မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန


(၁) မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ သန့်ရှင်းရေးဆိုင်ရာဆောင်ရွက်နေမှုများ

  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းအခွန်အခများ စည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့် လမ်းသွယ်များမှ အမှိုက်များကို စနစ်တကျ လှဲသိမ်းယူစွန့်ပစ်ခြင်း။
  • အခွန်အခကောက်ခံသောမြို့နယ်များ မြို့နယ်/ရပ်ကွက်များတွင် ပြည်သူများအမှိုက် စွန့်ပစ်ရန် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ပေးခြင်း။
  • အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ အမှိုက်ကန်များ တည်ဆောက်ခြင်း၊ အမှိုက်ပုံးများ ချထားပေးမှုများ စီမံဆောင်ရွက်ခြင်း။
  • အခွန်အခ ကောက်ခံခြင်းမပြုသော အစိုးရဌာန အဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝန်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။
  • သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီမံများပြုလုပ်ခြင်း။
  • အများပြည်သူသုံး အဆင့်မြင့်အခပေးအိမ်သာများကို သန့်ရှင်းစွာထားရှိပေးခြင်း။
  • သုဿာန်များကို စနစ်တကျဖွင့်လှစ်၍ မြေမြှုပ်ခြင်း၊ မီး သင်္ဂြိုဟ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
  • ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း အနံ့၊ အလင်းရောင် စသည်တို့အတွက်ဓါတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောအကာအကွယ်များ ပြုလုပ်စီမံကွပ်ကဲ ညွှန်ကြားအုပ်ချုပ်ပေးခြင်း။
  • စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ အမိန့်ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်ခြင်း။

  • (၂) အမှိုက်အမျိုးအစားများခွဲခြားခြင်း

    • မီးဖိုချောင်ထွက်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်မှအပ နေအိမ်များ၊ အိမ်ခန်းများနှင့် မီးဖိုချောင်များမှ အသုံးမလို၍ စွန့်ပစ်သော အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။
    • ခြံထွက်အမှိုက်ဆိုသည်မှာ ခြံအတွင်းခုတ်ထွင်ရှင်းလင်းရာမှ ထွက်ရှိလာသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များ၊ ခြုံနွယ်များ၊ အသုံးမလို၍ စွန့်ပစ်သော အဆောက်အအုံအစိတ် အပိုင်းများ၊ ပရိဘောဂအဟောင်းအပျက်များကို ဆိုလိုခြင်းဖြစ်သည်။
    • စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်ဆိုသည်မှာ စက်ရုံနှင့် အလုပ်ရုံများမှ အသုံးမလို၍ စွန့်ပစ်သော အမှိုက်များကို ဆိုလိုသည်။
    • တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်ဆိုသည်မှာတည်ဆောက်ရေးလုပ်ငန်းများမှ စွန့်ပစ်သော အမှိုက်ကိုဆိုလိုသည်။
    • စီးပွားရေးလုပ်ငန်းထွက် အမှိုက်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ အသုံးမလို၍ စွန့်ပစ်သော ပစ္စည်းများကိုဆိုလိုသည်။
    • သာမာန်အမှိုက်ဆိုသည်မှာ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်တို့မှအပ မီးဖိုချောင်ထွက်အမှိုက်စနစ် နှင့် အခြားအမှိုက်သရိုက်များကို ဆိုလိုသည်။
    • စက်ဆုပ်ဖွယ်ရာဆိုသည်မှာ တိရိစ္ဆာန်အသေကောင်၊ တိရိစ္ဆာန်ချေး၊ ပုပ်စပ်နံစော်သည့် အရာဝတ္ထု၊ မနှစ်မြို့ဖွယ်ရာသွေး၊ အရည် (ဝါ) အညစ်အ​ကြေးကို ဆိုလိုသည်။
    • ဆေးရုံဆေးခန်း စွန့်ပစ်ပစ္စည်းဆိုသည်မှာ မြို့တော်နယ်နမိတ်အတွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်းများမှ အသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကို ဆိုလိုသည်။

    (၃) ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့်အမှိုက်သိမ်းစနစ်များနှင့်အချိန်၊စွန့်ပစ်ခွင့်ရှိသည့်အမှိုက်အမျိုးအစား

    • အမှိုက်ကန်စနစ်။ ညနေ ၆:၀၀နာရီ မှ ည၁၁:၀၀နာရီအထိ တစ်ကြိမ်၊ နံနက် ၆:၀၀နာရီ မှ ၁၀:၀၀နာရီအထိ တစ်ကြိမ်။
    • အမှိုက်ပုံစနစ်။ မြို့နယ်များတွင် ချထားပေးသော Euro Standard Size အမှိုက်ပုံးများတွင်လည်းကောင်း၊ အမှိုက်ကန်များတွင်လည်းကောင်း သတ်မှတ်ထားသည့် အချိန်အတိုင်း စွန့်ပစ်နိုင်ပါသည်။
    • ခေါင်းလောင်းတီးစနစ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းရရှိထားသည့် နေ့ရက်နှင့် အချိန်များတွင် ယာဉ်/ လှည်းဖြင့် ခေါင်လောင်းတီးအမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ပါသည်။
    • အမှိုက်ထုပ်ကောက်အမှိုက်သိမ်းစနစ်။ (ပြည်သူများ အမှိုက်ပစ်ချိန်နှင့် ဌာနမှ အမှိုက်သိမ်းချိန်အား တိကျစွာသတ်မှတ်ပြီး သိမ်းသောစနစ်) ရပ်ကွက်အုပ်ချုပ် ရေးမှူးများ/ နေထိုင်သူများမှ ညှိနှိုင်းထားသည့် နေ့၊ ရက်၊ အချိန်များအတိုင်း လှည်း/ ယာဉ်များ ဖြင့် လိုက်လံသိမ်းသောစနစ် ကျင့်သုံးဆောင်ရွက်ရပါမည်။

    အထက်ပါအမှိုက်သိမ်းစနစ်(၄)ခုစလုံးတွင်ကော်မတီမှသတ်မှတ်ပေးထားသည့်အမှိုက်အိတ်အစိမ်းအပြာများဖြင့်လုံခြုံစွာ ချည်နှောင်၍ စွန့်ပစ်ပေးရပါမည်။ မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်ရမည်ဖြစ်ပါသည်။အခြားအမှိုက်များကို စွန့်ပစ်လိုပါက On Call စနစ်ဖြင့် စွန့်ပစ်နိုင်ပါသည်။


    (၄) အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်

    • အမှိုက်အစိုများဖြစ်သော မီးဖိုချောင်ထွက်အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ဘုရားပန်းများ အစရှိသည့် အမှိုက်များကို အစိမ်းရောင်အိတ်ဖြင့် လုံခြုံစွာ ချည်နှောင်၍ နေ့စဉ် စွန့်ပစ်နိုင်ပါသည်။
    • အမှိုက်အခြောက်များဖြစ်သော စက္ကူစ၊ ဖော့ဘူး၊ ပလတ်စတစ်၊ ကစားစရာအကျိုးအပဲ့များ၊ သတ္ထုအပိုင်းအစများ၊ ဝါယာကြိုးစများ အစရှိသည့် အမှိုက်စများကို အပြာရောင်အိတ်ဖြင့် လုံခြုံစွာချည်နှောင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် စွန့်ပစ်နိုင်ပါသည်။

    (၅) မြို့နယ်အလိုက်ကောက်ခံသည့်သန့်ရှင်းရေးဆောင်ရွက်ခနှုန်းထားများရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနယ်နိမိတ် အတွင်းရှိမြို့နယ်ပေါင်း (၃၂)မြို့နယ်ကို အောက်ပါအတိုင်း အုပ်စု(၃)စုခွဲ၍ (၃)လလျှင် တစ်ကွာတာ သတ်မှတ်ပြီး(ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနအိမ်ရာ)(၁)လတစ်ကြိမ်) သန့်ရှင်းရေးဆောင်ရွက်ခအား On Line စနစ်ဖြင့်ပြေစာထုတ်ပြီး ၁၀/၂၀၁၄မှစ၍ ကောက်ခံလျက်ရှိပါသည်။


    ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းစနစ်များနှင့် အချိန်၊ စွန့်ပစ်ခွင့်ရှိသည့် အမှိုက်အမျိုးအစား
    • ဖွံ့ဖြိုးမှုရှိသည့်မြို့နယ်(၁၅)မြို့နယ်အတွက် တစ်ရက်လျှင် ၂ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၈ဝဝိ/-
    • ဖွံ့ဖြိုးမှုရှိသည့်(၁၅)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်(၁၀)မြို့နယ်အတွက် တစ်ရက်လျှင် ၁၅/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၁၃၅ဝိ/-
    • ဆင်ခြေဖုံးမြို့နယ်(၇)မြို့နယ်အတွက် တစ်ရက်လျှင် ၁ဝိ/-နှုန်းဖြင့် (၃)လ တစ်ကွာတာ ၉ဝဝိ/-

    အထက်ပါကောက်ခံမှုမှာ အိမ်တိုင်ရာရောက် Door to Door သိမ်းဆည်းပေးခြင်းမဟုတ်ဘဲ ကော်မတီမှ သတ်မှတ်ထားသော အမှိုက်သိမ်းစနစ်များဖြင့်
    မီးဖိုချောင်ထွက် အမှိုက်များကိုသာ စွန့်ပစ်မှုအတွက် ကောက်ခံခြင်းဖြစ်ပါသည်။


    (၆) စီးပွားရေးအမှိုက်သိမ်းဆည်းကောက်ခံခြင်းများ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ Hotel, Motel, Inn, Guest House များနှင့် ဆေးရုံ/ ဆေးခန်းများ၏ အမှိုက်သိမ်းဆည်းခကို လုပ်ငန်းအမျိုးအစား/ အရွယ်အစားပေါ် မူတည်၍ နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ကောက်ခံလျက်ရှိပါသည်။

    • စီးပွားရေးလုပ်ငန်းများ အနည်းဆုံး (၅၀၀ိ)မှ အများဆုံး (၆၀၀၀၀၀ိ)ထိ
    • ဆေးရုံ/ ဆေးခန်း အနည်းဆုံး (၁၅၀၀ိ)မှ အများဆုံး (၆၀၀၀၀၀ိ)ထိ
    • Hotel, Motel, Inn, Guest House များ အနည်းဆုံး (၄၀၀၀ိ)မှ အများဆုံး (၄၀၀၀၀၀ိ)ထိ

    (၇) သီးခြားအမှိုက်သိမ်းဆည်းခ (On Call)။ မီးဖိုချောင်ထွက် အမှိုက်နှင့် သာမန်စီးပွားရေး လုပ်ငန်းမှအမှိုက် များမှအပ တည်ဆောက် ရေးလုပ်ငန်းထွက်အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်များ၊ ခြံထွက်အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှထွက်သော အမှိုက်များကို သိမ်းဆည်းလိုပါက ဌာနမှ သတ်မှတ်ထားသော အောက်ပါ ယာဉ်အမျိုးအစားအလိုက် နှုန်းထား များ ပေးသွင်း၍ ငှားရမ်းစွန့်ပစ်နိုင်ပါသည်-

    စဉ် ယာဉ်အမျိုးအစား နှုန်းထား(ကျပ်)
    (က) ကားသေး (၂.၅)တန်ယာဉ်
    (အားမာန်သစ်/GBS)
    ၃၅၀၀၀/-
    (ခ) ကားလတ် (၅)တန်ယာဉ်
    (Cheng Long)
    ၇၀၀၀၀/-
    (ဂ) ကားကြီး (၇.၅/၈)တန်ယာဉ်
    (10 wheel Dump Truck၊ Power Plus၊ ပုံးကား)
    ၁၀၅၀၀၀/-
    (ဃ) ၂၄၀ လီတာဆံ့အမှိုက်ပုံး(၁)ပုံး ၁၀၀၀/-/-
    (င) ၆၆၀ လီတာဆံ့အမှိုက်ပုံး(၁)ပုံး ၂၅၀၀/-
    (စ) သတ်မှတ်အမှိုက်သိမ်းလှည်း(၁)စီး ၂၅၀၀/--
    (ဆ) အမှိုက်(၁)တန် ၁၄၀၀၀/-
    မှတ်ချက်။ (၁) အမှိုက်သိမ်းယာဉ်(စက်သုံးဆီအပါအဝင်)ငှားရမ်းခြင်း ဖြစ်ပါသည်။

    (၂) လုပ်သားအင်အားဖြင့် ဆောင်ရွက်ပေးခြင်း မရှိပါ။

    - စည်ပင်သာယာ သတ်မှတ်အမှိုက်သိမ်းလှည်း(၁)ခေါက်လျှင် ၂၅၀ဝိ/- နှုန်း

    (၈) နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမှု

    နောက်ဖေးလမ်းကြားအမှိုက်များမှာ ပြည်သူများမှ စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များ ဖြစ်သဖြင့် ကော်မတီအနေဖြင့် တရား၀င်သတ်မှတ်ထားသော အမှိုက်စွန့်ပစ်မှု စနစ်များ အတိုင်း သိမ်းဆည်း ဆောင်ရွက်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာ လမ်း/ရပ်ကွက်မှသာ သိမ်းဆည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူများအဆင်ပြေစေရန် အလို့ငှာ နောက်ဖေးလမ်းကြားအမှိုက်ရှင်းလင်းသိမ်းဆည်းမည်ဆိုပါက ကော်မတီမှ ယာဉ်ငှား ရမ်းခ ကင်းလွတ်ခွင့်ပြုပြီး ကုန်ကျမည့် စက်သုံးဆီသာကျခံပေးရမည် ဖြစ်ပါသည်။ ၄င်းအမှိုက်များကို ရှင်းလင်းသယ်ထုတ်ခြင်း၊ ယာဉ်ပေါ်တင်ခြင်းများကိုမူ သက်ဆိုင်ရာလမ်း/ရပ်ကွက်မှသာ တာ၀န်ယူဆောင်ရမည် ဖြစ်ပါသည်။


    (၉) နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ မိမိအစီအစဉ်ဖြင့် အမှိုက်လာရောက်စွန့်ပစ်ပါကပေးဆောင်ရမည့် သတ်မှတ်နှုန်းထား

    ကော်မတီ၏ အမှိုက်သိမ်းစနစ်တွင်လည်း ပါဝင်ခြင်းမရှိ၊ သီးခြားအမှိုက်သိမ်းဆည်းခ On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်းမျိုးလည်းမဟုတ်ဘဲ အမှိုက်များကို မိမိအစီအစဉ်ဖြင့် သယ်ယူ၍ သတ်မှတ်ထားသော နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ လာရောက်စွန့်ပစ်မည်ဆိုပါက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ခနှုန်းထားမှာ ကနဦးအမှိုက်တစ်တန်လျှင် ၅၀၀၀ိ/ နှုန်းဖြစ်ပြီး နောက်ထပ်တစ်တန်ပိုတိုင်း ၂၀၀၀ိ/နှုန်းပေးဆောင်ရန် သတ်မှတ်ထားပါသည်။


