အခွန်ဌာန

ဌာန၏ လုပ်ငန်းတာဝန်များ

  • ရန်ကုန်မြို့မှ မြန်မာနိုင်ငံအရပ်ရပ်သို့သွားသော ခရီးသည်ပို့ ဆောင်ရေးယာဉ်များအား မိုင်(၂၀၀)အောက် ခရီးတိုနှင့် မိုင်(၂၀၀)အထက်ခရီးရှည်များ သတ်မှတ်သီးခြားစခန်းများ စနစ်တကျတည်ဆောက်ပေးခြင်း။
  • လမ်းပန်းဆက်သွယ်မှု၊ လုံခြုံချောမွေ့စေရေးအတွက် ကားဂိတ်ခရီးသည်/ ကုန်တင်မော်တော်ယာဉ်ရပ်နားကွင်းလက်မှတ် ရုံ၊ ခရီးသည်နားနေဆောင်၊ တည်းခိုခန်းများ တည်ဆောက်ပေးခြင်း၊ စနစ်တကျရှိစေရေး ကြပ်မတ်ထိန်းသိမ်းခြင်း။
  • အဆင့်မြင့် မြို့တော်ဖြစ်စေရေးအတွက် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သောလုပ်ငန်းများဖြစ်သည့် အခြေခံစားသောက် ကုန်ပစ္စည်းပွဲရုံများ၊ သံထည်ပစ္စည်းအရောင်းဆိုင်များ သံထည်အသေးစားစက်မှုလုပ်ငန်းများ လိုအပ်သလိုသတ်မှတ်ပြီး လုပ်ငန်းတူ၊ အမျိုးအစားတူအလိုက် သီးခြားစခန်းကြီးများ တည်ဆောက်နေရာချထားခြင်း၊လုပ်ငန်းကြီးကြပ်ကွပ်ကဲ ခြင်း။
  • မြို့တော်အတွင်း ယာဉ်ရောင်းဝယ်မှုများ စနစ်တကျရှိစေရန် ယာဉ်ရောင်းဝယ်ရေး စခန်းများ တည်ဆောက်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း။
  • မြို့တော်အတွင်း ယာဉ်မောင်းသင်ကြားသူများအတွက် ယာဉ်မောင်းသင်ကွင်း ဖွင့်လှစ်ထူထောင်ပေးခြင်း။
  • ကုန်တင်ယာဉ်ကြီးများ ရပ်နားရန်စခန်းတည်ဆောက်ခြင်း၊ နေရာသီးခြားသတ်မှတ်ရပ်တန့်စေခြင်း။
  • စခန်းများတွင် ယာဉ်ဝင်ခများ၊ ရေချိုး/သန့်စင်ခန်းခများကို တင်ဒါစနစ်ဖြင့် အငှားချထား၍ ကြီးကြပ်ကွပ်ကဲခြင်း။
  • ရန်ကုန်အရှေ့ပိုင်းယာဉ်ငယ်ရပ်နားစခန်း တည်ဆောက်ပေးခြင်း။
  • ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်းများ စိစစ်လုပ်ကိုင်ခွင့်ပြုခြင်း၊ လေလံစနစ်၊ အခြားနည်းလမ်းစနစ်များဖြင့် လိုင်စင်ချထားပေးခြင်း၊ ကြီးကြပ်ခြင်း။
  • ကူးတို့ လုပ်ငန်းများကို လေလံစနစ်၊ တင်ဒါစနစ်၊ အခြားနည်းလမ်းစနစ်များဖြင့် လိုင်စင်ချထားပေးခြင်း ကြီးကြပ်ပေးခြင်း။
  • မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိသော ငါးပိ၊ငါးခြောက်လုပ်ငန်းများကို (စည်ပင်သာယာပိုင်မြစ်ချောင်းနယ်နိမိတ်) စနစ်တကျ ဖြစ်စေရေးအတွက် နေရာသတ်မှတ်ပြောင်းရွှေ့ပေးခြင်း၊ ကြီးကြပ်ခြင်း။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC