မြို့တော်ဂေါက်ကွင်း


ရည်ရွယ်ချက်

ရန်ကုန်မြို့တော်သူမြို့တော်သားများ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ချမ်းသာပျော်ရွှင်စေရေး၊ဉာဏ်ရည်ဖွံ့ဖြိုးစေရေး၊နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေး၊ ထူးချွန်ထက်မြက်သော ဂေါက်သီးရိုက်ကစားသမားများ ပေါ်ထွက်လာစေရေး ပြည်တွင်းပြည်ပမှ ဂေါက်သီးရိုက်ကစားသမားများ အချင်းချင်း ချစ်ကြည်ရင်း နှီးမှု ပိုမိုရရှိစေရေးအစရှိသည့် ရည်ရွယ်ချက်များဖြင့် မြို့တော်ဂေါက်ကွင်းအား တည်ထောင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။


တည်နေရာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဂေါက်ကွင်း၏

အရှေ့ဖက်၌ - ပြုပြင်ထိန်သိမ်းရေးလေတပ်

အနောက်ဖက်၌ - အင်းစိန်၊(ဖေါ့ကန်) အောင်ဇေယျရပ်ကွက်

မြောက်ဖက်၌ - တပ်မတော်ဂေါက်ကွင်း

တောင်ဖက်၌ - တပ်မတော်လေတပ်၏ အိမ်ထောင်သည် လိုင်းများ အကြားမြေဧက (၃၀၀) ခန့်ရှိသော ဧရိယာအတွင်း (၁၈)ကျင်းပါ ဂေါက်ကွင်း (၂) ကွင်း တည်ဆောက်ထားခြင်းဖြစ်ပါ သည်။


မြို့တော်ဂေါက်ကွင်းသမိုင်း

၄င်းဧရိယာသည် တပ်မတော်ပိုင် မြေနေရာ ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ဂေါက်ကွင်း ဖောက်လုပ်ရန် ညွှန်ကြားခဲ့သည့်အတွက် (၁-၅-၁၉၉၁)ရက်နေ့မှ စတင်၍ Han Golf Master PTE.,Ltd မှဂေါက်သီး ပညာရှင် ဦးချမ်းဟန် ဦးစီးသော ကွင်းဒီဇိုင်းအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင် သာယာ ရေး ကော်မတီ မှ ဌာနများ ပူးပေါင်းပြီး ဖောက်လုပ်ခဲ့ရာ အကျယ်အဝန်း (၁၇၆)ဧက ရှိသော ငွေသော်တာကွင်း မြေဧက အကျယ်အ၀န်း (၁၀)ဧက ခန့်ရှိသော ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းနှင့် ပင်မ Club House အား (၃၀-၁-၁၉၉၄) ရက်နေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ငွေသော်တာကွင်းဖွင့်လှစ်ပွဲအခမ်းအနားသို့ နိုင်ငံတော် အကြီးအကဲများ တက်ရောက် ခဲ့ပြီး လစ်လပ်နေသော နေရာများတွင် ထပ်မံ၍ (၁၈)ကျင်းပါ ကွင်းတစ်ကွင်းအား ဖောက်လုပ်ရန် ညွှန်ကြားခဲ့သဖြင့် အပိုဒ် (၂) ပါငွေသော်တာကွင်း ဖောက်လုပ်ခဲ့သော အဖွဲ့ဖြင့်ပင် (၁-၃-၁၉၉၄) ရက်နေ့မှ စတင် ဖောက်လုပ်ခဲ့ရာ အကျယ် အဝန်း (၁၁၂.၃၁၆) ဧက ရှိ မြကန်သာ ကွင်းအား (၁၈-၉-၁၉၉၆) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

မြို့တော်ဂေါက်ကွင်း၏လုပ်ငန်းတာဝန်များ

    ကော်မတီမှ ချမှတ်ပေးထားသော လုပ်ငန်းတာ၀န်များကို အထွေထွေမန်နေဂျာမှ တာဝန်ခံ၍ အောင်မြင်အောင် ဆောင်ရွက်ရန်။

    မြို့တော်ဂေါက်ကွင်း လုပ်ငန်းကိစ္စအဝဝ အကောင်အထည်ဖော်အောင်မြင်ရန် အတွက် ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ရန်။

    ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စည်းကမ်းတကျ ရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်။

    မြို့တော်ဂေါက်ကွင်းအသင်းသားများ ဂေါက်ကွင်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အကျင့် သိက္ခာရှိစေရေးနှင့် အဆင့်အတန်းမြင့်မားစေရေးအတွက် ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်ရန်။

    မြို့တော်ဂေါက်ကွင်းနှင့် မြို့တော်ဂေါက်ကွင်းဟိုတယ်တို့၏ ကြီးပွားတိုးတက်ရေးကို ကြံဆလုပ်ဆောင်ရန်နှင့် လိုအပ်ပါက ကော်မတီသို့ အကြံပြုတင်ပြရန်။

    မြို့တော်ဂေါက်ကွင်းအဆင့်မြှင့်တင် မွမ်းမံပြင်ဆင်မှုများအား သက်ဆိုင်ရာကော်မတီဝင်မှတဆင့် ဥက္ကဌ(မြို့တော်ဝန်)ထံ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန်။

    ပြည်တွင်းပြည်ပအသင်းအဖွဲ့များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဂေါက်သီးရိုက်ပြိုင်ပွဲပြုလုပ်လိုပါက အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်။

    မြို့တော်ဂေါက်ကွင်း၏ ၀င်ငွေနှင့် ဌာနပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်။

    မြို့တော်ဂေါက်ကွင်း၏ အဆင့်အတန်းတိုးတက်သည်ထက် တိုးတက်အောင် အမြဲကြံဆ ဆောင်ရွက်ရန်။

    ကော်မတီမှ လိုအပ်၍ ပေးအပ်လာသည့် အခြားတာ၀န်၀တ္တရားများအား ထမ်းဆောင်ရန်။


မြို့တော်ဂေါက်ကွင်းတွင် အောက်ပါအတိုင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်-

(က)      မြို့တော်ဂေါက်ကွင်းတွင် အသင်းသားအဖြစ်လက်ခံခြင်း။

(ခ)       လာရောက်ကစားသည့် ဂေါက်သီးရိုက်ကစားသမားများ အဆင်ပြေချောမွေ့စွာ ကစားနိုင်ရေးအတွက် အချိန်ကြိုတင် (Tee off Time)၊ ကယ်ဒီကြိုများ(Caddie Booking) လက်ခံဆောင်ရွက်ခြင်း။

(ဂ)       အသင်းအဖွဲ့များ၊ဌာနဆိုင်ရာများမှ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် အချိန်ကြိုတင်စီစဉ်ပေးခြင်း၊ လိုအပ်သည့် ကယ်ဒီစီစဉ်ပေးခြင်း၊ ဘာဂီငှားရမ်းအသုံးပြုနိုင်ရေးအတွက် စီစဉ်ပေးခြင်း၊ Longest       Drive တိုင်းတာပေးခြင်း၊ Nearest Pin တိုင်းတာပေးခြင်း၊ Nearest Line တိုင်းတာပေးခြင်း၊Score Board မှတ်တမ်းတင်ပေးခြင်း၊ ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရန် နေရာထိုင်ခင်း စီစဉ်ပေးခြင်း။

(ဃ)      မိသားစုအပန်းဖြေအနားယူနိုင်ရေးအတွက် မြင်းခွာကျွန်းရေးကူးကန်နှင့် စားသောက်ဆိုင် ဖွင့်လှစ်ပေးထားခြင်း၊ ဘာဂီဖြင့် ကွင်းအတွင်း လှည့်လည် ကြည့်ရှုနိုင်ရေးစီစဉ်ပေးခြင်း။

(င)       ရုပ်ရှင်၊ဗွီဒီယို၊ဓါတ်ပုံရိုက်ကူးခြင်း။

(စ)       မြို့တော်ဂေါက်ကွင်းတွင် ပြည်တွင်းပြည်ပမှ လာရောက်အပန်းဖြေ ဂေါက်သီးရိုက်ကစားသူများ တည်းခိုနေထိုင်နိုင်ရေးအတွက် မြို့တော်ဂေါက်ကွင်း ဟိုတယ်အား ဖွင့်လှစ်ထားရှိခြင်း

ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များ

မြို့တော်ဂေါက်ကွင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဦးမင်းညွန့်

အထွေထွေမန်နေဂျာ (ညွှန်ကြားရေးမှူး)

၀၉ ၅၀၂၇၂၄၀

ဧည့်ကြိုဌာနစိတ်

၀၉ ၄၂၁၁၁၉၉၃၂၊ ၀၉ ၂၅၀၅၃၂၆၆၈

ဦးစီးအရာရှိ(လုပ်ငန်း)

၀၉ ၅၄၀၈၈၃၂

အသင်းဝင်ကြေးနှုန်းထားများ

၁။

အလွတ်အသင်းသား(၁)ဦး

(က) မြန်မာ (Co)

၄၀၀၀၀၀၀

(ခ) နိုင်ငံခြား [O(FE)]

၉၀၀၀၀၀၀

၂။

ကုမ္ပဏီအသင်းသား(၂)ဦး

(က) မြန်မာ (C)

၁၂၀၀၀၀၀/-

(ခ) နိုင်ငံခြား [C(FE)]

၁၀၀၀၀၀၀၀/-

၃။

အစိုးရဝန်ထမ်းအသင်းသား(၁)ဦး

(က) မြန်မာ (GS)

၂၀၀၀၀၀၀/-

၄။

လစဉ်ကြေး အသင်းသားလစဉ်ကြေး

(က) မြန်မာ

၅၀၀၀/-

(ခ) နိုင်ငံခြားသား

၁၀၀၀၀၀/-

၅။

မိသားစုဝင်ကတ်

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (ရုံးပိတ်ရက်များ မပါ) အောက်ပါအတိုင်း ခွင့်ပြုထားသည်-

(က) မြန်မာ

၄၅၀၀/-

(ခ) နိုင်ငံခြားသား

၁၇၅၀၀/-

မြို့တော်ဂေါက်ကွင်းတွင် ကောက်ခံသည့်နှုန်းထားများ

မြန်မာ

နိုင်ငံခြားသား

၁။

ကွင်းကြေး(အသင်းသား မပါလျှင်)

(က) ရုံးဖွင့်ရက်

၁၀၀၀၀

၄၀၀၀၀

(ခ) ရုံးပိတ်ရက်

၁၅၀၀၀

၄၅၀၀၀

၂။

ကွင်းကြေး(အသင်းသား ပါလျှင်)

(က) ရုံးဖွင့်ရက်

၉၀၀၀

၃၅၀၀၀

(ခ) ရုံးပိတ်ရက်

၁၄၀၀၀

၄၀၀၀၀

(မှတ်ချက်။ အသင်းသားတစ်ဦးပါလျှင် ဧည့်သည်(၃)ဦး Discount မြန်မာ ၁၀၀၀-နိုင်ငံခြားသား ၅၀၀၀)

၃။

ကယ်ဒီကြေး

(က) ၁၈ ကျင်း/၉ ကျင်း(Serial)

၁၀၀၀

၁၅၀၀၀

(ခ) Byname Fees

၂၀၀၀

၂၀၀၀

၄။

ကယ်ဒီကြိုတင်

(က) ၁၈ ကျင်း

၂၀၀၀

၂၀၀၀

(ခ) ၉ ကျင်း

၂၀၀၀

၂၀၀၀

၅။

ကွင်းလေ့လာကြေး

(က) ရုံးဖွင့်ရက်(အသင်းသား၏ဧည့်)

၉၀၀၀

၃၅၀၀၀

(ခ) ရုံးပိတ်ရက်(အသင်းသား၏ဧည့်)

၁၄၀၀၀

၄၀၀၀၀

(ဂ) ရုံးဖွင့်ရက်(ဧည့်သည်)

၁၀၀၀၀

၄၀၀၀၀

(ဃ) ရုံးပိတ်ရက်(ဧည့်သည်)

၁၅၀၀၀

၄၅၀၀၀

(မှတ်ချက်။ အသင်းသားတစ်ဦးပါလျှင် ဧည့်သည် (၃) ဦး Discount မြန်မာ ၁၀၀၀- နိုင်ငံခြားသား ၅၀၀၀)

၆။

လှည်းငှားခ (၉/၁၈ ကျင်း)

၃၀၀၀

၃၀၀၀

ရ။

ဘာဂီငှားခ (၉/၁၈ကျင်း)

(က) အသစ်

၂၅၀၀၀/-၃၀၀၀၀

၃၅၀၀၀/-၄၀၀၀၀

(ခ) အဟောင်း

၁၅၀၀၀/-၂၀၀၀၀

၃၀၀၀၀

၈။

အချိန်ကြိုတင် (တစ်တွဲ ၄ ဦး)

၄၀၀၀

၄၀၀၀

၉။

၅ဦးတွဲကြေး

၃၀၀၀

၃၀၀၀

၁၀။

ညမီးကြေး

(က) ၁ ကျင်း (၁)ဦး

၁၅၀၀

၂၀၀၀

(ခ) ၂ ကျင်း (၁) ဦး

၃၀၀၀

၄၀၀၀

(ဂ) ၃ ကျင်း (၁)ဦး

၄၅၀၀

၆၀၀၀

(ဃ) ၄ ကျင်း (၁)ဦး

၆၀၀၀

၈၀၀၀

(င) ၅ ကျင်း (၁)ဦး

၇၅၀၀

၁၀၀၀၀

တစ်တွဲသာမိလျှင် (၁) ကျင်း (၁) ဦး

၃၀၀၀

၄၀၀၀

၁၁။

ကင်မရာ (မှတ်တမ်း)

၅၀၀၀

၅၀၀၀

၁၂။

ဗွီဒီယိုကင်မရာ (မှတ်တမ်း)

၁၀၀၀၀

၁၀၀၀၀

၁၃။

ရုပ်ရှင်/ဗွီဒီယို/ကြော်ငြာ (စီးပွားရေး)

၁၀၀၀၀၀

၁၀၀၀၀၀

၁၄။

အခန်း/နေရာငှားရမ်းခ(တီးဝိုင်းမပါ) ၊ (၁နာရီလျှင်)

မြန်မာ

နိုင်ငံခြားသား

(က) အစည်းအဝေးခန်းမ

၂၀၀၀၀

၃၀၀၀၀

(ခ) VIP ကားပါကင်အပေါ်ထပ်

၂၀၀၀၀

၃၀၀၀၀

(ဂ) ငွေသော်တာကလပ်ရှေ့ကားပါကင်

၃၀၀၀၀

၃၀၀၀၀

၁၅။

မီတာခ (တီးဝိုင်းပါလျှင်)၊ မြန်မာ/နိုင်ငံခြားသား (၁နာရီလျှင်)

မြန်မာ

နိုင်ငံခြားသား

(က) အစည်းအဝေးခန်းမ

၁၀၀၀၀

၂၅၀၀၀

(ခ) VIP ကားပါကင်အပေါ်ထပ်

၁၀၀၀၀

၂၅၀၀၀

(ဂ) ငွေသော်တာကလပ်ရှေ့ကားပါကင်

၂၀၀၀၀

၃၀၀၀၀

မှတ်ချက်။ အခန်း/နေရာငှားရမ်းခများနှင့် မီတာခများအတွက်ပြင်ဆင်ချိန် (၁) နာရီ ပေါင်းထည့်၍ ကောက်ခံပါသည်။

၁၆။

အသင်းသားကတ်ပျောက်/ပျက်ဒဏ်ကြေး

၃၀၀၀

၂၅၀၀၀

၁၇။

ကွင်းငှားရမ်းခြင်း

မြန်မာ

နိုင်ငံခြားသား

(က)

တစ်နေ့လုံးအတွက် ငှားရမ်းခြင်း

၁။

ရုံးဖွင့်ရက်

၁၀၀၀၀၀၀

၂၀၀၀၀၀၀

၂။

ရုံးပိတ်ရက်

၁၅၀၀၀၀၀

၂၅၀၀၀၀၀

(ခ)

နေ့တစ်ဝက်ငှားရမ်းခြင်း(၂၁ တွဲမှ ၃၀ တွဲထိ)

၁။

ရုံးဖွင့်ရက်

၅၀၀၀၀၀

၁၀၀၀၀၀၀

၂။

ရုံးပိတ်ရက်

၇၀၀၀၀၀

၁၅၀၀၀၀၀

(ဂ)

(၁၁) တွဲမှ (၂၀) တွဲထိ

၁။

ရုံးဖွင့်ရက်

၂၀၀၀၀၀

၃၀၀၀၀၀

၂။

ရုံးပိတ်ရက်

၃၀၀၀၀၀

၄၀၀၀၀၀

(ဃ)

(၁) တွဲမှ (၁၀) တွဲထိ

၁။

ရုံးဖွင့်ရက်

၁၀၀၀၀၀

၂၀၀၀၀၀

၂။

ရုံးပိတ်ရက်

၂၀၀၀၀၀

၃၀၀၀၀၀

၁၈။

Tee Off Time ပျက်ဒဏ်ကြေး (အသင်းသား)

၁၆၀၀၀

၆၀၀၀၀

၁၉။

ကစားကြေး (အသင်းသား)

၃၀၀၀

၅၀၀၀

၂၀။

အမည်လွှဲပြောင်းခ

မြန်မာ

နိုင်ငံခြားသား

(က) သာမန်အသင်းသား

၄၀၀၀၀၀

၉၀၀၀၀၀

(ခ) ကုမ္ပဏီအသင်းသား

၆၀၀၀၀

၅၀၀၀၀၀

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC