လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန

ဌာန၏လုပ်ငန်းတာဝန်များ

  • မြို့တော်ရေပေးရေးလုပ်ငန်းတွင် အသုံးပြုသောရေကန်ကြီးများ၊ ရေလှောင်ကန်များ၏လုံခြုံရေးများကိုဆောင်ရွက်ခြင်း၊ ရေညစ်ညမ်းမှုမဖြစ်အောင် တားမြစ်ထိန်းသိမ်းခြင်း။
  • ကော်မတီ၏ခွင့်ပြုချက်မရဘဲ အများပြည်သူအသုံးပြုသည့် လမ်းများနှင့်ရေမြောင်းများပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အဦများ၊ စျေးဆိုင်များကိုကော်မတီမှ ညွှန်ကြားလျှင် ဖယ်ရှားဆောင်ရွက်ခြင်း။
  • စည်ပင်သာယာဥပဒေအရတားမြစ်ထားသောလမ်းဘေးဆိုင်များ၊ နောက်ဖေးလမ်းကြားအဆောက်အအုံများကို ဖယ်ရှားပြီး ရန်ကုန်မြူနီစီပါယ် အက်ဥပဒေ အတိုင်းဆောင်ရွက်မှုရှိ / မရှိကြပ်မတ်ဆောင်ရွက်ခြင်း။
  • ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေပါ ပြဌာန်းချက်နှင့်အညီပေးအပ်သောလုပ်ငန်းများကိုဆောင်ရွက်ခြင်း။
  • အခြေအနေမဲ့တောင်းရမ်းစားသောက်သူများ၊ စိတ်ရောဂါသည်များ၊ အနာကြီးရောဂါသည်များ၊ သာသနာအနွယ်၀င်အယောင်ဆောင်အလှူခံသူများ/ တောင်းရမ်းစားသောက်သူများအား နေ့စဉ်လှည့်လည် ထိန်းသိမ်းစောင့်ရှောက်ခြင်း။

Back to Top