အသိပေးကြေညာချက်

27 April 2023 : 10:15:00

၁။ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်းဘေးရှိ မြေနေရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် Myanmar V-Pile Co., Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်) တွင် အပ်နှံရန်ကျန်ရှိသော ၄ခန်းတွဲ ၈ထပ်တိုက် U-900 အ‌ဆောက်အဦ (၁၉)လုံး အခန်းပေါင်း ( ၆၀၈ )ခန်းမှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။ တိုက်ခန်းတန်ဖိုး အကြေပေးသွင်းပြီးသည့် အခန်းရှင်များအား ၄-၅-၂၀၂၃ ရက်မှစ၍ အခန်းသော့စတင်ထုတ် ပေးမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ တိုက်ခန်းဖိုးပေးသွင်းရန် ကျန်သူများမှ တိုက်ခန်းဖိုးကျသင့်ငွေများအား ပေးသွင်းပါရန် အကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့‌တော်စည်ပင်သာယာရေးကော်မတီ

 

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC