အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)

ဌာန၏လုပ်ငန်းတာဝန်များ

  • စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများနှင့် တံတားများ ပြင်ဆင်ထိန်းသိမ်းခြင်း။
  • လမ်းဆုံလမ်းခွများနှင့် ယာဉ်အန္တရာယ်ထူပြောသည့် နေရာများတွင် လူကူးတံတားများ၊မိုးပျံတံတားများဆောက်လုပ်ခြင်း၊ မြေအောက်လူသွားလမ်းများနှင့် မြေအောက်ယာဉ်သွားလမ်းများဖောက်လုပ်ခြင်း။
  • လမ်းများ အသစ်ဖောက်လုပ်ခြင်း၊ ချဲ့ထွင်ခြင်း။
  • လူသွားစင်္ကြန်များ၊ နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများ အသစ်ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြင်ဆင်ခြင်း။
  • အများပြည်သူအကျိုးငှာ လမ်းနယ်နိမိတ်များကို တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ သတ်မှတ်ခြင်း။
  • ရေမြောင်းများ တိုးချဲ့ခြင်း၊ ရေမြောင်းပေါ်တွင် တံတားဆောက်လုပ်ခြင်း၊ ရေမြောင်းကို ရေစီးရေလာ ကောင်းမွန်အောင်စီမံဆောင်ရွက်ခြင်း။ လမ်းပေါ်ရေလျှံမှုများ ပပျောက်ရေးအတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း။
  • မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းများနှင့် ကိုယ်ပိုင်လမ်းများကို လမ်းအမည် ၊ လမ်းအမှတ်သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အများပြည်သူသိရှိစေရန် ကြေညာခြင်း။
  • ယာဉ်သွားလာမှုနှင့် လမ်းများအခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေ၊ ယာဉ်အန္တရာယ်ရှိ/မရှိ၊ ယာဉ် အမျိုးအစား၊ ယာဉ်သွားလာမှု နှုန်းတို့ကိုသုတေသနပြု ခြင်း။
  • စည်ပင်သာယာ နယ်နမိတ်အတွင်း လမ်းဆုံလမ်းခွများတွင် လမ်းအန္တ ရာယ်ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းမှု အတွက် မော်တော်ယာဉ် သတိပေးအချက်ပြမီးပွိုင့်များ တပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း။
  • လမ်းများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပက်သက်သည့် လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ ထိန်းသိမ်းခြင်း။
  • ယာဉ်ကြောဆေးလိုင်းများရေးဆွဲလုပ်ဆောင်ပေးခြင်း။
  • ဘတ်စ်ကားလိုင်းများ သွားရာလမ်းကြောင်းသတ်မှတ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာများ သတ်မှတ်ပေး ခြင်း။
  • ရန်ကုန်မြို့တော်ဧရိယာအတွင်း ယာဉ်သွားလာမှုအဆင်ပြေ စေရေးအတွက် လိုအပ်ပါက လမ်းမကြီး၊ လမ်းမငယ်တို့ကိုတစ်လမ်းမောင်း၊ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်ပေးခြင်း။
  • ကုန်တင်ကားကြီးများ၊ အဝေးပြေးကားများ လမ်းပေါ်တွင် စနစ်တကျရပ်နားရေး နှင့် စခန်းများ သတ်မှတ်ပေးခြင်း မ၀င်ရ နယ်မြေများသတ်မှတ်ပေးခြင်း။
  • မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအား မော်တော်ယာဉ်အမျိုးအစား အလိုက် ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခများ သတ်မှတ်ခြင်း၊ ပြင်ဆင် သတ်မှတ်ခြင်း။
  • ကော်မတီပိုင်မော်တော်ယာဉ်များ၊ သံတမန်အဖွဲ့ပိုင်မော်တော်ယာဉ်များ၊ အစိုးရဌာနအဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ သူနာတင်မော်တော်ယာဉ်များ၊ မီးသတ်မော်တော်ယာဉ်များ၊ စည်ပင်သာယာလုပ် ငန်းများ သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကိစ္စများကို ဆောင်ရွက်ပေးရသော ပုဂ္ဂလိကပိုင် မော်တော် ယာဉ်များအား ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခများကို ကင်းလွတ်ခွင့် ပြု ခြင်း။
  • မြို့တော်၏အင်္ဂါရပ်နှင့် အညီ ယာဉ်အန္တရာယ် မဖြစ်စေရန် လိုအပ်သည့် နေရာများတွင် လမ်းမီးထွန်းညှိပေးခြင်း။
  • ယာဉ်များနှင့်ခြေလျင်လျှောက်သူများ၊ လမ်းအသုံးပြုသူများအား ဘေးအန္တရာယ်မဖြစ်စေရန် ခုံးကျော် တံတားများဆောက်လုပ်ရန် နေရာသတ်မှတ်ပေးခြင်းနှင့် လမ်းမကြီးများတွင် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန်သံစကာကာပေးခြင်း။
  • ဆိုက်ကား၊ စက်ဘီး၊ လက်တွန်းလှည်းနှင့် အနှေးယာဉ်များ မဝင်ရသည့်နယ်မြေနှင့်လမ်းများ သတ်မှတ် ဆောင်ရွက်ပေးခြင်း။
  • ရန်ကုန်မြို့တော်ဧရိယာနယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့်မညီညွတ်သောယာဉ်များ၊ ကြံ့ခိုင်မှုမရှိ သောယာဉ်များ၊ မြို့တော်အတွင်းရှိ လမ်းများပေါ်တွင် မောင်းနှင်ခြင်း မပြုရန် တားမြစ်ဆောင်ရွက်ခြင်း။
  • သစ်လုံးတင်ယာဉ်များနှင့် ကုန်သေတ္တာယာဉ်များ၊ ကုန်တင်ယာဉ်များသွားလာရန် လမ်းကြောင်းများ သတ်မှတ်ပေးခြင်း။
  • အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် စက်ဆုပ်ဖွယ်ရာနှင့်ဘေးဖြစ်စေတတ်သော အရည်၊ အစိုင်အခဲ၊အမှုန့်၊ဓါတ်ငွေ့စသည်တို့ကိုကော်မတီ ထံ ခွင့်ပြုချက်တောင်းခံ၍ သတ်မှတ်ပေးသည့် လမ်း၊ အချိန်၊နေရာများသို့လုံလောက်သောလုံခြုံမှုအစီအမံများဖြင့်သာ သယ်ဆောင်ရန်ညွှန်ကြားခြင်း။
  • ရန်ကုန်မြို့တော်လမ်းဧရိယာအတွင်း အကြောင်းမဲ့ရပ်တန့်ပိတ်ဆို့နေသောမည်သည့်ယာဉ်ကိုမဆိုသတ်မှတ်သည့် အချိန်ကာလ ကျော်လွန်ပါ ကရှင်းလင်းဖယ်ရှား ဆောင်ရွက်ခြင်း။
  • လုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းပြည်ပတို့မှ မှာယူခြင်း၊ ဖြည့်တင်းခြင်း၊ သိုလှောင်ခြင်း၊ ထုတ်ပေး ခြင်း။
  • ကက္တရာ ကွန်ကရစ်များ ထုတ်ပေးခြင်း၊ ကျောက်အမျိုးမျိုးကို ခွဲစိတ်ပေးခြင်း။
  • ကျောက်ပြား၊ ကတ္တုံးများ ပြုလုပ်ပေးခြင်း၊ ကွန်ကရစ် ကက္တရာ ဖျော်စက်ကြီးများ၊ ကျောက်ခွဲစက်ကြီးများ၊ ဘိလပ်မြေထွက်ပစ္စည်းများ၊ အလုပ်ရုံများ နှင့် စက်ကိရိယာ များကြီးကြပ် ထိန်းသိမ်းခြင်း။
  • လမ်းတံတားဌာန၏ အသုံးစရိတ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ တောင်းခံခြင်းနှင့်သုံးစွဲခြင်း။
  • ခုံးကျော်တံတားများ၊ မြောင်းကျော်တံတားများ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
  • အဖွဲ့ပိုင် တယ်လီဖုန်းများ၊ စက်ခလုတ်ခုံများ တပ်ဆင်ရေးအတွက် သက်ဆိုင်ရာဌာန နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
  • လမ်းမီးများ အသစ်ထွန်းညှိခြင်း၊ မီးလုံးများ ပြောင်းလဲတပ်ဆင်ခြင်း။
  • ဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအားကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း

Back to Top