ကျန်းမာရေးဌာန

ဌာန၏လုပ်ငန်းတာဝန်များ

  • ကူးစက်ရောဂါကာကွယ်နှိမ်နင်းခြင်း- သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းပျက်၀မ်းလျှောရောဂါကာကွယ်နှိမ်နင်းခြင်း(ဆေးမှုတ်/ဆေးဖြန်းခြင်း၊ abate ဆေးခပ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးဟောပြောခြင်း)။
  • စားသောက်ဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်း များရှိ မုန့်စျေးဆိုင်များ စစ်ဆေးခြင်း၊ ဆုချီးမြှင့်ခြင်း။
  • လုပ်ငန်းများ၊စက်မှုဇုံ စစ်ဆေးခြင်းနှင့် ကျန်းမာရေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း။
  • စျေးများစစ်ဆေးခြင်း- စျေးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရောင်းချသော အစားအသောက်များတွင် ခွင့်မပြုဆိုးဆေး ပါ/မပါ စစ်ဆေးခြင်း၊ ဆီအရည်အသွေး စစ်ဆေးခြင်း၊ ရက်လွန်အစားအသောက်များ၊ ဆေးဝါးများ ရှိ/မရှိ စစ်ဆေးခြင်း။
  • ဓါတ်ခွဲစစ်ဆေးခြင်း - ရေအဏုဇီဝနှင့် ရေဓါတုဗေဒ ဓါတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက်သန့်ရှင်းမှု ရှိ/မရှိ ဓါတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက် ကိုင်တွယ် ရောင်းချသူများ၏ နှာတို့ရည်နမူနာယူ၍ စစ်ဆေးခြင်းနှင့် ပဋိဇီဝဆေးစမ်းသပ်ခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ဆီးကို ခဲဆိပ် ရှိ/မရှိ စစ်ဆေးခြင်း၊ ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဆေးခြင်း၊ စားသုံးဆီအရည်အသွေး ဓါတ်ခွဲစစ်ဆေးခြင်းနှင့် အစား အသောက်တွင် ခွင့်မပြုဆိုးဆေး များပါဝင်မှု စစ်ဆေးခြင်း၊ ရောင်းချနေသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမျိုးမျိုးတို့တွင် ပိုးသတ် ဆေးဓါတ်ကြွင်းနှင့် မှိုအဆိပ်ပါဝင်မှုစစ်ဆေးခြင်း၊ ရေတွင်ပါဝင်သော အိုင်ယွန်းဓါတ် များ နှင့် သောက်သုံးရေတွင် ပါဝင်သော အဆိပ်အတောက် ဖြစ်စေသည့် ဒြပ်စင်များ စစ်ဆေးခြင်း။
  • ကျန်းမာရေးပညာပေးခြင်းနှင့်သင်တန်းများပေးခြင်း - ပြည်သူလူထုအား ကျန်းမာရေးပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ စားသောက်ဆိုင် မန်နေဂျာများ အား ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအစာရရှိရေး သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းနှင့် စျေးတာဝန်ခံများအား သင်တန်း ပို့ချခြင်း။
  • ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဆေးကုသခြင်း- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးတပ်ခွဲများရှိ ၀န်ထမ်းများ၊ အိမ်ရာစခန်းများ တွင် နေထိုင်သော ဝန်ထမ်းများ၊ မြို့တော်ခန်းမရှိ ဝန်ထမ်းများအတွက် ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း။
  • ပွဲတော်အခမ်းအနားများ-ပွဲတော်အခမ်းအနားတွင်ကျွေးမွေးသော အစားအစာ၊ရေနမူနာများယူ၍ ဓါတ်ခွဲစစ်ဆေးခြင်း၊ ပတ်၀န်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ဆေးမှုတ် ဆေးဖြန်းဆောင်ရွက်ခြင်း။
  • လွတ်လပ်ရေးနေ့ကလေးပြိုင်ပွဲကျင်းပခြင်း။
  • ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း။
  • အခြားဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း- မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အစားအသောက် ထုတ်လုပ်သော စက်ရုံများကို စစ်ဆေး၍ ထုတ်လုပ်ခွင့်ပြုခြင်း၊ အလှကုန်ပစ္စည်းများသည် ပြည်သူလူထု၏ကျန်းမာရေးကို ထိခိုက်စေခြင်းရှိ/မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနနှင့် ပူးပေါင်း၍ စစ်ဆေး အရေးယူ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးနှင့် ပိုး သတ်ဆေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့်ပူးပေါင်း၍ ပိုးသတ်ဆေးစက်ရုံများ ၊ ခြင်ဆေးခွေစက်ရုံများကို စစ်ဆေး၍ မှတ်ပုံတင်ခွင့်ပြုရာတွင် ပါ၀င်ဆောင်ရွက်ခြင်း။

Back to Top