအကူအညီများနှင့် လိုအပ်သော အထောက်အပံ့များရရှိရန်အတွက် သင့်လျော်သည့်အစီအမံများကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ရယူဆောင်ရွက်ရမည်။
၃၇။ ကော်မတီသည် မြို့ပြစီမံကိန်းဆိုင်ရာ မြေယာမှတ်တမ်းများနှင့် မြေပုံများကို ခေတ်မီနည်းစနစ် များဖြင့် ပြုစုထိန်းသိမ်းထားရှိရမည်။

အခန်း (၉)
မြေများကိုစီမံခန့်ခွဲခြင်း

၃၈။ ကော်မတီသည်-
(က) ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ တည်ဆဲဥပဒေများနှင့်အညီ သိမ်းယူထားသောမြေ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထားသော မြေ၊ ပုဂ္ဂလိကပိုင်မြေနှင့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်တစ်ခုခုဖြင့် ပုဂ္ဂလိကအား နေထိုင် အသုံးပြုခွင့်ပေးထားသော မြေများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။
(ခ) မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချထားပေးသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ အတွက် သတ်မှတ်သည့်ကာလအတွင်း ပေးသွင်းရမည့်ငွေများကို အပြေအကျေ ကောက်ခံခွင့် ရှိသည်။
(ဂ) မြေငှားစာချုပ်များ၊ လိုင်စင်များ၊ ပါမစ်များထုတ်ပေးခြင်း၊ သက်တမ်းသတ်မှတ်၍ နေထိုင်ခွင့် အသုံးပြုခွင့်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် စည်းကမ်းဖောက်ဖျက်ပါက ယင်းတို့ကို ဖျက်သိမ်းခြင်းပြုနိုင်သည်။
၃၉။ ကော်မတီသည် အများပြည်သူအကျိုးအတွက် မြေနှင့်အဆောက်အအုံများကို ရယူရန်လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ရယူပြီး ကာလတန်ဖိုးဖြင့် ဝယ်ယူနိုင်သည်။
၄၀။ ကော်မတီသည် တရားဝင်ထုတ်ပေးထားသော မြေငှားစာချုပ်၊ ပါမစ်နှင့်ခွင့်ပြုချက်အမိန့်များကို အတုအပပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ကြောင်း စိစစ်တွေ့ရှိလျှင် ပယ်ဖျက်ရမည်။
၄၁။ ကော်မတီသည်-
(က) မြေပိုင်ဆိုင်သူ သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်ဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ် ဖြစ်စေ မြေကိုတိုင်းတာပေးရန် သို့မဟုတ် ပြန်လည်တိုင်းတာပေးရန် လျှောက်ထားလာလျှင် သတ်မှတ်သည့် ဝန်ဆောင်ခဖြင့် တိုင်းတာပေးရမည်။
(ခ) မြေပိုင်ဆိုင်သူ သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်ဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ် ဖြစ်စေ သက်သေခံမြေပုံများ ရေးဆွဲပေးရန် လျှောက်ထားလာလျှင် သတ်မှတ်သည့် ဝန်ဆောင်ခဖြင့် ရေးဆွဲပေးရမည်။
၄၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြေကွက်များ ခွဲစိတ်ခြင်းနှင့် စပ်လျဉ်း၍-
(က) မြေကွက်ခွဲစိတ်လိုသူသည် စည်းကမ်းချက်များနှင့်အညီ မြေကွက်ခွဲစိတ်ခွင့်အတွက် ကော်မတီသို့ ကြိုတင်လျှောက်ထားရမည်။ ကော်မတီသည် လိုအပ်သလိုစိစစ်ပြီး လျှောက်ထားသည့် မြေကွက်ခွဲပုံစံအတိုင်းဖြစ်စေ၊ ကော်မတီမှ သင့်လျော်သလို ပြုပြင်ပြောင်းလဲထားသည့် မြေကွက်ခွဲ ပုံစံအတိုင်းဖြစ်စေ ခွင့်ပြုချက်ပေးနိုင်သည်။
(ခ) ကော်မတီသည်မြေကွက်တစ်ကွက်ကို မြို့ပြစီမံကိန်းအရခွဲစိတ်ရန် လိုအပ်ပါက၎င်းမြေကွက် ပိုင်ဆိုင်သူထံသတ်မှတ်သည့် အချိန်ကာလအတွင်းမြေကွက်ခွဲ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်တင်ပြရန် နို့တစ်စာထုတ်ဆင့် ညွှန်ကြားနိုင်သည်။ ယင်းညွှန်ကြားချက် နှင့်အညီ ပိုင်ဆိုင်သူက မြေကွက်ခွဲပုံစံတင်ပြလာလျှင် အတည်ပြုချက်ပေးနိုင်သည်။
(ဂ) မြေကွက်ပိုင်ဆိုင်သူသည် နို့တစ်စာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ မြေကွက်ခွဲစိတ်ပုံစံကိုတင်ပြရန်ပျက်ကွက်ခဲ့လျှင် ကော်မတီကမြေကွက်ခွဲပုံစံကို သင့်လျော် သလို ရေးဆွဲအတည်ပြုပြီး ထိုပုံစံအတိုင်း လက်ခံဆောင်ရွက်ရန် မြေကွက်ပိုင်ဆိုင်သူထံ တစ်နည်းနည်းဖြင့် အကြောင်းကြားနိုင်သည်။
(ဃ) မြေကွက်ပိုင်ဆိုင်သူသည် ပုဒ်မခွဲ (ခ) အရဖြစ်စေ၊ ပုဒ်မခွဲ (ဂ) အရဖြစ်စေ အတည်ပြုထားသည့် မြေကွက်ခွဲပုံစံနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိလျှင် အစိုးရအဖွဲ့ထံ တင်ပြခွင့်ရှိသည်။ အစိုးရ အဖွဲ့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
၄၃။ ကော်မတီသည် ကော်မတီပိုင်မြေများနှင့်ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို စနစ်တကျတိုင်းတာ၍ မှတ်တမ်းများထားရှိရမည်။
၄၄။ ကော်မတီသည်ကော်မတီပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးမြေများနှင့်စပ်လျဉ်း၍ စာရင်းပြုစုထိန်းသိမ်း ထားရှိရမည်။
၄၅။ ကော်မတီသည်-
(က) မြေငှားစာချုပ်များ၊ မြေငှားလိုင်စင်များ၊ ပါမစ်များ၊ သာသနာဂရန်များ လျှောက်ထားလာလျှင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးပိုင်ခွင့်ရှိသည်။
(ခ) မြေပိုင်ရှင်အမည်လွှဲပြောင်းပေးခြင်းများကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ပေးပိုင်ခွင့်ရှိသည်။
၄၆။ ကော်မတီသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေခွန်မြေခများကို စည်းကြပ်ကောက်ခံရမည်။
၄၇။ ကော်မတီသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လွှဲပြောင်းပေးသည့် တိုးချဲ့အိမ်ရာမြေကွက်သစ် များ၏ မြေပုံများကို ထိန်းသိမ်းထားရှိရမည်။
၄၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပိတ်သိမ်းပြီးဖြစ်သည့်သုသာန်မြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ စီမံခန့်ခွဲရမည်။
၄၉။ ကော်မတီသည် အများပြည်သူတို့၏ လိုအပ်ချက်အရ အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရှာဖွေနိုင်သည်။
၅၀။ ကော်မတီသည် ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် အဆောက်အအုံနှင့် ပစ္စည်းများကိုကျူးကျော် ဆောက်လုပ်၊ စုပုံထားကြောင်း စစ်ဆေးတွေ့ရှိလျှင် ထိုသို့ကျူးကျော် ဆောက်လုပ်နေထိုင် စုပုံထားသူတို့ကို ရက်ပေါင်း ၃ဝ အတွင်း ဖယ်ရှားရှင်းလင်းပေးရန် အမိန့်ထုတ်ဆင့်ရမည်။
၅၁။ ပုဒ်မ ၅၀ အရ ထုတ်ဆင့်သည့်အမိန့်ကို လိုက်နာရန် ပျက်ကွက်လျှင် ကျူးကျော်သူ နှင့်တကွ အဆောက်အအုံများနှင့်ပစ္စည်းများကို စနစ်တကျဖယ်ရှားရန်အတွက် အစိုးရအဖွဲ့ထံမှ လုံခြုံရေးနှင့် အခြား လိုအပ်သည့် အကူအညီများရယူဆောင်ရွက်နိုင်သည်။
၅၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ဂရန်မြေနှင့်ပါမစ်မြေများမှအပ ကော်မတီကအငှားချထားသော မြေဖြစ်စေ၊ မြေနှင့်အဆောက်အအုံဖြစ်စေ၊ ဆိုင်ခန်းဖြစ်စေအငှားချထားခြင်းခံရသူတို့က အငှားချထား သည့် စာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် အငှားချ ထားခြင်းကိုရပ်စဲ၍ သတ်မှတ်ကာလအတွင်း ဖယ်ရှားအရေးယူဆောင်ရွက်နိုင်သည်။
၅၃။ ကော်မတီသည် ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် ကျူးကျော်သည့် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာကိုမဆို ဤဥပဒေပုဒ်မ ၅၀၊ ပုဒ်မ ၅၁နှင့် ပုဒ်မ ၅၂ တို့နှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း(၁၀)
ပန်းဥယျာဉ်နှင့်အားကစားကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၅၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူတို့ အနားယူအပန်းဖြေနိုင်စေရန် ပန်းဥယျာဉ်များ၊ ပန်းခြံများ၊ မြေကွက်လပ်များ၊ ရှုခင်းနေရာများနှင့် ကစားကွင်းများကို တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်ရမည်-
(က) သင့်လျော်သည့်နေရာများ၌ ပန်းဥယျာဉ်များ၊ ပန်းခြံများ၊ မြေကွက်လပ်များ၊ ရှုခင်းနေရာများ နှင့် အားကစားကွင်းများကို တည်ဆောက်ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊
(ခ) လိုအပ်သောနေရာများ၌ ပန်းဥယျာဉ်၊ ပန်းခြံ၊ မြေကွက်လပ်၊ ရှုခင်းနေရာများနှင့် အားကစား ကွင်းများ အသစ်တည်ဆောက်ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊
(ဂ) တည်ဆောက်ထားရှိပြီးဖြစ်သည့် ပန်းဥယျာဉ်များ၊ ပန်းခြံများ၊ မြေကွက်လပ်များ၊ ရှုခင်းနေရာများနှင့် အားကစားကွင်းများကို ပြုပြင်ထိန်းသိမ်းခြင်း။
၅၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စိမ်းလန်းစိုပြည်လှပမှုရှိစေရေးအတွက် စီမံဆောင်ရွက် ရမည်။
၅၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပြည်သူများအပန်းဖြေနေရာများရှိ ရေကန်များ၊ ရေကန်ပေါင်များ၊ ရေဖြန့်ဝေသည့်ရေပန့်များ၊ ရေပိုက်များကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုနိုင်ရန် ကြပ်မတ်ခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်။
၅၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စိမ်းလန်းစိုပြည်လှပမှုရှိစေရေးအတွက် အပန်းဖြေနေရာများ၊ လမ်းဘေးများ၌စိုက်ပျိုးထားသော သို့မဟုတ် သဘာဝအလျောက်ပေါက်နေသော သစ်ပင်၊ ပန်းပင် များကို ခုတ်လှဲခြင်း၊ သစ်ကိုင်းသစ်ခက်များ ချိုးဖဲ့ခုတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများမပြုလုပ်ရန် ကြပ်မတ်ခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်။
၅၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အပန်းဖြေနေရာများတွင် သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးရေးဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ ပွဲလမ်းသဘင် ဖျော်ဖြေပွဲများ၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများကို ခင်းကျင်းပြုလုပ်ဆောင်ရွက်နိုင်သည် သို့မဟုတ် ခွင့်ပြုနိုင်သည်။
၅၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ပန်းဥယျာဉ်၊ ပန်းခြံများတွင် ဖွင့်လှစ်ထားရှိသော ဆိုင်များကို ကြီးကြပ်ဆောင်ရွက်ရမည်။
၆ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း-
(က) ကော်မတီပိုင် ပျိုးခြံများတည်ထောင်၍ ပျိုးပင်များကို သင့်လျော်သောဈေးနှုန်းဖြင့်ရောင်းချနိုင်သည်။
(ခ) စီးပွားရေးအလို့ငှာ ပျိုးခြံတည်ထောင်လိုသူများ၊ ပျိုးပင်အရောင်းဆိုင် ဖွင့်လှစ်လိုသူများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုနိုင်သည်။
၆၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူကျန်းမာ ကြံ့ခိုင်ပျော်ရွှင်စေရေး အတွက် သင့်လျော်သောနေရာများတွင် အားကစားကွင်းများ၊ အားကစားရုံများ တည်ထောင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အခါအားလျော်စွာ အားကစားပြိုင်ပွဲများကျင်းပပေးရမည်။
၆၂။ ကော်မတီသည် အားကစားကွင်းများ၊ အားကစားရုံများ တည်ဆောက်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းတို့အတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များထံမှ အလှူငွေများ၊ ထောက်ပံ့ငွေများ၊ ပစ္စည်းများနှင့် အခကြေးငွေများကို လက်ခံ ရယူ၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲနိုင်သည်။
၆၃။ ကော်မတီသည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များထံမှ အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားပစ္စည်းများကို လွှဲပြောင်း ရယူ၍သော်လည်းကောင်း၊ ငှားရမ်း၍သော်လည်းကောင်း အသုံးပြုနိုင်သည်။
၆၄။ ကော်မတီသည် ပျော်ရွှင်ဖွယ်အားကစားပွဲများ၊ ကျန်းမာရေးလေ့ကျင့်ခန်းမများ၊ အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားခန်းမများ၊ ရေကူးကန်များ၊ အားကစားနည်းပညာ သင်တန်းကျောင်း များအား စီးပွားရေးအလို့ငှာဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

အခန်း(၁၁)
အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၆၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-
(က) စည်ပင်သာယာရေးလုပ်ငန်းများအတွက် လိုအပ်သောအဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း၊
(ခ) အဆောက်အအုံများကို စည်းကမ်းချက်များသတ်မှတ်၍ဆောက်လုပ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ ဆောက်လုပ်ပြီးစီးပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ပြီး အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ နေထိုင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ဂ) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းပြုရာတွင် ရေမြောင်းများကို သတ်မှတ်ချက် များနှင့်အညီ ကော်မတီပိုင်ရေမြောင်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်စေခြင်း၊
(ဃ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေပေါ်မှစီးဆင်းသည့် ရေကြောင့် အများပြည်သူအား ကျန်းမာရေးနှင့် သန့်ရှင်းရေးထိခိုက်မှုမရှိစေရန်၊ သက်ဆိုင်ရာလမ်းများနှင့် အခြားပစ္စည်းများကို ထိခိုက်ပျက်စီးခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရေတံလျှောက်၊ ရေဆင်းပိုက်၊ ရေမြောင်း စသည်တို့ကို ပြုလုပ်စေခြင်း သို့မဟုတ် ပြုပြင်စေခြင်း၊
(င) အများပြည်သူအတွက် နေအိမ်အဆောက်အအုံများ၊ အခန်းများ၊ စုပေါင်းပိုင် အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် တစ်နည်းနည်းဖြင့် နေထိုင်ခွင့်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်း၊
(စ) ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုခန်းများအား ဆောက်လုပ်ခွင့်ပေးခြင်း၊ ကြီးကြပ်ခြင်း နှင့် စစ်ဆေးခြင်း၊
(ဆ) မသန်စွမ်းသူများအလွယ်တကူအဆင်ပြေစွာသွားလာရေးအတွက် အများပြည်သူအသုံးပြု သော အဆောက်အအုံများ၊ လမ်းများနှင့်နေရာများကို ဆောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် လိုအပ်သောအစီအမံများချမှတ်ဆောင်ရွက်ခြင်း၊
(ဇ) လမ်းအမည် သတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ် သတ်မှတ်ခြင်း၊
(စျ) အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများတွင် အတားအဆီးများ၊ မလွတ်မကင်း အန္တရာယ်ရှိသောအရာများနှင့် အဆောက်အအုံများမှစွန်းထွက်သောအရာများကို ဖယ်ရှား စေခြင်းနှင့် ဖယ်ရှားခြင်း၊
(ည) မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ်သော ဆေးရောင်များ သုတ်စေခြင်း၊ ဝင်းမခတ်သည့် ခြံမြေကိုဝင်းခြံခတ်စေခြင်း၊ ဟောင်းနွမ်းယိုယွင်းသည့် ဝင်းခြံ ကိုပြုပြင်စေခြင်း၊
(ဋ) ပုဒ်မခွဲ (ည) အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါကကော်မတီ၏ အစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင်သို့မဟုတ် လက်ရှိနေထိုင်သူ ထံ တောင်းဆိုခြင်း၊
(ဌ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် အလို့ငှာကန်ထရိုက်တာအဖြစ် မှတ်ပုံတင်လိုင်စင်ထုတ်ပေးခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ဆက်နွှယ်သည့် အခြားလုပ်ငန်းများကို လိုင်စင်ထုတ်ပေးခြင်း။
၆၆။ (က) ကော်မတီသည်အများပြည်သူသိရှိရန်အတွက် အောက်ပါအချက်များကိုထုတ်ပြန်ကြေညာရမည် -
(၁) ဆောက်လုပ်ပြုပြင်မည့် အဆောက်အအုံများ၏ မျက်နှာစာတိုးမြှင့်ခြင်း၊ ဆောက်လုပ် ခြင်းများအား နေရာဒေသအလိုက် ကော်မတီမှ သတ်မှတ်သည့် ဗိသုကာဆိုင်ရာ လိုအပ်ချက်များနှင့်လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊
(၂) တစ်သီးတစ်ခြားစီရှိသည့် အဆောက်အအုံများကိုသာ ဆောက်လုပ်ရန်သော်လည်းကောင်း၊ နံရံချင်းဆက်စပ်နေလျက်ရှိသော အဆောက်အအုံများကိုသာ ဆောက်လုပ်ရန်သော်လည်းကောင်း၊ ၎င်းအမျိုးအစားနှစ်မျိုးစလုံးကို ဆောက်လုပ်ရန်သော်လည်းကောင်း ခွင့်ပြုနိုင်မည့်နေရာဒေသများ၊
(၃) မြေအကျယ်အဝန်းအလိုက်အဆောက်အအုံအရေအတွက် ကန့်သတ်ထားရှိသည့် နယ်မြေဒေသများ၊
(၄) ဈေးဆိုင်များ၊ ကုန်လှောင်ရုံများ၊ ကုန်ထုတ်စက်ရုံများ၊ တဲများ၊ ထူးခြားသည့် ဗိသုကာ အဆောက်အအုံများ သို့မဟုတ် သီးခြား အသုံးပြုရန် ရည်ရွယ်သည့် အဆောက်အအုံများ စသည်တို့ကို ဆောက်လုပ်ရန်အတွက် ထူးခြားသော အခြေအနေအရ ကော်မတီ၏ သီးခြားခွင့်ပြုမိန့်မှတစ်ပါး ဆောက်လုပ်မှု မပြုနိုင်သည့်လမ်းများ၊ လမ်း၏အစိတ်အပိုင်းများ သို့မဟုတ်နယ်မြေဒေသများ။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်သော ကြေညာချက်ကိုကျေနပ်မှုမရှိလျှင် ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၁၂၀ အတွင်း ကန့်ကွက်လွှာ တင်သွင်းခွင့် ရှိသည်။
(ဂ) ကော်မတီသည် သတ်မှတ်ထားသောကာလအတွင်း လက်ခံရရှိသည့် ကန့်ကွက်လွှာ အားလုံးကို စိစစ်သုံးသပ်ပြီး ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည့် နောက်ဆုံး နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကော်မတီ၏ စိစစ်သုံးသပ်ချက်များနှင့်အတူ အစိုးရအဖွဲ့ထံတင်ပြရမည်။
(ဃ) ကော်မတီသည် အစိုးရအဖွဲ့က ဆုံးဖြတ်အတည်ပြုသည့်အတိုင်း နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုကြေညာချက်ထုတ်ပြန်သည့် နေ့ရက်မှစ၍ အာဏာတည်စေရမည်။
၆၇။ ကော်မတီသည်-
(က) ဖောက်လုပ်ပြီး သို့မဟုတ် ဖောက်လုပ်မည့် အများပိုင်လမ်းတစ်ခုခုအတွက် လမ်းနယ်သတ်မျဉ်း သို့မဟုတ် အဆောက်အအုံနယ်သတ်မျဉ်း သို့မဟုတ် နှစ်ခုစလုံးကို သတ်မှတ်ရန် လိုအပ် ပါက အဆိုပါသတ်မှတ်ချက်ကို အများသိစေရန်ကြေညာရမည်။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်သော ကြေညာချက်ကို ကျေနပ်မှုမရှိလျှင် ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကန့်ကွက်လွှာတင်သွင်း ခွင့်ရှိသည်။
(ဂ) ကော်မတီသည် သတ်မှတ်ထားသော ကာလအတွင်း လက်ခံရရှိသည့် ကန့်ကွက်လွှာ အားလုံးကိုစိစစ်သုံးသပ်ပြီး ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည့် နောက်ဆုံးနေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကော်မတီ၏ စိစစ်သုံးသပ်ချက်များနှင့်အတူ အစိုးရအဖွဲ့ထံ တင်ပြရမည်။
(ဃ) ကော်မတီသည် အစိုးရအဖွဲ့က ဆုံးဖြတ်အတည်ပြုသည့်အတိုင်း နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုကြေညာချက် ထုတ်ပြန်သည့် နေ့ရက်မှစ၍ အာဏာတည်စေရမည်။
(င) အတည်ပြုထားသော အဆောက်အအုံနယ်သတ်မျဉ်းနှင့် လမ်းနယ်သတ်မျဉ်းကြားမည်သည့် အဆောက်အအုံလုပ်ငန်းကိုမျှ ဆောက်လုပ်ခြင်းမပြုရန် စစ်ဆေးကြပ်မတ်ရမည်။
၆၈။ ကော်မတီသည်-
(က) ပုဒ်မ ၆၇ အရ သတ်မှတ်ထားသောလမ်းနယ်သတ်မျဉ်းကိုကျော်လွန်၍ မည်သည့် အဆောက်အအုံလုပ်ငန်းကိုမဆို လုပ်ဆောင်ခြင်းမပြုရန်စစ်ဆေးကြပ်မတ်ရမည်။
(ခ) မြေရှင်တစ်ဦး၏မြေအတွင်း လမ်းနယ်သတ်မျဉ်း ကျရောက်ခြင်းကြောင့် အဆောက်အဦ တည်ဆောက်ခွင့်ဆုံးရှုံးလျှင် ယင်းမြေရှင်၏အကျိုးစီးပွားပျက်စီးသည့်အတွက်လျော်ကြေး ငွေတောင်းဆိုခြင်းကို ခွင့်ပြုနိုင်သည်။
(ဂ) လမ်းနယ်သတ်မျဉ်းအကြား ကျရောက်သည့် မြေအတွက် မြေရှင်အား ထိုက်တန်သော လျော်ကြေးငွေကိုပေးပြီးသည့်အခါ ထိုလမ်းနယ်မြေအတွင်း ကျရောက်သွားသည့် အဆိုပါ မြေအစိတ်အပိုင်းသည် ကော်မတီပိုင်အဖြစ် သတ်မှတ်ရမည်။
၆၉။ ကော်မတီသည်-
(က) လမ်းနှစ်လမ်း၏ထောင့်တွင် ဆောက်လုပ်မည့် အဆောက်အအုံတစ်ခုခုကို ဗိသုကာ ဆိုင်ရာ လိုအပ်ချက်များအရ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် လမ်းသွားလမ်းလာ နှင့် ယာဉ်များအတွက် မြင်ကွင်းဖုံးကွယ်မှု မဖြစ်ပေါ်စေရန် သင့်လျော်သည့် ပုံသဏ္ဍာန် ဖြစ်စေ၊ မြင်ကွင်းရရှိစေရန်ဖြစ်စေ၊ နောက်ဆုတ်၍ဖြစ်စေ ညီညာအောင်တိမ်းဖယ်ဆောက်လုပ်ရန် ညွှန်ကြားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) ပါညွှန်ကြားချက်အတိုင်း လိုက်နာရသဖြင့် ဆုံးရှုံးသွားရသည့် နစ်နာသူ၏ မြေအစိတ်အပိုင်းအတွက်ပိုင်ရှင်မှ လျော်ကြေးငွေတောင်းခံပိုင်ခွင့်ပြုနိုင်သည်။ ကော်မတီက သင့်လျော်သည့် လျော်ကြေးငွေကို ပိုင်ရှင်အားပေးပြီးလျှင် အဆိုပါမြေအစိတ်အပိုင်းသည် ကော်မတီပိုင်အဖြစ် သတ်မှတ်ရမည်။
၇၀။ (က) မည်သူမဆိုအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရေးအတွက် ကော်မတီ ထံသို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားရမည်။ ကော်မတီသည် လျှောက်လွှာလက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားခဲ့၍ ကော်မတီက လိုအပ်သော ပြန်ကြားချက် တစ်စုံတစ်ရာကို သတ်မှတ်သောအချိန်ကာလအတွင်း ပြန်ကြားခြင်းမရှိလျှင် လျှောက်ထား သူသည် လုပ်ကိုင်လိုသော အဆောက်အအုံဆောက်လုပ်ရန် ခွင့်ပြုချက်ကို ကော်မတီထံမှ ရရှိပြီးဖြစ်သည်ဟု မှတ်ယူ၍ လျှောက်ထားသည့် အဆောက်အအုံလုပ်ငန်းကိုလုပ်ကိုင်ရန် ဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိစေရမည်။ သို့ရာတွင် ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရာ၌ အဆောက်အအုံလုပ်ငန်းဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပါ သတ်မှတ်ချက် များကို ဆန့်ကျင်ခြင်း မရှိစေရ။
(ဂ) (၁) ကော်မတီသည် အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်မည့်သူ၏ တင်ပြချက်၊ တည်ဆောက်မည့် အဆောက်အအုံ၏ အထပ်အရေအတွက်နှင့် ထုထည်ပမာဏတို့အပေါ် မူတည်၍ ပြီးစီးရမည့်ကာလကို သတ်မှတ်ပေးရမည်။
(၂) အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ခွင့်ပြုမိန့် ရရှိထားသူ တစ်ဦးသည်ခွင့်ပြုမိန့်ကာလအတွင်း အဆိုပါလုပ်ငန်းကိုပြီးစီးအောင် ဆောင်ရွက်ရမည်။
(၃) အဆိုပါ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိလျှင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် သက်တမ်းတိုးခွင့်ပြုပေးရန် ကော်မတီထံသို့ ထပ်မံလျှောက်ထားရမည်။
(၄) ကော်မတီသည် သက်တမ်းတိုးခွင့်ပြုပေးရန် တင်ပြလာသည့် အကြောင်းပြချက် များကို စိစစ်၍ သက်တမ်းတိုး ခွင့်ပြုနိုင်သည်။
၇၁။ ကော်မတီသည် မည်သည့်မြေပိုင်ရှင် သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်ကမဆို မြို့တော်နယ်နိမိတ်အတွင်း မိမိပိုင်မြေကွက် တစ်စုံတစ်ရာပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ လုပ်ငန်းတစ်ရပ်ရပ်ဆောက်လုပ်လျှင်ဖြစ်စေ၊ ခွင့်ပြုပုံစံနှင့်ကွဲလွဲ၍ ဆောက်လုပ်လျှင် ဖြစ်စေ ယင်းလုပ်ငန်းစတင်သည်နှင့် တစ်ပြိုင်တည်း တရားမဝင်ဆောက်လုပ်သူအား ခွင့်ပြုပုံစံအတိုင်း ပြင်ဆင်ဆောက်လုပ်စေခြင်း၊ ဖျက်သိမ်းစေခြင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်းများ ပြုလုပ်ရမည်။
၇၂။ မည်သူမဆိုအဆောက်အအုံတစ်ခုခုကိုအသစ်ဆောက်လုပ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရာ၌အများပြည်သူဆိုင်ရာနေရာများတွင်ဖြစ်လျှင်သွားလာလုပ်ကိုင်နေထိုင်ကြသူတို့၏အသက်အန္တရာယ် နှင့် အနှောင့်အယှက် မဖြစ်စေရန် လိုအပ်သော ကြိုတင်ပြင်ဆင်ကာကွယ်မှုများကိုဆောင်ရွက်ထားရမည်။
၇၃။ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသည့် အဆောက်အအုံ လုပ်ငန်းတစ်ရပ်ရပ်ကြောင့် ကပ်လျက်ရှိသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ အစိတ်အပိုင်းတစ်ခုခုကို ပျက်စီးချို့ယွင်းစေခဲ့လျှင် ပျက်စီးသည့် အဆောက်အအုံကို ပိုင်ဆိုင်သူ သို့မဟုတ် နေထိုင်သူက ကော်မတီထံသို့ ကန့်ကွက်စာတင်သွင်းနိုင်သည်။ အဆိုပါကန့်ကွက်စာနှင့်စပ်လျဉ်း၍ ကော်မတီကလိုအပ်သည့် စစ်ဆေးမှုများ ကိုအမြန်ဆုံးပြုလုပ်စေရမည်။ ပျက်စီးမှုအတွက်ဆောက်လုပ်သူတွင်တာဝန်ရှိသည်ဟု ဆုံးဖြတ်ပါကကော်မတီသည် သင့်လျော်သည့် လျော်ကြေးကိုပေးဆောင်ရန်ညွှန်ကြားရမည်။ လျော်ကြေးအတွက်ပျက်စီးသည့် အဆောက်အအုံ ကို ပိုင်ဆိုင်သူ သို့မဟုတ် နေထိုင်သူကကျေနပ်မှုမရှိလျှင် တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်သည်။
၇၄။ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီးမှုအခြေအနေသည် မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ၊ နောင်တွင်အန္တရာယ်ရှိနိုင်သည်အထိ အခြေအနေ ဆိုးရွားလာနိုင်လျှင်ဖြစ်စေ၊ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်။ ယင်းအဆောက်အအုံပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရ။
၇၅။ (က) မြို့တော်နယ်နိမိတ်အတွင်း ယာယီတဲ၊ ပျဉ်ထောင်အိမ်နှင့် သုံးထပ်အထိ လုံးချင်းအိမ် မှတစ်ပါး အဆောက်အအုံများ ဆောက်လုပ်လိုပါက ကော်မတီက အသိအမှတ်ပြုထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ ကန်ထရိုက်တာတစ်ဦးဦးကိုသာ ငှားရမ်းဆောက်လုပ်ရမည်။
(ခ) သို့သော် ဌာနဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်ရာတွင်သတ်မှတ်ထားသည့် အရည်အချင်း ပြည့်မီသော အဆောက်အအုံတာဝန်ခံ အင်ဂျင်နီယာတစ်ဦးဦးနှင့် ဆောက်လုပ်နိုင်ခွင့် ရှိသည်။ ယင်းသို့ဆောက်လုပ်သည့်လုပ်ငန်းတစ်ခုလုံးအတွက် သက်ဆိုင်ရာဌာနအကြီးအကဲ တစ်ဦးက တာဝန်ယူကြောင်း လက်မှတ်ရေးထိုးပြီး ကော်မတီသို့ တင်ပြရမည်။
၇၆။ ကော်မတီသည် အဆောက်အအုံလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ၊ ကန်ထရိုက်တာ လိုင်စင်ထုတ်ပေးရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လိုင်စင်ရကန်ထရိုက်တာများ၏ လုပ်ငန်းတာဝန်များ၊ အဆင့်အတန်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည် -
(က) နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။
(ခ) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၇၇။ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံ ဆောက်လုပ်ပြီးစီးပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း အဆောက်အအုံ ပြီးစီးကြောင်း အစီရင်ခံစာကို ကော်မတီသို့ တင်ပြရမည်။ ယင်းသို့တင်ပြရာ၌ အဆောက်အအုံ ကိုလည်း စစ်ဆေးခံနိုင်ရန် လိုအပ်ချက်များ အားလုံးအသင့်ပြင်ဆင်ထားရမည်။
၇၈။ ကော်မတီသည်အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ၁၅ ရက်အတွင်း သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ်ဆေးခြင်း၊ မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာစည်းကမ်းချက်များနှင့် ကိုက်ညီသဖြင့် လူနေထိုင်ခွင့်ပြုခြင်း သို့မဟုတ် မူလခွင့်ပြုချက် နှင့် လည်းကောင်း၊ သက်ဆိုင်ရာစည်းကမ်းချက်များနှင့်လည်းကောင်း ကွဲလွဲနေသဖြင့် ပြန်လည်ပြုပြင် ဆောက်လုပ်စေခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရမည်။
၇၉။ (က) ကော်မတီသည်အဆောက်အအုံတစ်ခုဆောက်လုပ်ခြင်း သို့မဟုတ် ထပ်မံဆောက်လုပ်ခြင်း နှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းဖောက်ဖျက်မှုတစ်ခုခုကို ကျူးလွန်ကြောင်းတွေ့ရှိပါက လိုအပ်သည့် အရေးယူမှုများကို ပြုလုပ်ရမည်-
(၁) ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်း၊
(၂) ကော်မတီက ထုတ်ဆင့်အကြောင်းကြားစာတွင် ဖော်ပြထားသည့် တရားဝင် ညွှန်ကြားတောင်းဆိုချက်များကို ပြည့်စုံအောင် လိုက်နာဆောင်ရွက်ခြင်း မပြုသေးဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းတစ်ရပ်ရပ်ကို ဆက်လက်လုပ်ကိုင်နေခြင်း၊
(၃) ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားသော သို့မဟုတ် ထပ်မံဆောက်လုပ်ထားသော သို့မဟုတ် တိုးချဲ့ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခုတွင် ဖြစ်စေ၊ အဆောက်အအုံ၏အစိတ်အပိုင်းကိုဖြစ်စေ ဝင်ရောက်နေထိုင်ခြင်း၊ ဝင်ရောက်နေထိုင် ခွင့်ပြုခြင်း၊ အသုံးပြုခြင်း၊ အသုံးပြုခွင့်ပေးခြင်း။
(ခ) ကော်မတီသည် ပုဒ်မခွဲ (က)အရ ဖောက်ဖျက်ကျူးလွန်မှုတစ်ရပ်ရပ်ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာအဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းမှ ဆောက်လုပ်သူများကိုဖြစ်စေ၊ ဝင်ရောက်နေထိုင်သူများကိုဖြစ်စေ ထိုနေရာမှ အမြန်ဆုံးဖယ်ရှားရန်အတွက် လိုအပ်သော ညွှန်ကြားချက်များကိုထုတ်ပြန်၍ အရေးယူဆောင်ရွက်ရမည်။
၈၀။ ကော်မတီသည် မြို့နယ်အလိုက် တရားမဝင်ဆောက်လုပ်သည့် အဆောက်အအုံများ အတွက် ကြိုတင်တားမြစ်ခြင်းကို ယင်းအဆောက်အအုံအား အုတ်မြစ်ချရန်မြေကြီး လုပ်ငန်းစတင်သည့် အချိန် ကပင် ဆောင်ရွက်ရမည်။ ယင်းသို့ဆောင်ရွက်ရာ၌ ကော်မတီက တာဝန်ပေးအပ်သည့် တာဝန်ရှိသူ သို့မဟုတ် လုပ်ငန်းကြီးကြပ်သူ ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ရမည်။
၈၁။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏အစိတ်အပိုင်း တစ်ခုခုသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း သို့မဟုတ် လူနေထိုင်အသုံးပြုရန် သင့်လျော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် အဆိုပါ အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက်နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်း ကို လိုက်နာခြင်းမရှိပါက ယင်းအဆောက်အအုံမှ ဖယ်ရှားခြင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက်ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
(ခ) အဆိုပါ အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းကို နောက်ဆုံး ဖျက်သိမ်းသည့် အဆင့်သို့မရောက်မီ သက်ဆိုင်ရာ အဆောက်အအုံ ပိုင်ရှင်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မည်သည့်အကြောင်းကြောင့် ထိုသို့အရေးယူဆောင်ရွက်ရန် မသင့်ကြောင်းထုချေတင်ပြလာလျှင် ထုချေတင်ပြခွင့်ပြုရမည်။
၈၂။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံတစ်ခုခုတွင် ဖြစ်စေ၊ ၎င်း၏ နံရံတွင် ဖြစ်စေ၊ ၎င်း၏အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ သစ်ပင်သစ်ကိုင်းများ တွယ်ကပ်ပေါက်ရောက်နေ၍ပျက်စီးယိုယွင်းနေကြောင်း သို့မဟုတ် အန္တရာယ်ရှိနေကြောင်းတွေ့ရှိပါက လိုအပ်သလို ပြင်ဆင်စေရန် သို့မဟုတ် အချိန်မီဖယ်ရှားဖြိုဖျက်စေရန် လိုအပ်သော စည်းကမ်းချက်များ ထုတ်ပြန်၍ အရေးယူဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ နေထိုင်သူများ ပြောင်းရွှေ့ဖယ်ရှားသွားပြီးသည့် အဆောက်အအုံတွင် မည်သူမျှဆက်လက်နေထိုင်ခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်းမပြုရန် ကြပ်မတ်ဆောင်ရွက်ရမည်။
၈၃။ (က) မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံတစ်ခုခု၏ မြေနေရာ၊ မြေမျက်နှာပြင်သည် နိမ့်လွန်းသဖြင့် ရေဆိုးများ စွန့်ထုတ်ရန်ခက်ခဲခြင်း၊ ရေထုတ်မြောင်းများ ဖောက်လုပ်ရန် ခက်ခဲခြင်းတို့ကြောင့် ပတ်ဝန်းကျင်နေထိုင်သူများနှင့် လမ်းသွားလမ်းလာများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ စိတ်ငြိုငြင်မှုများကိုဖြစ်ပေါ်စေကြောင်း ကော်မတီကစစ်ဆေးတွေ့ရှိ လျှင် နိမ့်ကျနေသော မြေမျက်နှာပြင်ကို သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်အဆင့် အထိ မြေဖို့ခြင်းလုပ်ငန်းကို အဆောက်အအုံပိုင်ရှင်က စနစ်တကျ ဆောင်ရွက်ရန် အတွက် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ ကော်မတီ၏ ညွှန်ကြားချက် သို့မဟုတ် လုပ်ဆောင်မှု တစ်ရပ်ရပ်ကို သက်ဆိုင်ရာ အဆောက်အအုံပိုင်ရှင် သို့မဟုတ် နေထိုင်သူက လိုက်နာရန် ပျက်ကွက်ခဲ့လျှင် အဆိုပါအဆောက်အအုံနှင့် မြေနေရာကို လူနေထိုင်ရန် မသင့်လျော်ဟု သတ်မှတ်ကြေညာ၍ ယင်းအဆောက်အအုံတွင် နေထိုင်သူများအား ပြောင်းရွှေ့ဖယ်ရှား စေနိုင်သည်။
၈၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အဆောက်အအုံ စစ်ဆေးရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်ပါက သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်သူများဖြင့်ဖွဲ့စည်းဆောင်ရွက်နိုင်သည်။
၈၅။ အဆောက်အအုံဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူအချင်းချင်း အငြင်းပွားလျှင် အငြင်းပွားသူ မည်သူမဆိုကော်မတီသို့ ကန့်ကွက်တိုင်ကြားနိုင်သည်။ ယင်းသို့တိုင်ကြားရာတွင် တိုင်ကြားသူက သတ်မှတ် ထားသည့် ကွင်းဆင်းစစ်ဆေးခနှင့်အာမခံငွေကို ကော်မတီထံ ကြိုတင်ပေးသွင်းရမည်။ ကော်မတီက ယင်းသို့ ပေးသွင်းပြီးနောက် လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရမည်။
၈၆။ (က) ပုဒ်မ ၈၅ အရ စစ်ဆေးရာတွင် တိုင်ကြားသူ၏ တိုင်ကြားချက် မှန်ကန်ကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်။ ကွင်းဆင်း စစ်ဆေးပေးရန်အတွက်ပေးသွင်းထားသည့် ကြိုတင်အာမခံငွေကိုတိုင်ကြားသူအား ပြန်လည် ထုတ်ပေးရမည်။ ကွင်းဆင်းစစ်ဆေးခကို ပြန်လည်ထုတ်ပေးရန်မလို။
(ခ) တိုင်ကြားချက်သည် မှားယွင်းရုံသာမက မရိုးမဖြောင့်သောသဘောဖြင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ကော်မတီကစစ်ဆေးတွေ့ရှိလျှင် ကွင်းဆင်းစစ်ဆေးခနှင့် အာမခံငွေနှစ်ရပ်လုံးကို ကော်မတီ၏ရန်ပုံငွေအဖြစ် သိမ်းယူရမည်။

အခန်း (၁၂)
မြို့ပြအမွေအနှစ်အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

၈၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများကို ရေရှည် တည်တံ့ခိုင်မြဲအောင် မူလလက်ရာမပျက်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပညာရှင်များ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရမည်။
၈၈။ ကော်မတီသည် မြို့ပြအမွေအနှစ်အဆောက်အအုံ ကာကွယ်ထိန်းသိမ်းသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပမှအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်သည်။
၈၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခုကဖြစ်စေ မိမိတို့ လက်ဝယ်ပိုင်ဆိုင်သည့် သို့မဟုတ် အမွေဆက်ခံခွင့်ရှိသည့် မြို့ပြအမွေအနှစ်အဆောက်အအုံ တစ်ခုခု ကို တရားဝင်အပ်နှံလာပါက စနစ်တကျစိစစ်လက်ခံ၍ ထိန်းသိမ်းထားရှိရမည်။
၉၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံတစ်ခုခုသည် ဆွေးမြည့်ခြင်း၊ ပျက်စီးခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းခံရမည့် အန္တရာယ်ရှိခြင်းကို စစ်ဆေးတွေ့ရှိရပါက အဆိုပါအဆောက်အအုံကို မူလအတိုင်း တည်ရှိစေရန် သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူနှင့် အမြန်ဆုံးဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရမည်။
၉၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံအား ဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုခုကိုဖြစ်စေ မူလပုံစံပျက်ယွင်းအောင် ဖျက်ဆီးခြင်း၊ ဖြိုချခြင်း၊ ရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် ကြီးကြပ်ရမည်။
၉၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ ဖြစ်ကြောင်း သိရှိရန် တပ်ဆင်ထားသည့် ကြော်ငြာဆိုင်းဘုတ်များ၊ အမှတ်အသားများ၊ ခြံစည်းရိုး၊ အကာအရံများ စသည်တို့ကို ဖြုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် ကြီးကြပ်ဆောင်ရွက်ရမည်။
၉၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် သတ်မှတ် ထားသော အဆောက်အအုံနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ လုပ်ငန်းတစ်ခုခု လုပ်ကိုင် ဆောင်ရွက်ခြင်းများမပြုလုပ်ရန် ကြီးကြပ်ဆောင်ရွက်ရမည်။
၉၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အအုံများနှင့် စပ်လျဉ်းသည့် ပညာပေး အစီအစဉ်များကို ဆောင်ရွက်ရမည်။
၉၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
၉၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်ပါက အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ရမည်။

အခန်း(၁၃)
စည်ပင်သာယာရေး အခွန်၊ အခများစည်းကြပ်ကောက်ခံခြင်း

၉၇။ (က) ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ အခွန်၊ အခ ဥပဒေနှင့်အညီ အောက်ပါအခွန်၊ အခများကို ကောက်ခံရမည် -
(၁) ပစ္စည်းခွန်၊ မြေခွန်၊ မြေခများနှင့် ပိုင်ဆိုင်ခွန်များ၊
(၂) ရေခွန်၊ ရေဖိုးရေခ၊ မိလ္လာအခွန်၊ မိလ္လာအခ၊ အမှိုက်နှင့်အညစ်အကြေးခွန်၊ အများသုံး အိမ်သာခွန်နှင့် အထွေထွေအခွန်များ၊
(၃) ယာဉ်များနှင့်သက်ဆိုင်သော ဘီးခွန်၊ ညအိပ်ခွန်၊ လမ်းအသုံးပြုခနှင့် ယာဉ်ရပ်နားခများ၊
(၄) ပုဂ္ဂလိကပိုင်စျေးများ၊ ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ကပွဲရုံများ၊ အပန်းဖြေရိပ်သာများ၊ အရောင်းပြခန်းများ၊ ကျန်းမာရေးစင်တာများ၊ သင်တန်းကျောင်းများ၊ မင်္ဂလာခန်းမများ၊ ရပ်နားခရယူထားသောယာဉ်ရပ်နားအဆောက်အအုံများ၊ ပုဂ္ဂလိကပိုင်အားကစားကွင်းများ၊
(၅) စက်ရုံအလုပ်ရုံများ၊ စက်မှုလုပ်ငန်းများ၊ ကုန်တိုက်များ၊ ဂိုဒေါင်များ၊
(၆) ဆိပ်ကမ်းများ၊ ဆိပ်ကမ်းသင်္ဘောကျင်းများ၊
(၇) ကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ ဂေါက်ကွင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များ၊
(၈) စက်သုံးဆီအရောင်းဆိုင်များ၊ ဆီသိုလှောင်ရုံ၊ သိုလှောင်ကန်များ၊
(၉) ပုဂ္ဂလိကဘဏ်များ၊ ပွဲရုံများ၊ စက်မှုဇုန်ရှိအဆောက်အအုံအခန်းများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သောမြေနှင့် အဆောက်အအုံများ၊
(၁၀) ဟိုတယ်၊ မိုတယ်၊ အင်းများ၊ ဝန်ဆောင်မှုပေးသောလူနေတိုက်ခန်းများ (Service Apartments) ၊
(၁၁) လူနေတိုက်ခန်းများ (Apartments) ၊ စုပေါင်းပိုင်အိမ်ရာများ (Condominiums) ၊ လူနေအိမ်များ (Residential Houses) ၊
(၁၂) ဆက်သွယ်ရေးကွန်ရက်များတည်ဆောက်ခြင်း၊
(၁၃) စားသောက်ဆိုင်များ၊
(၁၄) ယာဉ်ဖြင့်လှည့်လည်ရောင်းချခြင်း၊
(၁၅) ယာယီဇာတ်ရုံနှင့် ဈေးရောင်းပွဲတော်များ၊
(၁၆) ကြော်ငြာများ၊
(၁၇) အနှေးယာဉ်ဆိုင်ရာ ကိစ္စရပ်များ၊
(၁၈) ဝန်ဆောင်မှုအကျိုးဆောင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများ။
(ခ) အခွန်၊ အခများကောက်ခံရာတွင် ကိစ္စရပ်တိုင်းအား မြန်မာကျပ်ငွေဖြင့်သာ စည်းကြပ် ကောက်ခံရမည်။
၉၈။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါအဆောက်အအုံနှင့်မြေများအပေါ်တွင် ပစ္စည်းခွန် စည်းကြပ်ကောက်ခံခြင်းမပြုရ-
(၁) ဘာသာရေးအတွက်ဖြစ်သော အဆောက်အအုံများ၊ မြေကွက်များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသည့် အစိတ်အပိုင်းများ၊
(၂) ကော်မတီပိုင်အဆောက်အအုံများ၊ မြေများ၊
(၃) သင်္ချိုင်းမြေများ၊
(၄) အစိုးရအဖွဲ့မှ ကင်းလွတ်ခွင့်ပြုရန် သတ်မှတ်ထားသည့် အစိုးရဆေးရုံ၊ ပရဟိတ ရိပ်သာ စသည်များ။
(ခ) ကော်မတီက အမိန့်၊ ညွှန်ကြားချက်တစ်စုံတစ်ရာ သီးခြားထုတ်ပြန်ထားခြင်း မရှိလျှင် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ပါ အဆောက်အအုံနှင့် မြေများတွင် အောက်ဖော်ပြပါ အခြေအနေ များရှိပါက ပစ္စည်းခွန်စည်းကြပ်ကောက်ခံရမည်-
(၁) စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ကိုင်ခြင်း သို့မဟုတ် ကုန်သွယ်ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်သည့် အဆောက်အအုံနှင့်မြေများ၊
(၂) ရရှိသည့်ငှားရမ်းခကို ဘာသာရေးအတွက်သာ အသုံးပြုသည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ ငှားရမ်းခရရှိသည့် အဆောက်အအုံနှင့်မြေများ။
၉၉။ ပုဒ်မ ၉၈၊ ပုဒ်မခွဲ (က) အရကင်းလွတ်ခွင့်ပြုထားသော အဆောက်အအုံနှင့်မြေများအတွက် ရေပေးခြင်း၊ အမှိုက်သရိုက်များနှင့် အညစ်အကြေးများသိမ်းဆည်းစွန့်ပစ်ခြင်းစသည့် လုပ်ငန်းများကို ကော်မတီနှင့် ညှိနှိုင်း၍ ထိုက်သင့်သော အခကြေးငွေများဖြင့် ဆောင်ရွက်ပေးနိုင်သည်။
၁၀၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါမြေနှင့်အဆောက်အအုံများ အပေါ် အမှိုက်နှင့် အညစ်အကြေးခွန်စည်းကြပ်ရမည်-
(က) ကော်မတီက တာဝန်ယူ၍ အမှိုက်နှင့်အညစ်အကြေးများ သိမ်းဆည်းပေးမည်ဟု ကြေညာ ထားသော ဒေသအတွင်းရှိ မြေနှင့်အဆောက်အအုံများ၊
(ခ) ကော်မတီ၏မိလ္လာပြွန်စနစ်ရှိသည့် နေရာဒေသရှိ မိလ္လာပြွန်နှင့် ဆက်သွယ်ထားသောရေမြောင်း နေရာဒေသအတွင်းရှိ မြေနှင့်အဆောက်အအုံများ။
၁၀၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ရေပေးဝေခြင်းစနစ်မှရယူအသုံးပြုနေသော အဆောက်အအုံနှင့်မြေများကို ရေခွန်စည်းကြပ်ကောက်ခံရမည်။
၁၀၂။ ကော်မတီသည်-
(က) ပစ္စည်းခွန်ကို သက်ဆိုင်ရာအဆောက်အအုံ သို့မဟုတ် မြေကို ပိုင်ဆိုင်သူထံမှ လည်းကောင်း၊ လက်ရှိနေထိုင်သူများထံမှလည်းကောင်း စုပေါင်း၍ဖြစ်စေ၊ တစ်ဦးစီခွဲခြား၍ ဖြစ်စေ စည်းကြပ် ကောက်ခံရမည်။
(ခ) သက်ဆိုင်ရာ အဆောက်အအုံ သို့မဟုတ် မြေပိုင်ဆိုင်သူနှင့် လက်ရှိနေထိုင် အသုံးပြုသူ တို့အချင်းချင်း သဘောတူညီချက်တစ်စုံတစ်ရာ မထားရှိခဲ့သော် ပစ္စည်းခွန်ကို လက်ရှိ နေထိုင်အသုံးပြုသူထံမှ စည်းကြပ်ကောက်ခံရမည်။
၁၀၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနှင့်အဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ် ကောက်ခံရာတွင် နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ စည်းကြပ်ကောက်ခံနိုင်သည်။
၁၀၄။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ သို့မဟုတ် ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ၊ မြေ သို့မဟုတ် ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အခကြေးငွေရယူ၍ ငှားရမ်းထားပါက ပစ္စည်းခွန်စည်းကြပ်ရာ၌ ငှားရမ်းခရရှိငွေပေါင်း၏ သတ်မှတ်သည့်ရာခိုင်နှုန်းကို ရာပြတ် တန်ဖိုးတွင် ထပ်မံထည့်သွင်းသတ်မှတ်ပြီး ပိုင်ရှင်ထံမှ စည်းကြပ်ကောက်ခံရမည်။ သို့သော် နှစ်ဦးသဘောတူစာချုပ်တွင် ငှားရမ်းသူမှပေးဆောင်ရမည်ဟု ထည့်သွင်းဖော်ပြထားပါက စာချုပ်ပါအတိုင်း စည်းကြပ်ကောက်ခံရမည်။
(ခ) ပုဒ်မခွဲ (က) အရ ငှားရမ်းရာတွင် နိုင်ငံခြားငွေဖြင့် ငှားရမ်းခရယူထားပါက ငှားရမ်းသည့် အချိန်မှစ၍ နိုင်ငံခြားငွေဖြင့် စည်းကြပ် ကောက်ခံရမည်။
၁၀၅။ ကော်မတီသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သော မြေနှင့် အိမ်ရာစီမံကိန်း များကို လွှဲပြောင်းရယူပြီးသည့် အချိန်မှစတင်၍ အခွန်စည်းကြပ် ကောက်ခံရမည်။
၁၀၆။ ကော်မတီသည် အများပြည်သူအကျိုးအတွက်အသုံးပြုသော မြေ၊ အဆောက်အအုံနှင့် လုပ်ငန်းများ အပေါ် အခွန်အခအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ကင်းလွတ် ခွင့်ပြုနိုင်သည်။
၁၀၇။ ကော်မတီကစည်းကြပ်ထားသည့် ပစ္စည်းခွန်ကို ခိုင်လုံသော အကြောင်းအချက် မရှိဘဲ အခွန်ထမ်း တစ်ဦးဦး သို့မဟုတ် အစိုးရဌာနဆိုင်ရာများအပါအဝင် အဖွဲ့အစည်းတစ်ခုခုမှ သတ်မှတ်ထားသည့် အချိန် ကာလအတွင်း ထမ်းဆောင်ရန်ပျက်ကွက်လျှင် မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့အရ ကောက်ခံရမည်။
၁၀၈။ ကော်မတီသည် ပစ္စည်းခွန်ကောက်ခံရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်း သို့မဟုတ် ထိုသို့ ကောက်ခံရန်ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ ကောက်ခံသူအားပစ္စည်းခွန်ငွေကို သတ်မှတ်သည့် အချိန်အတွင်း မပျက်မကွက် ကောက်ခံပေးသွင်းရန် ညွှန်ကြားရမည်။
၁၀၉။ ကော်မတီသည် -
(က) ပစ္စည်းခွန် စည်းကြပ်ရန်အတွက် သတ်မှတ်သည့် နည်းစနစ်များနှင့်အညီ မြေနှင့် အဆောက်အအုံများကို နှစ်စဉ်တန်ဖိုးသတ်မှတ်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်ထားသည့် နှစ်စဉ်တန်ဖိုးနှင့် ပစ္စည်းခွန်အပေါ် တွင် ပြင်ဆင် သတ်မှတ်ပေးရန် တင်ပြလာပါက စိစစ် သတ်မှတ်နိုင်သည်။
၁၁၀။ ကော်မတီသည် နိုင်ငံပိုင်အဆောက်အအုံနှင့် မြေများအပေါ်တွင် ပစ္စည်းခွန်ကို တိုင်းဒေသကြီး၏ အခွန်၊ အခဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံရမည်။
၁၁၁။ ကော်မတီသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ရရှိသည့် အရပ်ရပ် အခွန်ဝင်ငွေ စုစုပေါင်း၏ ၅% နှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် စည်းကြပ်ကောက်ခံရမည်။

အခန်း(၁၄)
စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၁၁၂။ ကော်မတီသည် ဥပဒေအရ ကောက်ခံရရှိမည့် အခွန်၊ အခ များကို ပြည့်ဝစွာကောက်ခံရရှိရေး အတွက် လည်းကောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိစေရေးအတွက် လည်းကောင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်။
၁၁၃။ ကော်မတီသည် လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ မှန်ကန်စွာ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထား ရှိရမည်။
၁၁၄။ ကော်မတီသည် စစ်ဆေးရေးအဖွဲ့၏ လွတ်လပ်စွာ စစ်ဆေးတင်ပြချက်အပေါ် လုပ်ငန်းတာဝန်ခံ အဖွဲ့များနှင့် ဌာနများက အလေးထားလိုက်နာစေရန် ကြပ်မတ်ရမည်။
၁၁၅။ ကော်မတီသည် စစ်ဆေးရေးအဖွဲ့များကို လွတ်လပ်စွာ တင်ပြစေရန်နှင့် မှန်ကန်သော တင်ပြချက်များ ဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်ရမည်။

အခန်း(၁၅)
အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ကြီးကြပ်ခြင်းနှင့် စီမံဆောင်ရွက်ခြင်း

၁၁၆။ ကော်မတီသည် လုပ်ငန်းတာဝန်ခံအဖွဲ့များနှင့် ဌာနများဆောင်ရွက်ရမည့် လုပ်ငန်းနှင့် စီမံကိန်း လုပ်ငန်းများအတွက် ပြုစုတင်ပြသော လုပ်ငန်းခန့်မှန်းခြေတန်ဖိုးတွင် ဖော်ပြထားသည့် လုပ်သားအင်အား ပစ္စည်း၊ စက်ယန္တရား၊ လုပ်ငန်းသုံးပစ္စည်း ကိရိယာများ၏ အရေအတွက်နှင့် တန်ဖိုးသတ်မှတ်ချက်များကို ဖြစ်စေ၊ ဒီဇိုင်း၊ ပုံစံများကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်၊ စံညွှန်း၊ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်၍ လုပ်ငန်းခွင့်ပြုမိန့်ပေးခြင်း၊ ပြင်ဆင်ရေးဆွဲစေခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။
၁၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျမှတ်တမ်းပြုစုခြင်း၊ ခေတ်မီနည်းပညာများဖြင့် ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရမည်။
၁၁၈။ ကော်မတီသည် လုပ်ငန်းခွင်များတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်၊ စံညွှန်းကောင်းမွန်စေရေးအတွက် ခေတ်မီနည်းစနစ်များဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ သုတေသန ပြုလုပ်ခြင်းများကို စီမံဆောင်ရွက်ရမည်။
၁၁၉။ ကော်မတီသည် မိမိ၏အစီအစဉ်ဖြင့် ဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့နှင့် အကျိုးတူ ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများတွင် တိုင်းတာပုံထုတ်ခြင်း၊ လုပ်သားအင်အား၊ ပစ္စည်းအင်အား၊ တွက်ချက်ခြင်း လုပ်ငန်းရပ် များကို စနစ်တကျ စီမံဆောင်ရွက်ရမည်။

အခန်း(၁၆)
လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ စင်္ကြံများတည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း

၁၂၀။ ကော်မတီသည် လမ်းများ၊ တံတားများ၊ စင်္ကြံများ ဖောက်လုပ်ခြင်း၊ တည်ဆောက်ခြင်း နှင့် ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရမည်။
၁၂၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင် လမ်းမကြီးများနှင့် လမ်းငယ်၊ လမ်းသွယ်များပေါ်တွင် လမ်းအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကြီးကြပ်ခြင်း ဆောင်ရွက်ရမည်။
၁၂၂။ ကော်မတီသည် အများပြည်သူအကျိုးငှာ လိုအပ်လျှင်လမ်းတစ်လမ်းလုံးကိုသော် လည်းကောင်း၊ လမ်း၏အစိတ်အပိုင်းကိုသော်လည်းကောင်း အချိန်ကာလတစ်ခုသတ်မှတ်၍ ယာယီပိတ်ထားခွင့်ရှိသည်။
၁၂၃။ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူသွားလာရန်ဖြစ်စေ၊ ကိုယ်ပိုင်အသုံးပြုရန် ဖြစ်စေ၊ ကိုယ်ပိုင်လမ်း တစ်ခုခုကို ဖောက်လုပ်လိုလျှင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။
၁၂၄။ ကိုယ်ပိုင်လမ်းတစ်လမ်းကို အများပြည်သူဆိုင်ရာလမ်းအဖြစ်သတ်မှတ်ပေးရန် ဥပစာပိုင်ရှင်များက တင်ပြလာလျှင်ကော်မတီသည်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီစိစစ်၍ ညီညွတ်လျှင်အများပြည်သူ ဆိုင်ရာလမ်းအဖြစ် သတ်မှတ်ကြေညာနိုင်သည်။
၁၂၅။ ကော်မတီသည် အများပြည်သူဆိုင်ရာလမ်းများ၊ အဆောက်အအုံများ၊ ဈေးများနှင့် လိုအပ်သော နေရာများတွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများတပ်ဆင်ခြင်းအတွက် ခွင့်ပြုခြင်းနှင့် သတ်မှတ်ထားသော အခွန်အခကောက်ခံခြင်းတို့ကို ဆောင်ရွက်ရမည်။
၁၂၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသော အခွန်အခကောက်ခံခြင်း တို့ကို ဆောင်ရွက်ရမည်။
၁၂၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းလယ်ကျွန်းများ၊ အဝိုင်းများ၊ တြိဂံများ၊ လမ်းလယ်ပန်းခုံများ၊ စင်္ကြံများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည်။
၁၂၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းများတွင် လူကူးမျဉ်းကြားများနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အမှတ်အသားများနှင့် အချက်ပြဆိုင်းဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ဘတ်စ်ကားမှတ်တိုင်နှင့် ခရီးသည်နားခိုဆောင်များကို စနစ်တကျ ဆောင်ရွက်ရမည်။
၁၂၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းများတစ်လျှောက် ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းတို့ကို ခုတ်ထွင်ရှင်းလင်းရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၁၃၀။ ကော်မတီသည် လမ်းများ၊ တံတားများ၊ စင်္ကြံများ ဖောက်လုပ်ခြင်း၊ တည်ဆောက်ခြင်း နှင့် ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ လုပ်ငန်းအဖြစ်လည်းကောင်း၊ ကန်ထရိုက်စနစ်ဖြင့်လည်းကောင်း၊ အခြားစနစ်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်သည်။
၁၃၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းနယ်များတွင် လျှပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အခြား ပိုက်လိုင်းများဆိုင်ရာ အခြေခံအဆောက်အအုံများကို မြေပေါ်မြေအောက်တွင် တည်ဆောက်ခြင်း တို့အတွက်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန် ဆောင်ရွက် ရမည်။

အခန်း(၁၇)
ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၁၃၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူသောက်သုံးနိုင်ရန်အတွက် သန့်ရှင်းသော ရေများကိုလုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ရမည်။
၁၃၃။ ကော်မတီသည် အများပြည်သူရေလုံလောက်စွာရရှိစေရန်အတွက် ရေပေးဝေရေးလုပ်ငန်းကို အောက်ပါ အတိုင်းဆောင်ရွက်ရမည်-
(က) မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ မြို့တော်အတွက်လိုအပ်သော ရေပေးဝေရန် ရေလှောင်ကန်များ၊ စင်မြင့်ရေလှောင်ကန်များ၊ စက်ရေတွင်းများ၊ မြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းများ၊ ပိုက်လိုင်းများရေပေးရေးဆိုင်ရာလုပ်ငန်းများကို တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊
(ခ) မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ ရေပေးဝေရေး လုပ်ငန်းများ ကို အထောက်အကူဖြစ်စေမည့် ရေပေးဝေရေးလုပ်ငန်းသုံးပစ္စည်း သို့မဟုတ် ရေကို ဝယ်ယူ အသုံးပြုခြင်း၊ ငှားရမ်းအသုံးပြုခြင်း၊ သိုလှောင်ခြင်း။
၁၃၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သည့် မြို့တော်သူ မြို့တော်သား တို့အတွက် အမြဲတစေလုံလောက်သော သန့်ရှင်းသည့် သောက်သုံးရေများ ဖြန့်ဖြူးပေးနိုင်ရန် မြို့တော်နယ်နိမိတ် အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ ရေအရင်းအမြစ်သစ်များ ရှာဖွေဖော်ထုတ်တည်ဆောက်ခြင်းကို ခေတ်မီ နည်းစနစ်များအသုံးပြု၍ စီမံဆောင်ရွက်ရမည်။
၁၃၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရေပေးဝေရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ရန်အလို့ငှာ မည်သည့်နေရာတွင်မဆို ပိုင်ရှင်၏ ပစ္စည်းကိုမထိခိုက်စေဘဲ ဖြတ်သန်းဝင်ရောက်ခွင့်နှင့် စက်ပစ္စည်းကိရိယာများ သယ်ယူခွင့်ရရှိရေး အတွက် သက်ဆိုင်ရာနှင့်ညှိနှိုင်းဆောင်ရွက်ရမည်။
၁၃၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရမည်-
(က) ရေတိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်သစ်များ ရှာဖွေသတ်မှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း ၊
(ခ) ရေလွှဲရေပို့ ပိုက်မကြီးများ၊ ရေပိုက်လိုင်းများ ဆက်သွယ်တပ်ဆင်ခြင်း၊ ရေတွန်းစက်၊ ရေပို့စက်များ တပ်ဆင်အသုံးပြုခြင်း၊ ယင်းတို့ကို ပြုပြင် ထိန်းသိမ်းခြင်း၊
(ဂ) ရေပိုက်လိုင်းများမှ သောက်သုံးရေကို ခွင့်ပြုချက်ဖြင့် နေအိမ်၊ အဆောက်အအုံအတွင်းသို့ ရေသွယ်ပိုက်ဖြင့်ဆက်သွယ်အသုံးပြုခွင့်ပေးခြင်း၊
(ဃ) ကျန်းမာရေးနှင့် မညီညွတ်ကြောင်းတွေ့ရှိရသည့် အများပြည်သူနှင့် သက်ဆိုင်သော ရေပေးရေးလုပ်ငန်း၊ ကိုယ်ပိုင်ရေပေးရေးလုပ်ငန်းတို့ကို ပိတ်ပင်တားမြစ်ခြင်း၊
(င) သောက်သုံးရေများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန က အခါအားလျော်စွာ သတ်မှတ်ပြဋ္ဌာန်းထားသော စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ခြင်း၊
(စ) ရေပေးဝေရေးလုပ်ငန်းများအတွက် လိုအပ်သည့်မြေအားငှားရမ်းသုံးစွဲခြင်း၊ ပုဒ်မ ၃၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ စီမံခန့်ခွဲခြင်း။
၁၃၇။ ကော်မတီသည် ရေပေးသွင်းရန် စီမံထားရှိသော ရေကန်များ၊ ရေလှောင်ကန်များ၊ ရေပေးသွင်းရေး ဆိုင်ရာအဆောက်အအုံများ၊ ရေပိုက်လိုင်းများအား ထိခိုက်စေသော သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသော အဆောက်အအုံများဆောက်လုပ်ခြင်း သို့မဟုတ် ပစ္စည်းများထားရှိခြင်းကို တားမြစ်ခြင်းနှင့် ရေလှောင်ကန်၏ ကန်ပေါင်ဝင်းခြံများကို ရွှေ့ပြောင်းခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်းမပြုလုပ်ရန် တားမြစ်ခြင်းနှင့် အရေးယူခြင်းကို ဆောင်ရွက်ရမည်။
၁၃၈။ ကော်မတီသည် ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် အဆောက်အအုံ၊ ပိုက်လိုင်းနှင့် ဆက်စပ်ဧရိယာအဝန်းအဝိုင်း သတ်မှတ်ဧရိယာအတွင်း ယာယီဖြစ်စေ၊ အမြဲနေထိုင်ရန်ဖြစ်စေ ကျူးကျော်ဝင်ရောက်နေထိုင်မှုမရှိရေးအတွက် ကြပ်မတ်အရေးယူဆောင်ရွက်ရမည်။
၁၃၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့် အများပြည်သူ အကျိုးကို ထိခိုက်စေမည့် အောက်ပါတို့ကို မပြုလုပ်စေရန် ကြီးကြပ်ခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်-
(က) ကော်မတီပိုင် ရေကန်၊ ရေလှောင်ကန်၊ ရေဖြန့်ဝေရာကန်၊ ရေပိုက် စသည်တို့တွင်ရှိသောရေကို ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ မသန့်ရှင်းအောင် ပြုလုပ်ခြင်း၊ အရည်အသွေးပြောင်းလဲအောင်ပြုလုပ်ခြင်း၊ ရေဖြုန်းတီးခြင်း၊
(ခ) ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သော မြေပေါ်တွင် ပစ္စည်းစုပုံခြင်း၊ မြေတူးဆွခြင်း၊ မြေဖို့ခြင်းနှင့် တစ်စုံတစ်ရာ မြှုပ်နှံခြင်း၊
(ဂ) ကော်မတီပိုင် ရေလှောင်ကန်အတွင်းသို့ တိရစ္ဆာန်ကို ဝင်ရောက်စေခြင်း သို့မဟုတ် ရေလှောင်ကန်မှ သတ်မှတ်ထားသော အကွာအဝေးနေရာအတွင်း ရေဆေးကြောခြင်း သို့မဟုတ် ရေချိုးပေးခြင်း ၊
(ဃ) ကော်မတီပိုင် ရေလှောင်ကန်အတွင်းသို့ ရေညစ်ညမ်းမှုကို ဖြစ်စေသော သို့မဟုတ် ရေ၏အရည်အသွေးကို ကျဆင်းစေသော မည်သည့်ပစ္စည်းကိုမဆို ပစ်ချခြင်း သို့မဟုတ် မျှောချခြင်း၊
(င) ကော်မတီပိုင်ရေလှောင်ကန်တွင်ဖြစ်စေ၊ ရေလှောင်ကန်မှသတ်မှတ်ထားသော အကွာအဝေး အတွင်းဖြစ်စေ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ ငါးဖမ်းခြင်းနှင့် ယာဉ်တစ်မျိုးမျိုးအား ဆေးကြောခြင်း၊
(စ) ရေပေးဝေရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် ရေစုကန်များ၊ ရေစစ်ကန်များနှင့် ရေလှောင်ကန်များ အပေါ်တွင်ဖြစ်စေ၊ သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ဖြစ်စေ အဆောက်အဦ ဆောက်လုပ်ခြင်း၊ မြေဖို့ခြင်းများကို တားမြစ်ခြင်း။
၁၄၀။ ကော်မတီသည် မြို့တော်နယ်နိမိတ် အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ကော်မတီပိုင် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဌာနပိုင် အဆောက်အအုံ ၊ လမ်း၊ တံတား၊ မြေကိုဖြတ်သန်း၍ သွယ်တန်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
၁၄၁။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်း ပြင်ပမှဆက်သွယ်သည့် ရေပိုက်မကြီး သို့မဟုတ် မြို့တွင်း ပင်မရေပိုက် တစ်ခုခုပေါ်တွင် လမ်း၊ မီးရထားလမ်း၊ ဓာတ်ရထားလမ်း၊ အဆောက်အအုံ၊ အကာအရံကိုမျှ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရန် တားမြစ် အရေးယူဆောင်ရွက်ရမည်၊
(ခ) အကယ်၍ နိုင်ငံတော်အကျိုးအတွက် အဆောက်အအုံ၊ အကာအရံ၊ လမ်း၊ မီးရထား သံလမ်း၊ ဓာတ်ရထားသံလမ်း တစ်ခုခုကိုဖောက်လုပ်လျှင် ကော်မတီက မိမိပိုင်ရေပိုက် များကို သင့်လျော်သောနည်းဖြင့် ပြောင်းရွှေ့ ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ်ရှားပေးရသည့် အတွက် ကုန်ကျစရိတ်ရရှိရေးကို သက်ဆိုင်ရာ ဌာန သို့မဟုတ် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၁၄၂။ ကော်မတီပိုင် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ တစ်ဦးတစ်ယောက်၏ ပစ္စည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် လျော်ကြေးပေးရန် နစ်နာသူက ခိုင်လုံသော အထောက်အထားဖြင့် ကော်မတီသို့ တင်ပြတောင်းဆိုနိုင်သည်။ တင်ပြတောင်းဆိုသည့် အချက်မှာ မှန်ကန်သင့်မြတ်သည်ဟု ကော်မတီကလက်ခံလျှင် ထိုက်သင့်သည့် လျော်ကြေးငွေပမာဏကို နစ်နာသူအား ပေးရမည်။
၁၄၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ် မိုးရာသီတွင် ရွာသွန်းသောမိုးရေများ စနစ်တကျ သိုလှောင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ စီမံဆောင်ရွက် ရမည်။
၁၄၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းကို ကြီးကြပ်ခြင်း၊ ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်းများကို ဆောင်ရွက်ရမည်။

အခန်း(၁၈)
ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း

၁၄၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းမှ ရေများကို စွန့်ထုတ်ရန်အတွက် အသုံးပြုသည့် မြေပေါ်မြေအောက် ရေနုတ်မြောင်းများနှင့် ဆက်စပ်လုပ်ငန်းများကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရမည်။
၁၄၆။ ကော်မတီသည် မည်သည့်စွန့်ပစ်ရေကိုမဆို မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ရာတွင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရမည်။
၁၄၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ရေမြောင်းများ၊ ချောင်းများ၏ နယ်နိမိတ်များကို သတ်မှတ်ခြင်းနှင့် ထိန်းသိမ်းစီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရမည်။ ထို့အပြင် ရေမြောင်းများကို တိုးချဲ့ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ ရေမြောင်းများပေါ်တွင် တံတားဆောက်လုပ်ခြင်း၊ ရေထုတ်ပြွန်နှင့်ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရန် စီမံခြင်းတို့ကိုဆောင်ရွက်ရမည်။
၁၄၈။ ကော်မတီသည် အသုံးပြုရန် မလိုအပ်သည့် ရေမြောင်းများ၊ ရေတွင်းများကို ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း သို့မဟုတ် မြေဖို့ခြင်း ပြုနိုင်သည်။ ထို့အပြင် လိုအပ်ပါက အခြားရေနုတ်မြောင်း တစ်ခုကို အသုံးပြုခွင့်ရစေရန် စီမံဆောင်ရွက်ပေးရမည်။
၁၄၉။ ကော်မတီသည် လိုအပ်ပါက စွန့်ပစ်ရေများနှင့်ပတ်သက်၍ စီမံခန့်ခွဲခွင့်ရှိသည်။
၁၅၀။ မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အဦနှင့် ခြံဝင်းများအတွင်းမှ မိုးရေများကို ကော်မတီပိုင်မြောင်းများအတွင်းသို့ စနစ်တကျ စွန့်ထုတ်စေရမည်။
၁၅၁။ အဆောက်အအုံပိုင်ရှင် သို့မဟုတ် မြေပိုင်ရှင်တစ်ဦးဦးက မိမိပိုင်ရေမြောင်းကို ကော်မတီပိုင် ရေမြောင်းနှင့် ဆက်သွယ်ဖောက်လုပ်ရန် လိုအပ်ပါက ကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။
၁၅၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုထက်ပိုသော အဆောက်အအုံ အစုအဖွဲ့ ဆောက်လုပ်မည်ဆိုပါက သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း ရေနုတ်မြောင်းများဖောက်လုပ်ခြင်းကို သက်ဆိုင်ရာ အဆောက်အအုံပိုင်ရှင် သို့မဟုတ် အသုံးပြုသူများအား တာဝန်ယူဆောင်ရွက်ရန် ညွှန်ကြားရမည်။
၁၅၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဖောက်လုပ်ထားရှိသော ပုဂ္ဂလိကပိုင်ရေနုတ်မြောင်းအား အခြားပြည်သူများက အသုံးပြုလိုသဖြင့် မူလရေမြောင်းပိုင်ရှင်၏ သဘောတူညီချက်ဖြင့် တင်ပြလျှောက်ထား လာပါက စည်းကမ်းချက်များနှင့်အညီ ပူးတွဲ သုံးစွဲခွင့်ပြုနိုင်သည်။
၁၅၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရေမြောင်းဖောက်လုပ်ခြင်း၊ လမ်းလွှဲခြင်း၊ ရေမြောင်း အသုံးပြုခွင့်ပေးခြင်း၊ ပူးတွဲပိုင်ဆိုင်ခွင့်ပေးခြင်း၊ ရေမြောင်း အစိတ်အပိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေမြောင်းများ ပိတ်ဆို့ခြင်းကို တားမြစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်ထားရှိရမည်။
၁၅၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ရေနုတ်မြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ အမှိုက်စွန့်ပစ်မှုမရှိစေရေး စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ရမည်။

အခန်း(၁၉)
မိလ္လာနှင့်ရေဆိုး သိမ်းဆည်း သန့်စင်စွန့်ပစ်သည့်လုပ်ငန်းများဆောင်ရွက်ခြင်း

၁၅၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ မိလ္လာနှင့်ရေဆိုးသိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်သည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်-
(က) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေတို့တွင် ရေဆွဲအိမ်သာ၊ ရေလောင်း အိမ်သာ၊ မိလ္လာပိုက်၊ ရေဆိုးပိုက်၊ မိလ္လာကန်၊ ရေဆိုးသန့်စင်ကန် စသည်တို့ကို စီမံထားရှိစေခြင်း၊
(ခ) ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှု မရှိဘဲဖြစ်စေ ပြုလုပ်ထားသည့် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ ရေဆိုးပိုက်၊ မိလ္လာကန်၊ ရေဆိုးသန့်စင်ကန် စသည်တို့ကို ပိတ်ထားစေခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်း သို့မဟုတ် ပြောင်းလဲ ပြင်ဆင်စေခြင်း၊
(ဂ) မိလ္လာပိုက် သို့မဟုတ် ရေဆိုးပိုက်အား ဆက်စပ်နေသော ပုဂ္ဂလိကပိုင်မြေကို ဖြတ်၍ ဆောင်ရွက်ရလျှင် သက်ဆိုင်ရာ မြေပိုင်ရှင်က ဆောင်ရွက်ခွင့်ပြုစေခြင်း၊
(ဃ) မိလ္လာပိုက် သို့မဟုတ် ရေဆိုးပိုက်ကို ပုဂ္ဂလိကပိုင် မြေကိုဖြတ်၍ ဆောင်ရွက် ခြင်းကြောင့် မြေပိုင်ရှင်တွင် နစ်နာမှုရှိလျှင် ထိုနစ်နာမှုအတွက် တန်ဖိုးငွေကို မိလ္လာပိုက် သို့မဟုတ် ရေဆိုးပိုက် ဆက်သွယ်သူက နစ်နာသူအား ပေးစေခြင်း၊
(င) စွန့်ပစ်မိလ္လာ အရည်အသွေးများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက် စေခြင်း၊
(စ) မိလ္လာ၊ ရေဆိုး သိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ရေးလုပ်ငန်းများအတွက် လိုအပ်သော မြေနေရာများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပိုက်လိုင်းဆက်သွယ်တပ်ဆင်ရေး ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ငှားရမ်းသုံးစွဲခြင်း သို့မဟုတ် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြေများအား ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဆ) မြို့တော်နယ်နိမိတ်အတွင်းရှိ မိလ္လာကန်များ၊ ရေဆိုးသန့်စင်ကန်များ၊ မိလ္လာပိုက်လိုင်း များ၊ ရေဆိုးပိုက်လိုင်းများကို စစ်ဆေးခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း၊
(ဇ) မိလ္လာ၊ ရေဆိုးသိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုခြင်း၊
(ဈ) မြို့တော်နယ်နိမိတ်အတွင်းရှိ မိလ္လာကန်များ၊ ရေဆိုးသန့်စင်ကန်များ၊ မိလ္လာပြွန်၊ မိလ္လာပိုက်လိုင်းများ၊ ရေဆိုးပိုက်လိုင်းများအား ထိခိုက်စေသော သို့မဟုတ် အနှောင့်အယှက် ဖြစ်စေသော အဆောက်အအုံများ ဆောက်လုပ်ခြင်း သို့မဟုတ် ပစ္စည်းများထားရှိခြင်းကို တားမြစ်ခြင်း၊
(ည) မြို့တော်နယ်နိမိတ်အတွင်းရှိ မိလ္လာ၊ ရေဆိုးသိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ရေးလုပ်ငန်းများ နှင့် သက်ဆိုင်သည့် အဆောက်အအုံ၊ ပိုက်လိုင်း၊ ယင်းတို့နှင့် ဆက်စပ်လျက်ရှိသော သတ်မှတ် နယ်မြေအတွင်းကျူးကျော်မှုမရှိစေရေးအတွက် ကြပ်မတ်ခြင်းနှင့်အရေးယူဆောင်ရွက်ခြင်း၊
(ဋ) မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေမိလ္လာနှင့်ရေဆိုး သန့်စင်စွန့်ထုတ်ခြင်း ဆိုင်ရာ လုပ်ငန်းစနစ်များကို စီမံဆောင်ရွက်ခြင်း။
၁၅၇။ ကော်မတီသည်-
(က) မိလ္လာနှင့်ရေဆိုးစသည့် အညစ်အကြေးများကို မြို့တော်နယ်နိမိတ် အတွင်း၌ ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ၊ မည်သည့်နေရာ၌ဖြစ်စေ သင့်လျော်သည်ဟု ယူဆသော နည်းစနစ်များ အတိုင်း စွန့်ထုတ်နိုင်ခွင့်ရှိသည်။
(ခ) မိလ္လာ၊ ရေဆိုး စွန့်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ မသင့်လျော်သော နေရာများသို့ စီးဝင်ခြင်း၊ စွန့်ထုတ်ခြင်းများကို စစ်ဆေးတွေ့ရှိလျှင် တားမြစ်နိုင်သည်။
၁၅၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူနှင့်သက်ဆိုင်သော ရေမြောင်း၊ ရေမြောင်းငယ် များတွင် စွန့်ပစ်ရေများ၊ အညစ်အကြေးရေများအား မြောင်းမကြီးမှတစ်ဆင့် ကောင်းမွန်စွာ စီးဆင်းစေရန် ရေမြောင်းများကို ဖောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ဆေးကြောသန့်စင်စေခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ရမည်။
၁၅၉။ ကော်မတီသည် အဆောက်အအုံပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မိလ္လာ အညစ်အကြေးနှင့် ရေဆိုးများကို စနစ်တကျစွန့်ပစ်ရေးအတွက် မိလ္လာပိုက်လိုင်းများ၊ ရေဆိုး ပိုက်လိုင်းများ၊ မိလ္လာကန်များ၊ ရေဆိုးသန့်စင်ကန်များ၊ သီးခြားတည်ဆောက် ထားရှိရန် နှင့် မိုးရေ၊ ချိုးရေ၊ မီးဖိုချောင်မှ ထွက်သည့်ရေ၊ အိမ်သုံးရေများနှင့် သန့်စင်ပြီး ရေများ အတွက် သီးခြားရေမြောင်း သို့မဟုတ် ပိုက်ဖောက်လုပ်ထားရှိရန် ညွှန်ကြား ပိုင်ခွင့်ရှိသည်။
၁၆၀။ ကော်မတီသည် ရေစီးရေလာအရသော်လည်းကောင်း၊ စွန့်ပစ်ရေကြောင့်သော်လည်းကောင်း၊ ရေ စုဆောင်းမှုကြောင့်သော်လည်းကောင်း အများပြည်သူအတွက် အနှောင့်အယှက်ဖြစ်စေသည်ဟု ယူဆလျှင် မြေဖို့ရန်ဖြစ်စေ၊ ဖုံးအုပ်ရန်ဖြစ်စေ၊ ဖောက်ထုတ်ရန်ဖြစ်စေ၊ သန့်စင်ရန်ဖြစ်စေ ပိုင်ရှင်၊ နေထိုင်အသုံးပြုသူ တို့အား လိုအပ်သလိုညွှန်ကြားနိုင်သည်။
၁၆၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတွင် မိလ္လာနှင့်ရေဆိုး သိမ်းဆည်း သန့်စင် စွန့်ပစ်သည့် လုပ်ငန်းကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မြောင်းများ၊ မိလ္လာနှင့်ရေဆိုး လုပ်ငန်းအသစ်များကို အခါအားလျော်စွာ စီမံ ဆောင်ရွက်ရမည်။
၁၆၂။ ကော်မတီသည် မိလ္လာနှင့်ရေဆိုးများစသည့် အညစ်အကြေးများ သိမ်းဆည်း သန့်စင်စွန့်ပစ်ခြင်း ဆောင်ရွက်ရာတွင် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ စိတ်ငြိုငြင်မှုဖြစ်စေခြင်းမရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်။
၁၆၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မိလ္လာနှင့် ရေဆိုးသိမ်းဆည်း စွန့်ပစ် သည့် လုပ်ငန်းနှင့် ပတ်သက်၍ အများပြည်သူအကျိုးကို ထိခိုက်စေမည့် အောက်ပါတို့ကို မပြုလုပ်စေရန် ကြီးကြပ်ခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်-
(က) သတ်မှတ်ထားသည့် နေရာ၊ သတ်မှတ်ထားသည့် နည်းစနစ်နှင့်အညီ မဟုတ်ဘဲ မိလ္လာနှင့် ရေဆိုးစသည့် အညစ်အကြေးများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊
(ခ) ကော်မတီပိုင် မိလ္လာပိုက်လိုင်းနှင့် ရေဆိုးပိုက်လိုင်းအတွင်းသို့ သတ်မှတ်ထားသော စွန့်ပစ် ရေ အရည်အသွေးထက် ပိုမိုသောရေဆိုးများအား စွန့်ပစ်ခြင်း၊
(ဂ) မိလ္လာနှင့် ရေဆိုးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော သို့မဟုတ် အစိတ်အပိုင်း ဖြစ်သော မြေပေါ်တွင် အရာဝတ္ထုများစုပုံထားခြင်း၊ မြေကိုတူးဆွခြင်း၊ မြေတွင်တစ်စုံတစ်ရာ မြှုပ်နှံ ထားခြင်း၊
(ဃ) ရေဆိုးသန့်စင်ကန်များ၊ ရေဆိုးသန့်စင်စနစ်များထဲသို့ ရေဆိုးသန့်စင်စနစ်ကို အနှောင့်အယှက် ဖြစ်စေမည့်၊ ပျက်စီးစေမည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များထိန်းကျောင်းခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊ အရာဝတ္ထုများပစ်ချခြင်း၊ မျှောချခြင်း၊ ကျရောက်စေခြင်း၊
(င) ကော်မတီက သတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီခြင်းမရှိသည့် စွန့်ပစ်ရေကို မြောင်း၊ ချောင်းနှင့်မြစ်များထဲသို့ စွန့်ပစ်ခြင်း။
၁၆၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကော်မတီပိုင် မိလ္လာနှင့် ရေဆိုး သိမ်းဆည်းသန့်စင်စွန့်ပစ်ခြင်းလုပ်ငန်းများအတွက် ပြင်ဆင်ထိန်းသိမ်းရန်၊ ရေပေးသွင်းရန်၊ ရေထုတ်ရန်၊ လျှပ်စစ်မီးဆက်သွယ်ရန်စသည့် လုပ်ငန်းများနှင့် ဆက်စပ်အသုံးပြုရသည့် အထောက်အကူပစ္စည်းများကို မည်သည့်လမ်း၊ မီးရထားလမ်း၊ အဆောက်အအုံနှင့်မြေကိုမဆို ဖြတ်သန်း၍ဖြစ်စေ၊ သွယ်တန်းပြုလုပ်ရာ တွင် သက်ဆိုင်ရာ ဌာန၊ ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၁၆၅။ ကော်မတီသည်-
(က) မြို့တော်နယ်နိမိတ်အတွင်းရှိ မိလ္လာပြွန်မကြီး၊ မိလ္လာပိုက်လိုင်းများပေါ်တွင် မည်သည့် လမ်း၊ မီးရထားလမ်း၊ ဓာတ်ရထားလမ်း၊ အဆောက်အအုံ၊ အကာအရံကိုမျှ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခြင်းမပြုရန်လိုအပ်သလိုတားမြစ်ခြင်း၊ အရေးယူခြင်း ဆောင်ရွက်ရမည်၊
(ခ) နိုင်ငံတော်အကျိုးအတွက် အဆောက်အအုံ၊ အကာအရံ၊ လမ်း၊ မီးရထား သံလမ်း၊ ဓာတ်ရထားသံလမ်းတစ်ခုခုကို ဖောက်လုပ်လျှင် ကော်မတီက မိမိပိုင်မိလ္လာပြွန်မကြီး၊ မိလ္လာပိုက်လိုင်း၊ ရေဆိုးပိုက်လိုင်းများကို သင့်လျော်သောနည်းဖြင့်ပြောင်းရွှေ့ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ်ရှား ပေးရသည့်အတွက် ကုန်ကျစရိတ်ရရှိရေးကို သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၁၆၆။ ကော်မတီပိုင်မိလ္လာနှင့် ရေဆိုးသိမ်းဆည်းသန့်စင်စွန့်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌တစ်ဦး တစ်ယောက်၏ ပစ္စည်းပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် လျော်ကြေးပေးရန် နစ်နာသူက ခိုင်လုံသော အထောက်အထားအား ကော်မတီသို့ တင်ပြတောင်းဆိုနိုင်သည်။ တင်ပြတောင်းဆိုသည့်အချက်မှာ မှန်ကန် သင့်မြတ်သည်ဟု ကော်မတီက လက်ခံလျှင် ထိုက်သင့်သည့် လျော်ကြေးငွေ ပမာဏကို နစ်နာသူအား ပေးရမည်။
၁၆၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မိလ္လာနှင့်ရေဆိုးသိမ်းဆည်း သန့်စင်စွန့်ပစ်ခြင်း လုပ်ငန်းများ၌ အသုံးပြုသော မိလ္လာပိုက်လိုင်းများမှ တရားမဝင် မိလ္လာ ဆက်သွယ်ခြင်း၊ မိလ္လာဆက်သွယ် စွန့်ထုတ်ခြင်းဆိုင်ရာပစ္စည်းများ စည်းကမ်းမဲ့အသုံးပြုခြင်း၊ စွန့်ပစ်ခြင်းအမျိုးမျိုးကို ထိရောက်စွာ တားဆီး အရေးယူခြင်းကို ဆောင်ရွက်ရမည်။
၁၆၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မိလ္လာသန့်စင်စနစ်များမှ ထွက်ရှိလာသည့် အနည် အနှစ်များနှင့်ဓာတ်ငွေ့များကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် စွမ်းအင်ရရှိရေးလုပ်ငန်းများတွင် အသုံးပြုနိုင် ရန် အတွက် ထုတ်လုပ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်ခွင့် ရှိသည်။
၁၆၉။ ကော်မတီသည် မိလ္လာအညစ်အကြေးများကို သန့်စင်စွန့်ပစ်ခြင်းလုပ်ငန်းကိုဖြစ်စေ၊ မိလ္လာ အညစ် အကြေးများကို အသုံးချ၍ စွမ်းအင်ထုတ်လုပ်ခြင်း၊ မြေသြဇာထုတ်လုပ်ခြင်း စသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကိုဖြစ်စေ မိမိ၏အစီအစဉ်ဖြင့်လည်းကောင်း၊ ကန်ထရိုက်စနစ်ဖြင့်လည်းကောင်း ခေတ်မီ နည်းစနစ်များ အသုံးပြု၍ ထုတ်လုပ်ရန် စီမံ ဆောင်ရွက်ရမည်။
၁၇၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မိမိနေထိုင်သောခြံ၊ မြေ၊ အဆောက်အအုံ ပိုင်နက် အတွင်းမှ မိလ္လာအညစ်အကြေးနှင့် အနံ့အသက်ဆိုးသော အရာတို့ကို စီးထွက်စိမ့်ဝင်စွန့်ပစ်ခြင်း သို့မဟုတ် အဆိုပါအရာများကို မိမိပိုင်နက်အတွင်း စည်းကမ်းမဲ့စုပုံထားရှိခြင်းဖြင့်သူတစ်ပါးအား အနှောင့်အယှက် ဖြစ်စေခြင်း၊ စိတ်ငြိုငြင်မှု ဖြစ်ပေါ်စေခြင်း တို့ပေါ်ပေါက်ကလိုအပ်သလို စစ်ဆေးအရေးယူရမည်။

အခန်း(၂၀)
ပြည်သူ့ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံဆောင်ရွက်ခြင်း

၁၇၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ အန္တရာယ်ရှိ မရှိ စစ်ဆေးရန် မိမိဓာတ်ခွဲခန်းတွင် စစ်ဆေး နိုင်သော အမျိုးအစားများ အား လိုအပ်သလို စမ်းသပ်စစ်ဆေးခြင်း၊ မစစ်ဆေးနိုင်သော အမျိုးအစားများအား သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းခြင်း ဆောင်ရွက်ရမည်။
၁၇၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စက်ရုံများ၊ အလုပ်ရုံများစသည်တို့ကို တည်ဆောက် ခွင့်ပြုရန် လျှောက်ထားရာ၌ ကော်မတီကရေးဆွဲလျာထားသော မြို့ပြစီမံကိန်းနှင့်လျော်ညီခြင်း မရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ၊ မြေကွက်နေရာ၏ ပတ်ဝန်းကျင်ရှိ လူဦးရေသိပ်သည်းမှုကြောင့် မသင့်လျော်လျှင်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များကို ကျန်းမာရေး၊ သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေးအရ ထိခိုက်စေနိုင်လျှင်ဖြစ်စေ ဖော်ပြပါစက်ရုံများ၊ အလုပ်ရုံများ တည်ဆောက်ခွင့်ကို ကော်မတီက ငြင်းပယ်နိုင်သည်။
၁၇၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သားငါးများ၊ စားသောက်ကုန်များ၊ ဆေးဝါးများ၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဓာတုပစ္စည်းများဖော်စပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ခင်းကျင်းခြင်း၊ သိုလှောင်ခြင်းများကြောင့် လူအများ၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို မထိခိုက် စေရန်အတွက် လိုအပ်သောစည်းကမ်းချက်များ သတ်မှတ်၍သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ညှိနှိုင်း စစ်ဆေးဆောင်ရွက်ရမည်။
၁၇၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သားငါးနှင့် စားသောက်ကုန်ပစ္စည်း တစ်ခုခုကိုသော်လည်းကောင်း၊ ဆေးဝါးတစ်မျိုးမျိုးကိုသော်လည်းကောင်း၊ အလှကုန် ပစ္စည်းတစ်မျိုးမျိုးကို သော်လည်းကောင်း၊ ဓာတုပစ္စည်း တစ်မျိုးမျိုးကိုသော်လည်းကောင်း အတုပြုလုပ်ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း မပြုလုပ်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းစစ်ဆေးဆောင်ရွက်ရမည်။
၁၇၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော သားငါးများ၊ အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများတွင် အရည်အသွေး ညံ့ဖျင်းသော ပစ္စည်းများရောစပ်ထားခြင်းရှိမရှိ၊ ခွင့်ပြုထားခြင်း မရှိသော ဓာတုပစ္စည်းများပါဝင်မှု ရှိမရှိ ကော်မတီက သတ်မှတ် ထားသော ဓာတ်ခွဲခန်းတွင် စနစ်တကျ စစ်ဆေး၍ လိုအပ်သလို အရေးယူဆောင်ရွက်ရမည်။
၁၇၆။ မြို့တော်နယ်နိမိတ်အတွင်း ဈေး၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ လူအများစားသုံးသည့် နေရာနှင့် ရောင်းချရန်အတွက် ချက်ပြုတ်ကြော်လှော်သည့် နေရာများ၊ ယင်းနေရာ များရှိ စားသောက်ကုန်ပစ္စည်းများ ချက်ပြုတ်ကြော်လှော်သည့် အသုံးအဆောင်များကိုဖြစ်စေ၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်း ကိရိယာများကို ဖြစ်စေ ကော်မတီကတာဝန်ပေးအပ်သည့် မည်သည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းကမဆို စစ်ဆေးနိုင်ခွင့်ရှိသည်။
၁၇၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါများ ကျရောက်စေတတ်သည့် တိရစ္ဆာန်များနှင့် အင်းဆက်ပိုးမွှားများကို လိုအပ်သလို သုတ်သင်ရှင်းလင်းပေးရမည်။
၁၇၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လူနှင့်တိရစ္ဆာန် အသက်အန္တရာယ် စိုးရိမ်ရသည့် ကူးစက်မြန်သော ရောဂါဆိုးတစ်ခုခုပေါ်ပေါက်ဖြစ်ပွားလျှင် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ အရေးပေါ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို အမြန်ဆုံးထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ရမည်။ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို အများပြည်သူ သိရှိ လိုက်နာနိုင်ရန် ထုတ်ပြန်ကြေညာအသိပေးရမည်။
၁၇၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သဘာဝဘေးအန္တရာယ်တစ်ခုခု ပေါ်ပေါက်ဖြစ်ပွား လျှင် အများပြည်သူ၏ အသက်နှင့်အိုးအိမ်စည်းစိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် လိုအပ်သော အစီအမံများကို ညှိနှိုင်းဆောင်ရွက်ရမည်။
၁၈၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စားသောက်ဆိုင်များနှင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ကော်မတီသို့ လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းခွင်ရှိ လုပ်သားများ အားလုံးသည် ကူးစက်တတ်သော ရောဂါကင်းရှင်းကြောင်းနှင့် လုပ်ငန်းလုပ်ကိုင်စဉ်အတွင်းနေရာ၌ ကူးစက်တတ်သော ရောဂါတစ်ခုခု ဖြစ်ပွားလာလျှင် လိုအပ်သောဆေးကုသမှုနှင့် ရောဂါမပြန့်ပွားရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လုပ်ငန်းပိုင်ရှင်ထံမှ ကတိခံဝန်ချက် ရယူထားရမည်။
၁၈၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူတို့ကို စက်ဆုပ်ဖွယ် ဖြစ်စေသော သို့မဟုတ် စိတ်ငြိုငြင်မှုဖြစ်စေသော လူ၊ တိရစ္ဆာန် သို့မဟုတ် ပတ်ဝန်းကျင် ကို အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်း မပြုလုပ်ရန် ကြီးကြပ်ဆောင်ရွက်ရမည်။
၁၈၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှုနှင့် အသံညစ်ညမ်းမှုတို့ကို ထိန်းသိမ်းကာကွယ်ရန် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၁၈၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မည်သည့်နေရာတွင်မဆို စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းများတွင် မြေဩဇာအသုံးပြုခြင်းကြောင့်ဖြစ်စေ၊ မြေပေါ်တွင် မြေဆွေးများသိုလှောင် စုပုံထားခြင်းကြောင့်ဖြစ်စေ၊ မြေပေါ်တွင် မြောင်းဖောက်လုပ်ခြင်းကြောင့်ဖြစ်စေ ပတ်ဝန်းကျင်နေထိုင်သူ များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်လျှင် ယင်းလုပ်ငန်းများကို တားမြစ်ခြင်း သို့မဟုတ် သက်ဆိုင်သူအား ကျန်းမာရေးနှင့် ညီညွတ် သည်အထိပြုပြင်ရန် ညွှန်ကြားခြင်း ပြုလုပ်ရမည်။

အခန်း(၂၁)
ဈေးများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း

၁၈၄။ ကော်မတီသည် ဈေးသစ်ဆောက်လုပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ပြုပြင်တိုးချဲ့ခြင်း၊ ဆိုင်ခန်း အငှားချထားခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့်ပိတ်သိမ်းခြင်း၊ ဆိုင်ခန်းအငှားချထားခြင်းကို ရပ်စဲပြီး ပြန်လည် ရယူခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၁၈၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်ဈေးများကို ပြုပြင် ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် လုံခြုံရေးကိစ္စများ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
၁၈၆။ ကော်မတီသည်-
(က) အန္တရာယ်ရှိသောဈေးဟောင်းများအား မူလဈေးသူဈေးသားများ နစ်နာမှုမရှိအောင် စီမံ၍ ဖျက်သိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
(ခ) ပုဂ္ဂလိကပိုင်ဈေး တည်ထောင်ဖွင့်လှစ်လိုသူများအား သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ရမည်။
၁၈၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများ၌ ဟင်းသီးဟင်းရွက်၊ သစ်သီး ပန်းမန်စသည့် ရောင်းချသည့်ဈေးဆိုင်၊ ဈေးတန်းများကိုဖွင့်လှစ်ထားရှိ၍ စနစ်တကျ စီမံကွပ်ကဲရမည်။
၁၈၈။ ကော်မတီသည် ပုဂ္ဂလိကပိုင်ဈေးများကို အကျယ်အဝန်း၊ အဆောက်အအုံ အမျိုးအစား၊ ရောင်းဝယ် ဖောက်ကားမှုတို့အပေါ်မူတည်၍ အဆင့်ခွဲခြား သတ်မှတ်နိုင်သည်။
၁၈၉။ ကော်မတီသည် ပုဂ္ဂလိကပိုင်ဈေးတည်ထောင်ဖွင့်လှစ်ခွင့်ရရှိသူအား အောက်ပါအချက်များ တာဝန်ယူ ဆောင်ရွက်စေရန် ညွှန်ကြားရမည်-
(က) ဈေးအဆောက်အအုံခိုင်ခံ့ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ထားရှိရန်၊
(ခ) ဈေးသန့်ရှင်းရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ အထွေထွေစီမံ ခန့်ခွဲရေး တို့အတွက် ကော်မတီက သတ်မှတ်သည့်အတိုင်း လိုက်နာဆောင်ရွက်ရန်၊
(ဂ) ဈေးဝန်းကျင်တွင် ယာဉ်ရပ်နားရန်နေရာများ၊ ကုန်တင်ကုန်ချနေရာများနှင့် ယာဉ် အဝင် အထွက် နေရာများအတွက် သတ်မှတ်ပါရှိရန်။
၁၉၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိဈေးများနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
(က) ဈေးသာယာရေး ကော်မတီများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်းစေခြင်း နှင့်ကြီးကြပ်ခြင်း၊
(ခ) သန့်ရှင်းရေးနှင့်လုံခြုံရေး အစဉ်ကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊
(ဂ) ရေပေးဝေရေးကိစ္စများ၊ ရေဆိုးမြောင်း ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စများ၊ လျှပ်စစ်မီး သွယ်တန်းရေးကိစ္စများ၊ အများသုံးသန့်စင်ခန်းများနှင့် လေဝင်လေထွက်ကိစ္စများ စနစ်တကျရှိစေရေးအတွက် စီမံခန့်ခွဲခြင်း၊
(ဃ) ဈေးဝန်းကျင်တွင် ယာဉ်ရပ်နားရန်နေရာများ၊ ကုန်တင်ကုန်ချနေရာများနှင့် ယာဉ်အဝင် အထွက် နေရာများအတွက် သတ်မှတ်ထားရှိခြင်း၊
(င) ကျူးကျော်ဈေးများကို ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း။
၁၉၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်လျော်သော နေရာများ၌ သားငါး ရောင်းချသည့် ဈေးကြီးများ၊ သစ်သီးနှင့်ပန်းမန် ရောင်းချသည့် ဈေးကြီးများ၊ ဟင်းသီး ဟင်းရွက်ရောင်းချသည့် ဈေးကြီးများ၊ လူသုံးကုန်ပစ္စည်းရောင်းချသည့် ဈေးကြီးများ၊ ယာဉ်အပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ဈေးကြီးများကို တည်ဆောက်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရမည်။
၁၉၂။ ကော်မတီသည် စည်ပင်သာယာဈေးများကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ အခွန်အခကောက်ခံခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စများကို ဆောင်ရွက်ရမည်။ အခွန်အခများကောက်ခံရာတွင် မိမိအစီအစဉ်ဖြင့်ဖြစ်စေ၊ ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ ကောက်ခံနိုင်သည်။
၁၉၃။ ကော်မတီသည် စည်ပင်သာယာဈေးပရိဝုဏ်(ပရဝဏ်)အတွင်း ကုန်ပစ္စည်းများ စုပုံရောင်းချခြင်း၊ ခင်းကျင်း ရောင်းချခြင်း၊ ချိန်တွယ်တိုင်းတာခြင်းစသည့် လုပ်ငန်းများဆောင်ရွက်သူများထံမှလည်း ဆိုင်ခွန်ဆိုင်ခနှင့် အခြားအခများကိုလည်းသတ်မှတ်ကောက်ခံခွင့်ရှိသည်။
၁၉၄။ ကော်မတီသည် စည်ပင်သာယာဈေးအတွင်း၌ဖြစ်စေ၊ အသားထုတ်လုပ်ရုံအတွင်း၌ ဖြစ်စေ တည်ရှိ သည့် ဆိုင်ကြီး၊ ဆိုင်ငယ်၊ ခြံ၊ တင်းကုပ်၊ လှောင်အိမ်၊ လှောင်ခြံ၊ သတ်ခြံ သို့မဟုတ် အခြား အဆောက်အအုံ တစ်စုံတစ်ရာကို သင့်လျော်သည့်ကာလ အပိုင်းအခြားအတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ လေလံတင်ရောင်းချခြင်း သို့မဟုတ် အခြားသော နည်းဖြင့် စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ခွင့်ရှိသည်။
၁၉၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် သင့်လျော်သော နေရာများ၌ လမ်းဘေးဈေးသည်များ၊ ပျံကျဈေးသည်များ တည်ခင်းရောင်းချခြင်းကို စည်းကမ်းများသတ်မှတ်၍ ခွင့်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပိတ်သိမ်းခြင်း၊ ဖယ်ရှားခြင်းများ ဆောင်ရွက်နိုင်သည်။
၁၉၆။ ကော်မတီသည် ပုဒ်မ ၁၉၅အရ ဈေးရောင်းချခွင့်ရရှိသူ တစ်ဦးဦးသည် ကော်မတီက သတ်မှတ်ထားသော အခကြေးငွေမပေးဆောင်ခြင်း၊ စည်းကမ်းမလိုက်နာခြင်းများ တွေ့ရှိပါက ပြန်လည်သိမ်းယူနိုင်သည်။
၁၉၇။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ အပါအဝင် ကျန်းမာရေး အရာရှိနှင့် စည်ပင်သာယာရဲတပ်ဖွဲ့ဝင်တို့သည် ဖွင့်လှစ်ရောင်းချလျက်ရှိသော လမ်းဘေးဈေးဆိုင်များကို ပုံမှန်စစ်ဆေးခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်။
၁၉၈။ ကော်မတီသည် လမ်းဘေးဈေးဆိုင်များ၊ ယာဉ်တစ်မျိုးမျိုးဖြင့် သိုလှောင်လှည့်လည်ရောင်းချသူများ၊ ခေါင်းရွက်ဗျပ်ထိုးရောင်းချသူများ၊ လက်ပွေ့ရောင်းချသူများနှင့် စပ်လျဉ်းသည့် ကျူးကျော်ခြင်းဖြစ်စေနိုင် သောကိစ္စရပ်များ၊ လမ်းပိတ်ဆို့မှုဖြစ်စေနိုင်သော ကိစ္စရပ်များအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ရမည်။
၁၉၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိဆိပ်ကမ်းများ၌ဆိုက်ကပ်သည့် လှေ၊ သမ္ဗန် စသည် တို့ဖြင့် ပင်လယ်၊ မြစ်ချောင်းတို့မှ ဖမ်းဆီးလာသည့်သန့်ရှင်းလတ်ဆတ်သော ငါး၊ ပုစွန်စသည့်ရေထွက် ကုန်ပစ္စည်းများကို စားသုံးသူများထံ တိုက်ရိုက်လက်လီရောင်းချခြင်း လုပ်ငန်းအား စည်းကမ်းများ သတ်မှတ်၍ စနစ်တကျ ရောင်းချခွင့်ပြုနိုင်သည်။
၂၀၀။ ကော်မတီက တာဝန်ပေးအပ်ထားသည့် မည်သည့်ဝန်ထမ်းကမဆို အစားအသောက်၊ လူသုံးကုန် ပစ္စည်း၊ ဆေးဝါးများရောင်းချနေသောဈေး၊ အဆောက်အအုံနှင့် ဆိုင်ကြီးဆိုင်ငယ်များတွင် အသုံးပြုနေသည့် အလေး၊ တင်းတောင်း၊ အတိုင်းအတာနှင့် ချိန်တွယ်သည့် ပစ္စည်းကိရိယာများသည် စံအဖြစ် သတ်မှတ်ထားသည့်အတိုင်း ကိုက်ညီခြင်း ရှိ မရှိ အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိသည်။ စံချိန်စံညွှန်း မကိုက်ညီသည့် အလေး၊ တင်းတောင်း၊ အတိုင်းအတာနှင့်ချိန်တွယ်သည့်ပစ္စည်းကိရိယာများ အသုံးပြုခြင်း ကိုတွေ့ရှိပါက စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အရေးယူရမည်။
၂၀၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများကို ဈေးအဆင့်အတန်း သတ်မှတ်ပြီး ဈေးအဆင့်အတန်းနှင့်အညီ ဈေးကိုစီမံအုပ်ချုပ်ရန် ဖွဲ့စည်းပုံအရ သတ်မှတ်ထားသည့် အရေအတွက်အရ အရာထမ်းအမှုထမ်းများ တာဝန်ပေးအပ်၍ လုံလောက်သော လုပ်ပိုင်ခွင့်များ ပြဋ္ဌာန်း သတ်မှတ်ပေးရမည်။
၂၀၂။ ကော်မတီသည် စည်ပင်သာယာဈေးများတွင် လုံလောက်သော ရေ၊ မီးရရှိရေး အတွက် အရည်အသွေးမီ ရေပိုက်များ၊ ရေစင်များ၊ လျှပ်စစ်မီးများ တပ်ဆင်ပေးခြင်း၊ ဈေးလုံခြုံအောင် ခြံစည်းရိုးကာရံခြင်း၊ ပစ္စည်းများလုံခြုံရေး၊ မီးဘေးလုံခြုံရေးတို့အတွက် လုံခြုံရေးဝန်ထမ်းထားရှိခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်ရမည်။
၂၀၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရောင်းချနေသော သားငါးနှင့်စားသောက်ကုန်များကို သန့်ရှင်းမှု ရှိ မရှိ၊ စားသုံးရန် သင့်လျော်မှု ရှိ မရှိ ပုံမှန်စစ်ဆေး၍ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ ပါဝင်သော စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးရမည်။
၂၀၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိဈေးများတွင် နိုင်ငံတော်က ဥပဒေဖြင့် ပြဋ္ဌာန်း တားမြစ်ထားသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေတတ်သည့် ပစ္စည်းများနှင့် အရည်အသွေး စံချိန်မမီသည့် ပစ္စည်းများ၊ ပစ္စည်းအတုများ ခင်းကျင်းရောင်းချခြင်းနှင့် ဝယ်ယူသိုလှောင်ခြင်းတို့ကို တားဆီးခြင်း၊ စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းပြုရမည်။

အခန်း(၂၂)
အသားထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမွေးမြူခြင်းနှင့် အန္တရာယ် ဖြစ်စေနိုင်သည့် တိရစ္ဆာန်များအား စီမံခန့်ခွဲခြင်း

၂၀၅။ ကော်မတီသည်မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်အလို့ငှာ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ အသားထုတ်လုပ်ခွင့်လိုင်စင်များကို စိစစ်ခွင့်ပြုနိုင်သည်။
၂၀၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အသားထုတ်လုပ်ရုံများ၌ တည်ဆဲ ဥပဒေ၊ သတ်မှတ် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ မရှိ ဝင်ရောက် စစ်ဆေးကြပ်မတ်နိုင်သည်။
၂၀၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အသားထုတ်လုပ်သည့်လုပ်ငန်းများ၌ တိရစ္ဆာန် ညှဉ်းပန်းမှု မဖြစ်စေရန် ခေတ်မီနည်းစနစ်များအား ကျင့်သုံးရမည်။
၂၀၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အသားထုတ်လုပ်ရုံများတွင် အသား ထုတ်လုပ်မည့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် လိုအပ်သည့် အနားပေးကာလ သတ်မှတ် နိုင်သည်။
၂၀၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သားငါးတင်ဆောင်ရန်အတွက် သားငါးတင်ယာဉ်များ ကို သတ်မှတ်ခွင့်ပြုခြင်း၊ လုံခြုံစွာထုပ်ပိုးသယ်ဆောင်စေခြင်း သားငါးတင်ယာဉ်မောင်း နှင်ခွင့်ပြုသည့် လမ်းကြောင်းများ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်းများကို ဆောင်ရွက်နိုင်သည်။
၂၁၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်ပြင်ပမှ မြို့တော်နယ်နိမိတ်အတွင်းသို့ သားငါးတင်သွင်း၊ သယ်ဆောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများနှင့်စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နိုင်သည်။
၂၁၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ သားငါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းချခြင်းတို့ကို စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်သည်။
၂၁၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးစက်ရောဂါစွဲကပ်သည့် တိရစ္ဆာန်ကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နိုင်သည်။ ယင်းအပြင် ရောဂါ စွဲကပ်နေသည့် တိရစ္ဆာန်အား စားသုံးရန်နှင့် ရောင်းချရန်အလို့ငှာ သတ်ဖြတ်ခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်း၊ စားသုံးရန်မသင့်သော သားငါးရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်းတို့ကို စစ်ဆေးအရေးယူခြင်း၊ စီမံခန့်ခွဲခြင်းပြုနိုင်သည်။
၂၁၃။ ကော်မတီသည် အသားထုတ်လုပ်ခွင့်ပြုရာတွင် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများ ပြုန်းတီးမှု မရှိစေရန် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရမည်။
၂၁၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်အလို့ငှာ မွေးမြူထားသော တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ၏ ကျန်းမာရေး၊ ကူးစက်ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို သီးခြားအစီအစဉ်ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍လည်းကောင်း ဆောင်ရွက်နိုင်သည်။
၂၁၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွားတိရစ္ဆာန်များကို တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ မွေးမြူခွင့်မပြုသည့် နယ်မြေဒေသများ သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။
၂၁၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွား တိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ကျွဲနွားပွဲစျေးနှင့် တိရစ္ဆာန်အရှင်ရောင်းဝယ်ရေး ဈေးဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်နိုင်သည်။
၂၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွားတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များ ထိန်းကျောင်းခြင်း၊ သယ်ဆောင်ခြင်း၊ မောင်းနှင်ခြင်း၊ စီးခြင်းတို့အတွက် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းအရေးယူခြင်းကို ဆောင်ရွက်နိုင်သည်။
၂၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းနိုင်သည်။
၂၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်မွေးမြူခြင်း၊ သိုလှောင် သိမ်းဆည်းခြင်း၊ ထားရှိခြင်း၊ ရောင်းချခြင်းတို့ကို စစ်ဆေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်းနှင့် စီမံ ခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်။
၂၂၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တိရစ္ဆာန်ဆေးကုနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ခွင့်ပြုခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းနှင့် အရေးယူခြင်းများ ဆောင်ရွက်နိုင်သည်။
၂၂၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တိရစ္ဆာန်ထိန်းသိမ်းရေးရုံ တည်ထောင်ခြင်း၊ တည်ထောင် ဖွင့်လှစ်ခွင့်ပြုခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အရေးယူခြင်းများ ဆောင်ရွက် နိုင်သည်။
၂၂၂။ ကော်မတီသည် အသားထုတ်လုပ်ခြင်း၊ အသားပြုပြင်ထုတ်လုပ်ခြင်း၊ အသားထုတ်လုပ်ရုံများ တည်ထောင်ခြင်းနှင့် မြို့တော်နယ်နိမိတ်အတွင်း ယင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက် နိုင်သည်။
၂၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်အလို့ငှာ သားငါး ရောင်းချ ခြင်းနှင့်စပ်လျဉ်း၍ စည်းကမ်းသတ်မှတ်ခြင်း၊ ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အရေးယူခြင်းများ ဆောင်ရွက် နိုင်သည်။
၂၂၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဘာသာရေးနှင့် အခြားကိစ္စရပ်များ အတွက် သက်ဆိုင်ရာ ဌာနက ထုတ်ပေးသည့် ကျွဲ၊ နွားတိရစ္ဆာန် သတ်ဖြတ်ခွင့် အမိန့် ရရှိသူကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရန် ကြီးကြပ်နိုင်သည်။
၂၂၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွား တိရစ္ဆာန် တစ်စုံတစ်ရာကို သတ်ဖြတ်နေကြောင်း သို့မဟုတ် သတ်ဖြတ်ပြီးဖြစ်ကြောင်းယုံကြည်ရန် အကြောင်းရှိလျှင် ကော်မတီမှ တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသည် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာ တာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ၊ တစ်ဦးဦး အပါအဝင်အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ နေ့ညမရွေး မည်သည့်နေရာတွင်မဆိုဝင်ရောက် စစ်ဆေးခွင့် ရှိသည့်အပြင် တရားမဝင်သတ်ဖြတ်ထားသည့် ကျွဲ၊ နွား တိရစ္ဆာန်၊ ယင်းတို့၏ အစိတ်အပိုင်းများနှင့် သတ်ဖြတ်ရန်အလို့ငှာ စုစည်းထားရှိသော မည်သည့် တိရစ္ဆာန်အရှင်ကိုမဆို သိမ်းယူခြင်း၊ အရေးယူခြင်း နှင့် စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်။
၂၂၆။ (က) မြို့တော်နယ်နိမိတ်အတွင်း ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ပိုင်နက်တစ်ခုခုတွင် ကျွဲ၊ နွား တိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်နှင့် အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်ကိုထိန်းသိမ်းထားကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် ကော်မတီက တာဝန် ပေးအပ်ခြင်းခံရသော ဝန်ထမ်းသည် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူး ဖြစ်စေ၊ တစ်ဦးဦး အပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ နေ့ညမရွေး မည်သည့် နေရာတွင်မဆို ဝင်ရောက်စစ်ဆေးခွင့်နှင့် ဖမ်းဆီးယူဆောင်၍ သတ်မှတ်နေရာတွင် ထိန်းသိမ်းထားခွင့်ရှိသည်။
(ခ) ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသည် မြို့တော်နယ်နိမိတ် အတွင်း မည်သည့်လေလွင့်တိရစ္ဆာန်နှင့် အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်ကိုမဆို အချိန်မရွေး ဖမ်းဆီးအရေးယူခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံသို့ ပို့ဆောင်အပ်နှံခြင်းနှင့် စီမံခန့်ခွဲခြင်း များ ဆောင်ရွက်နိုင်သည်။
(ဂ) ကော်မတီသည် ဖမ်းဆီးထိန်းသိမ်းထားသည့် တိရစ္ဆာန်အတွက် ထိန်းသိမ်းထားရှိမည့် ကာလကိုသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ထိန်းသိမ်းထားရှိချိန် ကာလအတွင်း လိုအပ်သော ကျွေးမွေးစောင့်ရှောက်မှုများ ပြုနိုင်သည်။
(ဃ) ဖမ်းဆီးအရေးယူချိန်နှင့်သတ်မှတ်နေရာတွင် ထိန်းသိမ်းထားရှိချိန်၌ တာဝန် ထမ်းဆောင်သည့် ဝန်ထမ်း၏ သဘောရိုးဖြင့်ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် တိရစ္ဆာန် တွင် တစ်စုံတစ်ရာထိခိုက်၊ ပျက်စီး၊ ဆုံးရှုံး၊ သေဆုံးမှု ဖြစ်ပေါ်ခြင်းအတွက် ကော်မတီနှင့် အဆိုပါဝန်ထမ်းအပေါ်တွင် တာဝန်မရှိစေရ။
(င) မြို့တော် နယ်နိမိတ်အတွင်းသို့ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ တိရစ္ဆာန်တစ်မျိုးမျိုးကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိပါက ကော်မတီသည် ဖမ်းဆီးအရေးယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်။

အခန်း(၂၃)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၂၂၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများနှင့် စက်ဆုပ်ဖွယ်ရာများကို သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ခေတ်မီနည်းပညာ စနစ်များဖြင့်ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းများအတွက် ကော်မတီမှ ဖြစ်စေ၊ လိုအပ်ပါက သင့်လျော်သော ပြည်တွင်းပြည်ပ ပူးပေါင်းအဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးအားသင့်လျော်သည့်ကာလအတွက် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါ စနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်ကောင်းမွန်သော စနစ်ဖြင့်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်၍ တာဝန်ပေးအပ်နိုင်သည်။
၂၂၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အောက်ဖော်ပြပါနေရာတို့တွင် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိရေး၊ စနစ်တကျစွန့်ပစ်ရေး ညွှန်ကြားခြင်း၊ ကြပ်မတ်ခြင်း၊ အရေးယူခြင်းဆောင်ရွက်ရမည်-
(က) အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံ၊ အဝန်းအဝိုင်း၊
(ခ) ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူရှိသည့် အဆောက်အအုံ၊ အဝန်းအဝိုင်း၊
(ဂ) ပိုင်ရှင်နေထိုင်ခြင်းမရှိသော မြေကွက်လပ်များ။
၂၂၉။ ကော်မတီသည် မြို့တော်နေပြည်သူများအနေဖြင့် မိမိပိုင်နယ်နိမိတ်ပြင်ပရှိ ကော်မတီပိုင်မြေများတွင် သုံးစွဲသည့်ပစ္စည်းများ စုပုံခြင်း၊ ပစ္စည်းဟောင်းများစုပုံခြင်းအား အရေးယူဆောင်ရွက်နိုင်ရေး လိုအပ်သော စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်သည်။
၂၃၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အမှိုက်စွန့်ပစ်စနစ်နှင့်စပ်လျဉ်း၍ လိုအပ်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။
၂၃၁။ ကော်မတီသည် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံများ၊ နောက်ဖေးလမ်းကြားများ၊ လူသွားလမ်းကြားများ၊ ခြံဝင်းနှင့် မြေကွက်လပ်များရှိ အမှိုက်များ၊ အညစ်အကြေးများ၊ ရေဝပ်ခြင်းများကို ဖယ်ရှား၊ ပြုပြင်၊ ရှင်းလင်းစေရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူကို ညွှန်ကြားနိုင်သည်။
၂၃၂။ ပုဒ်မ ၂၃၁ အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆို နိုင်သည်။
၂၃၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ အခန်းလိုက်ငှားသော အဆောက်အအုံများ၊ အများပြည်သူပျော်ပွဲရွှင်ပွဲအတွက် အသုံးပြုသည့်အဆောက်အအုံများနှင့် ဖျော်ဖြေရေး ခန်းမများကို ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန်ဆောင်ရွက်စေခြင်းနှင့် ကြီးကြပ်ခြင်း ကို လိုအပ်သလို စီမံဆောင်ရွက်ရမည်။
၂၃၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူသွားလာရာလမ်းများ သန့်ရှင်းစေရန် လှဲကျင်းခြင်း၊ ရေဖြန်းခြင်း၊ ဆေးကြောခြင်း၊ တိရစ္ဆာန်အသေကောင်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခြင်း နှင့် လမ်းများပေါ်ရှိစွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးပစ္စည်းများနှင့် စက်ဆုပ်ဖွယ်ဖြစ်သည့် ပစ္စည်းများကို စုသိမ်းခြင်း၊ ဖယ်ရှားခြင်း၊ စွန့်ထုတ်ခြင်းများကိုပုံမှန်ဆောင်ရွက်ရမည်။
၂၃၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ကျန်းမာရေးနှင့်သန့်ရှင်းရေးကိုထိခိုက်စေသည့် အောက်ပါလုပ်ရပ်များမည်သူမျှမပြုလုပ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ရမည်-
(က) ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ် အိတ် စသည့်အမှိုက်သရိုက်များ၊ တိရစ္ဆာန်အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ် စသည့်အနံ့ဆိုးထွက်သည့်ပစ္စည်းများ သို့မဟုတ် မည်သည့်အရာဝတ္တုကိုမဆို ထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ်ခြင်း၊ တိရစ္ဆာန်များအား အစာကျွေးမွေးခြင်း၊
(ခ) အများပြည်သူဆိုင်ရာနေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေး စွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်ခြင်း၊
(ဂ) တူးဖော်ထားသည့် ရေမြောင်းများ၊ အင်းအိုင်၊ ရေလှောင်ကန်၊ မြစ်ချောင်း၊ ပင်လယ် အစိတ်အပိုင်းများပေါ်တွင် အမှိုက်သရိုက်များ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံများမှ ထွက်ရှိပြီး ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ ရေဆိုးရေညစ်များနှင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပစ်ချခြင်း၊ စုပုံထားခြင်း၊ စွန့်ပစ်ခြင်း။
၂၃၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နေထိုင်ကြသူများအတွက် ကိုးကွယ်သည့် ဘာသာအလိုက် လိုအပ်သောနေရာများ၌ သုသာန်၊ သင်္ချိုင်း၊ အသုဘရှုခန်းမ၊ သုသာန် မီးသင်္ဂြိုဟ်စက်များကို သတ်မှတ် တည်ဆောက်ထားရှိပြီး စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်ရမည်။
၂၃၇။ ကော်မတီသည် သင်္ဂြိုဟ်ရန်ကိစ္စအလို့ငှာ အလောင်းသယ်ယာဉ်၊ အလောင်းယာယီ ထားသည့် အအေးတိုက်၊ အသုဘရှုခန်းမနှင့် မီးသင်္ဂြိုဟ်စက်တို့ကို စီမံထားရှိပြီး ထိုက်သင့်သော အခကြေးငွေကို သတ်မှတ်၍ ကောက်ခံရယူနိုင်သည်။
၂၃၈။ ကော်မတီသည် အကြောင်းအမျိုးမျိုးကြောင့် သင်္ဂြိုဟ်မည့်သူမရှိသည့် အလောင်း ကိုလည်းကောင်း၊ သင်္ဂြိုဟ်စရိတ်မတတ်နိုင်သည့် ကိစ္စရပ်များနှင့်ဆိုင်သော အလောင်းကိုလည်းကောင်း အခမဲ့သင်္ဂြိုဟ်ပေးရမည်။
၂၃၉။ ကော်မတီ၏ ခွင့်ပြုချက်မရဘဲ မြို့တော်နယ်နိမိတ်အတွင်း သတ်မှတ်ထားသော သုသာန် သင်္ချိုင်း၏ မည်သည့်ပြင်ပနေရာတွင်မဆို အလောင်းအားမြေတူးမြှုပ်နှံခြင်း၊ ဂူသွင်းခြင်း၊ မီးသင်္ဂြိုဟ်ခြင်း တို့ကို မည်သူမျှ မည်သည့်ပုံစံနှင့်မျှမပြုလုပ်ရန် လိုအပ်သလို စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ စီမံ ကြပ်မတ် အရေးယူဆောင်ရွက်ရမည်။
၂၄၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သီးခြားကိစ္စရပ်အနေဖြင့် အလောင်းကို သတ်မှတ် သုသာန်သင်္ချိုင်း၏ ပြင်ပ၌ မြှုပ်နှံခြင်း၊ ဂူသွင်းခြင်း၊ မီးသင်္ဂြိုဟ်ခြင်း လုပ်ငန်းများကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။
၂၄၁။ ကော်မတီသည် မီးသင်္ဂြိုဟ်စက်ဖြင့် သင်္ဂြိုဟ်ရာ၌ ပတ်ဝန်းကျင်တွင် နေထိုင်သူများ စိတ်ငြိုငြင်မှု မရှိစေရန်လည်းကောင်း၊ ကျန်းမာရေးကို ထိခိုက်စေမည့် ညှော်နံ့၊ မီးခိုးနှင့် ပြာများ ကင်းရှင်းစေရန် လည်းကောင်းစီမံဆောင်ရွက်ရမည်။
၂၄၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါနှင့် သေဆုံးသည့်အလောင်းကို အများပြည်သူတို့အား ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် အတွက် သီးခြားသတ်မှတ်သည့် အစီအစဉ်များချမှတ်၍ သင်္ဂြိုဟ်ရမည်။
၂၄၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ သုသာန်သင်္ချိုင်းတစ်ခုခုအား ပိတ်သိမ်းရန် အကြောင်း ခိုင်လုံလျှင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး အများသိရှိစေရန် တရားဝင်ကြေညာ၍ ထိုသုသာန်သင်္ချိုင်း ကို ပိတ်သိမ်းရမည်။
၂၄၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ပိတ်သိမ်းထားသော သုသာန်သင်္ချိုင်း တစ်ခုခုအား ပြန်လည်ဖွင့်လှစ်ရန် လိုအပ်ပါက အစိုးရအဖွဲ့ထံ ခွင့်ပြုချက်ရယူပြီး တရားဝင်ကြေညာ၍ ထိုသုသာန် သင်္ချိုင်းကို ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်သည်။
၂၄၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေနိုင်သည့် ရေဆိုးရေညစ်များကို သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံ နယ်နိမိတ် အတွင်း တွင် သတ်မှတ်ထားသည့် ရေအရည်အသွေးရရှိသည်အထိ ပြုပြင်ပြီးမှသာ ပြင်ပမြစ်ချောင်းများသို့ စွန့်ထုတ်စေရန်ကြီးကြပ်ညွှန်ကြားရမည်။
၂၄၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စက်ရုံများ၊ အလုပ်ရုံများမှ စွန့်ထုတ်သော အလေအလွင့်များ၊ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်သရိုက်များ၊ မသန့်ရှင်းသော အရည်များသည် ပတ်ဝန်းကျင် ထိခိုက်ပြီး ဆိုးကျိုးသက်ရောက်မှုမရှိစေရန်အတွက် အများနှင့်သက်ဆိုင်သောနေရာများတွင် စွန့်ပစ်ခြင်း၊ စီးဝင်စေခြင်း မပြုလုပ်ရန် လိုအပ် သလို ကြပ်မတ်စစ်ဆေးအရေးယူရမည်။
၂၄၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စက်ရုံများ၊ အလုပ်ရုံများမှထုတ်လွှတ်သော မီးခိုးများ၊ အခိုးငွေ့များ၊ အမှုန်အမွှားများကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု မရှိစေရေးအတွက် ယင်းစက်ရုံ၊ အလုပ်ရုံများရှိ တာဝန်ရှိသူများအား လိုအပ်သော အစီအမံများကို ပြုလုပ်ထားရှိရန် ကြီးကြပ်ညွှန်ကြားရမည်။
၂၄၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ တစ်ခုခုမှ မနှစ်သက်ဖွယ်သော တိရစ္ဆာန်သွေး၊ အရိုးများ၊ သားရေများ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သောအရည်၊ ဆေးကြောရည်များ၊ ညစ်ညမ်းသောအရာများကို အများနှင့်သက်ဆိုင်သောနေရာများသို့ စီးဆင်းခြင်း၊ စုပုံထားရှိခြင်း၊ ပြန့်ကျဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်းများ မပြုလုပ်ရန် ကြပ်မတ်စစ်ဆေးအရေးယူရမည်။
၂၄၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မည်သည့်နေရာတွင်မဆို စက်ရုံ၊ အလုပ်ရုံ တစ်ခုခုမှ လေဖြင့် သယ်ယူလာနိုင်သည့် ပြာ၊ အမွေးအမှင်၊ ထုံး၊ ကျောက်၊ သဲ၊ စက္ကူ၊ အမှိုက် စသည့် ပစ္စည်းများကြောင့်ပတ်ဝန်းကျင်ထိခိုက်ပြီး ဆိုးကျိုးသက်ရောက်မှု မရှိစေရန် လိုအပ်သော စည်းကမ်းချက်များ သတ်မှတ်၍စစ်ဆေးအရေးယူရမည်။
၂၅၀။ ကော်မတီသည် သင့်လျော်သောနေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်အညီ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနေရာအား ရွေးချယ်တည်ဆောက်နိုင်ပြီး စွန့်ပစ်အမှိုက်များနှင့် စပ်လျဉ်း၍ မည်သည့်စီမံခန့်ခွဲမှုကိုမဆို ဆောင်ရွက်နိုင်သည်။
၂၅၁။ ကော်မတီသည် သင့်လျော်သောနေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် အညီ အမှိုက်ထွက်ရှိသည့်နေရာနှင့် နောက်ဆုံးစွန့်ပစ်သည့်နေရာအကြား ၁၀ ကီလိုမီတာအထက် ဝေးကွာ ပါက စွန့်ပစ်အမှိုက်များအား နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တိုက်ရိုက်စွန့်ပစ်ခြင်းမပြုဘဲ ကြားခံလွှဲပြောင်းမည့်နေရာအား တည်ဆောက်နိုင်သည်။
၂၅၂။ ကော်မတီသည် ကြီးမားသောအိမ်သုံးစွန့်ပစ်အမှိုက်များအား မြို့နေပြည်သူများမှ ကိုယ်တိုင် လာရောက် စွန့်ပစ်နိုင်ရန် သင့်လျော်သောနေရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများ နှင့်အညီ ကြားခံစွန့်ပစ်မည့်နေရာ တည်ဆောက်နိုင် သည်။
၂၅၃။ ကော်မတီသည် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်အညီ လေထု၊ ရေထု၊ မြေထုအပေါ် ညစ်ညမ်းမှုလျော့နည်းစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်နိုင် သည်။
၂၅၄။ ကော်မတီသည် အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံထွက်လျှပ်စစ်ဓာတ်အားကို မဟာ ဓာတ်အားလိုင်းသို့ ချိတ်ဆက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၂၅၅။ ကော်မတီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်အညီ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများမှ ထွက်ရှိသောအရည်ကိုသတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန်အတွက် ပြုပြင်သန့်စင်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်သည်။
၂၅၆။ ကော်မတီသည် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှိုက်သိမ်းဆည်းခြင်း၊ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ သယ်ယူပို့ဆောင်ခြင်းနှင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အမှိုက်များအား စီမံခန့်ခွဲခြင်း လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကျစရိတ်များ အသုံးပြုရခြင်းအတွက် အခွန်၊ အခ ဥပဒေနှင့်အညီ ကောက်ခံနိုင်သည်။
၂၅၇။ ကော်မတီသည် နိုင်ငံခြားသင်္ဘောမှစွန့်ပစ်ပစ္စည်းများကိုလက်ခံ၍ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ချက်နှင့်အညီ အညစ်အကြေးသန့်စင် အဆောက်အအုံကို ဆိပ်ကမ်းတွင် တည်ဆောက်ရန် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုရယူ၍ ဆောင်ရွက်နိုင်သည်။ ယင်းအဆောက်အအုံသို့ သယ်ယူခြင်း၊ သန့်စင်ခြင်း၊ ထုပ်ပိုးခြင်း၊ စွန့်ပစ်ခြင်းတို့အတွက် သတ်မှတ်ဝန်ဆောင်ခအဖြစ် စွန့်ပစ်ခကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း နှင့်ညှိနှိုင်း၍ နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ ကောက်ခံနိုင်သည်။
၂၅၈။ ကော်မတီသည် ပြည်တွင်းသင်္ဘောများမှထွက်ရှိသည့် အညစ်အကြေး၊ အရည်၊ စွန့်ပစ်ပစ္စည်းများ၊ အကြွင်းအကျန်များကို စွန့်ပစ်လိုပါက ကော်မတီမှသတ်မှတ်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ နည်းလမ်းနှင့်အညီ ဆောင်ရွက်စေပြီးမှ စွန့်ပစ်နေရာသို့ စွန့်ပစ်ရမည် သို့မဟုတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသို့ အကြောင်းကြားလျှင် ယင်းစွန့်ပစ်ပစ္စည်းများကို သယ်ဆောင်၍ စွန့်ပစ်ပေးနိုင်သည်။ ထိုသို့ဆောင်ရွက်ရသည့်အတွက် ဝန်ဆောင်ခ၊ စွန့်ပစ်ခကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း နှင့် ညှိနှိုင်း၍ကောက်ခံနိုင်သည်။
၂၅၉။ ကော်မတီသည် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် ကျောက်မီးသွေးကို အပူပေးလောင်စာအဖြစ် သုံးစွဲခြင်းအား စိစစ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲခွင့်ပြုနိုင်သည်သို့မဟုတ် ငြင်းပယ်နိုင်သည်။
၂၆၀။ ကော်မတီသည် စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံတို့မှ ထွက်ပေါ်လာနိုင်သည့် မီးခိုးများ၊ အမှုန်အမွှားများ၊ အခိုးအငွေ့များ၊ ဆူညံသံနှင့် အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုအပေါ် ကာကွယ်တားဆီးနိုင်ရန်အတွက် လိုအပ်သော အစီအမံများ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ညွှန်ကြားနိုင်သည်။
၂၆၁။ ကော်မတီသည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား စစ်ဆေးကြပ်မတ် ဆောင်ရွက် ရမည်။ လိုအပ်ပါက သီးခြားအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နိုင်သည်။
၂၆၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကို ပြန်လည်ပြုပြင် သန့်စင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သော စီမံခန့်ခွဲမှုများ ပြုနိုင်သည်။
၂၆၃။ ကော်မတီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စွန့်ပစ်အမှိုက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို စီမံခန့်ခွဲနိုင်သည်။
၂၆၄။ ကော်မတီသည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်းများ ဆောင်ရွက်နိုင်သည်။
၂၆၅။ ကော်မတီသည် ဆေးရုံစွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အရည်အမျိုးမျိုး၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးမျိုးနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်သည်။
၂၆၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြား လုပ်ငန်းများမှ ထွက်ရှိသောစွန့်ပစ်ပစ္စည်းများအား စနစ်တကျထားရှိခြင်း၊ စွန့်ပစ်ခြင်းနှင့် ဖျက်ဆီးခြင်း တို့ကို စီမံခန့်ခွဲနိုင်သည်။
၂၆၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စက်မှုဇုန်များရှိ စက်ရုံများမှ ထွက်ရှိသည့် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်း၊ စနစ်တကျ ထားရှိခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို စီမံခန့်ခွဲနိုင်သည်။
၂၆၈။ ကော်မတီသည် အမှိုက်ပုံး၊ အမှိုက်ကန်၊ ယာယီစွန့်ပစ်မည့် အမှိုက်ပုံနေရာများ ထပ်ဆင့် လွှဲပြောင်း စနစ်ဆောင်ရွက်မည့် အမှိုက်စွန့်နေရာများနှင့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံမြေနေရာများ သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်းနှင့် စီမံခန့်ခွဲကြီးကြပ်ခြင်း ဆောင်ရွက် နိုင်သည်။

အခန်း(၂၄)
စီမံခန့်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၂၆၉။ ကော်မတီသည် လုပ်ငန်းတာဝန်များကို အခြေခံလျက် လိုအပ်သော ဖွဲ့စည်းပုံကို ရေးဆွဲပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ ဝန်ထမ်းအဖွဲ့ကို ဖွဲ့စည်းထားရှိရမည်။
၂၇၀။ ကော်မတီသည် မိလ္လာ၊ ရေဆိုး၊ ရေမြောင်းများ သန့်ရှင်းရေးလုပ်ငန်း၊ အသား ထုတ်လုပ်ခြင်း လုပ်ငန်း၊ စက်ဆုပ်ဖွယ်ရာနှင့်အညစ်အကြေးများကိုင်တွယ်ဆောင်ရွက်ရသည့်လုပ်ငန်း၊ အန္တရာယ်ရှိစေသော လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် သင့်လျော်သည့် အကျိုးခံစားခွင့်များကို သီးခြားသတ်မှတ် ပြဋ္ဌာန်း နိုင်သည်။
၂၇၁။ ကော်မတီက တာဝန်ပေးအပ်သည့် စည်ပင်သာယာ အရာထမ်းကဖြစ်စေ၊ နှစ်ဦးထက်ပိုသော စည်ပင်သာယာအမှုထမ်းကဖြစ်စေ မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် သို့မဟုတ် မြေတိုင်းတာရန် ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် လက်ရှိ နေထိုင်သူထံသို့ ကြိုတင်အကြောင်းကြားပြီး နေထွက်ချိန်နှင့်နေဝင်ချိန်အကြား မည်သည့် လုပ်ငန်းခွင်၊ အဆောက်အအုံ သို့မဟုတ် နေရာအတွင်းသို့မဆို ဝင်ရောက်စစ်ဆေးပိုင်ခွင့်ရှိသည်။
၂၇၂။ ကော်မတီသည် မြို့တော်သန့်ရှင်းသာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်လေ့လာစေခြင်း၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များ ၏ အကြံဉာဏ်နှင့်ထောက်ပံ့မှုများကို ရယူခြင်းစသည့် ထိရောက်သော နည်းစနစ်များချမှတ်၍ စီမံဆောင်ရွက်နိုင်သည်။
၂၇၃။ ကော်မတီသည် ဝန်ထမ်းအဖွဲ့အစည်းတွင်ပါရှိသည့် ဌာနအကြီးအကဲများနှင့်တကွ အောက်ခြေ အဆင့်အထိ တာဝန်ယူဆောင်ရွက်ကြသည့် ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ လုပ်ငန်းကျွမ်းကျင်မှုတို့ကို အမြဲမပြတ်လေ့လာသုံးသပ်၍ ပိုမိုထိရောက်အောင်မြင်သော ဝန်ထမ်းအဖွဲ့အစည်း ဖြစ်စေရန်အတွက် လိုအပ်သောအထောက်အပံ့များ၊ လမ်းညွှန်မှုများ၊ ပြုပြင်မှုများကို ထိရောက်စွာ စီမံဆောင်ရွက်နိုင်သည်။
၂၇၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ဘဏ္ဍာငွေသုံးစွဲခွင့်တို့နှင့် စပ်လျဉ်း၍ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ခွဲဝေ သတ်မှတ်ပေးရမည်။
၂၇၅။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းများ ပိုမိုထိရောက် စေရန်နှင့် အခွန်အခများ အပြည့်အဝ ကောက်ခံရရှိစေရန်အတွက် လိုအပ်သလို စစ်ဆေး ကြပ်မတ်ရမည်။
၂၇၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသော ဘော်ဒါဆောင်၊ အဆောင်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ဆေးခန်းနှင့်သတ်မှတ်ထားသော အခြားလုပ်ငန်းများအား လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းစသည့် လုပ်ငန်းတာဝန်များကို စနစ်တကျစီစဉ်ဆောင်ရွက်ရမည်။
၂၇၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ခွင့်ပြုထားသော လိုင်စင်များ၊ ကြော်ငြာများအား ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်း စသည့် လုပ်ငန်း တာဝန်များကို စနစ်တကျစီစဉ်ဆောင်ရွက်နိုင်သည်။
၂၇၈။ ကော်မတီသည် အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရခြင်းကြောင့် လူတစ်ဦး တစ်ယောက်အား နစ်နာစေလျှင် သို့မဟုတ် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ တန်ဖိုးလျော့နည်းသွားစေလျှင် နစ်နာသူ သို့မဟုတ် ပစ္စည်းပိုင်ရှင်အား သင့်လျော်သော လျော်ကြေးငွေများပေးနိုင်သည်-
(က) စည်ပင်သာယာရေမြောင်းများ ဖောက်လုပ်ခြင်း၊ စွန့်ထုတ်ခြင်း၊ ပြောင်းလဲခြင်း၊ ရပ်စဲလိုက်ခြင်း၊
(ခ) ရေမြောင်းများ လေဝင်လေထွက်ရရှိစေသော ပြွန်များ တပ်ဆင်ခြင်း၊
(ဂ) အမှိုက်သရိုက်များနှင့် စက်ဆုပ်ဖွယ်ရာအညစ်အကြေးများကို စုပုံထားခြင်း၊ စွန့်ထုတ်ခြင်း၊
(ဃ) ဘေးအန္တရာယ်ဖြစ်စေတတ်သော သို့မဟုတ် ကူးစက်တတ်သောရောဂါဖြစ်ပွားရန် အခြေအနေ ပေါ်ပေါက်လာသောကြောင့် အရေးပေါ်ဆောင်ရွက်ရခြင်း၊
(င) မြို့တော်အင်္ဂါရပ်များနှင့် ညီညွတ်စေရန်ဆောင်ရွက်ရခြင်း။
၂၇၉။ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးသည့် နစ်နာကြေးကို ကာယကံရှင်များက လက်မခံလျှင်ဖြစ်စေ၊ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ နစ်နာသူသည် နစ်နာကြေးရရှိရန် တည်ဆဲ ဥပဒေများနှင့်အညီ သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားနိုင်သည်။
၂၈၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မိမိပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့ကို ပြုလုပ်လိုပါက အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း (၂၅)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၈၁။ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့၊ ဌာနသည် ဤဥပဒေအရ ထုတ်ပေးသော လုပ်ငန်းလိုင်စင် ရရှိသူကဖြစ်စေ၊ မှတ်ပုံတင် လက်မှတ်ရရှိသူကဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုမိန့်တစ်ရပ်ရပ်ကို ရရှိထားသူက ဖြစ်စေ သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် အောက်ပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -
(က) ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊
(ခ) လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊
(ဂ) လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။
၂၈၂။ ပုဒ်မ ၂၈၁ ပါ ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ခြင်းခံရသူသည် ကျေနပ်မှုမရှိလျှင် ရက်ပေါင်း၃၀ အတွင်း ကော်မတီထံသို့ အယူခံဝင်နိုင်သည်။ ကော်မတီ၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ် ဖြစ်စေရမည်။
၂၈၃။ ကော်မတီက မြို့တော်သန့်ရှင်း၊ သာယာ၊ လှပရေးနှင့်စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလို့ငှာထုတ်ပြန်သည့် ညွှန်ကြားချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိလျှင် ထိုသူကို စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည်။

အခန်း(၂၆)
ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၂၈၄။ ကော်မတီသည် ကော်မတီ၏ဦးတည်ချက်များ၊ စည်ပင်သာယာဆိုင်ရာ ပညာပေး နှိုးဆော်ချက်များ၊ အမိန့်ကြေညာချက်များ၊ လိုက်နာရမည့် ပြည်သူ့နီတိများကို ပြည်သူအများသိရှိရန် သတင်းမီဒီယာ နည်းလမ်းများဖြင့် အသိပညာပေးခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်းများ ဆောင်ရွက်ရမည်။
၂၈၅။ ကော်မတီသည် မြို့တော်သူ မြို့တော်သားတို့၏သာယာပျော်ရွှင်မှုရှိစေရန် ပန်းဥယျာဉ်၊ ပန်းခြံများ အတွင်း အငြိမ့်၊ ဇာတ်သဘင်၊ အက၊ ဂီတများဖြင့် ဖျော်ဖြေပွဲများကို အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပြင်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သည်။
၂၈၆။ ကော်မတီသည် နိုင်ငံတော်မှကျင်းပသော အခမ်းအနားများနှင့် ကော်မတီက တာဝန်ယူကျင်းပသော အခမ်းအနားများ၌ အများပြည်သူတို့အတွက်ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တာဝန်ယူဆောင်ရွက်ရမည်။
၂၈၇။ ကော်မတီသည် ကော်မတီလက်အောက်ရှိ လုပ်ငန်းတာဝန်ခံအဖွဲ့များ၊ ဌာနများနှင့် မြို့နယ် စည်ပင် သာယာရေးကော်မတီများမှ စည်ပင်သာယာဆိုင်ရာ လုပ်ငန်းရပ်များဆောင်ရွက်နေမှုကို အများပြည်သူများ သိရှိနားလည်စေရန် သတင်းမီဒီယာမှတစ်ဆင့်အသိပေးတင်ပြခြင်း၊ ဖြန့်ချိခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်ရမည်။
၂၈၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းလုပ်ငန်းကြီးများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရမည်။ ဓာတ်ပုံ၊ ဗီဒီယို၊ မှတ်တမ်းများရိုက်ကူးရယူ၍ ခေတ်မီနည်းစနစ်များ နှင့်အညီ ထိန်းသိမ်းထားရှိရမည်။
၂၈၉။ ကော်မတီသည် ကော်မတီလက်အောက်ရှိ လုပ်ငန်းတာဝန်ခံအဖွဲ့များ၊ ဌာနများ၏ ပုံနှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ကော်မတီပိုင် ပုံနှိပ်စက်များ တည်ထောင်ခြင်း၊ ထပ်မံတိုးချဲ့ခြင်းများကို စီမံဆောင်ရွက်နိုင်သည်။
၂၉၀။ ကော်မတီသည် မြို့တော်စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လုံခြုံရေး ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရေဒီယိုနှင့်ရုပ်မြင်သံကြားလိုင်းများတည်ထောင်၍နှိုးဆော်ခြင်း၊ ဖျော်ဖြေတင်ဆက်ခြင်း၊ သတင်းထုတ်လွှင့်ခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်သည်။
၂၉၁။ ကော်မတီသည် မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် များကို စုစည်းပြုစု၍ ခေတ်မီသတင်းအချက်နည်းပညာများကို အသုံးပြု၍ ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးခြင်း၊ ကော်မတီဝင်များ၊ လုပ်ငန်းတာဝန်ခံအဖွဲ့များ၊ ဌာနများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများ အဆင့်ထိ သတင်းကွန်ရက်စနစ် ချိတ်ဆက်နိုင်အောင် စီမံဆောင်ရွက်ရမည်။
၂၉၂။ ကော်မတီသည် မြို့တော်သူမြို့တော်သားများနှင့် ကော်မတီ အဆင့်ဆင့်တို့အကြား လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စေရန်အတွက် e-Government လုပ်ငန်းများ ကို အသုံးပြု၍ စီမံဆောင်ရွက်ရမည်။
၂၉၃။ ကော်မတီသည် သတင်းမီဒီယာလုပ်ငန်း၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း တစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းကုမ္ပဏီများ၊ လူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်းများကို ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်သည်။
၂၉၄။ ကော်မတီသည် သတင်းမီဒီယာလုပ်ငန်း၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရရုံး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြင်ပအဖွဲ့အစည်းများ၊ သတင်းအေဂျင်စီများနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ရယူခြင်းနှင့် လိုအပ်ပါက အခကြေးငွေဖြင့် ဝယ်ယူခြင်းလုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်သည်။
၂၉၅။ ကော်မတီသည် သတင်းမီဒီယာထုတ်လွှင့်မှုများ၊ ဖြန့်ချိမှုများနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပနှင့် အပြန်အလှန်ဆက်သွယ်ရယူဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပမှ သတင်းနှင့်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့်ပစ္စည်းကိရိယာများကို အကူအညီရယူခြင်း၊ အထောက်အပံ့ရယူခြင်းများကို ဆောင်ရွက်နိုင်သည်။
၂၉၆။ ကော်မတီသည် အီလက်ထရောနစ်နည်းစနစ်သုံး စီမံခန့်ခွဲရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြည်တွင်းပြည်ပနည်းပညာအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အထောက်အပံ့ရယူခြင်းနှင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

အခန်း(၂၇)
လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

၂၉၇။ ကော်မတီသည် မိမိပိုင်အဆောက်အအုံများ၊ ရုံးများ၊ ပစ္စည်းများ၊ ရေလှောင်ကန်ကြီးများနှင့် အခြားသော ပိုင်ဆိုင်မှုများ၏ လုံခြုံရေးကိုလည်းကောင်း၊ ဤဥပဒေနှင့်ကော်မတီမှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို မြို့သူမြို့သားများက လိုက်နာကျင့်သုံးစေရေးကို လည်းကောင်း ဆောင်ရွက်ရန် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
၂၉၈။ (က) ကော်မတီသည်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနကို သင့်လျော်သော ဝန်ထမ်း များဖြင့် ဖွဲ့စည်းနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းလိုပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြရမည်။
၂၉၉။ ကော်မတီသည် မိမိပိုင် ရေလှောင်ကန်များ၊ ရေကန်ကြီးများ၏ လုံခြုံရေးနှင့်ရေညစ်ညမ်းမှုမဖြစ်စေရေး တို့အတွက် တားမြစ်ခြင်း၊ ထိန်းသိမ်းခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်ရမည်။
၃၀၀။ ကော်မတီသည် လမ်းဘေးဈေးသည်များအား အခါအားလျော်စွာ သတ်မှတ်ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချစေရန်အတွက် လိုအပ် သလို ကြပ်မတ်ဆောင်ရွက်ရမည်။
၃၀၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ယာဉ်များရပ်နားခြင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းခြင်း၊ လူကူးမျဉ်းကျားမှ စနစ်တကျလမ်းဖြတ်ကူးခြင်းနှင့် တည်ဆောက်ထားသည့် လူကူးခုံးကျော်တံတားများ၊ မြေအောက်လမ်းများမှ စည်းကမ်းနှင့်အညီ ဖြတ်ကူးခြင်း စသည့် စည်းကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများ ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရမည်။
၃၀၂။ ကော်မတီသည် အစိုးရအဖွဲ့မှ အခါအားလျော်စွာ တာဝန်ပေးအပ်သည့် မြို့တော်လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည်။
၃၀၃။ ကော်မတီသည် ဤဥပဒေအရလည်းကောင်း၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများအရ လည်းကောင်း ဖောက်ဖျက်ကျူးလွန်မှုများ မပေါ်ပေါက်စေရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးအပိုင်းတွင် လိုအပ်သော စီမံချက်များချမှတ် ဆောင်ရွက်ရမည်။

အခန်း(၂၈)
ဘဏ္ဍာရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းခြင်း

၃၀၄။ ကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ကော်မတီ၏ ရန်ပုံငွေဖြင့် ရပ်တည်ရမည်။
၃၀၅။ ကော်မတီသည် ရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်နိုင်သည်-
(က) စည်းကြပ်ကောက်ခံရရှိသည့် အခွန်၊ အခများ စီမံခန့်ခွဲမှုဒဏ်ကြေးနှင့် တရားရုံးဒဏ်ငွေများ၊
(ခ) စည်ပင်သာယာရေးလုပ်ငန်းမှရရှိသည့် ငှားရမ်းခ၊ ဝန်ဆောင်ခ၊ ပစ္စည်းများ ရောင်းရငွေ နှင့် အခြားနည်းလမ်းဖြင့် ရရှိသည့်ငွေများ၊
(ဂ) ကော်မတီပိုင် လမ်းများပေါ်တွင် ပြေးဆွဲနေသောယာဉ်များပေါ်မှ စည်းကြပ်ကောက်ခံရရှိ သည့် ဝင်ငွေများ၊
(ဃ) လုပ်ငန်းလိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခ၊ ခွင့်ပြုချက်ပေးသည့် မှတ်ပုံတင်ခ နှင့် လုပ်ငန်း ဆိုင်ရာအခွန်အခများ၊
(င) မတည်ပစ္စည်းများ ရောင်းချရငွေနှင့် မတည်အသုံးစရိတ်မှ ရငွေများ၊
(စ) အစိုးရအဖွဲ့ ထောက်ပံ့ငွေများ၊
(ဆ) ရန်ပုံငွေမှရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်သောလုပ်ငန်းများမှရရှိသောဝင်ငွေများနှင့် အကျိုးအမြတ်များ၊
(ဇ) ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်ပြည်တွင်း အခွန်များ ဦးစီးဌာနအသီးသီးက ပေးသွင်းသည့် ဝင်ငွေခွန်ဝေစုများ၊
(စျ) မြို့တော်နယ်နိမိတ်အတွင်းရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းသည့် စာချုပ် စာတမ်းများ ချုပ်ဆိုရာတွင် သတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်း တန်ဖိုးနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသောရာခိုင်နှုန်းအရ သက်ဆိုင်ရာ ဌာနကလွှဲပြောင်းပေးသော ငွေများ၊
(ည) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နှစ်စဉ်ရရှိသောအရပ်ရပ်အခွန်ဝင်ငွေ စုစုပေါင်း၏သတ်မှတ် ထားသော ရာခိုင်နှုန်းအရ လွှဲပြောင်းပေးသောငွေများ၊
(ဋ) ပြည်တွင်းပြည်ပမှ လှူဒါန်းထောက်ပံ့ငွေများနှင့် ပစ္စည်းများ၊
(ဌ) အဆောက်အအုံများ ငှားရမ်း၍ဖြစ်စေ၊ မြေများငှားရမ်း၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ရရှိသည့် နိုင်ငံခြားငွေများ။
၃၀၆။ ကော်မတီသည်-
(က) နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲပြီး အစိုးရအဖွဲ့သို့ တင်ပြရမည်၊
(ခ) ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ အတည်ပြုထားသော ရသုံးမှန်းခြေငွေစာရင်းနှင့်အညီသာ ကောက်ခံသုံးစွဲနိုင်ခွင့် ရှိသည်၊
(ဂ) မြို့တော် နယ်နိမိတ်ပြင်ပရှိ လုပ်ငန်းကိစ္စတစ်ခုခုအတွက် အများပြည်သူအကျိုးငှာ အမှန် တကယ် သုံးစွဲရန်လိုအပ်သည့်ကိစ္စများတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေမှ သုံးစွဲနိုင်သည်၊
(ဃ) ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေအစီအစဉ်ဖြင့် ဘဏ်စာရင်းဖွင့်လှစ်၍ ဆောင်ရွက်ရမည်၊ ကော်မတီ၏ ရငွေများအားလုံးကိုထိုဘဏ်စာရင်းသို့ ပေးသွင်းပြီး အသုံးစရိတ်များကိုလည်း နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ခွင့်ပြုချက်အတိုင်းတည်ဆဲဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရမည်၊
(င) ရရှိသောနိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိပြီး ထိုဘဏ် စာရင်းသို့ ပေးသွင်းရမည်၊ နှစ်စဉ်ရရှိသော နိုင်ငံခြားသုံးငွေများကိုကျပ်ငွေဖြင့်လဲလှယ်၍ ကော်မတီ ရန်ပုံငွေသို့ ပေးသွင်းရမည်၊
(စ) မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့၏ဘဏ္ဍာငွေနှင့် မလုံလောက်၍ ရန်ပုံငွေ ထပ်မံလိုအပ်ပါက ပြည်ထောင်စုအစိုးရမှ ထောက်ပံ့နိုင်ရန် အစိုးရအဖွဲ့ထံ တင်ပြ ခွင့်ရှိသည်၊
(ဆ) နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအစီရင်ခံစာကို အစိုးရအဖွဲ့သို့ လစဉ်တင်ပြ ရမည်။
၃၀၇။ ကော်မတီသည် ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြုရန်ပုံငွေအတွင်းမှ ဆောင်ရွက်မည့်စည်ပင်သာယာရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံမှန်စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရမည်။
၃၀၈။ ကော်မတီသည် သတ်မှတ်ထားသောငွေစာရင်းထိန်းသိမ်းရေး ညွှန်ကြားချက်နှင့်အညီ ရန်ပုံငွေစာရင်း များကို ပြုစုထိန်းသိမ်းထားရှိရမည်။
၃၀၉။ ကော်မတီသည် နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သတ်မှတ်ထားသည့် ငွေစာရင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြုစုရေးဆွဲထားသည့် ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်စာရင်းများအား ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းကို ခံယူရမည်။

အခန်း(၂၉)
တားမြစ်ချက်များ

၃၁၀။ မြို့ပြစီမံကိန်းနှင့်မြေများစီမံခန့်ခွဲခြင်းဆိုင်ရာတားမြစ်ချက်များ
(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်၊ ခွင့်ပြုချက်များ မရရှိဘဲ လူနေထိုင်ရန် အဆောက်အအုံများဆောက်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း သို့မဟုတ် အခြားလုပ်ငန်း တစ်ရပ်ရပ် ဆောင်ရွက်ခြင်း မပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များသက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ ပုဒ်မခွဲ (က) ပါ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းမပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မိမိပိုင်မြေကို အဆောက်အအုံဆောက်လုပ်ရန် အတွက် ဖြစ်စေ၊ အခြားသူအားရောင်းချရန်အတွက်ဖြစ်စေ၊ ခွဲစိတ်လို၍ဖြစ်စေ မြေတိုင်းတာခြင်း ကို ကော်မတီက ဖွဲ့စည်းပေးသည့် မြေတိုင်းတာရေးအဖွဲ့ သို့မဟုတ် အရာထမ်းမှလွဲ၍ အခြားမည်သည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့်မျှတိုင်းတာခြင်းမပြုရ၊
(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနှင့် ကော်မတီက မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ ကော်မတီ ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သော မြေတိုင်းတာရေးအဖွဲ့ သို့မဟုတ် အရာရှိအား ဟန့်တားနှောင့်ယှက်ခြင်း မပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့် နေရာ များကို ကော်မတီက စနစ်တကျမြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တားမြစ်ခြင်း၊ နှောင့်ယှက်ခြင်းမပြုရ၊
(စ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင်မြေများ သို့မဟုတ် စီမံကိန်းမြေများ ဖြစ်ကြောင်း စိုက်ထူထားသည့် ဆိုင်းဘုတ်များ၊ နယ်နိမိတ်ကျောက်တိုင်များ၊ ခြံစည်းရိုး နှင့် ခြံစည်းရိုးပင်များကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရ၊
(ဆ) မည်သူမျှ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များနှင့်တဲများကို ကျူးကျော်ဆောက်လုပ်နေထိုင်ခြင်းနှင့် လုပ်ငန်းတစ်ခုခု လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ၊
(ဇ) မည်သူမျှ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် တရားမဝင်ကျူးကျော်ခြင်းမပြုနိုင်ရန်တားမြစ်ခြင်း၊ တရားမဝင်ကျူးကျော် ဆောက်လုပ် ထားသည့် အဆောက်အအုံများကိုဖယ်ရှားခြင်း၊ တရားမဝင်ကျူးကျော်သူများအား ဖယ်ရှားခြင်း၊ ကျူးကျော်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုကိုဖယ်ရှားခြင်းစသည့် ဆောင်ရွက်မှုများကို ဟန့်တားနှောင့်ယှက်ခြင်းမပြုရ၊
(စျ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းအသုံးပြုခြင်းမရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုသာန် မြေများနှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်နေထိုင်ခြင်း၊ လုပ်ငန်း တစ်ရပ်ရပ် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
၃၁၁။ ပန်းဥယျာဉ်နှင့်ကစားကွင်းများဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ တြိဂံမြက်ခင်း၊ ပျိုးခြံပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် လမ်းလယ် ပန်းခုံ၊ ပန်းအိုး၊ စိုက်ပျိုးထား သည့်မြက်ခင်း၊ အပင် သို့မဟုတ် ပစ္စည်းတစ်ခုခုယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုလုပ်ရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကစီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ မြေကွက်လပ်၊ မြေနေရာ၊ တြိဂံ မြက်ခင်း၊ ပျိုးခြံ၊ ပန်းဥယျာဉ်၊ အားကစားကွင်းနေရာ၊ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေးမြေနေရာ၊ မြေယာရှုခင်းနေရာ များတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ကျူးကျော်ခင်းကျင်းခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ ဈေးရောင်းချခြင်း မပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ ပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် ရှုခင်းနေရာအတွင်းရှိ ရေကန်၊ ရေကန်ပေါင်၊ ရေဖြန့်ဝေသည့် ရေပန့်များ၊ ရေပိုက်များ သို့မဟုတ် ရေလှောင်ကန်ကို ဖျက်ဆီးခြင်း၊ တူးဆွခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရ၊
(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော သစ်ပင်၊ စိုက်ပျိုးထားသောသစ်ပင်များကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်း၊ ချိုးဖဲ့ခြင်း၊ ချိုင်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ခုတ်လှဲခြင်း မပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော် စိမ်းလန်း စိုပြည်ရေးအတွက် စိုက်ပျိုးထားသောအပင်များမှ အသီးအပွင့်၊ အရွက်၊ အကိုင်းအခက် တို့ကိုခူးယူခြင်း၊ ချိုးဖဲ့ခြင်း၊ ပျက်စီးစေခြင်းမပြုရ၊
(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ပန်းဥယျာဉ်များ၊ ရှုခင်းများနှင့်မြေကွက်လပ်နေရာများတွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များဖွင့်လှစ်ရောင်းချခြင်း၊ အပင်စိုက်ပျိုးခြင်း၊ အားကစားကွင်းပြုလုပ်ခြင်း သို့မဟုတ် ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပခြင်း မပြုရ၊
(ဆ) မည်သူမျှ မြို့တော် နယ်နိမိတ်အတွင်း အစိုးရဌာန အဖွဲ့အစည်းများက ဆောင်ရွက်သည့် ကိစ္စမှအပ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး အလို့ငှာ ပျော်ရွှင်ဖွယ် အားကစား ကွင်းများ၊ ကျန်းမာရေးလေ့ကျင့်ခန်း အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစား ခန်းမများ၊ ရေကူးကန်များနှင့် အားကစားနည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်း မပြုလုပ်ရ၊
(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကတာဝန်ယူ တည်ထောင် ထိန်းသိမ်း ထားသော ပန်းဥယျာဉ်များ၊ ရှုခင်းနေရာများ၊ ပျိုးခြံများ၊ ကွက်လပ်မြေနေရာများ၊ အားကစားကွင်းများကို တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း မပြုရ၊
(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ ပျိုးခြံတည်ထောင်ခြင်း၊ ပျိုးပင်အရောင်းဆိုင် ဖွင့်ခြင်း မပြုရ၊
(ည) မည်သူမျှ ကော်မတီက တည်ထောင်ဖွင့် လှစ်ထားသည့် ပန်းဥယျာဉ်၊ ပန်းခြံများ အတွင်း အမှိုက်မီးရှို့ခြင်း၊ သစ်ပင်ခုတ်ထွင်ခြင်း၊ တိရစ္ဆာန်များ ကို ဖမ်းဆီးခြင်း မပြုရ၊
(ဋ) မည်သူမျှ ကော်မတီကဖွင့်လှစ်ထားသော ပန်းခြံများအတွင်းရှိ ရေကန်အတွင်းသို့လည်းကောင်း၊ ကော်မတီက စီမံခန့်ခွဲသော ရေကန်ကြီးအတွင်းသို့ လည်းကောင်း၊ စီးပွားရေးလုပ်ငန်း များမှ ရေဆိုးများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သန့်စင်ခြင်းမပြုဘဲ စီးဝင် စေခြင်း၊ စွန့်ပစ်ခြင်းမပြုရ၊
(ဌ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော ပန်းခြံ၊ ပန်း ဥယျာဉ်များအတွင်း အများပြည်သူအပန်းဖြေလမ်းလျှောက်ရန် အတွက်သာ သတ်မှတ် ထားသောလမ်းပေါ်တွင် မသန်စွမ်းသူများ အသုံးပြုသည့် ယာဉ်ကိရိယာများမှအပ စက် တပ်ယာဉ် မောင်းနှင်ခြင်း၊ စက်မဲ့ယာဉ် စီးနင်းခြင်းနှင့် စကိတ်စီးခြင်းမပြုရ။
၃၁၂။ အဆောက်အအုံဆိုင်ရာတားမြစ်ချက်များ
(က) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊ အားပေး ကူညီခြင်း မပြုရ၊
(ခ) မည်သူမျှ ကော်မတီက အဆောက်အအုံဆောက်လုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ၊
(ဂ) (၁) မည်သူမျှ ကော်မတီက အဆောက်အအုံဆောက်လုပ်ခွင့်ကို ကာလအကန့်အသတ် ဖြင့် ရပ်ဆိုင်းထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ၊
(၂) မည်သူမျှ ကော်မတီက အပြီးအပြတ်ပယ်ဖျက်ထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ၊
(ဃ) မည်သူမျှ ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံခွင့်ပြုမိန့်၊ အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ၊
(င) မည်သူမျှဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရ၊
(စ) မည်သူမျှ လူနေထိုင်ရန်အတွက်ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီက ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ပစ္စည်းသိုလှောင်ရန်အတွက် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် လူနေထိုင်ခြင်းမပြုရ၊
(ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော် နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခြင်း မပြုရ၊
(စျ) မည်သူမျှ ကော်မတီက လူနေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေတ အမှတ်အသားရေးမှတ် ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသအတွင်း ဝင်ရောက်နေထိုင်ခြင်း မပြုရ၊
(ည) မည်သူမျှ ကော်မတီကဖြိုဖျက်ထားသည့် အန္တရာယ်ရှိ အဆောက်အအုံရှိရာမြေကွက် အတွင်းဝင်ရောက်နေထိုင်ခြင်းမပြုရ၊
(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်လှေခါး၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီ မဏ္ဍပ် သို့မဟုတ် အခြားအဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း မပြုရ၊
(ဌ) မည်သူမျှကော်မတီက ယာယီအားဖြင့် ခွင့်ပြုထားသည့် အတိုင်းအတာထက်ပို၍ အများ ပြည်သူဆိုင်ရာလမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားခြင်းမပြုရ၊
(ဍ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်းမပြုရ၊
(ဎ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မူလရှိသောမြေအမြင့်ကိုနှိမ့်ခြင်း၊ နိမ့်သွားစေခြင်း၊ မူလနိမ့်သည့်မြေ၊ မူလချိုင့်ဝှမ်း သို့မဟုတ် မူလရေအိုင်၊ ရေကန်ကိုမြေဖို့ခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း မပြုရ၊
(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် အဆောက် အအုံမှကျဆင်းသောရေများကို စွန့်ထုတ်ရန်အတွက် ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ အများပြည်သူဆိုင်ရာရေမြောင်းနှင့်ဆက်သွယ်ခြင်းစသည့် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း မပြုရ၊
(တ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ လူနေရပ်ကွက်များ၌ အဆောက်အအုံများဆောက်လုပ်ရာတွင် အများပြည်သူ အနှောင့်အယှက်ဖြစ်ခြင်းကို အကာအကွယ်ပေးရန် ထုတ်ပြန်ထားသည့် ကော်မတီ၏ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်းမပြုရ။
၃၁၃။ မြို့ပြအမွေအနှစ်အဆောက်အအုံများဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အအုံကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မူလပုံစံပျက်ယွင်းစေရန် ပြင်ဆင်ခြင်း၊ ဖြိုဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်း များ မပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ ဖြစ်ကြောင်း သို့မဟုတ် အမွေအနှစ်နယ်မြေဖြစ်ကြောင်း အများပြည်သူသိရှိရန် တပ်ဆင်ထားသည့် ကြော်ငြာဆိုင်းဘုတ်များ၊ ခြံစည်းရိုးအကာအရံများ စသည်တို့ကို ဖြုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ တည်ရှိရာ နယ်နိမိတ်အတွင်းကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း တစ်ခုခု လုပ်ကိုင်ခြင်းမပြုရ။
၃၁၄။ အခွန်၊ အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း စည်ပင် သာယာဆိုင်ရာ အခွန်၊ အခများ ကောက်ခံခြင်း မပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် ရပ်နားခ ကောက်ခံခြင်း မပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် နေရာနှင့် လမ်း မှအပ ကော်မတီပိုင်လမ်းများနှင့် မြေများပေါ်တွင် (၃) တန် အထက် ကုန်တင်ယာဉ်များ၊ ကုန်သေတ္တာတင် နောက်တွဲယာဉ်များကို ညအိပ်ရပ်နားခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မပြုရ၊
(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေနှင့် ယင်း မြေပေါ်ရှိအဆောက်အအုံ သို့မဟုတ် မိမိလက်ဝယ်ရှိ မြေနှင့်ယင်းမြေပေါ်ရှိ အဆောက်အအုံ ကို အခကြေးငွေယူ၍ သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်း လုပ်ပိုင်ခွင့် ပေး၍ သော်လည်းကောင်း၊ ယာဉ်ရပ်နားစခန်း သို့မဟုတ် ယာဉ်မောင်းသင်ကွင်း အဖြစ် မပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် ယင်းမြေပေါ်ရှိ အဆောက်အအုံကို အခကြေးငွေယူ၍သော်လည်းကောင်း၊ တစ်နည်းနည်း ဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေး၍သော် လည်းကောင်း၊ ခရီးသည်တင်ချပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ်ရောင်းရန်နေရာ သို့မဟုတ် မော်တော်ယာဉ် ဝင်ထွက် ရပ်နား ဂိတ်ထိုးရန်နေရာအဖြစ် မပြုရ၊
(စ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်လမ်း၊ လမ်းနယ် သို့မဟုတ် လူသွားစင်္ကြံတို့တွင် အနှေးယာဉ်ရပ်နားရန် နေရာအဖြစ်လည်းကောင်း၊ ခရီးသည် တင်ချပြုလုပ်သည့် မော်တော်ယာဉ် လက်မှတ်ရောင်းရန် နေရာ သို့မဟုတ်မော်တော်ယာဉ် ဝင်ထွက်ရပ်နား ဂိတ်ထိုးရန် နေရာအဖြစ်မပြုရ၊
(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော အနှေးယာဉ် မှတ်ပုံတင် လက်မှတ်နှင့် အနှေးယာဉ်မောင်းလိုင်စင်မရှိဘဲ လမ်းပေါ်တွင်အနှေးယာဉ်နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ မောင်းနှင်ခြင်း မပြုရ၊
(ဇ) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ထားသည့် နယ်မြေနှင့်လမ်းများ ပေါ်တွင် ကန့်သတ်ကာလအချိန်အတွင်း၌ အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ မောင်းနှင်ခြင်း မပြုရ၊
(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(ည) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ကူးတို့ လုပ်ငန်း လုပ်ကိုင်ခြင်း မပြုလုပ်ရ၊
(ဋ) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
၃၁၅။ လမ်း၊ တံတား၊ စင်္ကြံနှင့်ရေမြောင်းများဆိုင်ရာတားမြစ်ချက်များ
(က) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ရာလမ်းဖြစ်စေ၊ ကိုယ်ပိုင်လမ်းဖြစ်စေ ဖောက်လုပ်ခြင်းမပြုရ၊
(ခ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြေအောက်ကဖြစ်စေ၊ မြေပေါ်က ဖြစ်စေ တံတားများ၊ လမ်းများဖောက်လုပ်ခြင်းမပြုရ၊
(ဂ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊ တံတား သို့မဟုတ် စင်္ကြံ တို့ကို တူးဖော်ခြင်း၊ ဖျက်ဆီးခြင်းမပြုရ၊
(ဃ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လမ်း၏မြေပြင်အနေအထားကို ပြောင်းလဲစေ သည့် တူးဆွခြင်း သို့မဟုတ် မြေဖို့ခြင်း သို့မဟုတ် ပြုပြင်ခြင်း မပြုရ၊
(င) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊ စင်္ကြံအပေါ် အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ဖြစ်စေ အဆောက်အအုံဆောက်လုပ်ခြင်း၊ ဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊
(စ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်း မပြုရ၊
(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကတပ်ဆင်ထားသည့် လမ်းအမည်၊ လမ်းအမှတ်နှင့် လမ်းညွှန်အမှတ်အသားများကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းတပ်ဆင်ခြင်း သို့မဟုတ် အခြားအမည်ပြောင်းလဲရေးသားခြင်း၊ တပ်ဆင်ခြင်းမပြုရ၊
(ဇ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများ၊ စင်္ကြံများ၊ တံတားများနှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ညစ်ညမ်းစေခြင်းမပြုရ၊
(ဈ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ညစ်ညမ်းစေသည့်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းနှင့် အခြားပစ္စည်းများကို စွန့်ပစ်ခြင်း၊ ဖိတ်စင်စေခြင်း မပြုရ၊
(ည) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အဝတ်လှန်းခြင်းနှင့် ကစားခြင်းမပြုရ၊
(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရ၊
(ဌ) မည်သူမျှကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကသတ်မှတ်သည့် လမ်းတွင်မောင်းနှင် ခွင့်မပြုသော ယာဉ်အမျိုးအစားဖြစ်စေ၊ ခွင့်ပြုသည့် ဝန်ထက်ပို၍ တင်ဆောင်ထားသော ယာဉ်ဖြစ်စေ မောင်းနှင်ခြင်းမပြုရ၊
(ဍ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း မပြုရ၊
(ဎ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာ ခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီး မပြုရ၊
(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဥပစာမှ အများပြည်သူဆိုင်ရာလမ်းသို့ ယာဉ်ဝင်ထွက်ရန်နေရာကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊ ခွင့်ပြုသတ်မှတ်ပုံစံနှင့် ကွဲလွဲ ပြုလုပ်ခြင်း မပြုရ၊
(တ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မီးစက်နှင့်အခြားပစ္စည်းကိရိယာများကို အများ ပြည်သူဆိုင်ရာလမ်း၊ စင်္ကြံများပေါ်တွင် ချထားခြင်း၊ သုံးစွဲခြင်း မပြုရ။
၃၁၆။ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းများဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ ကော်မတီက မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူများအတွက် သောက်သုံးရေ နေ့စဉ်ဖြန့်ဖြူးပေးသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ၊
(ခ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေဆက်သွယ်ခြင်း ဖြစ်စေ၊ ရေဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်စေလုပ်ကိုင်ခြင်း မပြုရ၊
(ဂ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အောက်ပါရေဆက်သွယ်ခြင်း လုပ်ငန်းတစ်ခုခု လုပ်ကိုင်ခြင်း မပြုရ -
(၁) ရေပိုက်ကိုဖောက်ခြင်း၊ ရေပိုက်ကိုဖောက်၍ နေအိမ်အတွင်းသို့ ဆက်သွယ်ရယူခြင်း၊
(၂) ခွင့်ပြုထားသောရေသွယ်ပိုက်မှ ဆင့်ပွားပိုက်ဆက်ဖြင့် တပ်ဆင်ဆက်သွယ်ခြင်း၊
(၃) ခွင့်ပြုထားသော ရေသွယ်ပိုက်မှ ရေကို ပိုမိုရရှိရန် လျှပ်စစ် သို့မဟုတ် စွမ်းအင် တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လက်နှိပ်တုံကင်အသုံးပြု၍ဖြစ်စေရေကို ရယူ သုံးစွဲခြင်း၊
(၄) ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းအမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ဖြည့်စွက်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း၊
(ဃ) မည်သူမျှ ကော်မတီကတပ်ဆင်ထားသော ရေမီတာကို တရားမဝင် ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြုတ်သိမ်းခြင်း၊ တစ်နည်းနည်းဖြင့် ပြောင်းလဲ တပ်ဆင်ခြင်း၊ တပ်ဆင်ထား သော ရေမီတာကိုအသုံးမပြုဘဲ ရေ ဆက်သွယ်ခြင်း မပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကဖြန့်ဝေပေးသော ရေပေးဝေရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ -
(၁) သောက်သုံးရေကို တစ်နည်းနည်းဖြင့် ညစ်ညမ်းအောင်ပြုခြင်း၊
(၂) ရေဖြုန်းတီးခြင်း၊ တစ်ဆင့်ဖြန့်ဝေပေးခြင်း၊ ရောင်းစားခြင်း၊
(၃) ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သော မြေပေါ်တွင် ပစ္စည်းစုပုံခြင်း၊ မြေတူး ဆွခြင်း၊ မြေဖို့ခြင်းနှင့် မြှုပ်နှံခြင်း၊
(၄) ရေလှောင်ကန်အတွင်းသို့ တိရစ္ဆာန်ဝင်ရောက်စေခြင်း၊ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေဆေးကြောခြင်း၊ ရေချိုးခြင်း၊
(၅) ရေလှောင်ကန်အတွင်းသို့ ရေညစ်ညမ်းမှုဖြစ်စေသော၊ ရေအရည်အသွေး ကျဆင်း စေသော မည်သည့်ပစ္စည်းမဆိုပစ်ခြင်း၊
(၆) ရေလှောင်ကန်၏ သတ်မှတ်နယ်နိမိတ်အတွင်း သစ်ပင်၊ သစ်တောထိခိုက် ပျက်စီးမှုမရှိစေရန် ထုတ်ပြန်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊
(စ) မည်သူမျှ ကော်မတီက ရေပေးဝေရေးလုပ်ငန်းအတွက် ထိန်းသိမ်းထားရှိသော ရေကန်နှင့် ရေလှောင်ကန်၏ ကန်ပေါင်၊ ဝင်းခြံနယ်နိမိတ်၊ ပိုက်လိုင်း နယ်နိမိတ်အတွင်း ကျူးကျော် နေထိုင်ခြင်း၊ လုပ်ငန်းတစ်စုံတစ်ရာ လုပ်ကိုင်ခြင်း မပြုရ၊
(ဆ) မည်သူမျှ ရေပေးဝေရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ရေစုကန်များ၊ ရေစစ်ကန်များနှင့် ရေလှောင်ကန်များ အပေါ်တွင် ဖြစ်စေ၊ သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ ဖြစ်စေ အဆောက်အဦ ဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း မပြုရ၊
(ဇ) မည်သူမျှ ကန်ပေါင်နှင့်ဝင်းခြံ၊ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများကို ရွှေ့ပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း မပြုရ၊
(စျ) မည်သူမျှရေလှောင်ကန်ကြီးများနှင့် ရေပိုက်လိုင်းများတွင် တပ်ဆင်ထားသည့် ရေတံခါးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအလျှော့ပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်း၊ ရေတံခါးအား ဖြုတ်သိမ်းခြင်း၊ နေရာရွှေ့ပြောင်းခြင်း မပြုရ၊
(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော် နယ်နိမိတ်ပြင်ပမှ ဆက်သွယ်သည့် ရေပို့ပိုက်မကြီး၊ မြို့တွင်း ပင်မရေပိုက်များ ပေါ်တွင် လမ်း၊ သံလမ်း၊ တံတား၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း မပြုရ၊
(ဋ) မည်သူမျှ ရေလှောင်ကန်များတွင် လှေလှော်ခြင်း၊ ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်း မပြုရ၊
(ဌ) မည်သူမျှ ရေလှောင်ကန်၏ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်း၊ ယာဉ်များရေဆေးခြင်း မပြုရ၊
(ဍ) မည်သူမျှ ခြံ၊ မြေ၊ အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်များရှိ မိလ္လာပိုက်၊ ရေဆိုးပိုက်များအတွင်းမှ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သော၊ ငြိုငြင်စေမှုကို ဖြစ်စေသောအရာနှင့် အညစ်အကြေး၊ အနံ့ဆိုးထွက်သော အရာများကို ပတ်ဝန်းကျင်သို့ စီးထွက်စေခြင်း၊ စိမ့်ထွက်စေခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊
(ဎ) မည်သူမျှ အဆောက်အအုံ၊ အဝန်းအဝိုင်းမှ ထွက်ရှိသော အညစ်အကြေး၊ ရေဆိုးကို ခွင့်ပြုချက်မရှိဘဲ ကော်မတီကစီမံခန့်ခွဲသော မိလ္လာပြွန်စနစ်သို့ ဆက်သွယ်စွန့်ပစ်ခြင်း မပြုရ၊
(ဏ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများအတွက် သောက်သုံးရေ လုံလောက်စေရန် ရေအရင်းအမြစ်များရှာဖွေခြင်း၊ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းမပြုရ။
၃၁၇။ ရေနုတ်မြောင်းများဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ် အတွင်းရှိ သဘာဝမြစ်ချောင်း၊ မြစ်ထွက်ပေါက်ကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ၊ ရေမြောင်းကိုဖြစ်စေ၊ မြေအောက်ရေမြောင်းကိုဖြစ်စေ၊ သဘာဝရေစီးကြောင်းကိုဖြစ်စေ တစ်နည်းနည်းဖြင့် ပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်းလဲစေခြင်း၊ ရေစီးရေလာကိုအနှောင့်အယှက်ဖြစ်စေခြင်း၊ မြေဖို့ခြင်း၊ လွှဲပြောင်း စီးဆင်းစေခြင်း မပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများ အတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများစီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်း မပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံပရိဝုဏ်အတွင်းမှ ထွက်ရှိလာသော ရေဆိုးများကို အများပြည်သူဆိုင်ရာရေမြောင်းများ၊ မြစ်ချောင်းများအတွင်းသို့ ခွင့်ပြုချက် မရှိဘဲ စွန့်ထုတ်ခြင်း၊ ဖောက်ထုတ်ခြင်း၊ စီးဆင်းစေခြင်း မပြုရ၊
(ဃ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေမြောင်း၊ ရေထုတ်ပြွန်၊ ရေတံခါး၊ ချောင်းကာနံရံ၊ ရေကန်ကာနံရံ၊ မြေထိန်းနံရံတို့ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း မပြုရ။
၃၁၈။ မိလ္လာနှင့်ရေဆိုး သိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ခြင်းဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ ရေဆိုးပိုက်၊ မိလ္လာကန်၊ မိလ္လာ နှင့်ရေဆိုးသန့်စင်စနစ်မပါဘဲ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရ၊
(ခ) မည်သူမျှ မိလ္လာကန်၊ ရေဆိုးသန့်စင်ကန်၊ မိလ္လာနှင့်ရေဆိုးသန့်စင်ကန်၊ မိလ္လာကန်ငယ်၊ မိလ္လာပြွန်၊ မိလ္လာပိုက်လိုင်း၊ ရေဆိုးပိုက်လိုင်းများအား ထိခိုက်စေသော၊ အနှောင့်အယှက် ဖြစ်စေသော အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပစ္စည်းများစုပုံထားခြင်း မပြုရ၊
(ဂ) မည်သူမျှ ကော်မတီကသတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီခြင်း မရှိသည့် မိလ္လာနှင့် ရေဆိုးများကို ရေမြောင်းများ၊ မြစ်ချောင်းများထဲသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်း မပြုရ၊
(ဃ) မည်သူမျှ ရေဆိုးသန့်စင်စနစ် ပျက်စီးစေရန် လုပ်ဆောင်ခြင်း မပြုရ။
၃၁၉။ ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ရောဂါဖြစ်စေနိုင်သော၊ အရည်အသွေး မပြည့်သော၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသော၊ လူအများစားသုံးရန် မသင့်သော သားငါး၊ အစားအသောက် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ခင်းကျင်းခြင်း၊ သိုလှောင်ခြင်းမပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အစားအသောက် ထုတ်လုပ်သော နေရာ၊ သိုလှောင်သောနေရာ၊ ရောင်းချသောနေရာသို့ အစားအသောက် မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါရှိသူကို ဝင်ရောက်စေခြင်း၊ အလုပ် လုပ်ကိုင်စေခြင်း မပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းပတ်ဝန်းကျင်နေထိုင်သူများ၏ ကျန်းမာရေးကိုထိခိုက် နိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ကော်မတီက တားမြစ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည်အထိ ပြုပြင်ရန်ညွှန်ကြားခြင်းတို့ကို လိုက်နာရန် ပျက်ကွက် ခြင်းမရှိစေရ။
၃၂၀။ ဈေးများဆိုင်ရာတားမြစ်ချက်များ
(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ခွင့်ပြုဖွင့်လှစ်ထားသော ဈေးများမှ အပ အခြား မည်သည့်နေရာတွင်မှဈေးတည်ထောင် ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်း မပြုရ၊
(ခ) မည်သူမျှ မြို့တော်စည်ပင်သာယာ ဈေးဧရိယာအတွင်းရှိ ဈေးရုံများတွင် မှတ်ပုံတင်ခွင့်ပြု ထားသော ဈေးသည်များမှအပခွင့်ပြုချက်မရှိဘဲ ဈေးရောင်းခြင်း၊ ခင်းကျင်းခြင်း၊ ကြော်ငြာခြင်း မပြုရ၊
(ဂ) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း ဖွင့်လှစ်ထားရှိသော မှတ်ပုံတင် ဆိုင်ခန်းများ တွင် ကော်မတီမှ တရားဝင်ရောင်းချခွင့်ပြုထားသူများမှ အပ ဈေးရောင်းချခြင်း မပြုရ၊
(ဃ) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း ကော်မတီကတရားဝင် အငှားချ ထားပေးသော ဆိုင်ခန်းကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တဆင့် ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုရ၊
(င) မည်သူမျှ စည်ပင်သာယာဈေးများအတွင်း မမှန်ကန်သည့် အလေး၊ ချိန်ခွင်၊ အချိန်အတွယ်၊ အတိုင်းအတာတို့ဖြင့် ရောင်းချခြင်းမပြုရ၊
(စ) မည်သူမျှဈေးများအတွင်းစားသုံးရန်မသင့်သော သားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသည့် အစားအသောက်များ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထားသည့် ဆေးဝါး၊ အစားအသောက်၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများကို ရောင်းချခြင်း၊ တည်ခင်းခြင်း၊ သိုလှောင်ခြင်း မပြုရ၊
(ဆ) စည်ပင်သာယာဈေးရှိ မှတ်ပုံတင်ဆိုင်ခန်းတွင် ရောင်းချသူသည် ဈေးရုံ အလိုက်၊ ဆိုင်ခန်းအလိုက် သတ်မှတ်ခွင့်ပြုထားသော ကုန်ပစ္စည်းများမှအပ အခြားကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရ၊
(ဇ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း ယာယီ သို့မဟုတ် အမြဲတမ်း အဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ၊
(ဈ) မည်သူမျှ စည်ပင်သာယာဈေး နယ်နိမိတ်အတွင်းဖြစ်စေ၊ ဈေးရုံအတွင်းဖြစ်စေ၊ ဆိုင်ဥပစာတွင်ဖြစ်စေ၊ ညအိပ်နေထိုင်ခြင်း၊ မီးဖိုခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း၊ မီးလောင်ကျွမ်းမှုဖြစ်စေနိုင်သည့် ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း မပြုရ၊
(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း လျှပ်စစ်နှင့်ရေ ဆက်သွယ်သုံးစွဲခြင်းမပြုရ၊
(ဋ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း လျှပ်စစ်ဓာတ်အား ကို သတ်မှတ်ခွင့်ပြုထားသည်ထက် ပိုမိုသုံးစွဲခြင်း မပြုရ၊
(ဌ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း ကော်မတီက သတ်မှတ်ပေးထားသော နေရာမှအပ အခြားနေရာတွင် အစားအစာအလို့ငှာ တိရစ္ဆာန်များကိုသတ်ခြင်း၊ အမွေးနုတ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်အတွက် ပြင်ဆင်ခြင်း မပြုရ၊
(ဍ) မည်သူမျှစည်ပင်သာယာဈေးအတွင်း သတ်မှတ်နေရာမှအပအခြားနေရာတွင်မော်တော်ယာဉ် နှင့် ယာဉ်တစ်မျိုးမျိုး ယူဆောင်ခြင်း၊ မောင်းနှင် စီးနင်းခြင်း မပြုရ၊
(ဎ) မည်သူမျှစည်ပင်သာယာဈေးများတွင် ကော်မတီကတာဝန်ပေးသည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းမှအပ အခွန်အခ ကောက်ခံခြင်း မပြုရ၊
(ဏ) မည်သူမျှ စည်ပင်သာယာဈေးများတွင် ဈေးရုံ၊ အဆောက်အအုံ၊ စျေးဆိုင်ခန်း၊ ခြံစည်းရိုး သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ဖြိုဖျက်ခြင်းမပြုရ၊
(တ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာဈေးအတွင်း အလှူငွေ ကောက်ခံခြင်း၊ ဖျော်ဖြေပွဲများပြုလုပ်ခြင်း၊ ဟောပြောခြင်း၊ အခြားပွဲများ ကျင်းပခြင်း မပြုရ၊
(ထ) မည်သူမျှ စည်ပင်သာယာဈေးအတွင်း အများပြည်သူအနှောင့်အယှက် ဖြစ်စေသော ပြုလုပ်မှု တစ်ခုခုကို လုပ်ဆောင်ခြင်းမပြုရ၊
(ဒ) စည်ပင်သာယာဈေးတွင် ကော်မတီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသော ဈေးသာယာရေး အဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခြင်းမပြုရ။
၃၂၁။ တိရစ္ဆာန်များမွေးမြူခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှမြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ နေရာနှင့် ကော်မတီကအခါ အားလျော်စွာ သတ်မှတ်သည့် နယ်မြေဒေသတွင် ကျွဲ၊ နွား တိရစ္ဆာန်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်မှအပကော်မတီကသတ်မှတ်သည့် အခြားတိရစ္ဆာန် တစ်မျိုးမျိုးကိုဖြစ်စေ၊ မွေးမြူခြင်း၊ သိုလှောင်ခြင်း၊ ထိန်းကျောင်းခြင်း၊ မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးခြင်း၊ သယ်ဆောင်ခြင်းမပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ထိန်းသိမ်းရေးရုံ တည်ထောင်ဖွင့်လှစ်ခြင်းမပြုရ၊
(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ဆေးကုနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို မွေးမြူခြင်း၊ ထားရှိခြင်း၊ ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊
(စ) သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် သတ်ဖြတ်ခွင့် အမိန့်ထုတ်ပေးသည့်ကိစ္စမှအပ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ကျွဲ၊ နွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အသားထုတ်လုပ်ခြင်း မပြုရ၊
(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အသားသိုလှောင် ပြုပြင်ထုတ်လုပ်ခြင်း၊ အသားထုတ်လုပ်ရုံ တည်ထောင် ဖွင့်လှစ်ခြင်းမပြုရ၊
(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် အတွက် ကျွဲ၊ နွား တိရစ္ဆာန်တို့ကို ကော်မတီကတည်ထောင်၊ ခွင့်ပြုထားသော အသားထုတ်လုပ်ရုံများမှအပ အခြားနေရာတွင် သတ်ဖြတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း မပြုရ၊
(စျ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲနွားပွဲစျေးများ ဖွင့်လှစ်ခြင်းမပြုရ၊
(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် အသားထုတ်လုပ်ရုံနှင့် အသား ထုတ်လုပ်ရုံဝင်းအတွင်းသို့ ဝင်ရောက်ခြင်းမပြုရ။
၃၂၂။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းဆိုင်ရာ တားမြစ်ချက်များ
(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှုနှင့် အသံညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ထိခိုက်စေနိုင်သော မည်သည့် လုပ်ငန်းမျှ လုပ်ကိုင်ခြင်းမပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း၊ အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်း၊ ဓာတ်ရောင်ခြည်သင့်စေသောပစ္စည်း၊ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ကော်မတီက ခွင့်ပြုထားသော နေရာမှအပမည့်သည့်နေရာတွင်မျှ စွန့်ပစ်ခြင်း မပြုရ၊
(ဂ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများမှ ပိုင်ရှင် ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ ဘေးဖြစ်စေတတ်သော အရည်၊ စက်ဆုပ်ဖွယ် အရာများနှင့် ဆေးရုံစွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သောနေရာများသို့ စီးဆင်း ခြင်း၊ စီးထွက်စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊
(ဃ) မြို့တော်နယ်နိမိတ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊
(င) မြို့တော်နယ်နိမိတ်အတွင်းရှိ ဆေးရုံများသည် ဆေးရုံစွန့်ပစ်ပစ္စည်းများ၊ လူခန္ဓာကိုယ် အစိတ်အပိုင်းများစွန့်ပစ်ရာတွင် ကော်မတီကသတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ စွန့်ပစ်ခြင်းမပြုရ၊
(စ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံနှင့်အလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ ရေဆိုးများ စီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအောက်သို့ စိမ့်ဝင်မှုကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့်မြစ်ချောင်းများ ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ရန်တာဝန် ပျက်ကွက်ခြင်း မရှိစေရ၊
(ဆ) မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တည်ထောင်ခြင်းမပြုရ၊
(ဇ) မြို့တော်နယ်နိမိတ်အတွင်းကော်မတီက အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန်နေရာများမှအပ အခြားနေရာတွင် မည်သူမျှ အမှိုက်စွန့်ပစ်ခြင်း မပြုရ၊
(စျ) မည်သူမျှ ကော်မတီပိုင်မြေများတွင် ပစ္စည်းများစုပုံခြင်း မပြုရ၊
(ည) မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ဖြစ်စေ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ၊
(ဋ) မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်းများအတွင်းသို့ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်း မပြုရ၊
(ဌ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းထားရှိသော အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသောနေရာများကို ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း မပြုရ၊
(ဍ) မည်သူမျှ အမှိုက်ပုံရန်သတ်မှတ်ထားသောနေရာတွင် စုပုံထားသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ ယူဆောင်ခြင်းမပြုရ၊
(ဎ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုးများကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ ရေမြောင်း များနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်း မပြုရ၊
(ဏ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန် စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ထုတ်ခြင်းမပြုရ၊
(တ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ သုသာန်တွင်မြေမြှုပ်ထားသော၊ ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်းတွင် ထားရှိသော အလောင်းကို ပြန်လည်ယူဆောင်ခြင်းသော် လည်းကောင်း မပြုရ၊
(ထ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ သင်္ချိုင်းဂူကို ဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုရ၊
(ဒ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ -
(၁) သုသာန်မှအပ အခြားနေရာတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း မပြုရ၊
(၂) သုသာန်မှအပ အခြားနေရာတွင် အလောင်းကို အအေးခန်းဖြင့် ထားသိုခြင်း မပြုရ၊
(၃) မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ထောင်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုရ၊
(ဓ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အသုဘယာဉ်လုပ်ငန်း၊ ခေါင်း အမျိုးမျိုးပြုလုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(န) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်သည့်နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ၊
(ပ) မည်သူမျှ မည်သည့် စွန့်ပစ်အမှိုက် အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်သော နေရာမှအပ စုပုံခြင်း၊ မီးရှို့ခြင်းမပြုရ၊
(ဖ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းမပြုရ၊
(ဗ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံအသစ်များတည်ဆောက်ပါက ပိုင်ရှင်ဖြစ်စေ၊ တည်ဆောက်သူဖြစ်စေ ကော်မတီက ညွှန်ကြားထားသည့် အမှိုက်စွန့်ပစ်မှုစနစ်အား ပါဝင် တည်ဆောက်ခြင်းနှင့် အဆိုပါ အမှိုက်စွန့်ပစ်မှုစနစ်အား ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ခြင်းတို့ နှင့် စပ်လျဉ်းသည့် လိုအပ်သောအစီအမံများကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ၊
(ဘ) အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံ၊ အဝန်းအဝိုင်းများတွင် စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိရေး၊ စနစ်တကျ စွန့်ပစ်ရေးအတွက် ကော်မတီ၏ညွှန်ကြားချက်များကို လိုက်နာရန်နှင့် လိုအပ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊
(မ) မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ်အိတ်စသည့် အမှိုက်သရိုက် များ၊ တိရစ္ဆာန်အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ်စသည့် အနံ့ဆိုး ထွက်သည့် ပစ္စည်းများ သို့မဟုတ် မည်သည့် အရာဝတ္ထုကိုမဆိုထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ်ခြင်း၊ တိရစ္ဆာန်များအား အစားအစာ ကျွေးမွေးခြင်းမပြုရ၊
(ယ) မည်သူမျှ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာနှင့်လမ်းများပေါ်သို့ ကွမ်းတံတွေး ထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်ခြင်း မပြုရ၊
(ရ) မည်သူမျှ တူးဖော်ထားသည့်ရေမြောင်းများ၊ အင်းအိုင်၊ ရေလှောင်ကန်၊ မြစ်ချောင်း၊ ပင်လယ် အစိတ်အပိုင်းများပေါ်တွင် အမှိုက်သရိုက်များ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံများမှ ထွက်ရှိပြီး ဘေးအန္တရာယ် ဖြစ်စေသော ဓာတုပစ္စည်းများ၊ ရေဆိုးရေညစ် များနှင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပစ်ချခြင်း၊ စုပုံထားခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊
(လ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံမှထွက်ရှိသော တိရစ္ဆာန်သွေး၊ အရိုး၊ သားရေ၊ ဘေးဖြစ်စေ သော အရည်၊ ဆေးကြောရည်၊ ညစ်ညမ်းသောအရာများကို ကော်မတီက သတ်မှတ်သည့် နေရာမှအပ အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်းစေခြင်း၊ စုပုံခြင်း၊ ဖြန့်ခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း မပြုရ၊
(ဝ) မြို့တော်နယ်နိမိတ်အတွင်း ဆိပ်ကမ်းများသို့ဝင်ရောက်သည့် နိုင်ငံခြား သင်္ဘောများသည် ယင်းသင်္ဘောများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အရည်များကို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ စုစည်းထားရန်နှင့် လိုအပ်သောအစီအမံများချမှတ်၍ စွန့်ပစ်ရန် ပျက်ကွက်ခြင်း မရှိစေရ၊
(သ) မြို့တော်နယ်နိမိတ်အတွင်း ပြည်တွင်းရေကြောင်းသွားသင်္ဘော၊ ရေယာဉ်များသည် ယင်းတို့မှ ထွက်ရှိသော အညစ်အကြေးအရည်၊ စွန့်ပစ်ပစ္စည်း၊ အကြွင်းအကျန်များကို ကော်မတီက သတ်မှတ်ထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းနှင့် အညီ ဆောင်ရွက်ပြီးမှ သတ်မှတ်ထားသော စွန့်ပစ်နေရာသို့ စွန့်ပစ်ရန် သို့မဟုတ် ကော်မတီသို့ အကြောင်းကြား၍ စွန့်ပစ်သည့်အစီအမံများ ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း မရှိစေရ၊
(ဟ) မည်သူမျှ စက်ရုံအလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေး လုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ် ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ် စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်းမှအပ သာမန် အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့်အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ် ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ၊
(ဠ) မည်သူမျှ ခြံထွက်အမှိုက်များနှင့် မီးဖိုချောင်ထွက်အမှိုက်မဟုတ်သော အိမ်သုံးစွန့်ပစ် ပစ္စည်းများကို ကော်မတီကသီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်း မှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံ ထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်း မပြုရ။
၃၂၃။ စီမံခန့်ခွဲရေးဆိုင်ရာတားမြစ်ချက်များ
(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ၊
(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ အလှကုန် ပစ္စည်း ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဆေးခန်းဖွင့်လှစ်ခြင်း၊ ပုံနှိပ် လုပ်ငန်းလုပ်ကိုင်ခြင်း၊ အားကစားလေ့ကျင့်ရေး လုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပရိဘောဂ လုပ်ငန်း၊ မော်တော်ယာဉ်ပြုပြင်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အရောင်းပြခန်းနှင့် မော်တော်ယာဉ် ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊
(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယာယီ ဇာတ်ရုံဆောက်လုပ်ခြင်းမပြုရ၊
(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ကုန် ပဒေသာဆိုင်၊ ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊
(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်ဈေး ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊
(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ခွင့်ပြုသည့် နေရာ၊ အချိန် တို့မှအပ လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်းမပြုရ၊
(စျ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်း မပြုရ၊
(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူသိရှိစေရန် အမှတ်အသား တပ်ဆင်ခြင်း၊ ရေးဆွဲခြင်း၊ ကြော်ငြာခြင်းမပြုရ၊
(ဋ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အခြားမည်သည့် ခွင့်ပြုမိန့်၊ မှတ်ပုံတင် လက်မှတ်၊ လိုင်စင်တစ်မျိုးမျိုးရှိစေကာမူ ကော်မတီကခွင့်ပြုချက်လိုင်စင် ထုတ်ပေးနိုင်သော လုပ်ငန်း တစ်ရပ်ရပ်ကို ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ ဆောင်ရွက်ခြင်းမပြုရ။

အခန်း (၃၀)
ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၂၄။ မည်သူမဆို နောက်ဆက်တွဲဇယား၏ စာတိုင် ၂ ပါ ပုဒ်မများနှင့် စာတိုင် ၃ ပါ ပုဒ်မခွဲများကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နောက်ဆက်တွဲဇယား၏ စာတိုင် ၅ နှင့် ၆ တို့ တွင် ပါရှိသော ယှဉ်တွဲပါ ပြစ်ဒဏ်များ ချမှတ်ရမည်။

အခန်း(၃၁)
အထွေထွေ

၃၂၅။ ကော်မတီသည် မူဝါဒသဘောပါရှိသောလုပ်ငန်းများ၊ မြို့တော်နယ်နိမိတ်အတွင်း အကောင်ထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများ၊ နှစ်ရှည်ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်ရမည့်လုပ်ငန်းများ၊ သတ်မှတ် ရန်ပုံငွေထက် ကျော်လွန်သုံးစွဲရမည့် လုပ်ငန်းများနှင့် ချေးငွေရယူမှုတို့ကို အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူ၍ ဆောင်ရွက်ရမည်။
၃၂၆။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့်ဆောင်ရွက်ပိုင်ခွင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်တို့ ရှိသည်။
၃၂၇။ တိုင်းဒေသကြီးအစိုးရအဖွဲ့ စတင်ဖွဲ့စည်းသည့်နေ့ နောက်တစ်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမည်။
၃၂၈။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း ထင်ရှားလျှင် ကော်မတီဝင် များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဤဥပဒေအရ ခန့်အပ်ထားသည့် သို့မဟုတ် တာဝန် ပေးအပ်ထားသည့် အရာထမ်း၊ အမှုထမ်းများအပေါ် တရားမကြောင်းအရသော် လည်းကောင်း၊ ရာဇဝတ် ကြောင်း အရသော်လည်းကောင်း တာဝန်မရှိစေရ။
၃၂၉။ ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူ မည်သူမဆို နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ (ည) ၊ ပုဒ်မခွဲငယ် (၈) အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။
၃၃၀။ ဤဥပဒေအရ ကော်မတီက ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုသူ မည်သူ့ကိုမဆို နိုင်ငံ့ဝန်ထမ်း ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ အရေးယူ ဆောင်ရွက်နိုင်သည်။
၃၃၁။ ကော်မတီက ခန့်အပ်တာဝန်ပေးထားသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးသူ၏ စစ်ဆေးတွေ့ရှိချက်၊ ထင်မြင်ချက်နှင့် အစီရင်ခံစာတို့ကို တရားရုံးတွင် သက်သေခံချက်အဖြစ် တင်သွင်းခွင့်ရှိသည်။
၃၃၂။ (က) ဤဥပဒေအရ အရေးယူသောပြစ်မှုကို ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်၊
(ခ) ဤဥပဒေအရစွဲဆိုသော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုသည့်ကိစ္စတွင် ပြစ်မှု ကျူးလွန်သည့်နေ့ရက်မှ သုံးနှစ်အတွင်း သို့မဟုတ် ပြစ်မှုကျူးလွန်သည်ကို သက်ဆိုင်ရာ တာဝန်ရှိသူအရာရှိ သို့မဟုတ် အမှုထမ်းတစ်ဦးဦးက သိရှိသည့်နေ့မှ သုံးနှစ်အတွင်း တိုင်တန်းချက်အရ မဟုတ်လျှင် မည်သည့် တရားရုံးကမျှ အရေးမယူရ။
၃၃၃။ ဤဥပဒေအရ ပေးအပ်သောတာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက ကော်မတီသည် သက်ဆိုင်ရာစည်ပင်သာယာရေး အရာရှိနှင့် တရားစွဲတာဝန်ခံတစ်ဦးဦးကို လွှဲအပ်ဆောင်ရွက် စေနိုင်သည်။
၃၃၄။ ဤဥပဒေအရ ပြစ်မှုများကို စစ်ဆေးစီရင်နိုင်ရန် အလို့ငှာ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများ၌ စည်ပင်သာယာတရားရုံးများနှင့် စည်ပင်သာယာဥပဒေရုံးများကို ထူထောင် ဖွင့်လှစ်ထားရှိနိုင်ရေးအတွက် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုတရားလွွှတ်တော်ချုပ်နှင့် လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့်လည်းကောင်း တင်ပြဆောင်ရွက်ရမည်။
၃၃၅။ ဤဥပဒေမတိုင်မီထုတ်ပြန်ခဲ့သည့် တည်ဆဲစည်ပင်သာယာရေးဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက် များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။
၃၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မတီသည်-
(က) နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်၊
(ခ) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၃၃၇။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဖြိုးမင်းသိန်း
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


စဉ်

ပုဒ်မ

ပုဒ်မခွဲ

ပြစ်မှု

ပြစ်ဒဏ်များ

မှတ်ချက်

ပထမအကြိမ်ကျူးလွန်မှု

ဆက်လက်ကျူးလွန်မှု

၃၁၀

(က)

မြို့ပြစီမံကိန်းနှင့်မြေများစီမံခန့်ခွဲခြင်းဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များ

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ‌မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်၊ ခွင့်ပြုချက်များ မရရှိ‌ဘဲ လူ‌နေထိုင်ရန် အဆောက်အအုံများ‌ဆောက်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ စိုက်ပျိုး‌မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း  သို့မဟုတ် အခြားလုပ်ငန်းတစ်ရပ်ရပ် ဆောင်ရွက်ခြင်း၊

ငွေဒဏ်ကျပ် (၃) သိန်းမှ ကျပ်သိန်း (၃၀) အထိချမှတ်ရမည်။

ထောင်ဒဏ် (၁) နှစ် ချမှတ်ရမည်။

၃၁၀

(ခ )

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထား သည့် ‌မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံ လျှောက်ထား ရယူခြင်းမရှိဘဲ ပုဒ်မ ၃၁၀၊ ပုဒ်မခွဲ(က) ပါလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခြင်း၊

နေ့စဉ် ငွေဒဏ် ကျပ် (၁) သောင်း  မှ ကျပ်(၃)သောင်းအထိ ချမှတ်ရမည်။

၃၁၀

(ဂ )

မြို့‌တော်နယ်နိမိတ်အတွင်း မိမိပိုင်‌မြေကို အဆောက်အအုံ‌ ဆောက်လုပ်ရန် အတွက် ဖြစ်‌စေ၊ အခြားသူအား ‌ရောင်းချရန်အတွက်ဖြစ်‌စေ၊ ခွဲစိတ်လို၍ ဖြစ်‌စေ မြေတိုင်းတာ ခြင်းကို ကော်မတီက ဖွဲ့စည်း‌ပေးသည့် မြေတိုင်းတာ‌ရေးအဖွဲ့ သို့မဟုတ် အရာထမ်းမှလွဲ၍ အခြားမည်သည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့် တိုင်းတာခြင်း၊

ငွေဒဏ်ကျပ် (၁) သိန်း မှ ကျပ် (၃) သိန်း အထိ ချမှတ်ရမည်။

၃၁၀

(ဃ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သော ‌မြေနှင့် ကော်မတီက မြေငှားစာချုပ်၊ လိုင်စင်ပါမစ်ထုတ်‌ပေးထား‌သော မြေအတွင်းသို့ ကော်မတီ၏ခွင့်ပြုချက်အရ‌ ဆောင်ရွက်‌သော မြေတိုင်းတာ‌ရေးအဖွဲ့ သို့မဟုတ် အရာရှိအား ဟန့်တားနှောင့်ယှက်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်း မှ ကျပ် (၃) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၆) လ အထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၃၁၀

(င )

မြို့‌တော်နယ်နိမိတ်အတွင်း မြို့‌တော်အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့် နေရာ များကို ကော်မတီက စနစ်တကျ မြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည်‌နေရာချထားခြင်း လုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် တားမြစ်ခြင်း၊ ‌နှောင့်ယှက်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ်(၃) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၃၁၀

(စ )

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင်မြေများ သို့မဟုတ်  စီမံကိန်းမြေများ ဖြစ်ကြောင်း စိုက်ထူထားသည့် ဆိုင်းဘုတ်များ၊ နယ်နိမိတ် ကျောက်တိုင်များ၊ ခြံစည်းရိုးနှင့် ခြံစည်းရိုးပင်များကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်း ဖြစ်စေ၊ ထောင်ဒဏ်(၆)လ အထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၃၁၀

(ဆ)

ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် ကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များနှင့်တဲများကို ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်းနှင့် လုပ်ငန်းတစ်ခုခု လုပ်ကိုင် ဆောင်ရွက်ခြင်း၊

ငွေဒဏ်ကျပ် (၅) သိန်းမှ ကျပ် (၁၀) သိန်း အထိချမှတ်ရမည်။

ထောင်ဒဏ် (၁)နှစ် အထိ ချမှတ်ရမည်။

၃၁၀

(ဇ )

ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများ‌ပေါ်တွင် တရားမဝင် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်း၊ တရားမဝင်ကျူးကျော်‌ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင်ကျူး‌ကျော်သူများအား ဖယ်ရှားခြင်း၊ ကျူး‌ကျော်လုပ်ကိုင်‌နေ‌သော လုပ်ငန်းတစ်ခုခုကို ဖယ်ရှားခြင်း စသည့်‌ ဆောင်ရွက်မှု များကို ဟန့်တား‌နှောင့်ယှက်ခြင်း၊

ငွေဒဏ်ကျပ် (၃)သိန်း မှ ကျပ် (၅) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၆)လမှ(၂)နှစ်အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၃၁၀

(ဈ )

မြို့တော်နယ်နိမိတ်အတွင်း အသုံးပြုခြင်းမရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုသာန်မြေများ နှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများ ပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်နေထိုင်ခြင်း၊ လုပ်ငန်း တစ်ရပ်ရပ် လုပ်ကိုင် ဆောင်ရွက်ခြင်း။

ငွေဒဏ် ကျပ်(၁) သိန်းဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀

၃၁၁

(က)

ပန်းဥယျာဉ်နှင့်ကစားကွင်းများဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

ကော်မတီက စီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ တြိဂံ မြက်ခင်း၊ ပျိုးခြံပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် လမ်းလယ်ပန်းခုံ၊ ပန်းအိုး၊ စိုက်ပျိုးထားသည့် မြက်ခင်း၊ အပင် (သို့မဟုတ်) ပစ္စည်းတစ်ခုခုယူခြင်း၊ ဖျက်ဆီးခြင်းသို့မဟုတ် ပျက်စီးစေခြင်း၊

ငွေဒဏ် ကျပ် (၅) သောင်းမှ ကျပ် (၁)သိန်းအထိ ချမှတ်ရမည်။

၁၁

၃၁၁

(ခ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်း အဝိုင်း၊ မြေကွက်လပ်၊ မြေနေရာ၊ တြိဂံမြက်ခင်း၊ ပျိုးခြံ၊ ပန်းဥယျာဉ်၊ အားကစားကွင်း နေရာ၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး မြေနေရာ၊ မြေယာရှုခင်း နေရာများတွင် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ကျူးကျော်ခင်းကျင်းခြင်း၊ ဝင်ရောက်နေထိုင်ခြင်း၊ စျေးရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ် ရမည်။

၁၂

၃၁၁

(ဂ)

မြို့တော်နယ်နိမိတ်အတွင်းရှိ ပန်းဥယျာဉ်၊ ကွက်လပ်မြေ နေရာ သို့မဟုတ် ရှုခင်း နေရာအတွင်းရှိ ရေကန်၊ ရေကန်ပေါင်၊ ရေဖြန့်ဝေသည့် ရေပန့်များ၊ ရေပိုက်များ သို့မဟုတ် ရေလှောင်ကန်ကို ဖျက်ဆီးခြင်း၊ တူးဆွခြင်း သို့မဟုတ် ပျက်စီးစေခြင်း၊

ငွေဒဏ်ကျပ်(၃)သိန်းမှ ကျပ်(၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃

၃၁၁

(ဃ)

မြို့တော် နယ်နိမိတ်အတွင်း သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော သစ်ပင်၊ စိုက်ပျိုးထားသော သစ်ပင်များကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်း၊ ချိုးဖဲ့ခြင်း၊ ချိုင်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ်  ခုတ်လှဲခြင်း၊

ငွေဒဏ် ကျပ်(၁)သောင်းမှ ကျပ် (၅) သောင်း အထိချမှတ်ရမည်။

၁၄

၃၁၁

(င)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးထားသော အပင်များမှ အသီးအပွင့်၊ အရွက်၊ အကိုင်းအခက်တို့ကို  ခူးယူခြင်း၊ ချိုးဖဲ့ခြင်း၊ ပျက်စီးစေခြင်း၊

ငွေဒဏ် ကျပ်(၁)သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ်ရမည်။

၁၅

၃၁၁

(စ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပန်းဥယျာဉ်များ၊ ရှုခင်းများနှင့် မြေ ကွက်လပ် နေရာများတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချခြင်း၊ အပင်စိုက်ပျိုးခြင်း၊ အားကစားကွင်း ပြုလုပ်ခြင်း သို့မဟုတ် ပြပွဲ၊ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လအထိ ချမှတ်ရမည်။

၁၆

၃၁၁

(ဆ)

မြို့‌တော်နယ်နိမိတ်အတွင်း အစိုးရဌာနအဖွဲ့အစည်းများက ‌ဆောင်ရွက်သည့် ကိစ္စမှအပ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စီးပွား‌ရေးအလို့ငှာပျော်ရွှင်ဖွယ် အားကစားကွင်းများ၊ ကျန်းမာ‌ရေးလေ့ကျင့်ခန်းအားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားခန်းမများ၊ ရေကူးကန်များနှင့် အားကစားနည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ် (၃)သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ်(၆)လ အထိ ချမှတ်ရမည်။

၁၇

၃၁၁

(ဇ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီကတာဝန်ယူတည်‌ထောင် ထိန်းသိမ်းထား‌သော ပန်းဥယျာဉ်များ၊ ရှုခင်း‌နေရာများ၊ ပျိုးခြံများ၊ ကွက်လပ်‌မြေ‌နေရာများ၊ အားကစား ကွင်းများကို တစ်နည်းနည်းဖြင့်  ဖျက်ဆီးခြင်း၊ ပျက်စီး‌စေခြင်း၊

ငွေဒဏ်ကျပ်(၅)သောင်းမှ ကျပ် (၁)သိန်းအထိ ချမှတ်ရမည်။

၁၈

၃၁၁

(ဈ)

မြို့‌တော် နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွား‌ရေး အလို့ငှာ ပျိုးခြံတည်‌ထောင်ခြင်း၊ ပျိုးပင်အ‌ရောင်းဆိုင်ဖွင့်ခြင်း၊

ငွေဒဏ်ကျပ်(၅)သောင်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

နေ့စဉ်ငွေဒဏ်  ကျပ်(၃)သောင်း အထိချမှတ်ရမည်။

၁၉

၃၁၁

(ည)

ကော်မတီကတည်‌ထောင်ဖွင့်လှစ်ထားသည့် ပန်းဥယျာဉ်၊ ပန်းခြံများ အတွင်း အမှိုက် မီးရှို့ခြင်း၊ သစ်ပင်ခုတ်ထွင်ခြင်း၊ တိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊

ငွေဒဏ်ကျပ်(၁)သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ်ရမည်။

၂၀

၃၁၁

(ဋ)

ကော်မတီကဖွင့်လှစ်ထား‌သော ပန်းခြံများအတွင်းရှိ ‌ရေကန်အတွင်းသို့ လည်းကောင်း၊ ကော်မတီက စီမံခန့်ခွဲ‌သော ရေကန်ကြီးအတွင်းသို့ လည်းကောင်း၊ စီးပွား‌ရေးလုပ်ငန်း များမှ ရေဆိုးများကို တိုက်ရိုက်‌သော်လည်းကောင်း၊ သွယ်ဝိုက်၍‌သော်လည်း‌ကောင်း သန့်စင်ခြင်းမပြုဘဲစီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ် (၃) သိန်းမှ

ကျပ် (၅) သိန်းအထိ

ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိချမှတ်ရမည်။

၂၁

၃၁၁

(ဌ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထား‌သော ပန်းခြံ၊ ပန်းဥယျာဉ်များ အတွင်း အများပြည်သူအပန်း‌ဖြေ လမ်း‌လျှောက်ရန်အတွက်သာ သတ်မှတ်ထားသော လမ်းပေါ်တွင်  မသန်စွမ်းသူများအသုံးပြုသည့်ယာဉ်ကိရိယာများမှအပ စက်တပ်ယာဉ်‌ မောင်းနှင်ခြင်း၊ စက်မဲ့ယာဉ်စီးနင်းခြင်းနှင့် စကိတ်စီးခြင်း။

ငွေဒဏ်ကျပ်(၁)သောင်းမှ

ကျပ် (၅)သောင်းအထိ  ချမှတ်ရမည်။

၂၂

၃၁၂

(က)

အဆောက်အအုံဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များ

 

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့‌တော် နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ အား‌ပေး ကူညီခြင်း၊

ငွေဒဏ်ကျပ် (၃) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ ချမှတ်ရမည်။

၂၃

၃၁၂

(ခ )

ကော်မတီက အ‌ဆောက်အအုံ‌ဆောက်လုပ်ခြင်း၊ လုပ်ငန်း‌ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထား‌သော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊

ငွေဒဏ်ကျပ် (၃) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ ချမှတ်ရမည်။

၂၄

၃၁၂

(ဂ )

(၁)   ကော်မတီကအ‌ဆောက်အအုံ‌ဆောက်လုပ်ခွင့်ကိုကာလအကန့်အသတ်ဖြင့်         ရပ်ဆိုင်းထား‌သောအဆောက်အအုံကိုဆောက်လုပ်ခြင်း၊        ပြင်ဆင်ခြင်း၊

(၂)  ကော်မတီက အပြီးအပြတ် ပယ်ဖျက်ထား‌သော အဆောက်အအုံကို‌

        ဆောက်လုပ်ခြင်း၊  ပြင်ဆင်ခြင်း၊

ငွေဒဏ်ကျပ် (၅) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ ချမှတ်ရမည်။

၂၅

၃၁၂

(ဃ)

ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံခွင့်ပြုမိန့်၊ အဆောက်အအုံပုံစံနှင့်ကွဲလွဲ ခြားနားသည့်အ‌ဆောက်အအုံကို‌ ဆောက်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊

အဆောက်အအုံပိုင်ရှင်၊ မြေပိုင်ရှင် အား ငွေဒဏ်ကျပ် (၅) သိန်း မှ ကျပ် (၅၀) သိန်း အထိ  ချမှတ် ရမည်။ ကန်ထရိုက်တာအား ငွေဒဏ် ကျပ်(၁၀) သိန်းမှ ကျပ်(၅၀) သိန်း အထိ   ချမှတ်ရမည်။

ထောင်ဒဏ် (၃)လ မှ (၆)လ အထိ ချမှတ် ရမည်။

၂၆

၃၁၂

(င )

ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင် ခြင်း၊ အသုံးပြုခြင်း၊

နေ့စဉ် ငွေဒဏ် ကျပ် (၁) သောင်း မှ ကျပ် (၅) သောင်းအထိ ချမှတ် ရမည်။

၂၇

၃၁၂

(စ )

လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတွင်  ကော်မတီ က ခွင့်မပြုသည့်  စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိချမှတ်ရမည်။

၂၈

၃၁၂

(ဆ)

ပစ္စည်းသိုလှောင်ရန်အတွက် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင်  လူနေထိုင်ခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိချမှတ်ရမည်။

၂၉

၃၁၂

(ဇ )

ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ် အတွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခြင်း၊

ငွေဒဏ် ကျပ် (၁၀) သိန်းမှ ကျပ် သိန်း (၅၀) အထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိချမှတ်ရမည်။

၃၀

၃၁၂

(ဈ )

ကော်မတီက လူနေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေတအမှတ်အသား ရေးမှတ်ထား သည့်  အဆောက်အအုံ (သို့မဟုတ်) အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသ အတွင်း ဝင်ရောက်နေထိုင်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်း ချမှတ် ရမည်။

ထောင်ဒဏ် (၆) လ  အထိချမှတ်ရမည်။

၃၁

၃၁၂

(ည)

ကော်မတီက ဖြိုဖျက်ထားသည့် အန္တရာယ်ရှိအ‌ဆောက်အအုံရှိရာ မြေကွက်အတွင်း ဝင်‌ရောက်‌နေထိုင်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်း ချမှတ် ရမည်။

ထောင်ဒဏ် (၆) လ အထိ ချမှတ်ရမည်။

၃၂

၃၁၂

(ဋ )

မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် စမုတ်‌ဆောင်၊ လသာ‌ဆောင်၊ ဆင်ဝင်‌လှေကား၊ နေကာ၊ တံစက်မြိတ်၊ ‌လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်‌ခြေ‌လျှော၊ ဓာတ်ဆီဆိုင်၊ ဓါတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံး‌ကျော် တံတား၊  ယာယီမဏ္ဍပ် သို့မဟုတ် အခြားအ‌ဆောက်အအုံကိုကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ‌ ဆောက်လုပ်ခြင်း၊

ငွေဒဏ်ကျပ် (၁) သိန်း မှကျပ် (၁၀) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ မှ (၁)နှစ် အထိ ချမှတ်ရမည်။

၃၃

၃၁၂

(ဌ )

ကော်မတီကယာယီအားဖြင့် ခွင့်ပြုထားသည့် အတိုင်းအတာထက်ပို၍ အများပြည်သူ ဆိုင်ရာလမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ  စုပုံထားရှိခြင်း၊

ငွေဒဏ်ကျပ်(၁) သိန်းမှကျပ် (၅) သိန်း အထိချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ ချမှတ်ရမည်။

၃၄

၃၁၂

(ဍ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

၃၅

၃၁၂

(ဎ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မူလရှိသော မြေအမြင့်ကို နှိမ့်ခြင်း၊ နိမ့်သွား စေခြင်း၊ မူလနိမ့်သည့်မြေ၊ မူလချိုင့်ဝှမ်းသို့မဟုတ် မူလရေအိုင်၊ ရေကန်ကို မြေဖို့ခြင်း၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်း၊

ငွေဒဏ်ကျပ်(၃)သိန်းမှကျပ် (၁၀) သိန်း အထိ ချမှတ်ရမည်။

၃၆

၃၁၂

(ဏ)

အဆောက်အအုံများ ဆောက်လုပ်ရာတွင် အဆောက်အအုံမှကျဆင်း‌သော ‌ရေများ ကို စွန့်ထုတ်ရန်အတွက် ရေနုတ်‌မြောင်းများ‌ ဖောက်လုပ်ခြင်း၊ အများပြည်သူ ဆိုင်ရာ ရေမြောင်းနှင့် ဆက်သွယ်ခြင်း စသည့် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာခြင်း မရှိဘဲ အ‌ဆောက်အအုံ‌ ဆောက်လုပ်ခြင်း၊

ငွေဒဏ်ကျပ် (၅) သိန်း မှ ကျပ် (၃၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ ချမှတ်ရမည်။

၃၇

၃၁၂

(တ)

မြို့တော်နယ်နိမိတ်အတွင်းရှိ လူ‌နေရပ်ကွက်များ၌ အဆောက်အအုံများ ‌ဆောက်လုပ် ရာတွင် အများပြည်သူ အနှောင့်အယှက်ဖြစ်ခြင်းကို အကာအကွယ်ပေးရန်  ထုတ်ပြန် ထားသည့်ကော်မတီ၏ ညွှန်ကြားချက်များကို  ဖောက်ဖျက်ခြင်း။

ငွေဒဏ်ကျပ် (၅) သိန်း မှ ကျပ် (၃၀) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လအထိ ချမှတ်ရမည်။

၃၈

၃၁၃

(က)

မြို့ပြအမွေအနှစ် အဆောက်အအုံများဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ်အဆောက်အအုံကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မူလပုံစံပျက်ယွင်းစေရန် ပြင်ဆင်ခြင်း၊ ဖြိုဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်း၊

ငွေဒဏ် ကျပ် (၁၀) သိန်းမှ ကျပ် (၅၀) သိန်းအထိ ချမှတ်ရမည်။

၃၉

၃၁၃

(ခ )

မြို့တော် နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံ ဖြစ်ကြောင်း သို့မဟုတ် အမွေအနှစ်နယ်မြေဖြစ်ကြောင်း အများပြည်သူသိရှိရန် တပ်ဆင်ထား သည့် ကြော်ငြာဆိုင်းဘုတ်များ၊ ခြံစည်းရိုးအကာအရံများ စသည်တို့ကို ဖြုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်း မှကျပ် (၅)သိန်း အထိချမှတ်ရမည်။

၄၀

၃၁၃

(ဂ )

မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့ပြအမွေအနှစ် အဆောက်အအုံတည်ရှိရာ နယ်နိမိတ် အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း တစ်ခုခု လုပ်ကိုင်ခြင်း။

ငွေဒဏ် ကျပ် (၃) သိန်း မှ ကျပ် (၁၀)သိန်း အထိချမှတ်ရမည်။

ထောင်ဒဏ် (၆)လမှ (၁)နှစ် အထိ ချမှတ် ရမည်။

၄၁

၃၁၄

(က)

အခွန်၊ အခ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ

ကော်မတီက တာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း တရားမဝင် စည်ပင်သာယာဆိုင်ရာ အခွန်၊ အခများ ‌ကောက်ခံခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၄၂

၃၁၄

(ခ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် ရပ်နားခ ကောက်ခံခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၄၃

၃၁၄

(ဂ )

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့်နေရာနှင့် လမ်းမှ အပ ကော်မတီပိုင်လမ်းများနှင့် မြေများ‌ပေါ်တွင်(၃)တန်အထက် ကုန်တင်ယာဉ်များ၊ ကုန်‌သေတ္တာတင်‌ နောက်တွဲယာဉ်များကို ညအိပ်ရပ်နားခြင်း သို့မဟုတ် ဝင်ရောက်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

၄၄

၃၁၄

(ဃ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ  မိမိပိုင်‌မြေနှင့် ယင်းမြေ ပေါ်ရှိ အဆောက်အအုံ သို့မဟုတ် မိမိလက်ဝယ်ရှိမြေနှင့် ယင်းမြေပေါ်ရှိ အဆောက် အအုံကို အခ‌ကြေး‌ငွေယူ၍‌ သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲ‌ပြောင်း လုပ်ပိုင်ခွင့်ပေး၍‌သော်လည်း‌ကောင်း၊ ယာဉ်ရပ်နားစခန်း သို့မဟုတ် ယာဉ်‌မောင်း သင်ကွင်းအဖြစ် ပြုလုပ်ခြင်း၊

ငွေဒဏ် ကျပ် (၅)သိန်းမှ ကျပ် (၁၅) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိ ချမှတ်ရမည်။

၄၅

၃၁၄

(င)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိ‌ပိုင်မြေ သို့မဟုတ် ယင်းမြေပေါ်ရှိအ‌ဆောက်အအုံကို အခ‌ကြေး‌ငွေယူ၍‌သော် လည်း‌ကောင်း၊ တစ်နည်း နည်းဖြင့် လွှဲ‌ပြောင်းလုပ်ပိုင်ခွင့်ပေး၍‌သော် လည်း‌ကောင်း၊ ခရီးသည်တင်ချပြုလုပ် သည့် မော်‌တော်ယာဉ်လက်မှတ်‌ရောင်းရန်နေရာ သို့မဟုတ်  ‌မော်တော်ယာဉ် ဝင်ထွက် ရပ်နား ဂိတ်ထိုးရန်‌နေရာအဖြစ် ပြုလုပ်ခြင်း၊

ငွေဒဏ် ကျပ် (၃)သိန်းမှ ကျပ် (၁၀)သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၃) လ အထိ ချမှတ်ရမည်။

၄၆

၃၁၄

(စ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ‌ကော်မတီပိုင်လမ်း၊ လမ်းနယ် သို့မဟုတ် လူသွားစင်္ကြံတို့တွင် အ‌နှေးယာဉ်ရပ်နားရန်‌နေရာအဖြစ် လည်း‌ကောင်း၊ ခရီးသည်တင်ချပြုလုပ်သည့် ‌မော်တော်ယာဉ်လက်မှတ်‌ ရောင်းရန်‌နေရာ သို့မဟုတ် မော်‌တော်ယာဉ် ဝင်ထွက်ရပ်နားဂိတ်ထိုးရန်‌  နေရာအဖြစ် ပြုလုပ်ခြင်း၊

ငွေဒဏ် ကျပ် (၅) သောင်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၄၇

၃၁၄

(ဆ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်‌ပေး‌သော အနှေးယာဉ် မှတ်ပုံတင် လက်မှတ်နှင့် အ‌နှေးယာဉ်‌မောင်းလိုင်စင်မရှိဘဲ လမ်း‌ပေါ်တွင်အ‌နှေးယာဉ်နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ ‌မောင်းနှင်ခြင်း၊

ငွေဒဏ်ကျပ်(၃)သောင်းမှ ကျပ် (၁) သိန်းအထိ ချမှတ်ရမည်။

၄၈

၃၁၄

(ဇ )

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ထားသည့် နယ်‌မြေနှင့် လမ်းများ‌ပေါ်တွင် ကန့်သတ်ကာလအချိန်အတွင်း၌ အ‌နှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ ‌မောင်းနှင်ခြင်း၊

ငွေဒဏ်ကျပ်(၁)သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ်ရမည်။

၄၉

၃၁၄

(စျ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်‌ပေး‌သော လိုင်စင်မရှိဘဲ ပုဂ္ဂလိက‌အသေးစား ငွေ‌ချေးလုပ်ငန်းလုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ်(၃)သိန်းမှ ကျပ် (၁၅) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃)လ အထိ ချမှတ်ရမည်။

၅၀

၃၁၄

(ည)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်‌ပေး‌သော လိုင်စင်မရှိဘဲ ကူးတို့ လုပ်ငန်း လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၃) သိန်း အထိ ချမှတ်ရမည်။

၅၁

၃၁၄

(ဋ )

မြို့တော်နယ်နိမိတ်အတွင်းကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း။

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅)သိန်းအထိချမှတ်ရမည်။

၅၂

၃၁၅

(က)

လမ်း၊ တံတား၊ စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ရာ လမ်းဖြစ်စေ၊ ကိုယ်ပိုင်လမ်းဖြစ်စေ ဖောက်လုပ်ခြင်း၊

ငွေဒဏ်ကျပ် (၃) သိန်းမှကျပ် (၁၀) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လအထိ ချမှတ်ရ မည်။

၅၃

၃၁၅

(ခ )

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြေအောက်ကဖြစ်စေ၊ မြေပေါ်ကဖြစ်စေ တံတားများ၊ လမ်းများ ဖောက်လုပ်ခြင်း၊

ငွေဒဏ်ကျပ် (၅) သိန်းမှကျပ် (၁၀) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လအထိ ချမှတ် ရမည်။

၅၄

၃၁၅

(ဂ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊ တံတား သို့မဟုတ် စင်္ကြံ တို့ကို တူးဖော်ခြင်း၊ ဖျက်ဆီးခြင်း၊

ငွေဒဏ် ကျပ်(၃) သိန်း မှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ထောင်ဒဏ် (၁) နှစ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၅၅

၃၁၅

(ဃ)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လမ်း၏မြေပြင်အ‌နေအထားကို‌ ပြောင်းလဲ‌စေသည့် တူးဆွခြင်း သို့မဟုတ် မြေဖို့ခြင်း သို့မဟုတ် ပြုပြင်ခြင်း၊

ငွေဒဏ်ကျပ်(၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

၅၆

၃၁၅

(င )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ဖြစ်စေ အဆောက်အအုံဆောက်လုပ်ခြင်း၊ စျေးဆိုင် ဖွင့်လှစ်ရောင်းချခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃)လအထိ ချမှတ်ရမည်။

၅၇

၃၁၅

(စ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြံအပေါ်တွင် ကုန် ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃)လ အထိ ချမှတ်ရမည်။

၅၈

၃၁၅

(ဆ)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကတပ်ဆင်ထားသည့် လမ်းအမည်၊ လမ်း အမှတ်နှင့် လမ်းညွှန်အမှတ်အသားများကို ဖျက်ဆီးခြင်း၊ ‌ရွှေ့ပြောင်းတပ်ဆင်ခြင်း သို့မဟုတ် အခြားအမည်‌ပြောင်းလဲ‌ ရေးသားခြင်း၊ တပ်ဆင်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၅၉

၃၁၅

(ဇ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းများ၊ စင်္ကြံများ၊ တံတား များ နှင့် လမ်းတံတားဆိုင်ရာ အတားအဆီးများကို ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း၊ ညစ်ညမ်း‌စေခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

၆၀

၃၁၅

(စျ )

မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ ညစ်ညမ်းစေသည့်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းနှင့်အခြားပစ္စည်းများကို စွန့်ပစ်ခြင်း၊ ဖိတ်စင်စေခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

၆၁

၃၁၅

(ည)

မြို့တော် နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများ‌ပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊‌ ရေချိုးခြင်း၊ အဝတ်‌လျှော်ခြင်း၊ အဝတ်လှန်းခြင်းနှင့် ကစားခြင်း၊

ငွေဒဏ်ကျပ်(၅)သောင်းမှကျပ် (၁) သိန်း အထိချမှတ်ရမည်။

၆၂

၃၁၅

(ဋ )

လမ်းနှင့် စင်္ကြံများ‌ပေါ်တွင် ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက် မရှိဘဲ ညအိပ်ရပ်နားခြင်း မပြုရ၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃) လ အထိ ချမှတ်ရမည်။

၆၃

၃၁၅

(ဌ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီကသတ်မှတ်သည့်လမ်းတွင် မောင်းနှင်ခွင့်မပြု‌သော ‌ယာဉ်အမျိုးအစားဖြစ်‌စေ၊ ခွင့်ပြုသည့် ဝန်ထက်ပို၍ တင်ဆောင်ထားသော ယာဉ်ဖြစ်စေ ‌မောင်းနှင်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

၆၄

၃၁၅

(ဍ )

မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

၆၅

၃၁၅

(ဎ )

မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာလမ်း‌ပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အ‌နှောင့်အယှက်ဖြစ်‌စေသည့် အတားအဆီး ပြုလုပ်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃) လအထိ ချမှတ်ရမည်။

၆၆

၃၁၅

(ဏ)

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဥပစာမှ အများပြည်သူဆိုင်ရာ လမ်းသို့ ယာဉ်ဝင်ထွက်‌ရန်နေရာကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊ ခွင့်ပြုသတ်မှတ် ပုံစံနှင့် ကွဲလွဲပြုလုပ်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

၆၇

၃၁၅

(တ)

မြို့တော်နယ်နိမိတ်အတွင်း မီးစက်နှင့် အခြားပစ္စည်းကိရိယာများကို အများ ပြည်သူ ဆိုင်ရာလမ်း၊ စင်္ကြံများပေါ်တွင်  ချထားခြင်း၊ သုံးစွဲခြင်း။

ငွေဒဏ်ကျပ် (၁) သိန်းမှကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိ ချမှတ်ရမည်။

၆၈

၃၁၆

(က)

‌ရေ‌ရရှိရေးနှင့် ရေပေး‌ဝေ‌ရေး လုပ်ငန်းများဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ

ကော်မတီက မြို့‌တော်နယ်နိမိတ်အတွင်း‌ နေထိုင်သူများ အတွက် သောက်သုံးရေ ‌နေ့စဉ်ဖြန့်ဖြူး‌ပေးသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို‌ ဖောက်ဖျက်ကျူးလွန်ခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ်(၅) သိန်းအထိ ချမှတ်ရမည်။

၆၉

၃၁၆

(ခ )

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့‌တော်နယ်နိမိတ်အတွင်း ရေဆက်သွယ်ခြင်း၊ ရေ ဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

၇၀

၃၁၆

(ဂ )

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း

(၁)     ရေပိုက်ကိုဖောက်ခြင်း၊ ‌ရေပိုက်ကို‌ဖောက်၍‌ နေအိမ်အတွင်းသို့ ဆက်သွယ်         ရယူခြင်း၊

(၂)     ခွင့်ပြုထား‌သော‌   ရေသွယ်ပိုက်မှဆင့်ပွားပိုက်ဆက်ဖြင့်  တပ်ဆင်ဆက်သွယ်ခြင်း၊

(၃)     ခွင့်ပြုထား‌သော ‌ရေသွယ်ပိုက်မှရေကို ပိုမိုရရှိရန်လျှပ်စစ် သို့မဟုတ် စွမ်းအင်             တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်‌စေ၊ လက်နှိပ်တုံကင်အသုံးပြု၍          ဖြစ်‌စေ ‌ရေကို     ရယူသုံးစွဲခြင်း၊

(၄)     ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထား‌သော ‌ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်း               အမျိုးအစား၊ အရွယ်အစားနှင့် အ‌ရေအတွက်တို့ကို ဖြည့်စွက်‌ပြောင်းလဲ         တပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်းအထိ ချမှတ်ရမည်။

၇၁

၃၁၆

(ဃ)

ကော်မတီက တပ်ဆင်ထားသော ရေမီတာကို တရားမဝင်ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြုတ်သိမ်းခြင်း၊ တစ်နည်းနည်းဖြင့် ပြောင်းလဲတပ်ဆင်ခြင်း၊ တပ်ဆင်ထားသော ရေမီတာကို အသုံးမပြုဘဲ ရေဆက်သွယ်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၇၂

၃၁၆

(င )

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ဖြန့်ဝေ‌ပေး‌သော‌ ရေ‌ပေး‌ဝေရေး လုပ်ငန်းနှင့် စပ်လျဉ်း၍  -

(၁)     သောက်သုံး‌ရေကို တစ်နည်းနည်းဖြင့် ညစ်ညမ်း‌အောင်ပြုခြင်း၊

(၂)     ရေဖြုန်းတီးခြင်း၊ တစ်ဆင့်ဖြန့်‌ဝေပေးခြင်း၊ ‌ရောင်းစားခြင်း၊

(၃)     ရေ‌ပေး‌ဝေ‌ရေး လုပ်ငန်းနှင့် သက်ဆိုင်သောမြေ‌ပေါ်တွင် ပစ္စည်းစုပုံခြင်း၊   မြေတူးဆွခြင်း၊‌မြေဖို့ခြင်းနှင့်  မြှုပ်နှံခြင်း၊

(၄)     ရေ‌လှောင်ကန်အတွင်းသို့ တိရစ္ဆာန်ဝင်‌ရောက်‌စေခြင်း၊ သတ်မှတ်ထားသော        နယ်နိမိတ်အတွင်း ‌ရေဆေးကြောခြင်း၊ ရေချိုး‌ခြင်း၊

(၅)     ရေ‌လှောင်ကန် အတွင်းသို့ ‌ရေညစ်ညမ်းမှုဖြစ်‌စေ‌သော၊‌ ရေအရည်အသွေး            ကျဆင်း‌စေ‌သော မည်သည့်ပစ္စည်းမဆိုပစ်ခြင်း၊ ‌

(၆)     ရေ‌လှောင်ကန်၏ သတ်မှတ်နယ်နိမိတ်အတွင်း သစ်ပင်၊ သစ်တော ထိခိုက်              ပျက်စီးမှုမရှိ‌စေရန် ထုတ်ပြန်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်        ကျူးလွန်ခြင်း၊

ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ် (၅) သိန်းအထိ ဖြစ်စေ၊ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၇၃

၃၁၆

(စ )

ကော်မတီက ရေ‌ပေး‌ဝေရေး လုပ်ငန်းအတွက် ထိန်းသိမ်းထားရှိ‌သော ရေကန်နှင့် ရေ‌လှောင်ကန်၏ ကန်‌ပေါင်၊ ဝင်းခြံနယ်‌နိမိတ်၊ ပိုက်လိုင်းနယ်နိမိတ်အတွင်း ကျူး‌ကျော် နေထိုင်ခြင်း၊‌ လုပ်ငန်းတစ်စုံတစ်ရာ လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်း မှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်။

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

၇၄

၃၁၆

(ဆ)

ရေပေးရေဝေလုပ်ငန်းနှင့် သက်ဆိုင်သည့် ရေစုကန်များ၊ ရေစစ်ကန်များ နှင့် ရေလှောင်ကန်များ အပေါ်တွင်ဖြစ်စေ၊ သတ်မှတ်ထားသော အကွာအဝေး အတွင်း၌ ဖြစ်စေ၊ အဆောက်အဦဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်းအထိ ချမှတ်ရမည်။

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်း အထိ ချမှတ်ရမည်။

၇၅

၃၁၆

(ဇ)

ကန်ပေါင်နှင့် ဝင်းခြံ၊ ‌ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများ‌ကို ရွှေ့ပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ ‌ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆) လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၇၆

၃၁၆

(ဈ)

ရေ‌လှောင်ကန်ကြီးများနှင့် ရေပိုက်လိုင်းများတွင် တပ်ဆင်ထားသည့် ရေတံခါးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအ‌လျှော့ပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်း၊ ‌ရေတံခါးအား ဖြုတ်သိမ်းခြင်း၊ ‌နေရာ‌ရွှေ့‌ပြောင်းခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၇၇

၃၁၆

(ည)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့‌တော်နယ်နိမိတ်ပြင်ပမှဆက်သွယ်သည့် ရေပို့ပိုက်မကြီး၊ မြို့တွင်းပင်မ‌ရေပိုက်‌များပေါ်တွင် လမ်း၊ သံလမ်း၊ တံတား၊ အ‌ဆောက်အအုံ ဆောက် လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၇၈

၃၁၆

(ဋ)

ရေ‌လှောင်ကန်များတွင်‌လှေ‌လှော်ခြင်း၊ ‌ရေကူးခြင်း၊ ငါးဖမ်းခြင်း၊  အဝတ်‌လျှော်ခြင်း၊ ‌ရေချိုးခြင်း၊

ငွေဒဏ်ကျပ် (၃) သောင်းမှ ကျပ် (၁) သိန်းအထိ ချမှတ်ရမည်။

၇၉

၃၁၆

(ဌ)

ရေ‌လှောင်ကန်၏ သတ်မှတ်ထားသောနယ်နိမိတ်အတွင်း ‌ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ ‌မြေတူးခြင်း၊ ‌မြေဖို့ခြင်း၊ ယာဉ်များ‌ရေ‌ဆေးခြင်း၊

ငွေဒဏ် ကျပ် (၃) သောင်းမှ ကျပ် (၁) သိန်းအထိ ချမှတ်ရမည်။

၈၀

၃၁၆

(ဍ)

ခြံ၊ ‌မြေ၊ အ‌ဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်များရှိ မိလ္လာပိုက်၊ ရေဆိုး ပိုက်များအတွင်းမှ အများပြည်သူကို အန္တရာယ်ဖြစ်‌စေနိုင်‌သော၊ ငြိုငြင်‌စေမှုကို ဖြစ်စေ‌သော အရာနှင့်အညစ်အ‌ကြေး၊ အနံ့ဆိုးထွက်‌သောအရာများကို ပတ်ဝန်းကျင်‌သို့ စီးထွက်‌စေခြင်း၊ စိမ့်ထွက်‌စေခြင်း၊ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်း အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၁) နှစ် အထိ ချမှတ်ရမည်။

၈၁

၃၁၆

(ဎ)

အ‌ဆောက်အအုံ၊ အဝန်းအဝိုင်းမှ ထွက်ရှိ‌သော အညစ်အကြေး၊ ရေဆိုးကို ခွင့်ပြုချက် မရှိဘဲ ကော်မတီက စီမံခန့်ခွဲသော မိလ္လာပြွန်စနစ်သို့ဆက်သွယ် စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ်(၅) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၈၂

၃၁၆

(ဏ)

မြို့‌တော် နယ်နိမိတ်အတွင်း‌ နေထိုင်သည့် ပြည်သူများအတွက် သောက်သုံး‌ရေ လုံလောက်စေရန် ရေအရင်းအမြစ်များ ရှာ‌ဖွေခြင်း၊ ပြင်ပပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း‌ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်း။

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်း အထိ ဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၈၃

၃၁၇

(က)

ရေနုတ်မြောင်းများဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့‌တော်နယ်နိမိတ်အတွင်းရှိ သဘာဝမြစ်‌ချောင်း၊ မြစ် ထွက်‌ပေါက်ကိုဖြစ်‌စေ၊ ယင်း၏ အစိတ်အပိုင်းကိုဖြစ်‌စေ၊ ‌ရေ‌မြောင်းကိုဖြစ်‌စေ၊ မြေ‌အောက်‌ရေ‌မြောင်းကိုဖြစ်‌စေ၊ သဘာဝရေစီးကြောင်းကိုဖြစ်‌စေ တစ်နည်းနည်းဖြင့် ပိတ်ဆို့ခြင်း၊ ရေလမ်း‌ကြောင်း‌ ပြောင်းလဲ‌စေခြင်း၊ ‌ရေစီး‌ရေလာကို အနှောင့်အယှက် ဖြစ်‌စေခြင်း၊ မြေဖို့ခြင်း၊ လွှဲပြောင်းစီးဆင်း‌စေခြင်း၊

ငွေဒဏ်ကျပ်(၅) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၁) နှစ်အထိ ချမှတ် ရမည်။

၈၄

၃၁၇

(ခ )

မြို့‌တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်း‌ဘေး‌ ရေ‌မြောင်းငယ်၊ ရေ‌မြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်‌ပေါက်များ၊ ချောင်းများအတွင်းသို့  စွန့်ပစ်ပစ္စည်းများ၊ ‌ရေဆိုးများ စီးဝင်‌စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်း၊

ငွေဒဏ်ကျပ်(၅)သောင်းမှ ကျပ်(၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၈၅

၃၁၇

(ဂ )

မြို့‌တော်နယ်နိမိတ်အတွင်း အ‌ဆောက်အအုံပရိဝုဏ်(ပရဝဏ်) အတွင်းမှ ထွက်ရှိလာ‌သော‌ ရေဆိုးများကို အများပြည်သူဆိုင်ရာ ရေ‌မြောင်းများ၊ မြစ်‌ချောင်းများ အတွင်းသို့  ခွင့်ပြုချက်မရှိဘဲ စွန့်ထုတ်ခြင်း၊ ‌ဖောက်ထုတ်ခြင်း၊ စီးဆင်းစေခြင်း၊

ငွေဒဏ်ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၈၆

၃၁၇

(ဃ)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ရေမြောင်း၊ ရေထုတ်ပြွန်၊ ရေတံခါး၊ ချောင်းကာ နံရံ၊ ရေကန်ကာနံရံ၊ မြေထိန်းနံရံတို့ကို အသစ် တည်ဆောက် ခြင်း၊ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း။

ငွေဒဏ်ကျပ် (၅)သိန်း မှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လအထိ ချမှတ်ရမည်။

၈၇

၃၁၈

(က)

မိလ္လာနှင့်ရေဆိုး သိမ်းဆည်း၊ သန့်စင်၊ စွန့်ပစ်ခြင်းဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ

 

ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ ရေဆိုးပိုက်၊ မိလ္လာကန်၊  မိလ္လာနှင့် ရေဆိုးသန့်စင်စနစ်မပါဘဲ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊

ငွေဒဏ် ကျပ်သိန်း (၂၀) မှ ကျပ်သိန်း (၅၀) အထိ ချမှတ် ရမည်။

ထောင်ဒဏ် (၆)လအထိ ချမှတ်ရမည်။

၈၈

၃၁၈

(ခ)

မိလ္လာကန်၊ ရေဆိုးသန့်စင်ကန်၊ မိလ္လာနှင့်ရေဆိုးသန့်စင်ကန်၊ မိလ္လာကန်ငယ်၊ မိလ္လာပြွန်၊ မိလ္လာပိုက်လိုင်း၊ ရေဆိုးပိုက်လိုင်းများအား ထိခိုက်စေသော၊ အနှောင့် အယှက်ဖြစ်စေသော အဆောက်အအုံဆောက်လုပ်ခြင်း၊ ပစ္စည်းများစုပုံထားခြင်း၊

ငွေဒဏ်ကျပ် (၅)သိန်းမှ ကျပ် သိန်း (၅၀)အထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လအထိ ချမှတ်ရမည်။

၈၉

၃၁၈

(ဂ)

ကော်မတီက သတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီခြင်း မရှိသည့် မိလ္လာ နှင့် ရေဆိုးများကို ရေမြောင်းများ၊ မြစ်ချောင်းများထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၃)သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

၉၀

၃၁၈

(ဃ)

ရေဆိုးသန့်စင်စနစ် ပျက်စီးစေရန် လုပ်ဆောင်ခြင်း။

ငွေဒဏ်ကျပ်(၁၀)သိန်းမှ ကျပ်သိန်း (၅၀) အထိဖြစ်စေ၊ ထောင်ဒဏ် (၆) လမှ(၁) နှစ်အထိ ဖြစ်စေ၊  ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၁

၃၁၉

(က)

ကျန်းမာရေးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ

မြို့တော် နယ်နိမိတ်အတွင်း‌ ရောဂါဖြစ်‌စေနိုင်‌သော၊ အရည်အသွေး မပြည့်သော၊ ကျန်းမာ‌ရေးနှင့် ညီညွတ်‌ခြင်းမရှိသော၊ လူအများစားသုံးရန် မသင့်‌သော သားငါး၊ အစားအသောက် ထုတ်လုပ်ခြင်း၊ ‌ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်း၊ သိုလှောင်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅) သိန်းအထိချမှတ်ရမည်။

၉၂

၃၁၉

(ခ )

 မြို့‌တော် နယ်နိမိတ်အတွင်း အစားအသောက် ထုတ်လုပ်‌သောနေရာ၊ သိုလှောင်‌သောနေရာ၊ ရောင်းချ‌သော‌နေရာသို့ အစားအသောက်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါရှိသူကို ဝင်‌ရောက်‌စေခြင်း၊ အလုပ်လုပ်ကိုင်‌စေခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

၉၃

၃၁၉

(ဂ)

မြို့တော်နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်‌နေထိုင်သူများ၏ ကျန်းမာ‌ရေး ကို ထိခိုက်နိုင်သည့်  စိုက်ပျိုး‌ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ကော်မတီ က တားမြစ်ခြင်း၊ ကျန်းမာ‌ရေးနှင့် ညီညွတ်သည်အထိ ပြုပြင်ရန် ညွှန်ကြားခြင်း တို့ကို လိုက်နာ‌ရန်  ပျက်ကွက်ခြင်း။

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိ ချမှတ်ရမည်။

၉၄

၃၂၀

(က)

စျေးများဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ခွင့်ပြုဖွင့်လှစ်ထားသော စျေးများမှအပ အခြားနေရာတွင် စျေးတည်ထောင် ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ်ရမည်။

၉၅

၃၂၀

(ခ )

မြို့‌တော်စည်ပင်သာယာ‌ဈေး ဧရိယာအတွင်းရှိ ဈေးရုံများတွင် မှတ်ပုံတင်ခွင့်ပြု ထားသော  ‌ဈေးသည်များမှအပ ခွင့်ပြုချက်မရှိဘဲ  ‌ဈေးရောင်းခြင်း၊ ခင်းကျင်းခြင်း၊ ကြော်ငြာခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ  ချမှတ်ရမည်။

၉၆

၃၂၀

(ဂ )

စည်ပင်သာယာ ဈေးများအတွင်း ဖွင့်လှစ်ထားရှိသော မှတ်ပုံတင်ဆိုင်ခန်းများတွင် ကော်မတီမှ တရားဝင်ရောင်းချခွင့်ပြုထားသူများ မှအပ စျေးရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၅) သောင်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၉၇

၃၂၀

(ဃ)

စည်ပင်သာယာ‌ဈေးများအတွင်း ကော်မတီက တရားဝင် အငှားချထား‌ပေး‌သော ဆိုင်ခန်း ကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ငှားရမ်းခြင်း၊ ‌လွှဲ‌ပြောင်းခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

၉၈

၃၂၀

(င )

စည်ပင်သာယာဈေးများအတွင်း မမှန်ကန်သည့် အလေး၊ ချိန်ခွင်၊ အချိန် အတွယ်၊ အတိုင်းအတာတို့ဖြင့် ‌ရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၁) သိန်းအထိ  ချမှတ်ရမည်။

၉၉

၃၂၀

(စ)

ဈေးများအတွင်း စားသုံးရန်မသင့်သော သားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသည့် အစားအ‌သောက်များ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထားသည့်‌ ဆေးဝါး၊ အစားအ‌သောက်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို‌ ရောင်းချခြင်း၊ တည်ခင်းခြင်း၊  သို‌လှောင်ခြင်း၊

ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ  ချမှတ်ရမည်။

၁၀၀

၃၂၀

(ဆ)

စည်ပင်သာယာ‌ဈေးရှိ မှတ်ပုံတင်ဆိုင်ခန်းတွင်  ‌ရောင်းချသူသည်‌ ဈေးရုံအလိုက်၊ ဆိုင်ခန်းအလိုက်သတ်မှတ်‌ခွင့်ပြုထား‌သော ကုန်ပစ္စည်းများမှအပ အခြားကုန်ပစ္စည်း များ ရောင်းချခြင်း၊

ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ် (၃) သိန်းအထိ  ချမှတ်ရမည်။

၁၀၁

၃၂၀

(ဇ)

စည်ပင်သာယာ‌ဈေးအတွင်း ယာယီ သို့မဟုတ် အမြဲတမ်းအ‌ဆောက်အအုံကို ကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း၊

ငွေဒဏ်ကျပ် (၅) သိန်းမှ ကျပ် (၁၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၀၂

၃၂၀

(ဈ)

စည်ပင်သာယာ‌ဈေးနယ်နိမိတ်အတွင်းဖြစ်စေ၊ ဈေးရုံအတွင်း ဖြစ်စေ၊ ဆိုင်ဥပစာတွင်‌ဖြစ်စေ၊ ညအိပ်‌နေထိုင်ခြင်း၊ မီးဖိုခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ချက်ပြုတ်‌ကြော်‌လှော်ခြင်း၊ မီးလောင်ကျွမ်းမှု ဖြစ်စေနိုင်သည့် ကိစ္စရပ် တစ်ခုခုကို လုပ်ဆောင်ခြင်း၊ ရေချိုးခြင်း၊ အဝတ်‌လျှော်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀၃

၃၂၀

(ည)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာ‌ဈေးအတွင်း လျှပ်စစ်နှင့်ရေဆက်သွယ် သုံးစွဲခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်း မှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၁၀၄

၃၂၀

   (ဋ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာ‌ဈေးအတွင်း လျှပ်စစ်ဓာတ်အားကို  သတ်မှတ်ခွင့်ပြုထားသည်ထက်ပိုမိုသုံးစွဲခြင်း၊

ငွေဒဏ် ကျပ် (၃) သောင်း မှ ကျပ်(၁) သိန်းအထိ ချမှတ်ရမည်။

၁၀၅

၃၂၀

(ဌ)

စည်ပင်သာယာ‌ဈေးအတွင်း ကော်မတီက သတ်မှတ်ပေးထားသော နေရာမှအပ အခြားနေရာတွင် အစားအစာအလို့ငှာ တိရစ္ဆာန်များကို သတ်ခြင်း၊ အမွေးနုတ်ခြင်း၊‌ ရောင်းချခြင်း၊ ရောင်းချရန်အတွက် ပြင်ဆင်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လ အထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၀၆

၃၂၀

(ဍ)

စည်ပင်သာယာ‌ဈေးအတွင်း သတ်မှတ်နေရာမှအပ အခြား‌နေရာတွင် မော်တော်ယာဉ်နှင့် ယာဉ်တစ်မျိုးမျိုးယူ‌ဆောင်ခြင်း၊ ‌မောင်းနှင်စီးနင်းခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၃) သိန်း အထိ ချမှတ်ရမည်။

၁၀၇

၃၂၀

  (ဎ )

စည်ပင်သာယာ‌ဈေးများတွင် ကော်မတီကတာဝန်‌ပေးသည့်  ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းမှအပ   အခွန်၊ အခ ကောက်ခံခြင်း၊

ထောင်ဒဏ် (၁) နှစ်အထိ ချမှတ် ရမည်။

၁၀၈

၃၂၀

(ဏ)

စည်ပင်သာယာ‌ဈေးများတွင် ‌ဈေးရုံ၊ အ‌ဆောက်အအုံ၊ စျေးဆိုင်ခန်း၊  ခြံစည်းရိုး သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်‌ဒေသကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ခြင်း၊ တိုးချဲ့ ခြင်း၊ ဖြိုဖျက်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅)သိန်းထိဖြစ်စေ၊ ထောင်ဒဏ် (၆)လ ထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၀၉

၃၂၀

(တ)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာ‌ဈေးအတွင်း အလှူငွေ ကောက်ခံခြင်း၊ ‌ဖျော်‌ဖြေပွဲများပြုလုပ်ခြင်း၊  ဟော‌ပြောခြင်း၊ အခြားပွဲများ ကျင်းပခြင်း ၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ ချမှတ်ရမည်။

၁၁၀

၃၂၀

(ထ)

စည်ပင်သာယာ‌ဈေးအတွင်း အများပြည်သူအ‌နှောင့်အယှက်ဖြစ်‌စေ‌သော ပြုလုပ်မှု တစ်ခုခုကို  လုပ်ဆောင်ခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ  ချမှတ်ရမည်။

၁၁၁

၃၂၀

(ဒ)

စည်ပင်သာယာဈေးတွင် ကော်မတီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထား‌သော ဈေးသာယာရေး အဖွဲ့ကို ခွင့်ပြုချက်မရှိဘဲ  ပြင်ဆင်တိုးချဲ့  ဖွဲ့စည်းခြင်း၊

ငွေဒဏ် ကျပ် (၁) သောင်းမှ ကျပ် (၅) သောင်းအထိ  ချမှတ်ရမည်။

၁၁၂

၃၂၁

(က)

တိရစ္ဆာန်များမွေးမြူခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းချ ခြင်းဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ နေရာနှင့် ကော်မတီကအခါအားလျော်စွာ သတ်မှတ်သည့် နယ်မြေဒေသတွင် ကျွဲ၊ နွားတိရစ္ဆာန်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်မှအပ ကော်မတီကသတ်မှတ်သည့် အခြား တိရစ္ဆာန် တစ်မျိုးမျိုးကိုဖြစ်စေ၊ မွေးမြူခြင်း၊ သိုလှောင်ခြင်း၊ ထိန်းကျောင်းခြင်း၊ မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးခြင်း၊  သယ်ဆောင်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်းမှ ကျပ် (၅)သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ  ချမှတ်ရမည်။

၁၁၃

၃၂၁

(ခ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်းမှ ကျပ် (၅)သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ  ချမှတ်ရမည်။

၁၁၄

၃၂၁

(ဂ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ထိန်းသိမ်းရေးရုံ တည်ထောင်ဖွင့်လှစ်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ  ချမှတ်ရမည်။

၁၁၅

၃၂၁

(ဃ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ဆေးကုနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်းမှ ကျပ် (၅) သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ  ချမှတ်ရမည်။

၁၁၆

၃၂၁

(င)

မြို့‌တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို မွေးမြူခြင်း၊ ထားရှိခြင်း၊ ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ သယ်‌ဆောင်ခြင်း၊ ‌ရောင်းချခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်းမှ ကျပ် (၅) သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ  ချမှတ်ရမည်။

၁၁၇

၃၂၁

(စ)

သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့်အခြားကိစ္စရပ်များအတွက် သတ်ဖြတ်ခွင့် အမိန့် ထုတ်ပေးသည့်ကိစ္စမှအပ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွား တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အသား‌ထုတ်လုပ်ခြင်း၊

ငွေဒဏ် ကျပ် (၅) သိန်းမှ ကျပ် (၃၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁) နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၁၈

၃၂၁

(ဆ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အသားသိုလှောင် ပြုပြင် ထုတ်လုပ်ခြင်း၊ အသားထုတ်လုပ်ရုံ တည်ထောင်ဖွင့်လှစ်ခြင်း၊

ငွေဒဏ် ကျပ် (၅) သိန်းမှ ကျပ် (၃၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁) နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၁၉

၃၂၁

(ဇ)

မြို့‌တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်အတွက် ကျွဲ၊ နွားတိရစ္ဆာန် တို့ကို ကော်မတီက တည်‌ထောင်၊ ခွင့်ပြုထား‌သော အသားထုတ်လုပ်ရုံများမှအပ အခြားနေရာ တွင် သတ်ဖြတ်ခြင်း၊  ထုတ်လုပ်ခြင်း၊  ပြုပြင်ခြင်း၊  ဖြန့်ဖြူးခြင်း၊  သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၅) သိန်းမှ ကျပ် (၃၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁) နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၂၀

၃၂၁

(စျ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲနွားပွဲစျေးများ ဖွင့်လှစ်ခြင်း၊

ငွေဒဏ် ကျပ် (၅) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

ထောင်ဒဏ် (၁) နှစ် အထိ  ချမှတ်ရမည်။

၁၂၁

၃၂၁

(ည)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် အသားထုတ်လုပ်ရုံနှင့် အသားထုတ်လုပ်ရုံဝင်း အတွင်းသို့ ဝင်ရောက်ခြင်း။

ငွေဒဏ် ကျပ်(၅) သောင်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၁၂၂

၃၂၂

(က)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

မြို့‌တော်နယ်နိမိတ်အတွင်း ‌မြေထုညစ်ညမ်းမှု၊ ‌လေထုညစ်ညမ်းမှု၊ ‌ရေထု ညစ်ညမ်းမှုနှင့် အသံညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင် ထိခိုက်‌စေနိုင်‌သော  လုပ်ငန်းများ လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ ချမှတ်ရမည်။

၁၂၃

၃၂၂

(ခ)

မြို့‌တော်နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်‌စေသည့် ဓာတု‌ပစ္စည်းနှင့် ဆက်စပ်ပစ္စည်း၊ အဆိပ်အတောက်ဖြစ်‌စေသည့် ပစ္စည်း၊ ဓာတ်‌ရောင်ခြည်သင့်စေ‌သော ပစ္စည်း၊ အီလက်ထ‌ရောနစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသောစည်းကမ်းချက်များ နှင့်အညီ ကော်မတီက ခွင့်ပြုထားသောနေရာမှအပ အခြားနေရာတွင်စွန့်ပစ်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၂၄

၃၂၂

(ဂ)

မြို့တော်နယ်နိမိတ်အတွင်း စီးပွား‌ရေးလုပ်ငန်း၊  စက်ရုံ၊  အလုပ်ရုံနှင့် ‌ဆေးရုံများမှ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ ဘေးဖြစ်‌စေတတ်‌သော အရည်၊ စက်ဆုပ်ဖွယ်အရာများနှင့် ဆေးရုံစွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်‌သော နေရာများသို့ စီးဆင်းခြင်း၊ စီးထွက်‌စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊  စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၂၅

၃၂၂

(ဃ)

မြို့တော်နယ်နိမိတ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ၊ မိမိတို့၏ လုပ်ငန်း ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန်အတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကို ပျက်ကွက်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၂၆

၃၂၂

(င)

မြို့‌တော်နယ်နိမိတ်အတွင်းရှိ ‌ဆေးရုံများသည် ဆေးရုံစွန့်ပစ်ပစ္စည်းများ၊ လူခန္ဓာ ကိုယ်အစိတ်အပိုင်းများ စွန့်ပစ်ရာတွင် ကော်မတီကသတ်မှတ်ထား‌သော စည်းကမ်း များကို လိုက်နာခြင်းမရှိဘဲ   စွန့်ပစ်ခြင်း၊

ငွေဒဏ် ကျပ် (၃) သိန်းမှကျပ် (၁၀) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၂၇

၃၂၂

(စ)

မြို့‌တော်နယ်နိမိတ်အတွင်း စီးပွား‌ရေးလုပ်ငန်း၊ စက်ရုံနှင့် အလုပ်ရုံများမှ ထွက်ရှိ‌သော စွန့်ပစ်ပစ္စည်း၊ ရေဆိုးများစီးဆင်းမှုကြောင့်ဖြစ်‌စေ၊ မြေအောက်သို့ စိမ့်ဝင်မှုကြောင့် ဖြစ်‌စေ၊ ပတ်ဝန်းကျင်ရှိရေတွင်း၊ ‌ရေကန်၊ အဝီစိတွင်း၊ ရေ‌မြောင်းနှင့်မြစ်‌ချောင်းများ ညစ်ညမ်းမှုမဖြစ်‌စေရေးအတွက် ဆောင်ရွက်ရန် တာဝန်ပျက်ကွက်ခြင်း၊

ငွေဒဏ် ကျပ်(၃)သိန်းမှ ကျပ် (၁၀) သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

                     

၁၂၈

၃၂၂

(ဆ)

မြို့‌တော်နယ်နိမိတ်အတွင်း   စီးပွား‌ရေးလုပ်ငန်း၊  စက်ရုံ၊  အလုပ်ရုံ တည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ စီးပွား‌ရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်‌ထောင်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃) လ အထိ ချမှတ်ရမည်။

၁၂၉

၃၂၂

(ဇ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန်‌ နေရာများမှအပ အခြား‌နေရာတွင် အမှိုက် စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၃)သောင်းမှ ကျပ် (၃) သိန်းအထိချမှတ်ရမည်။

၁၃၀

၃၂၂

(ဈ)

ကော်မတီပိုင်မြေများတွင် ပစ္စည်းများ စုပုံခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်း မှ ကျပ် (၃) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ထောင်ဒဏ် (၆) လ အထိ ချမှတ်ရမည်။

၁၃၁

၃၂၂

(ည)

အဆောက်အအုံမြေညီထပ်နှင့် အထက်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ်  စက်ဆုပ်ဖွယ် အရာကို  ‌ရေ‌မြောင်းအတွင်းသို့ဖြစ်‌စေ၊ အများပြည်သူနှင့်သက်ဆိုင်‌သော  လမ်းပေါ်သို့ ဖြစ်‌စေ၊ ခြံဝင်းအတွင်းသို့ဖြစ်‌စေ၊ နောက်ဖေးလမ်းကြားသို့ ဖြစ်စေ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်‌စေခြင်း သို့မဟုတ် စွန့်ပစ်‌စေခြင်း၊

ငွေဒဏ်ကျပ်(၃)သောင်းမှ ကျပ် (၃)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃၂

၃၂၂

(ဋ)

ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်းများအတွင်းသို့ အမှိုက်  သို့မဟုတ် စက်ဆုပ်ဖွယ် အရာကိုပစ်ချခြင်း၊ သွန်ချခြင်း၊ ကျ‌ရောက်‌စေခြင်း သို့မဟုတ် စွန့်ပစ်‌ခြင်း၊

ငွေဒဏ် ကျပ်(၃)သောင်းမှ ကျပ် (၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃၃

၃၂၂

(ဌ)

မြို့‌တော်နယ်နိမိတ်အတွင်း ထားရှိ‌သော အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထား‌သော ‌နေရာများကို ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း၊

ငွေဒဏ်ကျပ် (၃) သောင်းမှ ကျပ် (၃) သိန်းအထိ သို့မဟုတ် ပျက်စီးပစ္စည်းတန်ဖိုး၏ (၃) ဆ ဖြစ်စေ၊ ထောင်ဒဏ် (၃) လ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၃၄

၃၂၂

(ဍ)

အမှိုက်ပုံရန် သတ်မှတ်ထားသော‌နေရာတွင် စုပုံထား‌သော အမှိုက်ကို‌ မြေ‌ဆွေးအဖြစ်‌ ပြောင်းလဲအသုံးပြုရန်ဖြစ်‌စေ၊ အခြားနည်းအသုံးပြုရန် ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်း၊

ငွေဒဏ်ကျပ်(၁)သောင်းမှ ကျပ် (၁) သိန်းအထိ ချမှတ်ရမည်။

၁၃၅

၃၂၂

(ဎ)

စက်ရုံ၊ အလုပ်ရုံနှင့် စီးပွား‌ရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်‌သော‌ရေဆိုးများကို သတ်မှတ်ထား‌သော စံချိန်စံညွှန်းနှင့်အညီ သန့်စင်‌စေရန် ဆောင်ရွက်ခြင်းမရှိဘဲ ‌ရေမြောင်းများနှင့် မြစ်‌ချောင်းများ အတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်း‌စေခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်းမှ ကျပ် (၁၀) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃၆

၃၂၂

(ဏ)

စက်ရုံ၊ အလုပ်ရုံနှင့် စီးပွား‌ရေးလုပ်ငန်းတစ်ရပ်ရပ်မှ ‌လေထုညစ်ညမ်းမှု ဖြစ်‌စေနိုင်‌သော အခိုးအ‌ငွေ့များကို သတ်မှတ်ထား‌သော စံချိန်စံညွှန်းနှင့်အညီ သန့်စင်‌စေရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့   စွန့်ထုတ်ခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်း မှကျပ် (၁၀) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃၇

၃၂၂

(တ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော၊ ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်းတွင် ထားရှိ သော အလောင်းကို ပြန်လည်ယူဆောင်ခြင်းသော်လည်းကောင်း ပြုလုပ်ခြင်း၊

ငွေဒဏ် ကျပ်(၁) သိန်း မှ ကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

၁၃၈

၃၂၂

(ထ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သင်္ချိုင်းဂူကို ဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊

ငွေဒဏ် ကျပ်(၃)သိန်း မှကျပ် (၁၀) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၃၉

၃၂၂

(ဒ)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ -

(၁)  သုသာန်မှအပ အခြားနေရာတွင် အလောင်းကို သင်္ဂြိုဟ်ခြင်း၊   

(၂)  သုသာန်မှအပ အခြားနေရာတွင် အလောင်းကို အအေးခန်းဖြင့် ထားသိုခြင်း၊

(၃)   မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ်

       မီးသင်္ဂြိုဟ်စက်အဖြစ် တည်ထောင်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ်

       လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၀

၃၂၂

(ဓ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အသုဘယာဉ်လုပ်ငန်း၊  ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၁

၃၂၂

(န)

မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်သည့်နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၂

၃၂၂

(ပ)

မည်သည့် စွန့်ပစ်အမှိုက် အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်သော‌နေရာ မှအပ    စုပုံခြင်း၊ မီးရှို့ခြင်း၊

ငွေဒဏ် ကျပ်(၃) သောင်း မှ ကျပ် (၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၃

၃၂၂

(ဖ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊

ငွေဒဏ်ကျပ် (၃)သောင်းမှ ကျပ် (၃)သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၄၄

၃၂၂

(ဗ)

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံအသစ်များ တည်ဆောက်ပါက ပိုင်ရှင် ဖြစ်စေ၊ တည်ဆောက်သူဖြစ်စေ ကော်မတီက ညွှန်ကြားထားသည့် အမှိုက်စွန့်ပစ်မှု စနစ်အားပါဝင်တည်ဆောက်ခြင်းနှင့် အဆိုပါ အမှိုက်စွန့်ပစ်မှုစနစ်အား ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်စေခြင်းတို့နှင့် စပ်လျဉ်းသည့် လိုအပ်သော အစီအမံများ ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိ ချမှတ်ရမည်။

၁၄၅

၃၂၂

(ဘ)

အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံ၊ အဝန်းအဝိုင်းများတွင် စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိရေး၊ စနစ်တကျ စွန့်ပစ်ရေး အတွက် ကော်မတီ၏ညွှန်ကြားချက်များကို လိုက်နာရန်နှင့်လိုအပ်သည့် အစီအမံ များ ချမှတ်ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း၊

ငွေဒဏ် ကျပ်(၃)သောင်းမှ ကျပ် (၃)သိန်းအထိချမှတ်ရမည်။

၁၄၆

၃၂၂

(မ)

အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ်အိတ် စသည့် အမှိုက်သရိုက် များ၊ တိရစ္ဆာန်အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ် စသည့် အနံ့ဆိုး ထွက်သည့်ပစ္စည်းများ သို့မဟုတ် မည်သည့် အရာဝတ္ထုကိုမဆို ထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ်ခြင်း၊ တိရစ္ဆာန်များအား အစားအစာ ကျွေးမွေးခြင်း၊

ငွေဒဏ် ကျပ်(၅)သောင်း မှ ကျပ် (၁) သိန်း အထိ ဖြစ်စေ၊ ထောင်ဒဏ်(၃) လအထိဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၇

၃၂၂

(ယ)

အများပြည်သူနှင့်သက်ဆိုင်သည့် နေရာနှင့်လမ်းများပေါ်သို့ ကွမ်းတံတွေး ထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၃)သောင်း မှ ကျပ် (၅)သောင်းအထိချမှတ်ရမည်။

 ၁၄၈

၃၂၂

(ရ)

တူးဖော်ထားသည့် ရေမြောင်းများ၊ အင်းအိုင်၊ ရေလှောင်ကန်၊ မြစ်ချောင်း၊ ပင်လယ်အစိတ်အပိုင်းများပေါ်တွင် အမှိုက်သရိုက်များ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ များ၊ ဆေးရုံများမှထွက်ရှိပြီး ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ ရေဆိုး ရေညစ်များနှင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပစ်ချခြင်း၊ စုပုံထားခြင်း၊ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၃)သိန်းမှ ကျပ် (၁၀) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၆) လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၁၄၉

၃၂၂

(လ)

စက်ရုံ၊ အလုပ်ရုံမှထွက်ရှိသော တိရစ္ဆာန်သွေး၊ အရိုး၊ သားရေ၊ ဘေးဖြစ်စေသော အရည်၊ ဆေးကြောရည်၊ ညစ်ညမ်းသောအရာများကို ကော်မတီကသတ်မှတ်သည့် နေရာမှအပ အများနှင့် သက်ဆိုင်သောနေရာများသို့ စီးဆင်းစေခြင်း၊ စုပုံခြင်း၊ ဖြန့်ခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း၊

ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိ ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၅၀

၃၂၂

(ဝ)

မြို့တော်နယ်နိမိတ်အတွင်း ဆိပ်ကမ်းများသို့ ဝင်ရောက်သည့် နိုင်ငံခြား သင်္ဘောများ သည် ယင်းသင်္ဘောများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အရည်များကို အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ စုစည်းထားရန်နှင့် လိုအပ်သော အစီအမံများ ချမှတ်၍  စွန့်ပစ်ရန်ပျက်ကွက်ခြင်း၊

နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၂၀၀) မှ (၆၀၀) အထိဖြစ်စေ၊ ယင်းပမာဏနှင့် ညီမျှသော မြန်မာ ကျပ်ငွေဖြင့်ဖြစ်စေချမှတ်ရမည်။

 

၁၅၁

၃၂၂

(သ)

မြို့တော်နယ်နိမိတ် အတွင်း ပြည်တွင်း ရေကြောင်းသွားသင်္ဘော၊ ရေယာဉ်များသည် ယင်းတို့မှထွက်ရှိသော အညစ်အကြေးအရည်၊ စွန့်ပစ်ပစ္စည်း၊ အကြွင်းအကျန်များကို  ကော်မတီက သတ်မှတ်ထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းနှင့် အညီ ဆောင်ရွက်ပြီးမှ သတ်မှတ်ထားသော စွန့်ပစ်နေရာသို့ စွန့်ပစ်ရန် သို့မဟုတ် ကော်မတီသို့ အကြောင်းကြား၍ စွန့်ပစ်သည့်အစီအမံများ ဆောင်ရွက်ရန် တာဝန်ကို ပျက်ကွက်ခြင်း၊

ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ် (၃)သိန်းအထိ  ချမှတ်ရမည်။

၁၅၂

၃၂၂

(ဟ)

စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်၊ စီးပွားရေး လုပ်ငန်းထွက် အမှိုက်၊ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ် ဖြစ်စေ သော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ် စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့်အမှိုက်ပုံး၊ အမှိုက်ကန် နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင် လည်းကောင်း၊ အခြားနေရာတွင် လည်းကောင်း စွန့်ပစ်ခြင်း၊

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၁၅၃

၃၂၂

(ဠ)

ခြံထွက်အမှိုက်များနှင့် မီးဖိုချောင်ထွက်အမှိုက်မဟုတ်သော အိမ်သုံးစွန့်ပစ်ပစ္စည်းများ ကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ် ထားသည့်နေရာတွင် လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်း။

ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ် (၃)သိန်းအထိ ချမှတ်ရမည်။

၁၅၄

၃၂၃

(က)

စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ

 

ကော်မတီ၏ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်း လုပ်ငန်း လုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ် (၃)သိန်း မှ ကျပ် (၁၅)သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိ ချမှတ်ရမည်။

၁၅၅

၃၂၃

(ခ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင် မရှိဘဲ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်ခြင်း၊

ငွေဒဏ် ကျပ်(၁)သိန်း မှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃) လ အထိ ချမှတ်ရမည်။

၁၅၆

၃၂၃

(ဂ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ  အလှကုန် ပစ္စည်း ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခြင်း၊ ဆေးခန်း ဖွင့်လှစ်ခြင်း၊ ပုံနှိပ် လုပ်ငန်းလုပ်ကိုင်ခြင်း၊ အားကစား‌လေ့ကျင့်ရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊

ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃) လ အထိ ချမှတ်ရမည်။

 ၁၅၇

၃၂၃

(ဃ)

မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပရိဘောဂ လုပ်ငန်း၊‌ မော်‌တော်ယာဉ်ပြုပြင်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အရောင်းပြခန်း နှင့် မော်တော်ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း လုပ်ငန်းလုပ်ကိုင်‌ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃)လ အထိ ချမှတ်ရမည်။

၁၅၈

၃၂၃

(င)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယာယီဇာတ်ရုံ ဆောက်လုပ်ခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၃) သိန်းအထိ ချမှတ်ရမည်။

၁၅၉

၃၂၃

(စ)

ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ  မြို့‌တော်နယ်နိမိတ်အတွင်း ကုန်ပဒေသာ ဆိုင်၊ ကုန်တိုက်များ ဖွင့်လှစ်‌ရောင်းချခြင်း၊

ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၃)လ အထိ ချမှတ်ရမည်။

၁၆၀

၃၂၃

(ဆ)

ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ  မြို့‌တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်စျေး ဖွင့်လှစ်ရောင်းချခြင်း၊

ငွေဒဏ်ကျပ် (၅)သိန်းမှ ကျပ် (၂၅) သိန်းအထိ ချမှတ်ရမည်။

ထောင်ဒဏ် (၆)လ အထိ ချမှတ် ရမည်။

၁၆၁

၃၂၃

(ဇ)

မြို့‌တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ခွင့်ပြုသည့်နေရာ၊ အချိန်တို့မှအပ  လမ်း‌ဘေး‌ဈေးဆိုင်  ဖွင့်လှစ်‌ရောင်းချခြင်း၊

ငွေဒဏ် ကျပ်(၁)သောင်းမှ ကျပ် (၁) သိန်း အထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၁) လအထိ ချမှတ်ရမည်။

၁၆၂

၃၂၃

(ဈ)

ကော်မတီ၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြို့‌တော်နယ်နိမိတ်အတွင်း ယာဉ်တစ်မျိုးမျိုး ကို အသုံးပြု၍ လှည့်လည်‌ကြော်ငြာခြင်း၊ ‌ရောင်းချခြင်း၊

ငွေဒဏ် ကျပ်(၁)သောင်းမှ ကျပ် (၁) သိန်းအထိ  ချမှတ်ရမည်။

ထောင်ဒဏ် (၁) လအထိ ချမှတ်ရမည်။

၁၆၃

၃၂၃

(ည)

ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူသိရှိစေရန် အမှတ်အသားတပ်ဆင်ခြင်း၊ ရေးဆွဲခြင်း၊  ကြော်ငြာခြင်း၊

ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ် (၃)သိန်းအထိချမှတ်ရမည်။

၁၆၄

၃၂၃

(ဋ)

မြို့တော်နယ်နိမိတ်အတွင်း အခြားမည်သည့်ခွင့်ပြုမိန့်၊ မှတ်ပုံတင်လက်မှတ်၊ လိုင်စင် တစ်မျိုးမျိုးရှိစေကာမူ ကော်မတီက ခွင့်ပြုချက်လိုင်စင်ထုတ်ပေးနိုင်သော လုပ်ငန်း တစ်ရပ်ရပ်ကို ကော်မတီကထုတ်ပေးသော လိုင်စင်မရှိဘဲ  ဆောင်ရွက်ခြင်း။

ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၂။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၃။ ဤဥပဒေသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်များပြီးမြောက်ပြီးနောက် ကျင်းပသည့် ရွေးကောက်ပွဲအရ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းပြီးသည့်နေ့ ရက်အထိ အာဏာတည်ရမည်။

၄။ ဤဥပဒေ အာဏာတည်လျှက်ရှိနေသမျှကာလပတ်လုံး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ၏အခန်း (၃) နှင့် (၄) တို့ကို ရုပ်သိမ်းထားဘိသကဲ့သို့ မှတ်ယူစေရမည်။


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၅/၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၅ တွင် -

(က) ပုဒ်မခွဲ (ဒ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဒ) သန့်ရှင်း၊ သာယာ၊ လှပသည့် မြို့တော်ကြီးဖြစ်လာစေရေးအတွက် အဆင့် မြှင့်တင်ဆောင်ရွက်ရာတွင် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို အများပြည်သူက လိုက်နာစေရေး တာဝန်ထမ်းဆောင် သည့် ဝန်ထမ်းများ၊ အဖွဲ့အစည်းများအား ဆုငွေ ချီးမြှင့်ခြင်း၊”

(ခ) မူလပုဒ်မခွဲ(ဒ)ကို ပုဒ်မခွဲ(ဓ)အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ နှင့် ၂၇ တို့ကို ပယ်ဖျက်ရမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၂၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) ကော်မတီသည် ဤဥပဒေအရ မိမိတာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ တွင် လိုအပ်ပါက သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံရယူရမည်။ ထိုကဲ့သို့ တောင်းခံလာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီပေးရမည်။”


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC