ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦး စစ်ဆေးရေး ကော်မတီ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီအုပ်ချုပ်မှု နယ်နိမိတ်အတွင်း အဆင့်မြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မှီအထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်ခွင့်လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများစိစစ်ပြီး ခွင့်ပြုပေးခြင်းကို မြန်ဆန်လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အထပ်မြင့်အဆောက်အဦး စစ်ဆေးရေး ကော်မတီ ကို (၂၅-၁၀-၂၀၁၂) တွင် စတင်ဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦး စစ်ဆေးရေး ကော်မတီ-HIC) အနေဖြင့် လျှောက်ထားလာသော အထပ်မြင့်အဆောက်အဦးများအား ဆောက်လုပ်ခွင့်ပြုရန် သင့်/မသင့် အား -

  1. ရွှေတိဂုံဘုရား ကန့်သတ်ဧရိယာအတွင်း ဖြစ်လျှင် ရွှေတိဂုံဘုရားအမြင့်နှင့်နှိုင်းယှဉ်၍ သတ်မှတ် ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ကျော်လွန်မှုရှိ/မရှိ။
  2. ကားပါကင် လုံလောက်မှုရှိ/မရှိ။
  3. ရေပေးဝေနိုင်မှု ရှိ/မရှိ။
  4. ရေစီးရေလာကောင်းမွန်မှုရှိ/မရှိ။ မိလ္လာစွန့်ပစ်မှုစနစ်ကောင်းမွန်မှုရှိ/မရှိ။
  5. အမှိုက်နှင့်ရေဆိုးစွန့်ထုတ်မှုစနစ်။
  6. လျှပ်စစ်ဓါတ်အားပေးဝေမှု စနစ်။

စသည့်လုပ်ထုံးလုပ်နည်း၊ နည်းပဒေများကို သက်ဆိုင်ရာဌာနများ ညှိနှိုင်းစစ်ဆေးပြီး ဥက္ကဋ္ဌ(မြို့တော်ဝန်)ထံတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြစစ်ဆေးပြီး ဆောက်လုပ်ခွင့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။


၁။ရွှေတိဂုံဘုရား ကန့်သတ်ဧရိယာအတွင်း တည်ဆောက်မည့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများသည် ရွှေတိဂုံစေတီကြမ်းပြင် (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀) ထက်မကျော်လွန်စေသင့်ပါ။ (မှတ်ချက်။ အများပြည်သူနှင့်သက်ဆိုင် သည့်နယ်မြေမှ ရွှေတိဂုံစေတီတော်ကြီးကိုဖူးမျှော်ရာတွင် မြင်ကွင်းကန့်သတ်ချက်မရှိ စေရပါ။)

၂။၎င်းဧရိယာပြင်ပတွင် မည်သည့်အဆောက်အဦးမျှ ရွှေတိဂုံစေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၇) ထက် မကျော်လွန်စေသင့်ပါ။




အဆောက်အဦအမြင့်ကန့်သတ်ချက်သည် အဆောက်အဦအပေါ်ဆုံးအမိုးရှိ မိုးကြိုးလွှဲ မှအပ Machine Room နှင့် Architectural အလှအပပြုလုပ်ထားသည်များ အပါအဝင်ဖြစ်သည်။ အဆောက်အဦအမြင့် တိုင်းတာရာတွင် ပင်လယ်ရေမျက်နှာပြင် (Mean Sea Level) မှ ယူရမည်။


၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအထပ်မြင့်အဆောက်အဦများ (၉ထပ်မှ ၁၂ /ထပ်အထိ) ဆောက်လုပ်ရာတွင် အနည်းဆုံးထားရှိရမည့်မြေချန်များ

(က) Down Town ဧရိယာ (မြို့တွင်း ၆ မြို့နယ်)

- ရှေ့မျက်နှာစာ (၃') ချန်

- ဘေးနှစ်ဘက် (၃') ချန်

- နောက်ဘက်တွင် B.D.S ရှိက (၃') ချန်ပြီး B.D.S မရှိက (၆') ချန်၍ဆောက်လုပ်ရမည်။

(ခ ) Down Town ပြင်ပမြို့နယ်များ (ရွှေတိဂုံဘုရား ကန့်သတ်ဇုန်အပါအဝင်)

အဓိကလမ်းမကြီးများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း တို့တွင် -

- ရှေ့မျက်နှာစာ (၂ဝ') ချန်

- ဘေးနှစ်ဘက် (၆') ချန်

- နောက်ဘက် (၆')ချန်

(ဂ ) ကျန်လမ်းမကြီးများနှင့်လမ်းသွယ်များတွင် -

- ရှေ့မျက်နှာစာ (၁၂') ချန်

- ဘေးနှစ်ဘက် (၆') ချန်

- နောက်ဘက် (၆')ချန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်မြေကွက်၏ အနည်းဆုံးအတိုင်းအတာ (၅ဝ ပေ) အထိအဆောက်အဦများကို (၁၂)ထပ်အထိသာ ခွင့်ပြုသင့်ပြီး (၅ဝ ပေ) ကျော်လွန်မှသာ (၁၂)ထပ် အထက် အဆောက်အဦများကိုစိစစ်ပြီး ဆောက်လုပ်ခွင့်ပြုမည်။

(၁၃)ထပ်မှအထက်အဆောက်အဦများအား မြေချန်သတ်မှတ်ရာတွင် အဆောက်အဦ အမြင့်ပေါ်မူတည်၍ ရှေ့/ဘေး/နောက် မြေချန်များအား သတ်မှတ်မည်ဖြစ်ပါသည်။


အထပ်မြင့်အဆောက်အဦများအတွက် သတ်မှတ်ပြဌာန်းထားသည့်

အနည်းဆုံးထားရှိရမည့် Car Parking Area ပမာဏ (ကားအရေအတွက်)

စဉ်

အသုံးပြုမည့်ပုံစံ

အနည်းဆုံးထားရှိရန်သတ်မှတ်ထားသည့်

Car Parking ပမာဏ (Unit or Gross Floor Area)

ပေါ်တွင် အခြေခံတွက်ချက်သည်။

မှတ်ချက်

၁။

လူနေအိမ်ခြေနှင့် စပ်ဆိုင် နေသော နေရာများ

၁ ခန်းလျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

၂။

စီးပွားရေးနှင့်ဆိုင်သော နေရာများ

(က) ရုံးခန်းများထားရှိမည့် အ/ဦ

၁ဝဝ m2 (၁၀၇၆ ft2) လျှင် ၁ စီး

ကုန်တင်ကုန်ချနေရာ ၁ဝဝဝဝ m2 (၁ဝ၇၆၅ဝ ft2) လျှင် ၁ စီး ထပ် ပေါင်းရန်

(ခ) စျေးဆိုင်ခန်းများ

၁၀ဝ m2 (၁၀၇၆ ft2) လျှင် ၁ စီး

ကုန်တင်ကုန်ချနေရာ ၄ဝဝဝ m2 (၄၃ဝ၆ဝ ft2) လျှင် ၁ စီး ထပ် ပေါင်းရန်

(ဂ) စားသောက်ဆိုင်များ

၅ဝ m2 (၅၃၉ ft2) လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

(ဃ) ဟိုတယ်များ

၂ဝဝ m2 (၂၁၅၃ ft2) လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

ကုန်တင်ကုန်ချနေရာ ၈ဝဝဝ m2 (၈၆၁၂ဝ ft2) လျှင် ၁ စီးထပ် ပေါင်းရန်

၃။

ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများ

ထိုင်ခုံ ၁ဝ ခုံလျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

၄။

ဂိုဒေါင်

ကုန်တင်ကုန်ချနေရာ ၈ဝဝ m2 (၈၆၁၂ ft2) လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

၅။

စက်ရုံ

၃၅ဝ m2 (၃၇၆၈ ft2)လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

ကုန်တင်ကုန်ချနေရာ ၃ဝဝဝ m2 (၃၂၂၉၅ ft2) လျှင် Lorry ၁ စီး

၆။

ရေကူးကန်

၄ဝ m2 (၄၃ဝ ft2)လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

၇။

GYM

၃ဝဝ m2 (၃၂၃ဝ ft2) လျှင် ၁ စီး
၂ဝ% ထပ်ပေါင်းပေးရန်

ကားပါကင်သည် ဆောက်လုပ်မည့်အဆောက်အဦအတွင်း ရှိရမည်။


အနည်းဆုံးထားရှိရမည့် floor to floor height သတ်မှတ်ချက်



စဉ်

အဆောက်အဦအမျိုးအစား

အမြင့်ပေသတ်မှတ်ချက်

လူနေအဆောက်အဦ(မြေညီထပ်)

၁၁ ပေ

လူနေအဆောက်အဦ(အခြားအထပ်များ)

၁၀ ပေ

ဆိုင်ခန်း၊ရုံးခန်း

၁၁ ပေ

ဟိုတယ်စားသောက်ဆိုင် (မြေညီထပ်)

၁၂ပေ

ဟိုတယ်၊ မိုတယ်(အခြားအထပ်များ)

၁၀ပေ ၆ လက်မ

ဆေးရုံ၊ကျောင်းခန်းမ

၁၂ ပေ

လူထုအပန်းဖြေစခန်း

၁၂ ပေ

စက်မှုအလုပ်ရုံ၊ စက်ရုံ

၁၄ ပေ

ကားရပ်နားသည့်အထပ်

၉ ပေ ၆ လက်မ

အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ Design စစ်ဆေးရာတွင်

လုပ်ငန်းလျှင်မြန်စေရေး လုပ်ငန်းအဆင့်အလိုက် စိစစ်ထောက်ခံမှုပြုလုပ်မည့်အစီအစဉ်

စဉ်

လုပ်ငန်းစဉ်အဆင့်လိုက်

ထောက်ခံချက်ပြုလုပ်မည့် အစီအစဉ်

မှတ်ချက်

၁။

Deep Excavation လုပ်ငန်း

အနက်(၄'-၆")ထက်ပိုသော Basement ​မြေတူးခြင်းလုပ်ငန်းများအတွက်တင်ပြရန်

၂။

Pile Load Test လုပ်ငန်း

၃။

Piling လုပ်ငန်း

၄။

Foundation လုပ်ငန်း

၅။

Superstructure လုပ်ငန်း

၆။

လျှပ်စစ်၊ ရေသန့် နှင့် Air Condition &Ventilation လုပ်ငန်း

Back to Top