    (၁၀) ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်များ

    • မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်း ထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့်အမှိုက်ပုံရန်သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။
    • မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံ၀င်းအတွင်းသို့ဖြစ်စေ၊ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
    • မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ကွပ်လပ်မြေများအတွင်းသို့ဖြစ်စေ၊ ရေမြောင်းအတွင်းသို့ ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြားသို့ဖြစ်စေ၊ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။
    • မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသော နေရာတွင် ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ တူးခြင်း၊ ဆွခြင်း၊ သို့မဟုတ် ပြန့်ကျဲခြင်း မပြုရ။
    • မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်း အသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။
    • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သော ရေဆိုးများကို ကော်မတီက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်း များအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။
    • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကို တူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း ထားရှိသောအလောင်းကို ပြန်လည် ယူဆောင် ခြင်းသော်လည်းကောင်း မပြုရ။
    • မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုရ။
    • မည်သူမျှ ခွင့်ပြုချက်မရှိဘဲ-
      - သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကိုသင်္ဂြိုဟ်ခြင်း၊ အအေးခန်းဖြင့် ထားသိုခြင်းမပြုရ။
      - မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသင်္ဂြိုဟ်စက်အဖြစ် တည်ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းမပြုရ။
    • မည်သူမျှ ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ်လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။
    • မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ။
    • မည်သူမျှ မည်သည့်စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်ထားသော နေရာမှအပ မိမိပိုင်ခြံ၀င်း၊ လုပ်ငန်းခွင်၊ အခြားပြင်ပမည်သည့် တစ်နေရာရာတွင်မဆို မီးရှို့ခြင်းမပြုရ။
    • မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း၊ ထိုသို့ သိမ်းဆည်းအမှိုက်များကို ကော်မတီက သတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာနှင့် အခြားနေရာများသို့ သယ်ယူစွန့်ပစ်ခြင်း မပြုရ။
    • မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော စွန့်ပစ်အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ပစ်ခြင်း၊ စွန့်ထုတ်ခြင်းမပြုရ။

    ၁၁။ အများပြည်သူသုံးသန့်စင်ခန်းများ

    ပြည်သူများလွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အလို့ငှာ ကော်မတီမှ အများပြည်သူသုံးအဆင့်မြင့် သန့်စင်ခန်းများကို ဆောက်လုပ်ပေးလျက်ရှိရာ မြေပေါ်သန့်စင်ခန်း (၂၆)ခု၊ ရွှေ့လျားအပေါ့သွား သန့်စင်ခန်း (၄) ခု စုစုပေါင်း (၃၀)ခုကို အခပေးသန့်စင်ခန်းများအဖြစ် ထားရှိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


    ၁၂။ ရွှေ့လျား Mobile သန့်စင်ခန်းများ

    ပြည်သူများလိုအပ်လျက်ရှိပါက ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ကော်မတီအနေဖြင့် ရွှေ့လျား (Mobile)သန့်စင်ခန်းများနှင့် ရွှေ့လျားသန့်စင်ခန်းယာဉ်တို့အား ပြုလုပ်ထားရှိပြီး ငှားရမ်းခ နှုန်းထားများမှာ တစ်ရက်လျှင် ရွှေ့လျားသန့်စင်ခန်းတစ်လုံး ၂ဝဝဝဝိ/-နှုန်း၊ ရွှေ့လျားသန့်စင် ခန်းယာဉ်တစ်စီး ကျပ် ၁၅၀၀၀၀/-နှုန်းတို့ ဖြစ်ပါသည်။


    ၁၃။ နာရေးကိစ္စများဆောင်ရွက်ရန် ခရိုင်အလိုက်မြို့နယ်များခွဲခြားသတ်မှတ်ခြင်း

    (က) ရေဝေးသုဿန်

    • တောင်ဥက္ကလာပ
    • တာမွေ
    • ပုဇွန်တောင်
    • ဗိုလ်တထောင်
    • ဗဟန်း
    • မင်္ဂလာတောင်ညွန့်
    • မင်္ဂလာဒုံ
    • မရမ်းကုန်း(အရှေ့ခြမ်း)
    • မြောက်ဥက္ကလာပ
    • ရန်ကင်း
    • လှိုင် (အရှေ့ခြမ်း)
    • သင်္ဃန်းကျွန်း
    • အင်းစိန်(အရှေ့ခြမ်း)
    • ဒဂုံ(မြောက်)(မြောက်ဘက်ခြမ်း)

    (ခ) ထိန်ပင်သုသာန်

    ထိန်ပင်သုသာန်တွင် သင်္ဂြိုဟ်ရန်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေဝေးသုသာန်တွင် အအေး ခန်းထားရှိပြီး သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေးကြေး ၁၀၀၀၀ဝိ/- ပေးသွင်း ရမည်ဖြစ်ပြီး၊ သတ်မှတ်သုသာန်မဟုတ်ဘဲ တိုက်ရိုက်သင်္ဂြိုဟ်လိုပါက နယ်ကျော်အခွင့်အရေး ကြေး ပေးသွင်းရန် မလိုပါ။၊

    • ကျောက်တံတား
    • ကြည့်မြင်တိုင်
    • ကမာရွတ်
    • စမ်းချောင်း
    • ဒဂုံ
    • ပန်းဘဲတန်း
    • မရမ်းကုန်း(အနောက်ခြမ်း)
    • လှိုင်(အနောက်ခြမ်း)
    • လမ်းမတော်
    • လသာ
    • လှိုင်သာယာ(အနောက်ခြမ်း)
    • အင်းစိန်(အနောက်ခြမ်း)
    • အလုံ

    • (ဂ) ကျီစုသုသာန်

    • ဒဂုံ(ဆိပ်ကမ်း)
    • ဒဂုံ(တောင်)
    • ဒဂုံ(မြောက်)(တောင်ဘက်ခြမ်း)
    • ဒဂုံ(အရှေ့)
    • သာကေတ
    • ဒေါပုံ

    • (ဃ) ကျူချောင်သုသာန်

    • ရွှေပြည်သာ

    • (င) ဒလသုသာန်

    • ဒလ

    • (စ) ဆိပ်ကြီးခနောင်တိုသုသာန်

    • ဆိပ်ကြီးခနောင်တို

    • (ဆ) ဆိပ်ကြီးသုသာန်

    • ကြည့်မြင်တိုင်(တစ်ဘက်ကမ်း)၊ အလတ်ချောင်းကျေးရွာ
    • သုသာန်အအေးခန်းများတွင် ထားရှိပြီးသော ရုပ်အလောင်းများအား ဌာနခွင့်ပြုချက် မရှိဘဲ အခြားပြင်ပသို့ သယ်ဆောင်၍မရပါ။



    ၁၄။ သင်္ဂြိုဟ်ခြင်းဆိုင်ရာ လိုအပ်သောစာရွက်စာတမ်းများ

    • နာရေးဖြစ်ပေါ်သည့်အခါ အလောင်းသယ်ယူခြင်းအား သုသာန်များမှ(၂၄)နာရီ သယ်ယူပေးခြင်း အားဖြင့် ၀န်ဆောင်မှုပေးပါသည်။
    • ကာယကံရှင်မှ သုသာန်များသို့ တယ်လီဖုန်းဖြင့်လည်းကောင်း၊လူကိုယ်တိုင်လည်းကောင်း ဆက် သွယ်နိုင်ပါသည်။
    • ကာယကံရှင်၏ဆန္ဒအရ အအေးခန်းထားလိုခြင်းကိုဆောင်ရွက်ပေးပါမည်။
    • တိုက်ရိုက်သင်္ဂြိုဟ်မှုပြီးဆုံးသည်အထိ တာ၀န်ယူဆောင်ရွက်ပေးပါသည်။
    • သင်္ချိုင်းလက်မှတ်မပါလျှင် (လုံး၀)သယ်ဆောင်ခြင်းမပြုပါ။
    • အရိုးကောက်ခြင်းအတွက် ပြင်ပသို့ သယ်ယူမည်ဆိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

    (က) လျှောက်လွှာ

    (ခ) လျှောက်ထားသူ၏ခံဝန်ချက်

    (ဂ) မိသားစုမှကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်

    (ဃ) သင်္ချိုင်းလက်မှတ်

    (င) သန်းခေါင်စာရင်းမိတ္တူ

    (စ) ကွယ်လွန်သူ၏မှတ်ပုံတင်မိတ္တူ

    (ဆ) လျှောက်ထားသူ၏မိတ္တူ

    • ရဲမှုခင်းနှင့်ပတ်သက်သော အလောင်းများကို သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက် ပြီး အထောက်အထားဆိုင်ရာ ကင်းရှင်းမှသာ သင်္ဂြိုဟ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေး ပါသည်။

    ၁၅။ အလောင်းသယ်ယူရန် အချိန်သတ်မှတ်ခြင်း

    အလောင်းသယ်ယာဉ်များသည် သင်္ချိုင်းလက်မှတ်ပါရှိပြီးသောအလောင်းကို သယ်ယူရန်ဖြစ်ပါက (၂၄)နာရီအတွင်း သယ်ယူခွင့်ပြုသည်။ဆက်သွယ်ခေါ်ယူ သူနာရေး ရှင်းဘက်မှ (၁) ဦးသည် သယ်ယူမည့် အလောင်းသယ်ယာဉ်နှင့်အတူ လိုက်ပါရမည်ဖြစ်ပါသည်။


    ၁၆။ ရက်လွန်ဆေးဝါးများ ဖျက်ဆီးခြင်းအတွက် ဆောင်ရွက်ခသတ်မှတ်ခြင်း

    • မီးရှို့ဖျက်ဆီးမှုအတွက် မီးရှို့ချိန်တစ်နာရီ (ကျပ် ၁၀၀၀၀)နှုန်းကောက်ခံပါသည်။
    • တစ်နာရီထက် ကျော်လွန်သော (၁၅)မိနစ်တိုင်းအတွက် (ကျပ် ၂၅၀၀)နှုန်းကောက်ခံပါသည်။
    • အလုံပိတ်အင်္ဂတေ ကျင်းများတွင် စွန့်ပစ်ပါက မြေငှားရမ်းခအဖြစ် (၁)စတုရန်းပေလျှင် (ကျပ် ၅၀၀၀)နှုန်းကောက်ခံပါ သည်။
    • ၁ကုဗပေထက် ပိုမိုသည့် ထုထည်အတွက် ၁ ကုဗပေလျှင် (ကျပ် ၄၅၀၀) နှုန်းထပ်မံကောက်ခံပါ သည်။

    ၁၇။ စက်မှုဇုန်များ စစ်ဆေးသည့်စံနှုန်းများ

    စက်မှုဇုန်များမှထွက်ရှိသော စွန့်ပစ်ရေဆိုးများအား အောက်ပါစံနှုန်းများဖြင့် စစ်ဆေးပါသည်။
    • PH 6.0- 9.6
    • BOD 20- 60 ppm
    • COD <200 ppm
    • TS up to 2000 ppm
    • SS up to 500 ppm

    စက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံများ လုပ်ငန်းဆောင်ရွက်ရာတွင် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဥပဒေထုတ်ပြန်ချက်များ

    ပြစ်မှု ပြစ်ဒဏ်များ မှတ်ချက်
    မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများမှ ပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်း ဆောင်ရွက်သူဖြစ်စေ၊ ဘေးဖြစ်စေတတ်သော အရည်၊ စက်ဆုပ်ဖွယ်အရာများနှင့်ဆေးရုံ စွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သော နေရာများသို့ စီးဆင်းခြင်း၊ စီးထွက်စေခြင်း၊ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း၊ ငွေဒဏ်ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၃)လ အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
    မြို့တော်နယ်နိမိတ်အတွင်းရှိတည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်သူဖြစ်စေ၊ မိမိတို့၏ လုပ်ငန်းဆောင် ရွက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန် အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တာဝန်ကိုပျက်ကွက်ခြင်း၊ ငွေဒဏ် ကျပ် (၁)သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်။
    မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ နှင့် အလုပ်ရုံများမှထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ ရေဆိုး များစီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအောက်သို့ စိမ့်ဝင်မှု ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများ ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ဆောင်ရွက်ရန် တာဝန်ပျက်ကွက် ခြင်း၊ ငွေဒဏ် ကျပ် (၃) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေချမှတ်ရမည်။
    မြို့တော်နယ်နိမိတ်အတွင်း စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ တည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြုဘဲ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတည်ထောင်ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်းအထိ ချမှတ်ရမည်။
    စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ စွန့်ပစ်သောရေဆိုးများကို သတ်မှတ်ထားသော စံချိန်စံ ညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် ခြင်း၊ စီးဆင်းစေခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀) သိန်း အထိဖြစ်စေ၊ ထောင် ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
    စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေ ရန် ဆောင်ရွက်ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ထုတ် ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၁၀)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။
    စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်း ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံ/ ဆေးခန်းစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ်စွန့်ပစ်အမှိုက် များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီကသီးသန့် သတ်မှတ်ထားသည့် ညွှန်ကြားချက်အတိုင်း စွန့်ပစ် ခြင်းမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံး၊ အမှိုက်ကားနှင့် အမှိုက်ပုံရန် သတ်မှတ်ထား သည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်း ကောင်း စွန့်ပစ်ခြင်း၊ ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅)သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃) လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

    ၁၈။ အမှိုက်ထွက်ရှိမှုနှုန်း

    ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၃၀၀-၂၅၀၀ တန် ထွက်ရှိပြီး လူတစ်ဦးတစ်နေ့လျှင် 0.5 kg နှုန်းဖြင့် စွန့်ပစ်မှုရှိကြောင်း တွေ့ရှိရပါသည်။


    ၁၉။ အမှိုက်အမျိုးအစားခွဲခြားခြင်း။

    သိမ်းဆည်းအမှိုက်အမျိုးအစားများမှာ
    • ဆေးရုံဆေးခန်းထွက်စွန့်ပစ်ပစ္စည်း ၀.၁၂ %
    • စီးပွားရေးလုပ်ငန်းထွက်အမှိုက် ၅.၈၄ %
    • အိမ်ထောင်စုထွက်အမှိုက် ၈၂%
    • စက်မှုဇုန်ထွက်အမှိုက် ၆%
    • စျေးထွက်အမှိုက် ၃.၁၄%
    • On Call စနစ်ဖြင့် အမှိုက်သိမ်းဆည်းခြင်း ၀.၉၀%
    • အခြား ၂%

    ၂၀။ အမှိုက်ထွက်ရှိမှုနှင့် အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာလုပ်ငန်းစဉ်

    တစ်နေ့လျှင် အမှိုက်ထွက်ရှိနှုန်းမှာ (၂၃၀၀-၂၅၀၀) တန်ရှိသည့်အနက် နေ့စဉ် ၂၃၀၀ တန်အား သိမ်းဆည်းနိုင်ပါသဖြင့် ရန်ကုန်မြို့မှထွက်ရှိသော အမှိုက်များကို Door to Door အမှိုက်သိမ်းစနစ်၊ ခေါင်းလောင်းတီးစနစ်၊ အရေးပေါ်အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊ အမှိုက်ကန်/အမှိုက်ပုံးစနစ်ဖြင့် စွန့်ပစ်ရပြီး အဆိုပါအမှိုက်များကို ဌာနမှသတ်မှတ်ထားသော အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်း၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ သယ်ယူပို့ဆောင်ပါသည်။


    ၂၁။ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ တည်နေရာနှင့်အကျယ်အ၀န်းနှင့် စွန့်ပစ်အမှိုက်တန်ချိန်များ

    စဉ် အမည် တည်နေရာ အကျယ် အဝန်း အသုံးပြုပြီးဧရိယာ ကျန်ရှိသည့်ဧရိယာ တစ်ရက်စွန့်ပစ်အမှိုက်တန်ချိန် မှတ်ချက်
    ထိန်ပင် လှိုင်သာယာမြို့နယ် ၂၉၀ ဧက ၂၂၀ ဧက ၇၀ ဧက ၁၄၅၀  
    ထားဝယ် ချောင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၁၄၁ ဧက ၁၁၀ ဧက ၃၁ ဧက ၁၀၀၀  
    ဒလ ဒလမြို့နယ် ၁.၃ ဧက ၁.၀ ဧက ၀.၃ ဧက ၃၃.၃၆  
    ဆိပ်ကြီးခနောင်တ ဆိပ်ကြီး ခနောင်တို မြို့နယ် ၀.၂၅ ဧက ၀.၁ ဧက ၀.၁၅ ဧက ၉.၁၁  

    ၂၂။ စက်မှုဇုန်များနှင့်ပတ်သက်သောအချက်အလက်များ

    (က) စက်မှုဇုန်ပေါင်း ၂၉ ခု
    (ခ) စက်ရုံပေါင်း ၃၈၉၉ ရုံ
    ၁။ အထည်ချုပ်စက်ရုံ ၃၅၄ ရုံ
    ၂။ စားသောက်ကုန်စက်ရုံ ၄၂၄ ရုံ
    ၃။ ဓါတုပစ္စည်းစက်ရုံ ၇၁ ရုံ
    ၄။ သံရည်ကျိုစက်ရုံ ၅၁၉ ရုံ
    ၅။ အအေးခန်းစက်ရုံ ၆၉ ရုံ
    ၆။ စက္ကူစက်ရုံ ၁၀၅ ရုံ
    ၇။ အရက်ချက်စက်ရုံ ၉ ရုံ
    ၈။ သစ်တောထွက်ပစ္စည်းစက်ရုံ ၂၁၆ ရုံ
    ၉။ လူသုံးကုန်ပစ္စည်းစက်ရုံ ၇၀၉ ရုံ
    ၁၀။ အခြားစက်ရုံ ၁၄၂၃ ရုံ

    ၂၃။ ရက်လွန်ဆေးဝါးများစွန့်ပစ်မှုအခြေအနေ

    ဖျက်ဆီးမည့်ရက်လွန်ဆေးဝါးများအား အောက်ပါနည်းအတိုင်း စွန့်ပစ်ရန် ခွဲခြားသတ်မှတ် ပါသည်။
    • မီးရှို့ဖျက်ဆီးခြင်း
    • အလုံပိတ်အင်္ဂတေကျင်းဖြင့်ဖျက်ဆီးခြင်း

    လေထုညစ်ညမ်းမှုမဖြစ်စေနိုင်သော စွန့်ပစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းဖြင့် ဆောင်ရွက်ပြီး ပေါက်ကွဲစေတတ်သော ဆေးဝါးများကို အလုံပိတ်အင်္ဂတေကျင်းတူး၍ ဖျက်ဆီးပါသည်။

    အချို့စွန့်ပစ်ဆေးဝါးများကို မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ၌ မီးရှို့ဖျက်ဆီးလျှက်ရှိပါသည်။

    ၂၄။ ကျောင်းအသိပညာပေးအစီအစဉ်ဆောင်ရွက်ခြင်း

    စာသင်ကျောင်းများသို့ အသိပညာပေးဆောင်ရွက်ရာ၌ ကျောင်းသား/သူများ၏ အသက်အရွယ်၊ သင်ကြားမှတ်သားနိုင်စွမ်းရည်တို့ပေါ်မူတည်၍ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်ဟူ၍ အပိုင်း (၃) ပိုင်း ခွဲခြားကာ သင်ရိုး ညွှန်းတမ်းများ ရေးဆွဲ၍ သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် ရက်သတ္တတစ်ပတ်လျင် (၂)ကြိမ် သို့မဟုတ် (၃) ကြိမ် စာသင်ကျောင်းများသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ စာသင်နှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ စာသင်ကျောင်း စုစုပေါင်း (၁၈၅)ကျောင်း၊ ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၄၀၂၇၂) ခန့်အား အသိပညာ ပေးနိုင်ခဲ့ခြင်း၊
    ကျောင်းအသိပညာပေး အစီအစဉ်များ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများ အား စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ၊ အမှိုက်ခွဲခြားခြင်း၊ စည်းကမ်း တကျ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်လျှော့ချခြင်း၊ 3Rs လုပ်ငန်းစဉ်များ ပါဝင်သည့် အသိ ပညာပေး လက်ကမ်းစာစောင်များ၊ ဖြန့်ဝေခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ စွန့်ပစ်အမှိုက်ဆိုင်ရာ တေးသရုပ်ဖော်သီချင်းများဖြင့် ဆောင်ရွက်ခြင်းဖြင့် အသိပညာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိခြင်း၊

    ပြည်သူလူထုအသိပညာပေးအစီအစဉ်ဆောင်ရွက်ခြင်း

    ပြည်သူလူထုအနေဖြင့် ကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့၏ စွန့်ပစ် အမှိုက်စီမံ ခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တို့တွင် တစ်လလျှင် တစ်မြို့ကျ အမှိုက်ကောက်လှုပ်ရှားမှုများ ဆောင်ရွက် လျက်ရှိခြင်း၊ ပြည်သူလူထု အသိပညာပေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် "ရန်ကုန်တိုင်းဒေသကြီးအမှိုက်ကင်းစင်ရေးလှုပ်ရှားမှု"အား ပထမ အကြိမ်အဖြစ် ၂၃.၁၁.၂၀၁၈ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၃.၁၂.၂၀၁၈ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၇.၁.၂၀၁၉ရက်နေ့ တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်း၊


    ၂၅။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းများ

    (က) JFE (Japanese Future Engineering) နှင့် YCDC တို့ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်း၊ တောကျောင်းလေးသုသာန်အနီးတွင် တစ်ရက်လျှင် အမှိုက် တန်ချိန်(၆၀)အား မီးရှို့ဖျက်ဆီး၍ လျှပ်စစ်ပြန်လည်ထုတ်လုပ်သည့် ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက် ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် စက်ရုံဖွင့်လှစ်ခဲ့ခြင်း၊ လက်ရှိတွင် စက်ရုံကောင်းမွန် စွာ လည်ပတ်ဆောင်ရွက်လျက်ရှိခြင်း။

    အမှိုက်မီးရှို့စက်၏ Technical Specification

    (၁) Combustion System : JFE Hyper Grate Stoker Furnace

    (၂) Processing Capacity : 60 tons/day

    (၃) Steam Turbine Capacity : 700 kW

    (၄) Boiler : Natural Circulation Type

    (၅) Condenser : Water Cooled Type

    (၆) Flue Gas Treatment : Bag house Filter

    (၇) Stack : Height 33.3m

    (ခ) ဂျပန်နိုင်ငံ၊ FUKUOKA City နှင့် YCDC တို့ ပူးပေါင်း၍ Semi-aerobic sanitary Landfill နည်းပညာ အတွက် Technical Cooperation and Technical Transfer စီမံကိန်းအဖြစ် လှိုင်သာယာမြို့နယ်၊ ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် မြေ (၁) ဟတ်တာ (၂.၂ဧက)အား အသုံးပြု၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း၊

    Semi-aerobic Sanitary Landfill နည်းပညာအသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူး

    - နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ ထွက်ရှိသည့် မီသိန်းဓာတ်ငွေ့များကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုပြဿနာများကို လျှော့ချနိုင်ခြင်း၊


    - စွန့်ပစ်အမှိုက်အများအပြား စုပုံခြင်းကြောင့် အမှိုက်ပုံမြေဆီလွှာများ ပျက်ဆီးခြင်းနှင့်မြေပေါ် မြေအောက်ရေသယံဇာတ ပျက်ဆီးမှုကို ကာကွယ်တားဆီးနိုင်ခြင်း၊


    - မြေနေရာရှားပါးမှု ပြဿနာ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါစနစ်ဖြင့် အမှိုက်စွန့်ပစ်ပြီးပါက အပေါ်ယံမြေလွှာအားပြုပြင်၍ ပြန်လည်သုံးစွဲနိုင်ခြင်း၊


    - အမှိုက်မှထွက်ရှိသော Leachate အရည်များကြောင့် သဘာဝပတ်ဝန်းကျင်၊ မြေအောက်ရေနှင့် မြေဆီလွှာကို မထိခိုက်စေခြင်း၊


    (ဂ) ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနအနေဖြင့် Kawasaki City ၏ စွမ်းအင်ခြွေတာမှု နည်းပညာများ၊ ကာဗွန်လျော့ချမှုနည်းပညာများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချခြင်းဆိုင်ရာ နည်းပညာများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများနှင့် အခြားသောနည်းပညာ ဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့နှင့် Kawasaki City တို့ အကြား City to City နားလည်မှုစာချွန်လွှာရေးထိုး၍ JCM Project များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိခြင်း၊

    (ဃ) မြန်မာနိုင်ငံရေအရင်းအမြစ်ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ နယ်သာလန်အစိုးရအဖွဲ့၊ Royal Haskoning DHV မြန်မာရုံးခွဲတို့ပူးပေါင်း၍ Pan Hlaing River Integrated Development Project(PHRIDP) ပန်းလှိုင်မြစ်ဘက်စုံ စီမံကိန်း ဒုတိယအဆင့်အား ဆောင်ရွက်နိုင်ရေး ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းစီမံကိန်းအား ဆောင်ရွက်ခြင်း၊

    (င) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်ခံအဖွဲ့ (PCCD)၊ ဂျပန်နိုင်ငံ၊ Fukuoka City၊ UN-Habitat တို့ပူးပေါင်း၍ လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌ စွန့်ပစ်အမှိုက်ဆိုင်ရာ နည်းပညာကူညီထောက်ပံ့ခြင်း စီမံကိန်း "Emergency Technical Support to Solid Waste Management in Yangon, Myanmar" ဆောင်ရွက်ခြင်း၊

    (၁) (၁၈.၂.၂၀၁၉) ရက်နေ့တွင် ဂျပန်သံရုံး(မြန်မာ)နှင့် UN-Habitat မှ တာဝန်ရှိသူတို့မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ (၁၂ထပ်ခွဲ)ရုံးတွင် စီမံကိန်းဆိုင်ရာ Exchange of Note လက်မှတ်ရေးထိုးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပဆောင် ရွက်ခဲ့ခြင်း၊

    (၂) စီမံကိန်း Phase (1) တွင် ထိန်ပင်အမှိုက်ပုံမြေနေရာရှိ A1 နှင့် A2 cell နေရာများ၌ ၂၀၁၉ခုနှစ်၊ မိုးရာသီကာလတွင် အမှိုက်ပုံသို့ ရောက်ရှိလာသည့် အမှိုက် အသစ်များ စုပုံနိုင်ရေး အမှိုက်ညှိခြင်း၊ လမ်းဖောက်ခြင်း၊ အမှိုက်သိမ်းယာဉ်များ ဝင် ရောက်စွန့်ပစ်ရန်အတွက် Stage ခုံ တည်ဆောက်ခြင်း အစရှိသည့် အရေးပေါ် ပြန်လည် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊

    (၃) စီမံကိန်း Phase (2) လုပ်ငန်းစဉ်များ ဖြစ်သည့် A1 နှင့် A2 အမှိုက်ပုံနေရာသို့ နေ့စဉ်စွန့်ပစ်သည့် အမှိုက် အသစ်များအားညှိခြင်း၊ ဖိခြင်း၊ အမှိုက်အလွှာ(၃)လွှာ (တစ်လွှာလျှင်၃မီတာခန့်) စုပုံ နိုင်ရေးအတွက် တာဘောင်ပြုလုပ်ခြင်း၊ A1 Waste Cell ကွက်၌ Gas Ventilation Pipes များတပ်ဆင်ခြင်း၊ A2 Waste Cell ကွက်၌ Leachate Collection နှင့် Gas Ventilation Pipes များတပ်ဆင်ခြင်းနှင့် A3 Waste Cell ကွက်၌ အမှိုက်ဟောင်းများအား ညှိခြင်း၊ ဖိခြင်းလုပ်ငန်းစဉ်တို့အား ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊

    (၄) Phase (3) လုပ်ငန်းစဉ်များဖြစ်သည့် ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ နေ့စဉ်လာရောက်စွန့်ပစ်သည့်အမှိုက်သစ်များအား ညှိခြင်း၊ ဖိခြင်းနှင့် အမှိုက်အလွှာ(၃)လွှာ(တစ်လွှာလျှင် ၃ မီတာခန့်)စုပုံ နိုင်ရေး အတွက် တာဘောင်ပြုလုပ်ခြင်း၊ Gas Ventilation Pipes များ တပ်ဆင်ခြင်းနှင့် ထပ်ဆက်ခြင်း၊ အမှိုက်ဟောင်းများအား Level ညှိခြင်း၊ ဖိခြင်းနှင့် ကြိတ်ခြင်း၊ ဖြတ်လမ်းများ ဖောက်လုပ်ခြင်းနှင့် ရေမြောင်း များတူးဖော်ခြင်း အမှိုက်စွန့်ပစ် မည့် Stage ခုံများတည်ဆောက်ခြင်း၊ Leachate Pond များတူးဖော်ခြင်း၊

    (၅) စီမံကိန်းကာလ (၁) နှစ်တိုးမြှင့်ဆောင်ရွက်ခွင့်ရရှိပါသဖြင့် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌ Rehabilitation ပြုလုပ်ခြင်း နှင့် B3 အကွက်၌ Fukuoka Method Semi-aerobic Landfill အသစ်တည်ဆောက်ခြင်းများကို ဆောက်ရွက်ခဲ့ခြင်း၊

    (စ)ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MOEJ) နှင့် YCDC တို့ပူးပေါင်း ၍ ရန်ကုန်မြို့တော်၏စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ နှစ်အလိုက် ကာလတို၊ ကာလ ရှည်လုပ်ငန်းစဉ်အစီအစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် "The Project for Sustainable Planning and Improvement of Solid Waste Management in Yangon City" ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိခြင်း။

    ၂၆။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် နည်းပညာဖလှယ် ခြင်း အလုပ်ရုံဆွေးနွေးပွဲများ

    (က) (၁၉.၂.၂၀၁၈)မှ (၂၃.၂.၂၀၁၈) ရက်နေ့အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနနှင့် The Royal Kingdom of the Netherlands တို့ ပူးပေါင်း၍ "စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း" အား ဆောင်ရွက်ခဲ့ခြင်း၊

    ( ခ) (၁၆.၁၀.၂၀၁၈)ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန(UECCD)၊Universal Myanmar Group Co.,Ltd နှင့် တရုတ်နိုင်ငံ CHENENG Environ-mental Engineering တို့ ပူးပေါင်း၍ "ဆေးရုံ၊ဆေးခန်းများနှင့် စက်မှုဇုန်များရှိ စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုး များအား သန့်စင်သော နည်းပညာများ၊ အသုံးပြုနိုင်သည့် ခေတ်မီပစ္စည်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆောင်ရွက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ" ဆောင်ရွက်ခဲ့ခြင်း၊

    ( ဂ) (၂၇.၁၁.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် Poland Experts Team တို့ ပူးပေါင်း၍ "Training on Integrated Waste Management and Waste Water Management" ဆောင်ရွက်ခြင်း၊

    (ဃ) (၃၀.၁၁.၂၀၁၈)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ Fukuoka City နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တို့ပူးပေါင်း၍ လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် Fukuoka Method အသုံးပြု၍ Sanitary Landfill Pilot Project အကောင် အထည်ဖော်ဆောင်ရွက်မည့် နည်းစဉ်အား ပိုမိုသိရှိ နားလည်စေရေး “Fukuoka Method Model Landfill Seminar” ကျင်းပပြုလုပ်ခဲ့ခြင်း၊

    ( င) (၁၄.၁၂.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် သီရိလင်္ကာနိုင်ငံအခြေစိုက်၊ United Dimo Co., Ltd တို့ပူးပေါင်း၍ "Sustainable Industrial Water Treatment Solutions for Yangon" ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဆောင်ရွက်ခဲ့ခြင်း၊

    ( စ) (၄.၁.၂၀၁၉) မှ (၈.၁.၂၀၁၉) ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ၊ Bureau of Environment (BoE) - Tokyo Metropolitan Government(TMG) ၊ Nerima City နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တော်၏ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအဆင့် မြှင့်တင်ခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်းနှင့်သယ်ပို့ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲအား ဆောင်ရွက်ခဲ့ခြင်း၊

    ၂၇။ အနာဂတ်ကာလ၌ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများနှင့် အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရန် လိုအပ်သည်များ လျာထားခြင်း

    ( က) YCDC-PCCD၊ ဂျပန်နိုင်ငံ၊ Fukuoka Cityနှင့် UN-Habitat တို့ ပူးပေါင်း၍ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌ "Emergency Technical Support to Solid Waste Management in Yangon, Myanmar" စီမံကိန်း ဆောင်ရွက်ခြင်း၊

    ( ခ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှChina Silk Road Group နှင့် Resource Investment Co.,Ltd တို့ပူးပေါင်းဖွဲ့စည်းထားသော REVIVAL (Sino-Myanmar) Urban Development Investment Co.,Ltd ၏ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံရှိ Green as Blue Environment Technology (Shen Zheng)Group Co.,Ltd၊ China Ge Zhou Ba Group Co.,Ltd(CGGC) နှင့် China Silk Road Group တို့ပူးပေါင်း၍ ရန်ကုန်မြို့ရှိ အမှိုက်ပုံကြီးများအားရှင်းလင်းပြီးWaste to Energy နည်းဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း နှင့် Recycle ပစ္စည်းများထုတ်လုပ်မည့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက် ရေးနည်းပညာစက်မှုဥယျာဉ်စီမံကိန်းအတွက် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် ဖြစ်နိုင်ချေ ရှိ/မရှိဆန်းစစ်ခြင်း (Feasibility Study) ဆောင်ရွက်ခြင်း၊

    (ဂ) ဂျပန်နိုင်ငံ၊JFE Engineering Corporation မှသဘာဝအရင်းအမြစ်များကိုထိရောက် စွာအသုံးချခြင်းဖြင့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်ရန်၊နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ၏သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရန်နှင့် အမှိုက်ပမာဏလျော့ချ နိုင်ရန်ရည်ရွယ်၍ရန်ကုန်မြို့တော်တွင် “Plastic Recycling Project” အကောင် အထည်ဖော်နိုင်ရန်ဖြစ်နိုင်ချေရှိ/မရှိဆန်းစစ်ခြင်း(Feasibility Study)ဆောင်ရွက်ခြင်း၊

    (ဃ)ကိုရီးယားနိုင်ငံ၊ GES Co.,Ltd မှထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့် ထားဝယ် ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတို့တွင် Landfill Gas Collection and Flaring Plant အကောင် အထည်ဖော်ခြင်းစီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင်ချေ ရှိ/မရှိ ဆန်းစစ်ခြင်း (Feasibility Study) ဆောင်ရွက်ခြင်း၊

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၀န်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများအား အသိပေးကြေညာခြင်း

    ၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်၀န်းကျင်ထိန်သိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ ရန်ကုန်မြိုတော်စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများအား ၀န်ဆောင်မှု ပေးလျက် ရှိပါသည်-

    (က) နေ့စဉ်ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။ (ဌာနကသတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာများဖြစ်သည့် အမှိုက်ကန်၊ အမှိုက်ပုံး များရှိ စွန့်ပစ်အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခကောက်ခံ၍ သိမ်းဆည်းပေး ခြင်း။)

    (ခ) သီးခြားအမှိုက်သိမ်းစနစ် On Call ဖြင့်သိမ်းဆည်းပေးခြင်း။ (တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်များ၊ ခြံထွက် အမှိုက်များနှင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံခြင်းမရှိသော နေရာများမှ ထွက်ရှိ သောအမှိုက်များကို သိမ်းဆည်းပေးခြင်း။)

    (ဂ) နောက်ဖေးလမ်းကြားအမှိုက်သိမ်းဆည်းဆောင်ရွက်ခြင်း။ (အမှိုက်သိမ်းယာဉ် ငှားရမ်းခ(အခမဲ့)ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်သုံးဆီနှင့် လုပ်သားအင်အားကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။)

    (ဃ) ဆေးရုံဆေးခန်းထွက်အမှိုက်များအား ဌာနမှသတ်မှတ်ထားသော သီးခြား Box Type Container Vehicle ဖြင့် သိမ်းဆည်းပေးခြင်း။

    (င) စီးပွားရေးလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းများမှ ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းပေးခြင်း။

    (စ) မိမိအစီအစဉ်ဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ လာရောက်စွန့်ပစ်စေခြင်း။

    (ဆ) ရွှေ့လျားသန့်စင်ခန်းများ ငှားရမ်းပေးခြင်း။

    (ဇ) အများပြည်သူသုံးအဆင့်မြင့်သန့်စင်ခန်းများအား B.O.T စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း။

    (စျ) ရက်လွန်ဆေးဝါးများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား တန်ဖိုးတွက်ချက်၍ စနစ်တကျ ဖျက်ဆီးပေးခြင်း။

    (ည) ဆေးရုံဆေးခန်းထွက်စွန့်ပစ် ပစ္စည်းများအား ဆေးရုံ/ဆေးခန်း အမှိုက်မီးရှို့စက် (Incineration Plant) ဖြင့် ဖျက်ဆီးပေးခြင်း။

    (ဋ) စက်မှုဇုန်များရှိ စက်ရုံများလည်ပတ်ရာတွင် ဖြစ်ပေါ်နိုင်သော သဘာ၀ပတ်၀န်းကျင် ထိခိုက်နိုင်မှုအခြေအနေအား စစ်ဆေးကြပ်မတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း။

    (ဌ) ပြည်သူများ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

    (ဍ) နာရေးသင်္ဂြိုဟ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

    (ဎ) တာမွေမြို့နယ်၌ အိမ်ထောင်စုသုံး ကြီးမားသည့် စွန့်ပစ်ပစ္စည်းများအား (Eco Centre)တွင် ကြားခံစွန့်ပစ်နိုင်ခြင်း။

    (ဥပမာ-မွေ့ယာ၊ ဆိုဖာ၊ ကုတင်အကျိုးအပျက်၊ ကုလားထိုင်အပျက်၊ ဗီရိုအပျက်၊ အခြားပရိဘောဂပစ္စည်းအကျိုးအပဲ့များ၊ဂတ်စ်အိုး၊ မီးသတ်ဆေးဘူး၊ ဘတ္တရီအိုးအပျက်၊ လုံးဝပြန်လည်အသုံးပြု၍မရသောတီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအကျိုးအပဲ့များနှင့် အပိုင်းအစများ၊ စားသုံးဆီအကြွင်း အကျန်နှင့် စက်ဆီချောဆီများ၊ တာယာများ၊ အိမ်သုတ်ဆေးဘူးခွံများ၊ မီးချောင်းနှင့်မီးသီးများ၊ မှန်ကွဲ၊ဖန်ထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းအပိုင်းအစများ အစရှိသဖြင့်)

    ၂။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-

    စဉ်

    အကြောင်းအရာ

    ဌာနခွဲ/ခရိုင်/မြို့နယ်

    ဖုန်းနံပါတ်

    အပိုဒ် ၁။ (က၊ ခ၊ ဂ၊ ဃ၊ င)ပါ ၀န်ဆောင်မှုများ

    သင်္ဃန်းကျွန်းခရိုင်

    ၀၉-၅၁၉၆၀၁၂

    သင်္ဃန်းကျွန်း

    ၀၉-၄၅၃၈၉၁၇၆၆

    တောင်ဥက္ကလာပ

    ၀၉-၄၅၃၈၉၁၇၆၉

    ရန်ကင်း

    ၀၉-၄၅၂၃၉၀၈၇၇

    တာမွေ

    ၀၉-၄၅၃၈၉၁၈၃၂

    မြောက်က္ကလာပ

    ၀၉-၄၅၃၈၉၁၇၇၂

    မရမ်းကုန်းခရိုင်

    ၀၉-၅၁၉၆၀၁၂

    မရမ်ကုန်း

    ၀၉-၂၀၀၄၈၅၁

    ၃၈

    လှိုင်

    ၀၉-၄၅၃၈၉၁၈၇၄

    ဒဂုံမြို့သစ်ခရိုင်

    ၀၉-၅၁၉၆၀၁၂

    ဒဂုံမြောက်

    ၀၉-၄၅၃၈၉၁၇၇၆

    ဒဂုံတောင်

    ၀၉-၄၅၃၈၉၁၇၈၀

    ဒဂုံအရှေ့

    ၀၉-၄၅၃၈၉၁၇၈၃

    ဒဂုံဆိပ်ကမ်း

    ၀၉-၉၇၇၇၇၉၇၁၇

    ၁၀

    ကမာရွတ်ခရိုင်

    ၀၉-၄၀၈၅၆၁၁၂၂

    ၃၉

    ကမာရွတ်

    ၀၉-၄၄၈၀၅၀၉၀၅

    ၁၁

    ဗဟန်း

    ၀၉-၂၅၄၄၁၈၆၄၅

    ၁၂

    ကျောက်တံတားခရိုင်

    ၀၉-၄၀၈၅၆၁၁၂၂

    ၁၃

    ကျောက်တံတား

    ၀၉-၄၅၃၈၉၁၇၉၄

    ၁၄

    ဒဂုံ

    ၀၉-၄၅၃၈၉၁၈၀၃

    ၁၅

    ပန်းဘဲတန်း

    ၀၉-၄၅၃၈၉၁၈၀၆

    ၁၆

    လသာ

    ၀၉-၄၅၃၈၉၁၈၁၂

    ၁၇

    လမ်းမတော်

    ၀၉-၄၅၃၈၉၁၈၁၅

    ၁၈

    အလုံခရိုင်

    ၀၉-၄၀၈၅၆၁၁၂၂

    ၁၉

    အလုံ

    ၀၉-၄၅၃၈၉၁၈၁၈

    ၂၀

    ကြည့်မြင်တိုင်

    ၀၉-၄၅၃၈၉၁၇၉၇

    ၂၁

    စမ်းချောင်း

    ၀၉-၄၅၃၈၉၁၈၀၀

    ၂၄

    ဗိုလ်တစ်ထောင်ခရိုင်

    ၀၉-၄၅၃၈၉၁၈၂၂

    ၂၅

    မင်္ဂလာတောင်ညွန့်

    ၀၉-၄၅၃၈၉၁၈၂၉

    ၂၆

    သာကေတ

    ၀၉-၄၅၃၈၉၁၈၃၈

    ၂၇

    ဒေါပုံ

    ၀၉-၄၅၃၈၉၁၈၄၁

    ၂၈

    ပုဇွန်တောင်

    ၀၉-၄၄၃၁၀၉၃၆၉

    ၂၉

    ဗိုလ်တထောင်

    ၀၉-၄၅၃၈၉၁၈၅၁

    ၃၀

    တွံတေးခရိုင်

    ၀၉-၄၅၃၈၉၁၈၂၂

    ၃၁

    ဒလ

    ၀၉-၄၅၃၈၉၁၈၄၃

    ၃၂

    ဆိပ်ကြီးခနောင်တို

    ၀၉-၄၅၃၈၉၁၈၄၆

    ၃၃

    မင်္ဂလာဒုံခရိုင်

    ၀၉-၄၅၃၈၉၁၈၅၅

    ၃၄

    မင်္ဂလာဒုံ

    ၀၉-၄၅၃၈၉၁၈၆၅

    ၃၅

    ရွှေပြည်သာ

    ၀၉-၄၅၃၈၉၁၈၇၁

    ၄၀

    အင်းစိန်ခရိုင်

    ၀၉-၄၅၃၈၉၁၈၅၅

    ၄၁

    လှိုင်သာယာ(အရှေ့)

    ၀၉-၄၅၃၈၉၁၈၇၇

    ၄၂

    လှိုင်သာယာ(အနောက်)

    ၀၉-၄၂၇၂၆၅၀၂၂

    ၄၃

    အင်းစိန်

    ၀၉-၇၇၄၇၇၁၉၈၁

    ၄၄

    သီရိမင်္ဂလာစျေး

    ၀၉-၄၄၀၁၉၀၁၈၀

    ၄၅

    အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

    ထိန်ပင်အမှိုက်ပုံ

    ၀၉-၅၄၀၈၂၃၂

    ၄၆

    အပိုဒ် ၁။ (စ)ပါ ၀န်ဆောင်မှု

    ထားဝယ်ချောင်အမှိုက်ပုံ

    ၀၉-၄၂၀၀၄၄၃၉၉

    ၄၇

    အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

    မော်တော်ယာဉ်ဌာနခွဲ

    ၀၉-၄၉၃၄၂၆၅၀

    ၄၈

    အပိုဒ် ၁။ (ဆ)ပါ ၀န်ဆောင်မှု

    မော်တော်ယာဉ်ဌာနခွဲ

    ၀၉-၅၀၄၈၉၃၁

    ၄၉

    အပိုဒ် ၁။ (ဇ)ပါ ၀န်ဆောင်မှု

    ရုံးချုပ်

    ၀၉-၂၅၄၀၁၇၁၀၅

    ၅၀

    အပိုဒ် ၁။ (စျ)ပါ ၀န်ဆောင်မှု

    ရုံးချုပ်

    ၀၉-၅၅၀၂၇၆၇

    ၅၁

    အပိုဒ် ၁။ (ည)၊ (ဋ)ပါ ၀န်ဆောင်မှု

    ရုံးချုပ်

    ၀၁-၂၀၁၄၅၉

    ၅၂

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ရေဝေးသုသာန်

    ၀၉-၅၀၀၄၅၆၆

    ၅၃

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ထိန်ပင်သုသာန်

    ၀၉-၂၅၃၂၉၈၂၅၈

    ၅၄

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ကျီစုသုသာန်

    ၀၉-၂၆၃၁၀၂၂၆၆

    ၅၅

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ကျူချောင်သုသာန်

    ၀၉-၄၂၀၀၉၁၄၄၆

    ၅၆

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ဒလသုသာန်

    ၀၉-၄၄၈၀၅၀၈၅၉

    ၅၇

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ဆိပ်ကြီးခနောင်တိုသုသာန်

    ၀၉-၄၅၃၇၇၄၈၇၅

    ၅၈

    အပိုဒ် ၁။ (ဌ)ပါ ၀န်ဆောင်မှု

    ဆိပ်ကြီးသုသာန်

    ၀၉-၇၉၄၈၀၁၂၄၃

    ၃။ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ဌာနခွဲ၊ ခရိုင်၊ မြို့နယ်များသို့ ဆက်သွယ်ဆောင်ရွက်ရာ တွင် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ရုံးချုပ်(၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်)သို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် ဌာနမှ အထက်ဖော်ပြပါ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ စိတ်ကျေနပ်မှု အပြည့်အဝရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးဖော်ပြအပ်ပါသည်။

    မြို့ပြပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊
    ၁၂-ထပ်ခွဲရုံး၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

    Back to Top